ထိုင်းထုတ်ကုန်တချို့ ၂ဝ ရာခိုင်နှုန်းခန့် ဈေးတက်လာပြီး ရန်ကုန်ရှိဆိုင်အချို့ အရောင်းရပ်ထား

1219

NP News - ဩဂုတ် ၁၃
အာရှလမ်းမကြီး လမ်းပိုင်း မြေပြိုကာ ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး ပြတ်တောက်နေပြီး ထိုင်းကုန်ပစ္စည်းများ စျေးမြင့်တက်မှုကြောင့် ရန်ကုန်မှ ဆိုင်အချို့ အရောင်းပိတ်ထားရကြောင်း ထိုင်းထုတ်ကုန်ရောင်းချသူများထံက သိရသည်။
မြေပြိုတဲ့လမ်းပိုင်းကို ဘေလီတံတားထိုးပေးရန် စတင်နေသော်လည်း၊ လက်ရှိအချိန်အထိ လမ်းပြိုကျမှုကြောင့် ရန်ကုန်မှလာသော ကုန်ကားများ ရပ်ထားသည့်အပြင် ထိုင်းဘက်မှကုန်စည်တွေလည်း ဝင်ရောက်ရန် ခက်ခဲနေ ကြောင်း နယ်စပ်ကုန်သည်များ က ပြောသည်။
လက်ရှိတွင် လမ်းပိုင်းပျက်စီးမှုများကြောင့်လည်း မြဝတီတက်မည့် ကုန်ကားအစီးရေ ရာနှင့်ချီပိတ်မိနေပြီး ရန်ကုန် သို့ပြန်ဆင်းမည့် ကုန်ကားများ လည်းရပ်နားထားရကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
"မြဝတီက ဂိုဒေါင်တွေမှာ ကုန်တွေထားတာကတယ်။ ဂိုဒေါင်ဌားလို့တောင် မရဘူး။ ကားအသေးတွေနဲ့ အဆင်ပြေအောင်သယ်နေတော့ ကုန်ကအများကြီးသယ်လို့မရဘူး။ ထိုင်းကုန်ကတော့ စျေးတွေတက်တာပေါ့" ဟု မြဝတီနယ်စပ် ထိုင်းထုတ်ကုန်ရောင်းချသူတစ်ဦးက ပြောသည်။
ထိုင်းဘက်မှ မြန်မာဘက်သို့ဝင်ရောက်သည့် လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းများလည်း အချိန်ကြန့် ကြာမှုနှင့် ထိုင်းဘတ်ဈေး အပြောင်းအလဲကြောင့် ၂ဝ ရာခိုင်နှုန်းနီးပါး ဈေးနှုန်းမြင့်တက်သွားကြောင်း ကုန်သည်များ ထံက သိရသည်။
"ထိုင်းဘက်က အလှကုန်၊ မုန့်တွေဆို အရောင်းပိတ်လိုက်ကြတယ်၊ အဝင်မရှိတော့ လက်ကျန်ရောင်းလိုက်ရင် လည်း နောက်ထပ်ပြန်ဝယ်ရောင်းတဲ့ဟာတွေက စျေးတွေတက်ကုန်ရင် ရှုံးကုန်မှာ အာကြောင့် အရောင်းခဏပိတ် တယ်" ဟု ရန်ကုန်မြို့ရှိ ထိုင်းလူသုံးကုန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
အာရှလမ်းပိုင်းပြတ်တောက်မှုကြောင့် ထိုင်းကုန်ပစ္စည်းတချို့စျေးနှုန်းတက်နေသည့်အပြင် ငွေကြေးစျေးနှုန်း မငြိမ်မှုကြောင့်လည်း ကုန်စျေးနှုန်း တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Zawgyi Version;
