မန္တလေး၌ ငွေကျပ်သိန်း(၂၆၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

628
သန့်ဇင် (NP News) - ဇူလိုင် ၂၆
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် နှင့် မဟာမြိုင်မြို့နယ်တို့တွင် ငွေကျပ်(၂၆၄၁.၂)သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော (ဇူလိုင်လ ၂၄ ရက်)၊ မွန်းလွဲ ၁နာရီ ၄၅ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ (၈၀)လမ်း၊ ၃၃x ၃၄လမ်းကြားတွင် မြင့်ကိုဦး(ခ)အားရှင်(၂၈)နှစ် မောင်းနှင်လာသော Suzuki Swift ကားအားစစ်ဆေးရှာဖွေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသော သိန်း(၃၀)တန်ဖိုးရှိ အက်တက်စီဆေးပြား(၅၀)၊ (၁၂)သိန်းတန်ဖိုးရှိ ကတ်တမင်း(၃၀)ဂရမ်၊ ငွေကျပ်(၁၅၁.၂)သိန်း တန်ဖိုးရှိ Happy Water (၁၂၆)ဂရမ်နှင့် ဖုန်း(၂)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈နာရီတွင် ၎င်းနေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၉(ဘီ)လမ်း၊ ၅၈ x ၅၉ လမ်းကြားရှိ နေအိမ်သို့ သွားရောက်စစ်ဆေးရှာဖွေ့ခဲ့သည်။
ထိုသို့ ဆက်လက်ရှာဖွေခဲ့ရာ ၎င်း၏အိမ်ပေါ်မှ ငွေကျပ်(၁၅၉၆)သိန်းတန်ဖိုးရှိ အက်တက်စီဆေးပြား (၂၆၆၀) ပြား၊ ငွေကျပ်( ၂၅၂)သိန်း တန်ဖိုးရှိ ကက်တမင်း (၆၃၀) ဂရမ်၊ သိန်း(၆၀၀)တန်ဖိုးရှိ Happy Water(၅၀၀)ဂရမ်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ၎င်းအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
zawgyi version
မႏၲေလး၌ ေငြက်ပ္သိန္း(၂၆၀၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၆
မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ ႏွင့္ မဟာၿမိဳင္ၿမိဳ႕နယ္တို႔တြင္ ေငြက်ပ္(၂၆၄၁.၂)သိန္း တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတာဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့ေသာ (ဇူလိုင္လ ၂၄ ရက္)၊ မြန္းလြဲ ၁နာရီ ၄၅ မိနစ္အခ်ိန္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၈၀)လမ္း၊ ၃၃x ၃၄လမ္းၾကားတြင္ ျမင့္ကိုဦး(ခ)အားရွင္(၂၈)ႏွစ္ ေမာင္းႏွင္လာေသာ Suzuki Swift ကားအားစစ္ေဆးရွာေဖြစဥ္ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
အဆိုပါ ကားေပၚတြင္ သိုဝွက္သယ္ေဆာင္လာေသာ သိန္း(၃၀)တန္ဖိုးရွိ အက္တက္စီေဆးျပား(၅၀)၊ (၁၂)သိန္းတန္ဖိုးရွိ ကတ္တမင္း(၃၀)ဂရမ္၊ ေငြက်ပ္(၁၅၁.၂)သိန္း တန္ဖိုးရွိ Happy Water (၁၂၆)ဂရမ္ႏွင့္ ဖုန္း(၂)လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ည ၈နာရီတြင္ ၎ေနထိုင္သည့္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္၊ ၃၉(ဘီ)လမ္း၊ ၅၈ x ၅၉ လမ္းၾကားရွိ ေနအိမ္သို႔ သြားေရာက္စစ္ေဆးရွာေဖြ႕ခဲ့သည္။
ထိုသို႔ ဆက္လက္ရွာေဖြခဲ့ရာ ၎၏အိမ္ေပၚမွ ေငြက်ပ္(၁၅၉၆)သိန္းတန္ဖိုးရွိ အက္တက္စီေဆးျပား (၂၆၆၀) ျပား၊ ေငြက်ပ္( ၂၅၂)သိန္း တန္ဖိုးရွိ ကက္တမင္း (၆၃၀) ဂရမ္၊ သိန္း(၆၀၀)တန္ဖိုးရွိ Happy Water(၅၀၀)ဂရမ္တို႔အား ထပ္မံသိမ္းဆည္းရမိခဲ့သည္။
ထို႔ေၾကာင့္ ၎အား သက္ဆိုင္ရာရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။