အရေးကြီးပြဿနာသုံးခုရှိရာ ဂျလန်းကျွန်း ခရီးစဥ် (၂)

68

သုတကျော် (NP News) - သြဂုတ်လ ၁၄
(ယခင်တစ်ပတ်မှအဆက်)
ဂျလန်းကျွန်း၏နံနက်ခင်းကား ဆားငွေ့ ပါသော လေနုအေးများဖြင့် နှုတ်ဆက်သည်။ မှိုင်းပျပျ ရာသီဥတုအောက်တွင် တည်းခိုရာ ဂျလန်းကျွန်း သာသနာပြု ဆရာတော်၏ ငြိမ်းချမ်းအောင် ကျောင်း တိုက်မျက်စောင်းထိုးမှ ဆလုံနှင့် အခြားတိုင်းရင်း သားများ ရောနှောနေထိုင်ရာ ဂျလန်းရွာတွင်ကား နေ့စဉ် ပြုမြဲလုပ်ငန်းဆောင်တာတို့ စတင်လုပ်ကိုင် နေကြချေလေပြီ။
ဂျလန်းရွာနှင့် ဘုန်းတော်ကြီးကျောင်း ရှိရာနေရာသည် ဂျလန်းကျွန်း၏ ဂငယ်ကွေ့နေရာ ဖြစ်ပြီး ယင်းနေရာသည် ယခင်ကပင် ငါးဖမ်းလှေများ အတွက် မုန်တိုင်းကာလတွင် ခိုနားရာနေရာတစ်ခု ဖြစ်သည်။ အားကိုးရာနေရာမှ ယခုအခါ ငါးဖမ်းစက် လှေတို့အတွက် ခရီးတစ်ထောက်နားရာ ကျေးရွာတစ်ခု ဖြစ်လာသည်။ ထို့ပြင် ကျွန်းတွင် ရေခဲစက်လည်း ရှိလေရာ ငါးဖမ်းလှေတို့ ပိုမိုအားကိုးရာ နေရာတစ်ခု အဖြစ် တည်ရှိနေသည်။ နံနက်စာစားသောက်အပြီး တွင် စက်လှေဖြင့် ကျွန်းသို့လေ့လာရန် လက်ရှိ ဒုတိယ ဂျလန်းကျွန်းဆရာတော် ဦးပညာသီရိနှင့် စာရေးသူတို့ ထွက်ခွာလာခဲ့သည်။ ဆိပ်ခံတံတားသို့ ရောက်ချိန်တွင် ဂျလန်းကျွန်းသို့ ဆိုက်ကပ်လာသော ငါးဖမ်းစက်လှေများနှင့် ကျွန်းအရှေ့ဆီမှ ပင်လယ် ပြင်ကြီး၊ ထိုမှတစ်ဆင့် မှိုင်းပျပျကျွန်းများ မြင်ကွင်းကား ပနံသင့်နေလေတော့သည်။
စက်လှေငယ်ဖြင့် စထွက်သည်နှင့် ပထမ ဆုံးမြင်ရသည်ကား အဖိုးတန်သစ်ပင်ကြီးများစွာ ပါဝင်သည့် သစ်တောများဖြင့် အုပ်ဆိုင်းနေသော ဂျလန်းကျွန်းမှ တောင်များဖြစ်သည်။ ပထဝီအနေ အထားအရ မြေပြန့်အလွန်နည်းပြီး တောင်ထူ ထပ်သော ဂျလန်းကျွန်းသည် ဧက (၃၀ဝဝ) ကျော် ရှိကြောင်း သိရသည်။ ကုန်းမြေမှ ဝေးလံသော ကျွန်း ဖြစ်ပြီး ယခင်က ခုတ်ယူ၊ သယ်ပို့ရန် ခက်သောကြောင့် သစ်တောနေရာအများစုမှာ သဘာဝအတိုင်းပင် ရှိနေသေးသည်။
ဂျလန်းကျွန်းတွင် သစ်တောထူထပ်သည့် နည်းတူ ယင်းကိုအမှီပြု၍ ရှင်သန်နေကြသော တောဝက်များ၊ မျောက်များနှင့် အခြား တောရိုင်း တိရစ္ဆာန်များလည်းရှိသည်။ ထို့ပြင် ဒေသခံများက နွားရိုင်းဟု ခေါ်သော တစ်ချိန်က အိမ်မွေးဖြစ်ခဲ့ဖူး သည့် နွားများလည်းရှိသည်။ ယင်းနွားများကား အကြောင်းအမျိုးမျိုးဖြင့် ကျွန်းသို့ရောက်လာပြီး အကောင်ရေပွားများကာ ကျွန်းပေါ်တွင် လွတ်လပ်စွာ နေထိုင်ကျက်စားနေကြခြင်း ဖြစ်သည်။
" အရင်ကတော့ နွားအကောင်ရေ များ တယ်။ အခုတော့ လူတွေ အမဲလိုက်တာနဲ့ အကောင် ရေကျလာတယ်" ဟု စက်လှေပေါ်ပါလာသည့် ဦးပဉ္စင်းတစ်ပါးက မိန့်ကြားသည်။
သို့သော် ယခုအခါ သစ်တောများကို အဆမတန် ခုတ်လှဲရှင်းလင်းလာမှု၊ သဘာဝပတ်ဝန်း ကျင်ကိုထိခိုက်စေသော လုပ်ငန်းများလုပ်ဆောင် လာမှုကြောင့် ရေချိုခန်းခြောက်လာသည့်အရေးကို ရင်ဆိုင်နေရပြီဖြစ်သည်။ ထို့ပြင် မူးယစ်ဆေးဝါး ပျံ့နှံ့မှုကလည်း ဆလုံတိုင်းရင်းသားတို့ကိုပင် ခြိမ်း ခြောက်လာနေသည်။
သစ်တောနှင့်တောင်များကို ဠငိနသ ရိုက် မှတ်တမ်းတင်နေခိုက် ဆရာတော်ကလှမ်းပြ၍ သစ် ထွင်းလှေငယ် ဖြင့် ပင်လယ်တွင် ကျင်လည်စွာ လှော် ခတ်လာသော ဆလုံအမျိုးသမီးတစ်ဦးကိုမြင်ရ၍ အလျင်အမြန် မှတ်တမ်းတင်လိုက်ရသည်။ ယင်းကား ဂျလန်းကျွန်းတွင် စာရေးသူတို့ ပထမဆုံးမြင်ရသော ဆလုံတိုင်းရင်းသားပင်။
ထို့နောက် စက်လှေဖြင့် ကျွန်းဘေးမှ ဆက်လက်မောင်းနှင်ခဲ့ရာ ဆရာတော်က နေရာ များကိုရှင်းပြသည်။ ပထမဆုံး မြင်ရသည်က ကျွန်း ဘေးကျောက်ဆောင်များတွင်ထွက်ပေါ်နေသော ပလတ်စတစ်ပိုက်များဖြစ်ပြီး ယင်းမှာ ရေချိုများကို ငါးဖမ်းစက်လှေများသို့ ရေချိုပို့ပေးရာ ပိုက်ဖြစ် ကြောင်း ဆရာတော်က မိန့်သည်။ ဘေးပတ်ဝန်းကျင် ကျွန်းများအနက် ဂျလန်းကျွန်းတွင် ရေချိုထွက်သည် ဖြစ်ရာ ငါးဖမ်းစက်လှေတို့သည် ဂျလန်းကျွန်းမှ ရေချိုကို လာရောက်ယူကြရသည်။
