ကမ္ဘာ့ဆန်ဈေးနှုန်းများ (၁၅)နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိနေ

 2013

Pika (NP News) - ဩဂုတ် ၁၂

ကမ္ဘာတစ်ဝှမ်းရှိ ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံများထဲတွင်ပါဝင်သော အိန္ဒိယနိုင်ငံသည် ၎င်း၏တင်ပို့မှုများကို ကန့်သတ်လိုက်ပြီးနောက် ကမ္ဘာ့ဆန်တင်ပို့မှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်လာကာဆန်ဈေးသည် (၁၅)နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

အရှေ့တောင်အာရှတွင် ဆိုးရွားသောရာသီဥတုများကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများကို များစွာထိ ခိုက်မှုများရှိစေခဲ့ကြောင်းလည်းသိရသည်။ ထိုင်းဆန်တင်ပို့သူများအသင်း၏ အချက်အလက်များအရ အာရှတိုက်၏ စံညွှန်းတစ်ခုဖြစ်သော Thai white 5% broken rice ဆန်သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၆၄၈)ဒေါ်လာထိ မြင့်တက်သွားခဲ့ပြီး (၂၀၁၈)ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်းသိရသည်။ ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံများထဲတွင်ပါဝင်သော အိန္ဒိယနိုင်ငံသည် ဆန်ဖြူတင်ပို့မှု ကန့်သတ်ချက်ကို ဇူလိုင်လနှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ဆန်ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။

၂၀၂၂ခုနှစ် အောက်တိုဘာလမှစတင်ပြီး (၃၀)ရာခိုင်နှုန်းမြင့်တက်ခဲ့သော ပြည်တွင်းဆန်ဈေးနှုန်းများကို တည်ငြိမ်စေရန်အတွက် ဆန်တင်ပို့မှုများကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ ဆန်သည် အာရှတိုက်နှင့်အာဖရိကတိုက်တို့ရှိ ဘီလျံနှင့်ချီသော လူများအတွက် အရေးပါသောကြောင့် အိန္ဒိယ၏ဆန်တင်ပို့မှုကန့်သတ်လိုက်ခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်တွင် ဈေးနှုန်းများပိုမိုမြင့်တက်လာနိုင်ချေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကိုဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် အယ်နီညိုစတင်မှုနှင့်အတူ ခြောက်သွေ့သောအခြေအနေများကြောင့် လယ်သမားများကို မိုးနည်းသီးနှံများပြောင်းစိုက်ရန် အာဏာပိုင်များက တိုက်တွန်းခဲ့ပြီးနောက် ကမ္ဘာ့ဆန်တင်ပို့မှုနှင့်ပတ် သက်ပြီး နောက်ဆုံးအကြိမ်ခြိမ်းခြောက်မှုထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။ ရာသီဥတုစက်ဝန်းပုံစံပြောင်းလဲမှုများကြောင့် အရှေ့တောင်အာရှနှင့် အခြားဒေသများတွင် မိုးရွာသွန်းမှုလျော့နည်းလာခဲ့ပြီးနောက် ကောက်ပဲသီးနှံစိုက်ပျိုးမှုများအပေါ် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများ ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခင်ကဝင်ရောက်ခဲ့သော အယ်နီညိုကြောင့် ၂၀၁၅-၂၀၁၆ သီးနှံနှစ်တွင် ထိုင်းနိုင်ငံ၏ စပါးစိုက်ပျိုးဧကများလျော့နည်းခဲ့ပြီး စပါးအထွက်နှုန်းသည် တစ်နှစ်ထက်တစ်နှစ် (၁၆)ရာခိုင်နှုန်းလျော့ကျလာခဲ့ကြောင်းသိရသည်။ Gro database အရ ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ စပါးစိုက်ပျိုးရာ ဒေသများတွင် ရွာသွန်းသော စုစုပေါင်းမိုးရေချိန်သည် ပြီးခဲ့သည့်နှစ်ထက်(၂၃)ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်းလည်းသိရသည်။

zawgyi version
ကမာၻ႔ဆန္ေဈးႏႈန္းမ်ား (၁၅)ႏွစ္အတြင္း အျမင့္ဆုံးအဆင့္သို႔ေရာက္ရွိေန
Pika (NP News) - ဩဂုတ္ ၁၂

ကမာၻတစ္ဝွမ္းရွိ ဆန္တင္ပို႔သည့္ ထိပ္တန္းႏိုင္ငံမ်ားထဲတြင္ပါဝင္ေသာ အိႏၵိယႏိုင္ငံသည္ ၎၏တင္ပို႔မႈမ်ားကို ကန႔္သတ္လိုက္ၿပီးေနာက္ ကမာၻ႔ဆန္တင္ပို႔မႈမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားျမင့္တက္လာကာ
ဆန္ေဈးသည္ (၁၅)ႏွစ္အတြင္း အျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိခဲ့ေၾကာင္းသိရသည္။

