မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံး ပြဿနာတွေကိုဖြေရှင်းလိုတဲ့ နိုင်ငံရေးဆန္ဒရှိဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားသမ္မတ ပြော

 821

ဂျန်ဇက် (NP News) - သြဂုတ် ၈

မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးဟာ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ နိုင်ငံရေးဆန္ဒရှိဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အာဆီယံအဖွဲ့တည်ထောင်ခြင်း ၅၆ နှစ်ပြည့်အခမ်းအနားမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အခုလိုမျိုးပြောဆိုလိုက်တာဖြစ်တယ်လို့ အင်ဒိုနီးရှားအခြေစိုက်သတင်းတွေက ဖော်ပြထားပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင် ကြားဝင်ဆောင်ရွက်နေပြီး အာဆီယံသဘောတူညီချက်ငါးချက် ရရှိထားပေမယ့် မျှော်လင့်သလောက်တိုးတက်မှုမရှိဘဲဖြစ်နေကြောင်းဝေဖန်တာမျိုးတွေရှိနေပါတယ်။

မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ရေးကြိုးပမ်းမှုဟာ သုံးနှစ်ပြည့်ခါနီးနေပေမယ့် လက်ရှိအချိန်အထိ သိသာထင်ရှားတဲ့ တိုးတက်မှုမျိုးမရှိဘဲဖြစ်နေပါတယ်။ အင်ဒိုနီးရှားသမ္မတက "မြန်မာနိုင်ငံရေးပြဿနာဟာ စိန်ခေါ်မှုတွေ နဲ့ ပြည့်နှက်နေတာကို သတိထားမိပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်တဲ့အဖွဲ့အစည်းအားလုံး နိုင်ငံရေးဆန္ဒရှိမယ်ဆိုရင် လက်ရှိအခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ က ပြောပါတယ်။
၎င်းက "အာဆီယံဟာ ကြီးမားတဲ့သင်္ဘောကြီးတစ်စီးဖြစ်ပြီး ရှေ့ဆက်ရွှေ့နိုင်အောင်လုပ်ဆောင်ရမယ်။ဒီကြီးမားတဲ့သင်္ဘောကြီးဟာ ရွက်လွင့်မှုတွေ ဆက်လက်လုပ်ကိုင်ရမယ်" လို့ ပြောပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားသမ္မတဝီဒိုဒိုက မြန်မာနိုင်ငံရေးပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ အချိန်ယူရဖွယ်ရှိနေတယ်လို့လည်း အဆိုပါအစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဆက်လက်ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဝီဒိုဒိုက "မြန်မာနိုင်ငံရေးပြဿနာဟာ အလွန်ခက်ခဲရှုပ်ထွေးတဲ့ပြဿနာပါ။ မြန်မာနိုင်ငံရေးအခက်အခဲဟာ အဖွဲ့အစည်းနှစ်ခုတည်းကြားဖြစ်နေတဲ့ ပဋိပက္ခမျိုးမဟုတ်ဘူး။ အဖွဲ့အစည်းသုံးခု ကနေ ငါးခုကြားဖြစ်နေတဲ့ပြဿနာမျိုးဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေးအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ အချိန်ယူရဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးဟာ ဒီပြဿနာကိုဖြေရှင်းလိုတဲ့ စိတ်ဆန္ဒအမှန်တကယ်ရှိဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံး ျပႆနာေတြကိုေျဖရွင္းလိုတဲ့ ႏိုင္ငံေရးဆႏၵရွိဖို႔ လိုအပ္ေၾကာင္း အင္ဒိုနီးရွားသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၈

ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံးဟာ ႏိုင္ငံေရးနည္းလမ္းနဲ႔ေျဖရွင္းမယ္ဆိုတဲ့ ႏိုင္ငံေရးဆႏၵရွိဖို႔ လိုအပ္ေၾကာင္း အင္ဒိုနီးရွားသမၼတ ဝီဒိုဒိုက တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