စက်လှေဖြင့် ဆက်လက် မောင်းနှင်လာရင်း ဒေသခံများ လုပ်ကိုင်စားသောက်ရန် ပထမ ဂျလန်း ကျွန်းဆရာတော်ကချထားပေးသည့်မြေတွင် စိုက် ပျိုးထားသော အပင်များကိုမြင်ရသည်။ တစ်ဖက်တွင် ဂျလန်းကျွန်း၊ တစ်ဖက်တွင် မွေးမြူရေး ပုလဲလုပ် ကွက်များရှိပြီး ထိုမှအလွန် မြင်နေရသည့် နားခို ကျွန်းတွင်ကား ပုလဲမွေးမြူရေးစခန်းရှိသည်။ ဂျလန်း ကျွန်းတွင် အခြားပုလဲမွေးမြူရေးစခန်းတစ်ခုလည်း အခြေစိုက်ထား၏။ မွေးမြူရေးပုလဲလုပ်ကွက်များမှာ ကျွန်းအနီး တဖြည်းဖြည်းချဲ့ထွင်လာခဲ့ရာ ဆလုံတိုင်း ရင်းသားများထုံးစံအရ ငါးရှာရန် အခက်အခဲဖြစ် လာသည်။
ယင်းအပြင် ဂျလန်းကျွန်း၏ (၁၀) ဧက ကျယ်ဝန်းသောနေရာတွင် ပုလဲ မွေးမြူထုတ် လုပ်ရေး အခြေပြုစခန်းတစ်ခု ထပ်မံဆောက်လုပ်ရန် တင်ပြလာခဲ့ရာ ဒေသခံ ဆလုံတိုင်းရင်းသားတို့ အတွက် အသက်မွေးရာရေပြင် ပိုမိုကျဉ်းမြောင်း သွားတော့မည်ဟု ဆရာတော်ကမိန့်ကြားသည်။
" ဆလုံတိုင်းရင်းသားတွေက လောဘမ ကြီးဘူး။ ကျွန်းအနားမှာပဲ ငါးတို့ ကင်းမွန်တို့ကို တစ်နေ့စာ တစ်နေ့ ရှာစားတာ။ အခုတော့ ပုလဲ လုပ် ကွက်တွေက ချဲ့လာတော့ ဆလုံတွေ ဓလေ့အတိုင်း အသက်မွေးဖို့ ခက်ခဲလာတယ်။ ဆလုံတွေကို သူတို့က အကပ်မခံဘူး။ ပုလဲလုပ်ကွက်မရှိတဲ့ နေရာ ကျတော့ လှိုင်းထန်တာကြောင့် ဆလုံတွေ ငါးရှာလို့ မရဘူး။ သူတို့ ဓလေ့ထုံးတမ်းပါ ပျောက်သွားမှာ" ဟု ဆရာတော်က မိန့်ကြားသည်။
မကြာမီ ကမ်းခြေငယ်တစ်နေရာတွင် တိုင်များ ထိုးထိုးထောင်ထောင်ဖြင့် ဇရပ်ဟောင်း တစ်ခုကို မြင်ရပြီး ယင်းမှာ ဆလုံသင်္ချိုင်းနေရာ ဖြစ်ကြောင်းသိရ၍ လေ့လာရန်ဆင်းခဲ့ကြသည်။ ယင်း သင်္ချိုင်းနှင့် အနီးတွင်ကား ဒေသခံများပင် မသိ လိုက်ပဲ လုပ်ငန်းရှင်တစ်ဦးက အကျယ်အဝန်း (၉ ဒသမ ၆) ဧက ကို အပန်းဖြေစခန်း ဆောက်လုပ်ခွင့် ရသွားခဲ့ရာ ယင်းအတွက် ဆရာတော်နှင့် ဒေသခံများ က ကန့်ကွက်စာ တင်ထားသည်။
သောင်ပြင် ဖြူလွှလွှနောက်သစ်တော အတွင်း ဆလုံသင်္ချိုင်းရှိခြင်း ဖြစ်သည်။ အနည်းငယ် သွားမိလျှင် ကမ်းခြေ နှင့် သစ်တောအစပ်တွင် အိမ် သို့မဟုတ် လှေပေါင်းမိုးပုံစံ တည်ဆောက်ထားသော အမှတ်အသားကိုမြင်ရပြီး ယင်းမှာ ဆလုံသင်္ချိုင်း အစ ဖြစ်သည်။ လေ့လာမိသရွေ့ မြေပုံမို့မို့ဟူ၍ မတွေ့ရဘဲ အမှတ်အသားတိုင်များ စိုက်ထူသည်ကို မြင်ရသည်။
" မိုးတွင်းကျတော့ မြှုပ်ရတာ ခက်ခဲတယ်။ မုန်တိုင်းထန်တာတို့ လေထန်တာတို့ဆိုရင် အ လောင်းပြုတ်ကျတာတောင်ရှိတယ်။ လာရတာတော့ ခက်တယ်" ဟု ဒုတိယ ဂျလန်းကျွန်းဆရာတော်က မိန့်ကြားသည်။
ယင်းနောက် ဆက်ထွက်လာခဲ့ရာ ဂျလန်း ကျွန်၏ အကြီးဆုံး ဂငယ်ကွေ့နေရာသို့ ရောက်သည်။ ယင်းနေရာတွင် မူလက ဆလုံတိုင်းရင်းသားတို့ အတွက် တစ်နေ့စာ ဝမ်းစာရှာဖွေရာစားကျက်ကြီး ဖြစ်ခဲ့သော်လည်း ယခုတော့ မွေးမြူရေးပုလဲလုပ် ကွက်တို့ ရှိနေလေပြီ။
ထို့နောက် ကျွန်း၏ တောင်ဘက်ဆုံး ဗျူးပွိုင့်သို့ရောက်သည်။ ရေကျချိန်ဖြစ်သောကြောင့် စာရေးသူတို့ စက်လှေ ကပ်မရသော်လည်း ကံကောင်း ထောက်မစွာ ဂျလန်းကျွန်းမှ ဆလုံတိုင်းရင်းသား ခေါင်းဆောင် အိုလက်၏ စက်လှေငယ် ကြုံ၍ ကပ် ခွင့်ရခဲ့သည်။ ဗျူးပွိုင့်ကား လှပေစွ။ တောင်ဘက်စွန်း ကျွန်း၏ ဟိုဘက်ဆီတွင် နိုင်ငံတကာရေပြင်သာ ရှိတော့သည်။ လေက တဟူးဟူးဖြင့် ပင်လယ်နှင့် ကျွန်းတို့ကို မြင်ရသည်မှာ ရှု့မငြီးဖွယ် ဖြစ်သည်။
" တန်ဖိုးဖြတ်လို့မရဘူး။ ကျွန်းက တန်ဖိုး အကြီးဆုံးနဲ့ တန်ဖိုး အမြင့်ဆုံး သယံဇာတ ကျွန်းကြီး လို့ ဘုန်းဘုန်းကတော့ မှတ်ယူတယ်ပေါ့နော်။ ဒါ ကြောင့်မို့လို့ ဒီကျွန်းကြီးကို သဘာဝဘေးမဲ့ဇုန်အဖြစ် နိုင်ငံတော်က သတ်မှတ်ထိန်းသိမ်းပေးမယ်ဆိုရင် တော့ ပိုကောင်းတာပေါ့" ဟု ဆရာတော်က မိန့်ကြား သည်။
ကျွန်းသို့ပြန်အရောက်တွင် ကျောင်းရှိ ပထမ ဂျလန်းကျွန်းဆရာတော်၏ပြတိုက်သို့ လေ့ လာသည်။ ပြီးနောက် ကျေးရွာစာသင်ကျောင်းသို့ သွားရောက်သည်။ ဂျလန်းကျွန်းတွင် ရွာငယ်ပင် ငယ်သော်လည်း မူလတန်းလွန်ကျောင်း ရှိသည်။ ဆရာ၊ ဆရာမ အခက်အခဲကြောင့် ရွာခန့် ဆရာမ သုံးဦးနှင့် သံဃာတော် သုံးပါးက သင်ကြားပေးနေ သည်။