အေရွ႕ေတာင္အာရွတြင္ ဆိုး႐ြားေသာရာသီဥတုမ်ားေၾကာင့္ သီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈမ်ားကို မ်ားစြာထိ ခိုက္မႈမ်ားရွိေစခဲ့ေၾကာင္းလည္းသိရသည္။ ထိုင္းဆန္တင္ပို႔သူမ်ားအသင္း၏ အခ်က္အလက္မ်ားအရ အာရွတိုက္၏ စံၫႊန္းတစ္ခုျဖစ္ေသာ Thai white 5% broken rice ဆန္သည္ တစ္တန္လွ်င္ အေမရိကန္ေဒၚလာ(၆၄၈)ေဒၚလာထိ ျမင့္တက္သြားခဲ့ၿပီး (၂၀၁၈)ခုႏွစ္ ေအာက္တိုဘာလေနာက္ပိုင္း အျမင့္ဆုံးအဆင့္သို႔ေရာက္ရွိခဲ့ေၾကာင္းသိရသည္။ ဆန္တင္ပို႔သည့္ ထိပ္တန္းႏိုင္ငံမ်ားထဲတြင္ပါဝင္ေသာ အိႏၵိယႏိုင္ငံသည္ ဆန္ျဖဴတင္ပို႔မႈ ကန္႔သတ္ခ်က္ကို ဇူလိုင္လေႏွာင္းပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဆန္ေဈးႏႈန္းမ်ားျမင့္တက္လာျခင္းျဖစ္ေၾကာင္းသိရသည္။

၂၀၂၂ခုႏွစ္ ေအာက္တိုဘာလမွစတင္ၿပီး (၃၀)ရာခိုင္ႏႈန္းျမင့္တက္ခဲ့ေသာ ျပည္တြင္းဆန္ေဈးႏႈန္းမ်ားကို တည္ၿငိမ္ေစရန္အတြက္ ဆန္တင္ပို႔မႈမ်ားကို ကန႔္သတ္လိုက္ျခင္းျဖစ္ေၾကာင္း အိႏၵိယအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ဆန္သည္ အာရွတိုက္ႏွင့္အာဖရိကတိုက္တို႔ရွိ ဘီလ်ံႏွင့္ခ်ီေသာ လူမ်ားအတြက္ အေရးပါေသာေၾကာင့္ အိႏၵိယ၏ဆန္တင္ပို႔မႈကန႔္သတ္လိုက္ျခင္းသည္ ကမာၻ႔စားနပ္ရိကၡာေဈးကြက္တြင္ ေဈးႏႈန္းမ်ားပိုမိုျမင့္တက္လာႏိုင္ေခ်ႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ားကိုျဖစ္ေပၚေစခဲ့ေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံတြင္ အယ္နီညိဳစတင္မႈႏွင့္အတူ ေျခာက္ေသြ႕ေသာအေျခအေနမ်ားေၾကာင့္ လယ္သမားမ်ားကို မိုးနည္းသီးႏွံမ်ားေျပာင္းစိုက္ရန္ အာဏာပိုင္မ်ားက တိုက္တြန္းခဲ့ၿပီးေနာက္ ကမာၻ႔ဆန္တင္ပို႔မႈႏွင့္ပတ္ သက္ၿပီး ေနာက္ဆုံးအႀကိမ္ၿခိမ္းေျခာက္မႈထြက္ေပၚလာျခင္းျဖစ္ေၾကာင္းသိရသည္။ ရာသီဥတုစက္ဝန္းပုံစံေျပာင္းလဲမႈမ်ားေၾကာင့္ အေရွ႕ေတာင္အာရွႏွင့္ အျခားေဒသမ်ားတြင္ မိုး႐ြာသြန္းမႈေလ်ာ့နည္းလာခဲ့ၿပီးေနာက္ ေကာက္ပဲသီးႏွံစိုက္ပ်ိဳးမႈမ်ားအေပၚ အပ်က္သေဘာေဆာင္သည့္ အက်ိဳးသက္ေရာက္မႈမ်ား ရွိလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ယခင္ကဝင္ေရာက္ခဲ့ေသာ အယ္နီညိဳေၾကာင့္ ၂၀၁၅-၂၀၁၆ သီးႏွံႏွစ္တြင္ ထိုင္းႏိုင္ငံ၏ စပါးစိုက္ပ်ိဳးဧကမ်ားေလ်ာ့နည္းခဲ့ၿပီး စပါးအထြက္ႏႈန္းသည္ တစ္ႏွစ္ထက္တစ္ႏွစ္ (၁၆)ရာခိုင္ႏႈန္းေလ်ာ့က်လာခဲ့ေၾကာင္းသိရသည္။ Gro database အရ ယခုႏွစ္တြင္ ထိုင္းႏိုင္ငံ၏ စပါးစိုက္ပ်ိဳးရာ ေဒသမ်ားတြင္ ႐ြာသြန္းေသာ စုစုေပါင္းမိုးေရခ်ိန္သည္ ၿပီးခဲ့သည့္ႏွစ္ထက္(၂၃)ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.