ထိုင္းထုတ္ကုန္တခ်ိဳ႕ ၂ဝ ရာခိုင္ႏႈန္းခန႔္ ေဈးတက္လာၿပီး ရန္ကုန္ရွိဆိုင္အခ်ိဳ႕ အေရာင္းရပ္ထား
NP News - ဩဂုတ္ ၁၃
အာရွလမ္းမႀကီး လမ္းပိုင္း ေျမၿပိဳကာ ထိုင္း-ျမန္မာႏွစ္ႏိုင္ငံ ကုန္သြယ္ေရး ျပတ္ေတာက္ေနၿပီး ထိုင္းကုန္ပစၥည္းမ်ား ေစ်းျမင့္တက္မႈေၾကာင့္ ရန္ကုန္မွ ဆိုင္အခ်ိဳ႕ အေရာင္းပိတ္ထားရေၾကာင္း ထိုင္းထုတ္ကုန္ေရာင္းခ်သူမ်ားထံက သိရသည္။
ေျမၿပိဳတဲ့လမ္းပိုင္းကို ေဘလီတံတားထိုးေပးရန္ စတင္ေနေသာ္လည္း၊ လက္ရွိအခ်ိန္အထိ လမ္းၿပိဳက်မႈေၾကာင့္ ရန္ကုန္မွလာေသာ ကုန္ကားမ်ား ရပ္ထားသည့္အျပင္ ထိုင္းဘက္မွကုန္စည္ေတြလည္း ဝင္ေရာက္ရန္ ခက္ခဲေန ေၾကာင္း နယ္စပ္ကုန္သည္မ်ား က ေျပာသည္။
လက္ရွိတြင္ လမ္းပိုင္းပ်က္စီးမႈမ်ားေၾကာင့္လည္း ျမဝတီတက္မည့္ ကုန္ကားအစီးေရ ရာႏွင့္ခ်ီပိတ္မိေနၿပီး ရန္ကုန္ သို႔ျပန္ဆင္းမည့္ ကုန္ကားမ်ား လည္းရပ္နားထားရေၾကာင္း ျမန္မာႏိုင္ငံအေဝးေျပး ကုန္စည္သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ား အသင္းမွ သိရသည္။
"ျမဝတီက ဂိုေဒါင္ေတြမွာ ကုန္ေတြထားတာကတယ္။ ဂိုေဒါင္ဌားလို႔ေတာင္ မရဘူး။ ကားအေသးေတြနဲ႔ အဆင္ေျပေအာင္သယ္ေနကတာ့ ကုန္ကအမ်ားႀကီးသယ္လို႔မရဘူး။ ထိုင္းကုန္ကေတာ့ ေစ်းေတြတက္တာေပါ့" ဟု ျမဝတီနယ္စပ္ ထိုင္းထုတ္ကုန္ေရာင္းခ်သူတစ္ဦးက ေျပာသည္။
ထိုင္းဘက္မွ ျမန္မာဘက္သို႔ဝင္ေရာက္သည့္ လူသုံးကုန္၊ စားေသာက္ကုန္၊ လွ်ပ္စစ္ပစၥည္းမ်ားလည္း အခ်ိန္ၾကန္႔ ၾကာမႈႏွင့္ ထိုင္းဘတ္ေဈး အေျပာင္းအလဲေၾကာင့္ ၂ဝ ရာခိုင္ႏႈန္းနီးပါး ေဈးႏႈန္းျမင့္တက္သြားေၾကာင္း ကုန္သည္မ်ား ထံက သိရသည္။
"ထိုင္းဘက္က အလွကုန္၊ မုန္႔ေတြဆို အေရာင္းပိတ္လိုက္ၾကတယ္၊ အဝင္မရွိေတာ့ လက္က်န္ေရာင္းလိုက္ရင္ လည္း ေနာက္ထပ္ျပန္ဝယ္ေရာင္းတဲ့ဟာေတြက ေစ်းေတြတက္ကုန္ရင္ ရႈံးကုန္မွာ အာေၾကာင့္ အေရာင္းခဏပိတ္ တယ္" ဟု ရန္ကုန္ၿမိဳ႕ရွိ ထိုင္းလူသုံးကုန္ေရာင္းဝယ္ေရးလုပ္ကိုင္ေနသူတစ္ဦးက ေျပာသည္။
အာရွလမ္းပိုင္းျပတ္ေတာက္မႈေၾကာင့္ ထိုင္းကုန္ပစၥည္းတခ်ိဳ႕ေစ်းႏႈန္းတက္ေနသည့္အျပင္ ေငြေၾကးေစ်းႏႈန္း မၿငိမ္မႈေၾကာင့္လည္း ကုန္ေစ်းႏႈန္း တက္လာေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။