" ဝေးတော့ မလာချင်ကြဘူးလေ။ ဧရာဝတီတိုင်းက ဆရာမတစ်ယောက်ပဲ ဘုန်းဘုန်းနဲ့ ဆက်သွယ်ပြီး လာသင်ပေးနေတာ" ဟု ဒုတိယ ဂျလန်းကျွန်းဆရာတော် ဦးပညာသီရိက မိန့်ကြား သည်။
ကျောင်းအရွယ်အစားနှင့်နှိုင်းစာလျှင် ကျောင်းသား၊ ကျောင်းသူ အရေအတွက်က များ ပြားသည်ဟု ဆိုနိုင်သည်။ ဆလုံကလေးငယ်များလည်း ရှိသည်။ ကျောင်းစာကြည့်တိုက်ငယ်ပင် ရှိသေး၏။ ကလေးငယ်တို့သည် မြို့ပြနှင့် ဝေးသော်လည်း ပထမ နှင့် ဒုတိယ ဂျလန်းကျွန်း ဆရာတော်တို့၏ ကျေးဇူးဖြင့် ကောင်းစွာ ပညာသင်ကြားနိုင်ကြသည်။ NP News က ကျပ်ငွေ နှစ်သိန်း လှူဒါန်း ခဲ့၏။
ထို့နောက် ဂျလန်းရွာသို့ရောက်သည်။ ရွာတွင်ကား ဒေသခံ ဆလုံလူမျိုး ငါးပုံနှစ်ပုံနှင့် အခြား အရပ်တစ်ပါးမှ စီးပွားရှာလာသူ သုံးပုံခန့်ရှိသည်။ ကျေးရွာသည် ငါးဖမ်းရွာပုံစံဖြစ်သော်လည်း ခရီး တထောက်ကျေးရွာ ဖြစ်သောကြောင့် ကုန်စုံဆိုင်ကြီး များရှိသည်။ လက်ဖက်ရည်ဆိုင်လည်း ရှိသည်။ ဘီယာဝယ်သောက်ပြီး ကာရာအိုကေဆိုနိုင်သော ဆိုင်ပင် ရှိသေးသည်။ ထို့ပြင် ဆလုံရိုးရာ နတ်ကွန်း လည်း ရှိသည်။ ကျေးလက် သားဖွားဆရာမတစ်ဦး ရှိပြီး ကျေးရွာဆေးပေးခန်းကိုမူ ဟာလာဟင်းလင်း မြင်ခဲ့ရသည်။
ကျေးရွာတွင် စာရေးသူတို့ကို ကမ်းကပ် နိုင်အောင်ကူညီပေးခဲ့သော ဆလုံတိုင်းရင်းသား ခေါင်းဆောင်အိုလက်ကို မြင်တွေ့ရသည်။ အမျိုး သမီးများကား အပေါ်ပိုင်းလုံစေရန် အင်္ကျီဝတ်ခဲ့ကြပြီ ဖြစ်သော်လည်း အမျိုးသားများကား မဝတ်ကြသေးပါ။ အိုလက်လည်း ထို့အတူပင် အပေါ်ပိုင်းဗလာကျင်း လျက် အိမ်တွင်မြင်ရသည်။
ဆရာတော်က ငါးရှာရပါသလော ဟု မေးမြန်းရာ မရဟု ဖြေသည်။ သို့သော် ဆရာတော် ရှိလျှင် အဆင်ပြေသည်ဟု ဆို၏။ ဆလုံတို့သည် အားကိုးရာ အဖြစ် ပထမ ဂျလန်းကျွန်း ဆရာတော် အပြီး ဒုတိယ ဆရာတော်ကို ဆက်လက် အားထား ကြကြောင်း တွေ့ရသည်။
ကျေးရွာတွင် ဆလုံတို့မှာ ရိုးသားသည်ဆို သော်လည်း အခြားလူမျိုးများနှင့် ယှဉ်လျှင် အနှိမ်ခံ သဖွယ်ဖြစ်နေသည်။ နေထိုင်မှု တိုးတက်လာသည် ဆိုသော်လည်း နိမ့်ကျနေသေးကြောင်းလည်း တွေ့ရ သည်။ ထို့ပြင် ဆလုံတို့အတွက် နိုင်ငံတော်အစိုးရကထောက်ပံ့သည်များကို ဖြတ်တောက်ယူငင်သူများ လည်း ရှိနေသေး၏။ ထို့ပြင် ဆောင်းပါးအစတွင် ဖော်ပြခဲ့သော မူးယစ်ဆေးကလည်း ဆလုံတို့ကို ဖျက်ဆီးနေပြီး အချို့မှာ စွဲပင်စွဲနေကြောင်း စိတ်မ သက်သာဖွယ်ကြားရသည်။ အထူးသဖြင့်ကား စိတ်ကြွရူးသွပ်ဆေးပြား ဖြစ်သည်။
" ဆလုံနာမည်ကို ရှက်လို့ ဗမာနာမည်ပဲ ပေးတဲ့သူတောင် ရှိတယ်။ ရွာကနေ ဆလုံ မိသားစု တစုတောင် တခြားကျွန်းပြောင်းသွားပြီ။ ငါးဖမ်းတာ ရလို့ ဆလုံကရောင်းရင် ဆေးပြား (စိတ်ြွကမူးယစ် ဆေးပြား) ပြန်ပေးတာလည်း ရှိတယ်" ဟု ဒေသခံ တစ်ဦးက ဆိုသည်။
နောက်နေ့တွင်ကား တောင်တက်ခရီးစဉ် ဖြစ်သည်။ နံနက်အစောပိုင်း (၇) နာရီခွဲခန့်တွင် ကျောင်းအနောက်မှလမ်းကတစ်ဆင့် စတက်သည်။ ယင်းမှာ နှစ်ရှည် ဥယျာဉ်သီးနှံများစိုက်ပျိုးရန် အတွက် လုပ်ပိုင်ခွင့်ရခဲ့သော ကုမ္ပဏီတစ်ခုက လမ်းကိုဖောက်ခဲ့ခြင်းဖြစ်ကာ ယခုတော့ ယင်း ကုမ္ပဏီ လုပ်ပိုင်ခွင့်ကာလအပြီးတွင် ကောင်းမြန်မာ အောင်ဆိုသော ကုမ္ပဏီက ကျွန်း၏တစ်ဝက်နီးပါး ဖြစ်သော ဧက (၁၂၀ဝ) ကို လျှောက်ထားနေသည်ဟု ဆိုသည်။ ကျွန်း၏ တဝက်နီးပါး သစ်တောများ နေရာတွင် လုပ်ကိုင်မည်ဖြစ်ရာ ယင်းကိုလည်း ခွင့်မပြုရန် ဆရာတော်နှင့် ဒေသခံများက ကန့်ကွက် စာတင်ထားသည်။
တောင်ပေါ်တွင် လမ်းလျှောက်ရသည်မှာ ကျွန်းပေါ်တွင် ရှိနေသည်ဟုပင် မခံစားရ။ ဘေးပတ် ဝန်းကျင်မှ သစ်ပင်ကြီးများကား ကာလရှည်ကြာ သဘာဝအတိုင်း အတားအဆီးမရှိ ရှင်သန်ခွင့် ရနေလေရာ အရွယ်အစား ကြီးချင်တိုင်ပင် ကြီးနေ လေတော့သည်။ လမ်းဘေးမှ သစ်ပင်အချို့ပင်လျှင် လူသုံးဖက်စာခန့် ကြီးမားကြောင်း တွေ့မြင်ရသည်။ ထို့ပြင် ယခင် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီက သစ်ပင်များ ခုတ်သွားသည်ကိုလည်း မြင်ရသည်။ စာရေးသူ မမြင်သည့်နေရာလည်း များစွာရှိသေးကြောင်း သိရ သည်။ ရှိရင်းစွဲ အဖိုးတန်သစ်ပင်များကိုခုတ်ကာ အဘယ်ကြောင့် ထပ်စိုက်လိုသနည်းဟု စဉ်းစားမရ။
