ပင်းတယမြို့နယ်တွင် တောင်ကျရေကြောင့် လူနေအိမ်များမျောပါကာ လူ (၈) ဦးပျောက်ဆုံးနေ

450

သက်ပိုင်( NP News) - ဇူလိုင် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု ၊ ကုန်းစောင်းကျေးရွာတွင် တောင်ကျရေကြောင့် လူနေအိမ်များ မျောပါက လူ (၈) ဦးပျောက်ဆုံးနေကြောင်း ဒေသခံများက NP News သို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အရှိန်ဖြင့် ဆင်းလာသည့်အတွက် လူနေအိမ် (၅) လုံး ရေစီးနှင့် မျောပါခဲ့ရပြီး လူ (၈) ဦး ပျောက်ဆုံးနေကြောင်း သိမ်ကုန်းကျေးရွာဒေသခံတစ်ဦးကဆိုသည်။
“လူပျောက်တာက (၈) ယောက်မှာ အခု (၄)ယောက်အလောင်းပဲ တွေ့သေးတယ်။ ကျန်တာကိုတော့ ရှာနေတုန်းရှိသေးတယ်။ တချို့သတင်းတွေမှာတော့ အိမ်ခြေ (၇၀) ကျော်ပျက်စီးသွားတယ်လို့ ရေးနေကြတယ်။ အမှန်တော့ အိမ်(၅) လုံးပဲ ပါသွားတာပါ။မနေ့ညတုန်းက ဖြစ်သွားတာပါ။ ကျွန်မတို့ သိမ်ကုန်းရွာကိုလည်း ရေတွေဝင်တာရှိခဲ့ပါတယ်။ လူအသေအပျောက်တော့ မရှိခဲ့ပေမယ့် စိုက်ခင်းတွေတော့ တော်တော်များများ ပျက်သွားပါတယ်” ဟု ၎င်းက ပြောသည်။
သိမ်ကုန်းကျေးရွာတွင် တောင်ကျချောင်းရေကြောင့် နေအိမ်များ ပျက်စီးခြင်းမရှိခဲ့သော်လည်း လမ်းများပျက်စီးခဲ့ရကြောင်းသိရသည်။
အလားတူ ရွှေဥမင်ဘုရားတွင်လည်း မိုးသည်းထန်စွာရွာသွန်းကာ တောင်ပြိုမှုဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ခန်း (၄) ခန်းပြိုကျပြီး ထပ်မံပြိုကျမည်ကို စိုးရိမ်ရသည့်အတွက် ဘုရားသို့သွားရာလမ်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

Zawgyi Version:
ပင္းတယၿမိဳ႕နယ္တြင္ ေတာင္က်ေရေၾကာင့္ လူေနအိမ္မ်ားေမ်ာပါကာ လူ (၈) ဦးေပ်ာက္ဆုံးေန
သက္ပိုင္( NP News) - ဇူလိုင္ ၂၈
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္းတယၿမိဳ႕နယ္၊ သိမ္ကုန္းေက်း႐ြာအုပ္စု ၊ ကုန္းေစာင္းေက်း႐ြာတြင္ ေတာင္က်ေရေၾကာင့္ လူေနအိမ္မ်ား ေမ်ာပါက လူ (၈) ဦးေပ်ာက္ဆုံးေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၂၇) ရက္ ညပိုင္းက မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေတာင္က်ေရမ်ား အရွိန္ျဖင့္ ဆင္းလာသည့္အတြက္ လူေနအိမ္ (၅) လုံး ေရစီးႏွင့္ ေမ်ာပါခဲ့ရၿပီး လူ (၈) ဦး ေပ်ာက္ဆုံးေနေၾကာင္း သိမ္ကုန္းေက်း႐ြာေဒသခံတစ္ဦးကဆိုသည္။
“လူေပ်ာက္တာက (၈) ေယာက္မွာ အခု (၄)ေယာက္အေလာင္းပဲ ေတြ႕ေသးတယ္။ က်န္တာကိုေတာ့ ရွာေနတုန္းရွိေသးတယ္။ တခ်ိဳ႕သတင္းေတြမွာေတာ့ အိမ္ေျခ (၇၀) ေက်ာ္ပ်က္စီးသြားတယ္လို႔ ေရးေနၾကတယ္။ အမွန္ေတာ့ အိမ္(၅) လုံးပဲ ပါသြားတာပါ။မေန႔ညတုန္းက ျဖစ္သြားတာပါ။ ကြၽန္မတို႔ သိမ္ကုန္း႐ြာကိုလည္း ေရေတြဝင္တာရွိခဲ့ပါတယ္။ လူအေသအေပ်ာက္ေတာ့ မရွိခဲ့ေပမယ့္ စိုက္ခင္းေတြေတာ့ ေတာ္ေတာ္မ်ားမ်ား ပ်က္သြားပါတယ္” ဟု ၎က ေျပာသည္။
သိမ္ကုန္းေက်း႐ြာတြင္ ေတာင္က်ေခ်ာင္းေရေၾကာင့္ ေနအိမ္မ်ား ပ်က္စီးျခင္းမရွိခဲ့ေသာ္လည္း လမ္းမ်ားပ်က္စီးခဲ့ရေၾကာင္းသိရသည္။
အလားတူ ေ႐ႊဥမင္ဘုရားတြင္လည္း မိုးသည္းထန္စြာ႐ြာသြန္းကာ ေတာင္ၿပိဳမႈျဖစ္ပြားခဲ့သည့္အတြက္ ဆိုင္ခန္း (၄) ခန္းၿပိဳက်ၿပီး ထပ္မံၿပိဳက်မည္ကို စိုးရိမ္ရသည့္အတြက္ ဘုရားသို႔သြားရာလမ္းကို ယာယီပိတ္ထားရေၾကာင္း သိရသည္။