အာဆီယံအဖြဲ႕တည္ေထာင္ျခင္း ၅၆ ႏွစ္ျပည့္အခမ္းအနားမွာ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုက အခုလိုမ်ိဳးေျပာဆိုလိုက္တာျဖစ္တယ္လို႔ အင္ဒိုနီးရွားအေျခစိုက္သတင္းေတြက ေဖာ္ျပထားပါတယ္။ အာဆီယံအဖြဲ႕ဟာ ျမန္မာႏိုင္ငံေရးအခက္အခဲကို ေျဖရွင္းႏိုင္ေအာင္ ၾကားဝင္ေဆာင္႐ြက္ေနၿပီး အာဆီယံသေဘာတူညီခ်က္ငါးခ်က္ ရရွိထားေပမယ့္ ေမွ်ာ္လင့္သေလာက္တိုးတက္မႈမရွိဘဲျဖစ္ေနေၾကာင္းေဝဖန္တာမ်ိဳးေတြရွိေနပါတယ္။

ျမန္မာႏိုင္ငံေရးအခက္အခဲကို ေျဖရွင္းႏိုင္ေရးႀကိဳးပမ္းမႈဟာ သုံးႏွစ္ျပည့္ခါနီးေနေပမယ့္ လက္ရွိအခ်ိန္အထိ သိသာထင္ရွားတဲ့ တိုးတက္မႈမ်ိဳးမရွိဘဲျဖစ္ေနပါတယ္။ အင္ဒိုနီးရွားသမၼတက "ျမန္မာႏိုင္ငံေရးျပႆနာဟာ စိန္ေခၚမႈေတြ နဲ႔ ျပည့္ႏွက္ေနတာကို သတိထားမိပါတယ္။ ျမန္မာႏိုင္ငံေရးမွာ ပါဝင္တဲ့အဖြဲ႕အစည္းအားလုံး ႏိုင္ငံေရးဆႏၵရွိမယ္ဆိုရင္ လက္ရွိအခက္အခဲျပႆနာေတြကို ေျဖရွင္းႏိုင္ဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။

အာဆီယံအေနနဲ႔ ျမန္မာႏိုင္ငံေရးအခက္အခဲကိုေျဖရွင္းႏိုင္ဖို႔အတူတကြ ပူးေပါင္းေဆာင္႐ြက္သြားရမွာျဖစ္ေၾကာင္း အင္ဒိုနီးရွားသမၼတ က ေျပာပါတယ္။
၎က "အာဆီယံဟာ ႀကီးမားတဲ့သေဘၤာႀကီးတစ္စီးျဖစ္ၿပီး ေရွ႕ဆက္ေ႐ႊ႕ႏိုင္ေအာင္လုပ္ေဆာင္ရမယ္။ဒီႀကီးမားတဲ့သေဘၤာႀကီးဟာ ႐ြက္လြင့္မႈေတြ ဆက္လက္လုပ္ကိုင္ရမယ္" လို႔ ေျပာပါတယ္။

ဒါ့အျပင္ အင္ဒိုနီးရွားသမၼတဝီဒိုဒိုက ျမန္မာႏိုင္ငံေရးပဋိပကၡကိုေျဖရွင္းႏိုင္ဖို႔ အခ်ိန္ယူရဖြယ္ရွိေနတယ္လို႔လည္း အဆိုပါအစည္းအေဝးအၿပီးမွာ သတင္းေထာက္ေတြကို ဆက္လက္ေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။ ဝီဒိုဒိုက "ျမန္မာႏိုင္ငံေရးျပႆနာဟာ အလြန္ခက္ခဲရႈပ္ေထြးတဲ့ျပႆနာပါ။ ျမန္မာႏိုင္ငံေရးအခက္အခဲဟာ အဖြဲ႕အစည္းႏွစ္ခုတည္းၾကားျဖစ္ေနတဲ့ ပဋိပကၡမ်ိဳးမဟုတ္ဘူး။ အဖြဲ႕အစည္းသုံးခု ကေန ငါးခုၾကားျဖစ္ေနတဲ့ျပႆနာမ်ိဳးျဖစ္ေနတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံေရးအခက္အခဲေတြကိုေျဖရွင္းႏိုင္ဖို႔ အခ်ိန္ယူရဖြယ္ရွိေနပါတယ္။ ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံးဟာ ဒီျပႆနာကိုေျဖရွင္းလိုတဲ့ စိတ္ဆႏၵအမွန္တကယ္ရွိဖို႔ လိုအပ္တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.