ယခု တောင်တက်ခရီးတွင် ဆရာတော်နှင့် အတူ ဦးပဉ္စင်းနှစ်ပါး၊ ကျောင်းသားတစ်ဦးနှင့်အတူ ကျောင်းမှ ခွေးတစ်အုပ်လည်း ပါသည်။ ခွေးများပါလာခြင်းကို အစက စဉ်းစားမရ။ ပြီးမှသာ လမ်းတစ်လျှောက်တော အတွင်းပြေးဝင်ကာ တောဝက်အုပ်ကို လိုက်ကြ ကြောင်း သိရသည်။ မျောက်အုပ်များကိုလည်း လိုက် သည်။ ယင်းခွေးတစ်အုပ်၏ ကာကွယ်မှုကြောင့် တောဝက်အုပ်နှင့် ရင်ဆိုင်မတွေ့ခြင်း ဖြစ်သည်ဟု ရှင်းပြမှ နားလည်ရတော့သည်။
နာရီ အတန်ကြာ လမ်းလျှောက်ပြီး နံနက် (၁၀) နာရီခွဲတွင် နားရမည့်နေရာရောက်သည်။ ယင်းနေရာတွင် ယခင် လုပ်ပိုင်ခွင့်ရကုမ္ပဏီက ဆောက်လုပ်ခဲ့သော ဘန်ဂလိုတစ်ခုကို တွေ့ရသည်။ ပင်လယ်ကမ်းခြေဘက်ကို မေးတင်ထားပြီး အစောင့် တစ်ဦးသာရှိသည်။ ယင်းနှင့် မလှမ်းမကမ်းတွင် ဖြိုဖျက်ခံထားရသော ယင်းကုမ္ပဏီ၏ ဘန်ဂလိုများ ရှိကြောင်း သိရသော်လည်း သစ်တောများဖုံးပြီဖြစ်၍ မတွေ့ရတော့ပါ။ စာရေးသူတို့ရောက်နေသော နေရာကား ဂျလန်းကျွန်း၏အစွန်း ကျွန်းဆွယ်နေရာ တွင်ဖြစ်ပြီး ယင်းကတစ်ဆင့် ဗျူးပွိုင့်နေရာတစ်ခုသို့ ဆရာတော်က ဦးဆောင်ခေါ်သွားသည်။
နံနက်ပိုင်း (၁၁) နာရီခွဲကျော်တွင် ဆက် တက်ခဲ့ရာ တစ်နေရာအရောက်တွင် ထူးဆန်းသော မြင်ကွင်းကို မြင်ရသည်။ ယင်းမှာ တစ်ဖက်က စီးဆင်းလာသော နောက်ကျိနေသည့်ရေများမှာ မြေ သားထုကို ဖြတ်ပြီး တစ်ဖက်သို့ ကြည်လင်စွာဖြင့် စီးဆင်းနေခြင်း ဖြစ်သည်။ သဘာဝရေစစ်ဟု တင်စား နိုင်မည်ထင်သည်။ တောင်တက် တောင်ဆင်းလမ်း များအတိုင်း သွားပြီးနောက်တွင်ကား အံ့မခန်းမြင် ကွင်းပေါ်လာသည်။ ယင်းမှာ တောင်ထွတ်တစ်ခုဖြစ်ပြီး ပင်လယ်ဘက်မှလာသောလေပြင်းကြောင့် အပင် ကြီးများ တစ်ဖက်သို့ယိမ်းကာ ပေါက်ရောက်ရှင် သန်နေကြသည့်မြင်ကွင်းက ဆွဲဆောင်သွားသည်။ ယင်း၏အောက်ဘက်တွင် ချောက်တစ်ခုရှိပြီး ကျောက်ဆောင်ကို ရေလှိုင်းတို့ရိုက်ခတ်၍ တဖွား ဖွားလွင့်နေသော ရေပြင်စုတို့ဖြင့် လှပနေသည်။
ထိုနေရာတွင် ခေတ္တနားပြီး ဆက်လျှောက် ခဲ့ရာ လမ်းတွင် ရေပြတ်သွားတော့သည်။ ဆက် လျှောက်ရင်း တသွင်သွင် စီးကျနေသော ရေတံခွန် ငယ်ကို တွေ့ရသည်။ အဆိုပါ ရေကို မြည်းကြည့်ရာ အရသာကောင်းမွန်ပြီး မြို့ပြများတွင် သောက်သုံး နေသော ရေသန့် ကဲ့သို့ အရသာ ကောင်းမွန်ကြောင်း တွေ့မြင်ရသည်။ ထို့ကြောင့် အသင့်ပါလာသော ဘူးဖြင့် ထည့်ကာ အတန်ကြာဆက်သွားပြီးနောက် ကမ်းခြေတစ်ခုကိုတွေ့ရတော့သည်။ ယင်းမှာ ဂျလန်းကျွန်းမှ ကမ်းခြေများအနက် တစ်ခုဖြစ်ပြီး ထူးခြားချက်မှာ ကမ်းခြေအနီးတွင် ရေတံခွန် တစ်ခုပါ တည်ရှိနေခြင်း ဖြစ်သည်။ ကမ်းခြေအရောက်ကား ယင်း၏ အလှကြောင့် အမောတို့ လွင့်စဉ်သွားလေပြီ။
ဂျလန်းကျွန်းကား ကိုယ်တိုင်ပင် ပင်လယ်အတွင်းက ကျွန်းတစ်ကျွန်း ဖြစ်သော်လည်း ကုန်းမြေ၏ အသွင် ကို ဆောင်ထားသည့်အပြင် ပင်လယ်၏ အရသာ ကိုလည်း နားခိုသူများထံ ပုံစံမျိုးစုံဖြင့် ပေးစွမ်းနေ သေး၏။ စာရေးသူတို့၏ ယနေ့ လမ်းလျှောက်ခရီးကား ပန်းတိုင်သို့ရောက်ပြီဖြစ်ရာ ပြန်လှည့်လာခဲ့တော့ သည်။ မိုင် (၂၀) နီးပါး လျှောက်ခဲ့ရသော မှတ်မှတ်ရရ ခြေလျင်ခရီးပင် ဖြစ်တော့၏။ အပြန်တွင်ကား ဆရာတော်၏ တိုက်တွန်းမှုဖြင့် သီးသန့် ကမ်းခြေသ ဖွယ် ဖြစ်နေသော ကျွန်း၏ကမ်းခြေတစ်နေရာတွင် ရေကူးခဲ့ကြသည်။ အောက်တွင် သန္တာကျောက် တန်းများဖြင့် ရေပြင်ပေါ်ကူးခပ်ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်းကို ကိုယ်တိုင်ခံစားရသော အခိုက်အတန့်ပင်။
ယင်းနောက်တွင်ကား ဂျလန်းရွာသို့ ပြန်လာပြီး ညစာစား၊ အလုပ်အနည်းငယ်လုပ်ကာ နံနက်ပိုင်း (၃) နာရီခွဲ စထွက်ရမည့် အပြန်ခရီး အတွက် ကောင်းစွာအနားယူရန် ပြင်ဆင်ရတော့ သည်။ ယင်းအပြန်ခရီးမှာလည် အချည်းနှီးမဟုတ် ပါချေ။ အမှတ်တရများစွာရရှိခဲ့သည်။ ယင်း ခရီး တွင်ကား . . . .
