နိုင်ငံ့စီးပွားတိုးတက်ရေးဆောင်ရွက်ရာ၌ စာရင်းဇယားတွင် တိုးတက်ခြင်းထက် လက်တွေ့တိုးတက်ရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ အသိပေး

646
ယွန်း (NP News) - သြဂုတ် ၁၁
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ စာရင်းဇယားတွင် တိုးတက်ခြင်းထက် လက်တွေ့တိုး တက်မှုရှိရေးကိုဆောင်ရွက်ရန် နစက ဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် သြဂုတ်လ(၉)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် စာရင်းဇယားများ၌ တိုးတက်ခြင်းထက် လက်တွေ့တိုးတက်မှုရှိရေးကိုဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။
ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်ရန်အတွက် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ဝိုင်းဝန်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ပြည်တွင်းရှိ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းကို လျှော့ချနိုင်ရေးဆောင်ရွက်ရန်လိုအပ်ပြီး ကျေးလက်ဒေသတွင် နေထိုင်သူများသည် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိသည်။
၎င်းတို့အတွက် တစ်ဦးချင်းဝင်ငွေများပြားမှသာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသစီးပွားရေးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

zawgyi version
ႏိုင္ငံ့စီးပြားတိုးတက္ေရးေဆာင္႐ြက္ရာ၌ စာရင္းဇယားတြင္ တိုးတက္ျခင္းထက္ လက္ေတြ႕တိုးတက္ေရး ေဆာင္႐ြက္ရန္ နစကဥကၠ႒ အသိေပး
ယြန္း (NP News) - ၾသဂုတ္ ၁၁
ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ရာ၌ စာရင္းဇယားတြင္ တိုးတက္ျခင္းထက္ လက္ေတြ႕တိုး တက္မႈရွိေရးကိုေဆာင္႐ြက္ရန္ နစက ဥကၠ႒က အသိေပးေျပာၾကားထားသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၿပီးခဲ့သည့္ ၾသဂုတ္လ(၉)ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေသာ ေတြ႕ဆုံပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ရာတြင္ စာရင္းဇယားမ်ား၌ တိုးတက္ျခင္းထက္ လက္ေတြ႕တိုးတက္မႈရွိေရးကိုေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းေျပာၾကားထားသည္။
ထို႔ေၾကာင့္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရး ေဆာင္႐ြက္ရန္အတြက္ တိုင္းႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအား ဝိုင္းဝန္းေဆာင္႐ြက္ရန္ နစကဥကၠ႒က ေျပာၾကားခဲ့သည္။
ျပည္တြင္းရွိ ဆင္းရဲႏြမ္းပါးမႈရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ေရးေဆာင္႐ြက္ရန္လိုအပ္ၿပီး ေက်းလက္ေဒသတြင္ ေနထိုင္သူမ်ားသည္ စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းမ်ားကို အဓိကထားေဆာင္႐ြက္လ်က္ရွိသည္။
၎တို႔အတြက္ တစ္ဦးခ်င္းဝင္ေငြမ်ားျပားမွသာ ဆင္းရဲႏြမ္းပါးမႈကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။
ထို႔ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ေဒသစီးပြားေရးတိုးတက္ေစရန္အတြက္ စိုက္ပ်ိဳးေရးလုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ စက္မႈကုန္ထုတ္လုပ္ငန္းမ်ားကို ဖြံ႕ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းရန္လိုေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။