ညောင်ဦးမြို့နယ်ရှိ အထက်တန်းကျောင်းအား PDF အဖွဲ့မှ ခြိမ်းခြောက်စာပေးပို့ခဲ့ဟုဆို

 2279

NP News - ဩဂုတ် ၇

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းအား PDF အဖွဲ့မှခြိမ်းခြောက်စာတစ်စောင်ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါခြိမ်းခြောက်စာအား ပြီးခဲ့သော ဩဂုတ်လ ၄ ရက်၊ ညနေ ၅နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ စုတည်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစာကို လက်ရေးဖြင့်ရေးထားပြီး ကျောင်း၏အဝင်ဝ သံတံခါးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါခြိမ်းခြောက်စာတွင် ကျောင်းအား(၇)ရက်ပိတ်ရန် ပြောဆိုရေးသားထားပြီး ကျောင်းအားမပိတ်လျှင် တာဝန်ယူမည်မဟုတ်ကြောင်း ရေးထားထားခြင်းဖြစ်သည်။

၎င်းခြိမ်းခြောက်စာအား လုံခြုံရေးအဖွဲ့မှ ဖယ်ရှားရှင်းလင်းခဲ့ပြီး ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
ေညာင္ဦးၿမိဳ႕နယ္ရွိ အထက္တန္းေက်ာင္းအား PDF အဖြဲ႕မွ ၿခိမ္းေျခာက္စာေပးပို႔ခဲ့ဟုဆို

NP News - ဩဂုတ္ ၇

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္ရွိ အေျခခံပညာအထက္တန္းေက်ာင္းအား PDF အဖြဲ႕မွၿခိမ္းေျခာက္စာတစ္ေစာင္ေပးပို႔ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

အဆိုပါၿခိမ္းေျခာက္စာအား ၿပီးခဲ့ေသာ ဩဂုတ္လ ၄ ရက္၊ ညေန ၅နာရီအခ်ိန္တြင္ ေညာင္ဦးၿမိဳ႕နယ္၊ စုတည္ေက်း႐ြာရွိ အေျခခံပညာအထက္တန္းေက်ာင္း၌ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါစာကို လက္ေရးျဖင့္ေရးထားၿပီး ေက်ာင္း၏အဝင္ဝ သံတံခါးတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါၿခိမ္းေျခာက္စာတြင္ ေက်ာင္းအား(၇)ရက္ပိတ္ရန္ ေျပာဆိုေရးသားထားၿပီး ေက်ာင္းအားမပိတ္လွ်င္ တာဝန္ယူမည္မဟုတ္ေၾကာင္း ေရးထားထားျခင္းျဖစ္သည္။

၎ၿခိမ္းေျခာက္စာအား လုံၿခဳံေရးအဖြဲ႕မွ ဖယ္ရွားရွင္းလင္းခဲ့ၿပီး ပါဝင္ပတ္သက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ အျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.