(ဆက်လက်ဖော်ပြပါမည် )

Zawgyi Version:
အေရးႀကီးျပႆနာသုံးခုရွိရာ ဂ်လန္းကြၽန္း ခရီးစဥ္ (၂)
သုတေက်ာ္ (NP News) - ၾသဂုတ္လ ၁၄
(ယခင္တစ္ပတ္မွအဆက္)
ဂ်လန္းကြၽန္း၏နံနက္ခင္းကား ဆားေငြ႕ ပါေသာ ေလႏုေအးမ်ားျဖင့္ ႏႈတ္ဆက္သည္။ မႈိင္းပ်ပ် ရာသီဥတုေအာက္တြင္ တည္းခိုရာ ဂ်လန္းကြၽန္း သာသနာျပဳ ဆရာေတာ္၏ ၿငိမ္းခ်မ္းေအာင္ ေက်ာင္း တိုက္မ်က္ေစာင္းထိုးမွ ဆလုံႏွင့္ အျခားတိုင္းရင္း သားမ်ား ေရာေႏွာေနထိုင္ရာ ဂ်လန္း႐ြာတြင္ကား ေန႔စဥ္ ျပဳၿမဲလုပ္ငန္းေဆာင္တာတို႔ စတင္လုပ္ကိုင္ ေနၾကေခ်ေလၿပီ။
ဂ်လန္း႐ြာႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္း ရွိရာေနရာသည္ ဂ်လန္းကြၽန္း၏ ဂငယ္ေကြ႕ေနရာ ျဖစ္ၿပီး ယင္းေနရာသည္ ယခင္ကပင္ ငါးဖမ္းေလွမ်ား အတြက္ မုန္တိုင္းကာလတြင္ ခိုနားရာေနရာတစ္ခု ျဖစ္သည္။ အားကိုးရာေနရာမွ ယခုအခါ ငါးဖမ္းစက္ ေလွတို႔အတြက္ ခရီးတစ္ေထာက္နားရာ ေက်း႐ြာတစ္ခု ျဖစ္လာသည္။ ထို႔ျပင္ ကြၽန္းတြင္ ေရခဲစက္လည္း ရွိေလရာ ငါးဖမ္းေလွတို႔ ပိုမိုအားကိုးရာ ေနရာတစ္ခု အျဖစ္ တည္ရွိေနသည္။ နံနက္စာစားေသာက္အၿပီး တြင္ စက္ေလွျဖင့္ ကြၽန္းသို႔ေလ့လာရန္ လက္ရွိ ဒုတိယ ဂ်လန္းကြၽန္းဆရာေတာ္ ဦးပညာသီရိႏွင့္ စာေရးသူတို႔ ထြက္ခြာလာခဲ့သည္။ ဆိပ္ခံတံတားသို႔ ေရာက္ခ်ိန္တြင္ ဂ်လန္းကြၽန္းသို႔ ဆိုက္ကပ္လာေသာ ငါးဖမ္းစက္ေလွမ်ားႏွင့္ ကြၽန္းအေရွ႕ဆီမွ ပင္လယ္ ျပင္ႀကီး၊ ထိုမွတစ္ဆင့္ မႈိင္းပ်ပ်ကြၽန္းမ်ား ျမင္ကြင္းကား ပနံသင့္ေနေလေတာ့သည္။
စက္ေလွငယ္ျဖင့္ စထြက္သည္ႏွင့္ ပထမ ဆုံးျမင္ရသည္ကား အဖိုးတန္သစ္ပင္ႀကီးမ်ားစြာ ပါဝင္သည့္ သစ္ေတာမ်ားျဖင့္ အုပ္ဆိုင္းေနေသာ ဂ်လန္းကြၽန္းမွ ေတာင္မ်ားျဖစ္သည္။ ပထဝီအေန အထားအရ ေျမျပန႔္အလြန္နည္းၿပီး ေတာင္ထူ ထပ္ေသာ ဂ်လန္းကြၽန္းသည္ ဧက (၃၀ဝဝ) ေက်ာ္ ရွိေၾကာင္း သိရသည္။ ကုန္းေျမမွ ေဝးလံေသာ ကြၽန္း ျဖစ္ၿပီး ယခင္က ခုတ္ယူ၊ သယ္ပို႔ရန္ ခက္ေသာေၾကာင့္ သစ္ေတာေနရာအမ်ားစုမွာ သဘာဝအတိုင္းပင္ ရွိေနေသးသည္။
ဂ်လန္းကြၽန္းတြင္ သစ္ေတာထူထပ္သည့္ နည္းတူ ယင္းကိုအမွီျပဳ၍ ရွင္သန္ေနၾကေသာ ေတာဝက္မ်ား၊ ေမ်ာက္မ်ားႏွင့္ အျခား ေတာ႐ိုင္း တိရစာၦန္မ်ားလည္းရွိသည္။ ထို႔ျပင္ ေဒသခံမ်ားက ႏြား႐ိုင္းဟု ေခၚေသာ တစ္ခ်ိန္က အိမ္ေမြးျဖစ္ခဲ့ဖူး သည့္ ႏြားမ်ားလည္းရွိသည္။ ယင္းႏြားမ်ားကား အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ကြၽန္းသို႔ေရာက္လာၿပီး အေကာင္ေရပြားမ်ားကာ ကြၽန္းေပၚတြင္ လြတ္လပ္စြာ ေနထိုင္က်က္စားေနၾကျခင္း ျဖစ္သည္။
" အရင္ကေတာ့ ႏြားအေကာင္ေရ မ်ား တယ္။ အခုေတာ့ လူေတြ အမဲလိုက္တာနဲ႔ အေကာင္ ေရက်လာတယ္" ဟု စက္ေလွေပၚပါလာသည့္ ဦးပၪၥင္းတစ္ပါးက မိန႔္ၾကားသည္။
သို႔ေသာ္ ယခုအခါ သစ္ေတာမ်ားကို အဆမတန္ ခုတ္လွဲရွင္းလင္းလာမႈ၊ သဘာဝပတ္ဝန္း က်င္ကိုထိခိုက္ေစေသာ လုပ္ငန္းမ်ားလုပ္ေဆာင္ လာမႈေၾကာင့္ ေရခ်ိဳခန္းေျခာက္လာသည့္အေရးကို ရင္ဆိုင္ေနရၿပီျဖစ္သည္။ ထို႔ျပင္ မူးယစ္ေဆးဝါး ပ်ံ႕ႏွံ႔မႈကလည္း ဆလုံတိုင္းရင္းသားတို႔ကိုပင္ ၿခိမ္း ေျခာက္လာေနသည္။
သစ္ေတာႏွင့္ေတာင္မ်ားကို ဠငိနသ ႐ိုက္ မွတ္တမ္းတင္ေနခိုက္ ဆရာေတာ္ကလွမ္းျပ၍ သစ္ ထြင္းေလွငယ္ ျဖင့္ ပင္လယ္တြင္ က်င္လည္စြာ ေလွာ္ ခတ္လာေသာ ဆလုံအမ်ိဳးသမီးတစ္ဦးကိုျမင္ရ၍ အလ်င္အျမန္ မွတ္တမ္းတင္လိုက္ရသည္။ ယင္းကား ဂ်လန္းကြၽန္းတြင္ စာေရးသူတို႔ ပထမဆုံးျမင္ရေသာ ဆလုံတိုင္းရင္းသားပင္။
ထို႔ေနာက္ စက္ေလွျဖင့္ ကြၽန္းေဘးမွ ဆက္လက္ေမာင္းႏွင္ခဲ့ရာ ဆရာေတာ္က ေနရာ မ်ားကိုရွင္းျပသည္။ ပထမဆုံး ျမင္ရသည္က ကြၽန္း ေဘးေက်ာက္ေဆာင္မ်ားတြင္ထြက္ေပၚေနေသာ ပလတ္စတစ္ပိုက္မ်ားျဖစ္ၿပီး ယင္းမွာ ေရခ်ိဳမ်ားကို ငါးဖမ္းစက္ေလွမ်ားသို႔ ေရခ်ိဳပို႔ေပးရာ ပိုက္ျဖစ္ ေၾကာင္း ဆရာေတာ္က မိန႔္သည္။ ေဘးပတ္ဝန္းက်င္ ကြၽန္းမ်ားအနက္ ဂ်လန္းကြၽန္းတြင္ ေရခ်ိဳထြက္သည္ ျဖစ္ရာ ငါးဖမ္းစက္ေလွတို႔သည္ ဂ်လန္းကြၽန္းမွ ေရခ်ိဳကို လာေရာက္ယူၾကရသည္။
စက္ေလွျဖင့္ ဆက္လက္ ေမာင္းႏွင္လာရင္း ေဒသခံမ်ား လုပ္ကိုင္စားေသာက္ရန္ ပထမ ဂ်လန္း ကြၽန္းဆရာေတာ္ကခ်ထားေပးသည့္ေျမတြင္ စိုက္ ပ်ိဳးထားေသာ အပင္မ်ားကိုျမင္ရသည္။ တစ္ဖက္တြင္ ဂ်လန္းကြၽန္း၊ တစ္ဖက္တြင္ ေမြးျမဴေရး ပုလဲလုပ္ ကြက္မ်ားရွိၿပီး ထိုမွအလြန္ ျမင္ေနရသည့္ နားခို ကြၽန္းတြင္ကား ပုလဲေမြးျမဴေရးစခန္းရွိသည္။ ဂ်လန္း ကြၽန္းတြင္ အျခားပုလဲေမြးျမဴေရးစခန္းတစ္ခုလည္း အေျခစိုက္ထား၏။ ေမြးျမဴေရးပုလဲလုပ္ကြက္မ်ားမွာ ကြၽန္းအနီး တျဖည္းျဖည္းခ်ဲ႕ထြင္လာခဲ့ရာ ဆလုံတိုင္း ရင္းသားမ်ားထုံးစံအရ ငါးရွာရန္ အခက္အခဲျဖစ္ လာသည္။
ယင္းအျပင္ ဂ်လန္းကြၽန္း၏ (၁၀) ဧက က်ယ္ဝန္းေသာေနရာတြင္ ပုလဲ ေမြးျမဴထုတ္ လုပ္ေရး အေျချပဳစခန္းတစ္ခု ထပ္မံေဆာက္လုပ္ရန္ တင္ျပလာခဲ့ရာ ေဒသခံ ဆလုံတိုင္းရင္းသားတို႔ အတြက္ အသက္ေမြးရာေရျပင္ ပိုမိုက်ဥ္းေျမာင္း သြားေတာ့မည္ဟု ဆရာေတာ္ကမိန႔္ၾကားသည္။
" ဆလုံတိုင္းရင္းသားေတြက ေလာဘမ ႀကီးဘူး။ ကြၽန္းအနားမွာပဲ ငါးတို႔ ကင္းမြန္တို႔ကို တစ္ေန႔စာ တစ္ေန႔ ရွာစားတာ။ အခုေတာ့ ပုလဲ လုပ္ ကြက္ေတြက ခ်ဲ႕လာေတာ့ ဆလုံေတြ ဓေလ့အတိုင္း အသက္ေမြးဖို႔ ခက္ခဲလာတယ္။ ဆလုံေတြကို သူတို႔က အကပ္မခံဘူး။ ပုလဲလုပ္ကြက္မရွိတဲ့ ေနရာ က်ေတာ့ လႈိင္းထန္တာေၾကာင့္ ဆလုံေတြ ငါးရွာလို႔ မရဘူး။ သူတို႔ ဓေလ့ထုံးတမ္းပါ ေပ်ာက္သြားမွာ" ဟု ဆရာေတာ္က မိန႔္ၾကားသည္။
မၾကာမီ ကမ္းေျခငယ္တစ္ေနရာတြင္ တိုင္မ်ား ထိုးထိုးေထာင္ေထာင္ျဖင့္ ဇရပ္ေဟာင္း တစ္ခုကို ျမင္ရၿပီး ယင္းမွာ ဆလုံသခ်ႋဳင္းေနရာ ျဖစ္ေၾကာင္းသိရ၍ ေလ့လာရန္ဆင္းခဲ့ၾကသည္။ ယင္း သခ်ႋဳင္းႏွင့္ အနီးတြင္ကား ေဒသခံမ်ားပင္ မသိ လိုက္ပဲ လုပ္ငန္းရွင္တစ္ဦးက အက်ယ္အဝန္း (၉ ဒသမ ၆) ဧက ကို အပန္းေျဖစခန္း ေဆာက္လုပ္ခြင့္ ရသြားခဲ့ရာ ယင္းအတြက္ ဆရာေတာ္ႏွင့္ ေဒသခံမ်ား က ကန႔္ကြက္စာ တင္ထားသည္။
ေသာင္ျပင္ ျဖဴလႊလႊေနာက္သစ္ေတာ အတြင္း ဆလုံသခ်ႋဳင္းရွိျခင္း ျဖစ္သည္။ အနည္းငယ္ သြားမိလွ်င္ ကမ္းေျခ ႏွင့္ သစ္ေတာအစပ္တြင္ အိမ္ သို႔မဟုတ္ ေလွေပါင္းမိုးပုံစံ တည္ေဆာက္ထားေသာ အမွတ္အသားကိုျမင္ရၿပီး ယင္းမွာ ဆလုံသခ်ႋဳင္း အစ ျဖစ္သည္။ ေလ့လာမိသေ႐ြ႕ ေျမပုံမို႔မို႔ဟူ၍ မေတြ႕ရဘဲ အမွတ္အသားတိုင္မ်ား စိုက္ထူသည္ကို ျမင္ရသည္။
" မိုးတြင္းက်ေတာ့ ျမႇဳပ္ရတာ ခက္ခဲတယ္။ မုန္တိုင္းထန္တာတို႔ ေလထန္တာတို႔ဆိုရင္ အ ေလာင္းျပဳတ္က်တာေတာင္ရွိတယ္။ လာရတာေတာ့ ခက္တယ္" ဟု ဒုတိယ ဂ်လန္းကြၽန္းဆရာေတာ္က မိန႔္ၾကားသည္။
ယင္းေနာက္ ဆက္ထြက္လာခဲ့ရာ ဂ်လန္း ကြၽန္၏ အႀကီးဆုံး ဂငယ္ေကြ႕ေနရာသို႔ ေရာက္သည္။ ယင္းေနရာတြင္ မူလက ဆလုံတိုင္းရင္းသားတို႔ အတြက္ တစ္ေန႔စာ ဝမ္းစာရွာေဖြရာစားက်က္ႀကီး ျဖစ္ခဲ့ေသာ္လည္း ယခုေတာ့ ေမြးျမဴေရးပုလဲလုပ္ ကြက္တို႔ ရွိေနေလၿပီ။
ထို႔ေနာက္ ကြၽန္း၏ ေတာင္ဘက္ဆုံး ဗ်ဴးပြိဳင့္သို႔ေရာက္သည္။ ေရက်ခ်ိန္ျဖစ္ေသာေၾကာင့္ စာေရးသူတို႔ စက္ေလွ ကပ္မရေသာ္လည္း ကံေကာင္း ေထာက္မစြာ ဂ်လန္းကြၽန္းမွ ဆလုံတိုင္းရင္းသား ေခါင္းေဆာင္ အိုလက္၏ စက္ေလွငယ္ ႀကဳံ၍ ကပ္ ခြင့္ရခဲ့သည္။ ဗ်ဴးပြိဳင့္ကား လွေပစြ။ ေတာင္ဘက္စြန္း ကြၽန္း၏ ဟိုဘက္ဆီတြင္ ႏိုင္ငံတကာေရျပင္သာ ရွိေတာ့သည္။ ေလက တဟူးဟူးျဖင့္ ပင္လယ္ႏွင့္ ကြၽန္းတို႔ကို ျမင္ရသည္မွာ ရႈ႕မၿငီးဖြယ္ ျဖစ္သည္။
" တန္ဖိုးျဖတ္လို႔မရဘူး။ ကြၽန္းက တန္ဖိုး အႀကီးဆုံးနဲ႔ တန္ဖိုး အျမင့္ဆုံး သယံဇာတ ကြၽန္းႀကီး လို႔ ဘုန္းဘုန္းကေတာ့ မွတ္ယူတယ္ေပါ့ေနာ္။ ဒါ ေၾကာင့္မို႔လို႔ ဒီကြၽန္းႀကီးကို သဘာဝေဘးမဲ့ဇုန္အျဖစ္ ႏိုင္ငံေတာ္က သတ္မွတ္ထိန္းသိမ္းေပးမယ္ဆိုရင္ ေတာ့ ပိုေကာင္းတာေပါ့" ဟု ဆရာေတာ္က မိန႔္ၾကား သည္။
ကြၽန္းသို႔ျပန္အေရာက္တြင္ ေက်ာင္းရွိ ပထမ ဂ်လန္းကြၽန္းဆရာေတာ္၏ျပတိုက္သို႔ ေလ့ လာသည္။ ၿပီးေနာက္ ေက်း႐ြာစာသင္ေက်ာင္းသို႔ သြားေရာက္သည္။ ဂ်လန္းကြၽန္းတြင္ ႐ြာငယ္ပင္ ငယ္ေသာ္လည္း မူလတန္းလြန္ေက်ာင္း ရွိသည္။ ဆရာ၊ ဆရာမ အခက္အခဲေၾကာင့္ ႐ြာခန႔္ ဆရာမ သုံးဦးႏွင့္ သံဃာေတာ္ သုံးပါးက သင္ၾကားေပးေန သည္။
" ေဝးေတာ့ မလာခ်င္ၾကဘူးေလ။ ဧရာဝတီတိုင္းက ဆရာမတစ္ေယာက္ပဲ ဘုန္းဘုန္းနဲ႔ ဆက္သြယ္ၿပီး လာသင္ေပးေနတာ" ဟု ဒုတိယ ဂ်လန္းကြၽန္းဆရာေတာ္ ဦးပညာသီရိက မိန႔္ၾကား သည္။
ေက်ာင္းအ႐ြယ္အစားႏွင့္ႏႈိင္းစာလွ်င္ ေက်ာင္းသား၊ ေက်ာင္းသူ အေရအတြက္က မ်ား ျပားသည္ဟု ဆိုႏိုင္သည္။ ဆလုံကေလးငယ္မ်ားလည္း ရွိသည္။ ေက်ာင္းစာၾကည့္တိုက္ငယ္ပင္ ရွိေသး၏။ ကေလးငယ္တို႔သည္ ၿမိဳ႕ျပႏွင့္ ေဝးေသာ္လည္း ပထမ ႏွင့္ ဒုတိယ ဂ်လန္းကြၽန္း ဆရာေတာ္တို႔၏ ေက်းဇူးျဖင့္ ေကာင္းစြာ ပညာသင္ၾကားႏိုင္ၾကသည္။ NP News က က်ပ္ေငြ ႏွစ္သိန္း လႉဒါန္း ခဲ့၏။
ထို႔ေနာက္ ဂ်လန္း႐ြာသို႔ေရာက္သည္။ ႐ြာတြင္ကား ေဒသခံ ဆလုံလူမ်ိဳး ငါးပုံႏွစ္ပုံႏွင့္ အျခား အရပ္တစ္ပါးမွ စီးပြားရွာလာသူ သုံးပုံခန႔္ရွိသည္။ ေက်း႐ြာသည္ ငါးဖမ္း႐ြာပုံစံျဖစ္ေသာ္လည္း ခရီး တေထာက္ေက်း႐ြာ ျဖစ္ေသာေၾကာင့္ ကုန္စုံဆိုင္ႀကီး မ်ားရွိသည္။ လက္ဖက္ရည္ဆိုင္လည္း ရွိသည္။ ဘီယာဝယ္ေသာက္ၿပီး ကာရာအိုေကဆိုႏိုင္ေသာ ဆိုင္ပင္ ရွိေသးသည္။ ထို႔ျပင္ ဆလုံ႐ိုးရာ နတ္ကြန္း လည္း ရွိသည္။ ေက်းလက္ သားဖြားဆရာမတစ္ဦး ရွိၿပီး ေက်း႐ြာေဆးေပးခန္းကိုမူ ဟာလာဟင္းလင္း ျမင္ခဲ့ရသည္။
ေက်း႐ြာတြင္ စာေရးသူတို႔ကို ကမ္းကပ္ ႏိုင္ေအာင္ကူညီေပးခဲ့ေသာ ဆလုံတိုင္းရင္းသား ေခါင္းေဆာင္အိုလက္ကို ျမင္ေတြ႕ရသည္။ အမ်ိဳး သမီးမ်ားကား အေပၚပိုင္းလုံေစရန္ အက်ႌဝတ္ခဲ့ၾကၿပီ ျဖစ္ေသာ္လည္း အမ်ိဳးသားမ်ားကား မဝတ္ၾကေသးပါ။ အိုလက္လည္း ထို႔အတူပင္ အေပၚပိုင္းဗလာက်င္း လ်က္ အိမ္တြင္ျမင္ရသည္။
ဆရာေတာ္က ငါးရွာရပါသေလာ ဟု ေမးျမန္းရာ မရဟု ေျဖသည္။ သို႔ေသာ္ ဆရာေတာ္ ရွိလွ်င္ အဆင္ေျပသည္ဟု ဆို၏။ ဆလုံတို႔သည္ အားကိုးရာ အျဖစ္ ပထမ ဂ်လန္းကြၽန္း ဆရာေတာ္ အၿပီး ဒုတိယ ဆရာေတာ္ကို ဆက္လက္ အားထား ၾကေၾကာင္း ေတြ႕ရသည္။
ေက်း႐ြာတြင္ ဆလုံတို႔မွာ ႐ိုးသားသည္ဆို ေသာ္လည္း အျခားလူမ်ိဳးမ်ားႏွင့္ ယွဥ္လွ်င္ အႏွိမ္ခံ သဖြယ္ျဖစ္ေနသည္။ ေနထိုင္မႈ တိုးတက္လာသည္ ဆိုေသာ္လည္း နိမ့္က်ေနေသးေၾကာင္းလည္း ေတြ႕ရ သည္။ ထို႔ျပင္ ဆလုံတို႔အတြက္ ႏိုင္ငံေတာ္အစိုးရကေထာက္ပံ့သည္မ်ားကို ျဖတ္ေတာက္ယူငင္သူမ်ား လည္း ရွိေနေသး၏။ ထို႔ျပင္ ေဆာင္းပါးအစတြင္ ေဖာ္ျပခဲ့ေသာ မူးယစ္ေဆးကလည္း ဆလုံတို႔ကို ဖ်က္ဆီးေနၿပီး အခ်ိဳ႕မွာ စြဲပင္စြဲေနေၾကာင္း စိတ္မ သက္သာဖြယ္ၾကားရသည္။ အထူးသျဖင့္ကား စိတ္ႂကြ႐ူးသြပ္ေဆးျပား ျဖစ္သည္။
" ဆလုံနာမည္ကို ရွက္လို႔ ဗမာနာမည္ပဲ ေပးတဲ့သူေတာင္ ရွိတယ္။ ႐ြာကေန ဆလုံ မိသားစု တစုေတာင္ တျခားကြၽန္းေျပာင္းသြားၿပီ။ ငါးဖမ္းတာ ရလို႔ ဆလုံကေရာင္းရင္ ေဆးျပား (စိတ္ျြကမူးယစ္ ေဆးျပား) ျပန္ေပးတာလည္း ရွိတယ္" ဟု ေဒသခံ တစ္ဦးက ဆိုသည္။
ေနာက္ေန႔တြင္ကား ေတာင္တက္ခရီးစဥ္ ျဖစ္သည္။ နံနက္အေစာပိုင္း (၇) နာရီခြဲခန႔္တြင္ ေက်ာင္းအေနာက္မွလမ္းကတစ္ဆင့္ စတက္သည္။ ယင္းမွာ ႏွစ္ရွည္ ဥယ်ာဥ္သီးႏွံမ်ားစိုက္ပ်ိဳးရန္ အတြက္ လုပ္ပိုင္ခြင့္ရခဲ့ေသာ ကုမၸဏီတစ္ခုက လမ္းကိုေဖာက္ခဲ့ျခင္းျဖစ္ကာ ယခုေတာ့ ယင္း ကုမၸဏီ လုပ္ပိုင္ခြင့္ကာလအၿပီးတြင္ ေကာင္းျမန္မာ ေအာင္ဆိုေသာ ကုမၸဏီက ကြၽန္း၏တစ္ဝက္နီးပါး ျဖစ္ေသာ ဧက (၁၂၀ဝ) ကို ေလွ်ာက္ထားေနသည္ဟု ဆိုသည္။ ကြၽန္း၏ တဝက္နီးပါး သစ္ေတာမ်ား ေနရာတြင္ လုပ္ကိုင္မည္ျဖစ္ရာ ယင္းကိုလည္း ခြင့္မျပဳရန္ ဆရာေတာ္ႏွင့္ ေဒသခံမ်ားက ကန႔္ကြက္ စာတင္ထားသည္။
ေတာင္ေပၚတြင္ လမ္းေလွ်ာက္ရသည္မွာ ကြၽန္းေပၚတြင္ ရွိေနသည္ဟုပင္ မခံစားရ။ ေဘးပတ္ ဝန္းက်င္မွ သစ္ပင္ႀကီးမ်ားကား ကာလရွည္ၾကာ သဘာဝအတိုင္း အတားအဆီးမရွိ ရွင္သန္ခြင့္ ရေနေလရာ အ႐ြယ္အစား ႀကီးခ်င္တိုင္ပင္ ႀကီးေန ေလေတာ့သည္။ လမ္းေဘးမွ သစ္ပင္အခ်ိဳ႕ပင္လွ်င္ လူသုံးဖက္စာခန႔္ ႀကီးမားေၾကာင္း ေတြ႕ျမင္ရသည္။ ထို႔ျပင္ ယခင္ လုပ္ပိုင္ခြင့္ရ ကုမၸဏီက သစ္ပင္မ်ား ခုတ္သြားသည္ကိုလည္း ျမင္ရသည္။ စာေရးသူ မျမင္သည့္ေနရာလည္း မ်ားစြာရွိေသးေၾကာင္း သိရ သည္။ ရွိရင္းစြဲ အဖိုးတန္သစ္ပင္မ်ားကိုခုတ္ကာ အဘယ္ေၾကာင့္ ထပ္စိုက္လိုသနည္းဟု စဥ္းစားမရ။
ယခု ေတာင္တက္ခရီးတြင္ ဆရာေတာ္ႏွင့္ အတူ ဦးပၪၥင္းႏွစ္ပါး၊ ေက်ာင္းသားတစ္ဦးႏွင့္အတူ ေက်ာင္းမွ ေခြးတစ္အုပ္လည္း ပါသည္။ ေခြးမ်ားပါလာျခင္းကို အစက စဥ္းစားမရ။ ၿပီးမွသာ လမ္းတစ္ေလွ်ာက္ေတာ အတြင္းေျပးဝင္ကာ ေတာဝက္အုပ္ကို လိုက္ၾက ေၾကာင္း သိရသည္။ ေမ်ာက္အုပ္မ်ားကိုလည္း လိုက္ သည္။ ယင္းေခြးတစ္အုပ္၏ ကာကြယ္မႈေၾကာင့္ ေတာဝက္အုပ္ႏွင့္ ရင္ဆိုင္မေတြ႕ျခင္း ျဖစ္သည္ဟု ရွင္းျပမွ နားလည္ရေတာ့သည္။
နာရီ အတန္ၾကာ လမ္းေလွ်ာက္ၿပီး နံနက္ (၁၀) နာရီခြဲတြင္ နားရမည့္ေနရာေရာက္သည္။ ယင္းေနရာတြင္ ယခင္ လုပ္ပိုင္ခြင့္ရကုမၸဏီက ေဆာက္လုပ္ခဲ့ေသာ ဘန္ဂလိုတစ္ခုကို ေတြ႕ရသည္။ ပင္လယ္ကမ္းေျခဘက္ကို ေမးတင္ထားၿပီး အေစာင့္ တစ္ဦးသာရွိသည္။ ယင္းႏွင့္ မလွမ္းမကမ္းတြင္ ၿဖိဳဖ်က္ခံထားရေသာ ယင္းကုမၸဏီ၏ ဘန္ဂလိုမ်ား ရွိေၾကာင္း သိရေသာ္လည္း သစ္ေတာမ်ားဖုံးၿပီျဖစ္၍ မေတြ႕ရေတာ့ပါ။ စာေရးသူတို႔ေရာက္ေနေသာ ေနရာကား ဂ်လန္းကြၽန္း၏အစြန္း ကြၽန္းဆြယ္ေနရာ တြင္ျဖစ္ၿပီး ယင္းကတစ္ဆင့္ ဗ်ဴးပြိဳင့္ေနရာတစ္ခုသို႔ ဆရာေတာ္က ဦးေဆာင္ေခၚသြားသည္။
နံနက္ပိုင္း (၁၁) နာရီခြဲေက်ာ္တြင္ ဆက္ တက္ခဲ့ရာ တစ္ေနရာအေရာက္တြင္ ထူးဆန္းေသာ ျမင္ကြင္းကို ျမင္ရသည္။ ယင္းမွာ တစ္ဖက္က စီးဆင္းလာေသာ ေနာက္က်ိေနသည့္ေရမ်ားမွာ ေျမ သားထုကို ျဖတ္ၿပီး တစ္ဖက္သို႔ ၾကည္လင္စြာျဖင့္ စီးဆင္းေနျခင္း ျဖစ္သည္။ သဘာဝေရစစ္ဟု တင္စား ႏိုင္မည္ထင္သည္။ ေတာင္တက္ ေတာင္ဆင္းလမ္း မ်ားအတိုင္း သြားၿပီးေနာက္တြင္ကား အံ့မခန္းျမင္ ကြင္းေပၚလာသည္။ ယင္းမွာ ေတာင္ထြတ္တစ္ခုျဖစ္ၿပီး ပင္လယ္ဘက္မွလာေသာေလျပင္းေၾကာင့္ အပင္ ႀကီးမ်ား တစ္ဖက္သို႔ယိမ္းကာ ေပါက္ေရာက္ရွင္ သန္ေနၾကသည့္ျမင္ကြင္းက ဆြဲေဆာင္သြားသည္။ ယင္း၏ေအာက္ဘက္တြင္ ေခ်ာက္တစ္ခုရွိၿပီး ေက်ာက္ေဆာင္ကို ေရလႈိင္းတို႔႐ိုက္ခတ္၍ တဖြား ဖြားလြင့္ေနေသာ ေရျပင္စုတို႔ျဖင့္ လွပေနသည္။
ထိုေနရာတြင္ ေခတၱနားၿပီး ဆက္ေလွ်ာက္ ခဲ့ရာ လမ္းတြင္ ေရျပတ္သြားေတာ့သည္။ ဆက္ ေလွ်ာက္ရင္း တသြင္သြင္ စီးက်ေနေသာ ေရတံခြန္ ငယ္ကို ေတြ႕ရသည္။ အဆိုပါ ေရကို ျမည္းၾကည့္ရာ အရသာေကာင္းမြန္ၿပီး ၿမိဳ႕ျပမ်ားတြင္ ေသာက္သုံး ေနေသာ ေရသန႔္ ကဲ့သို႔ အရသာ ေကာင္းမြန္ေၾကာင္း ေတြ႕ျမင္ရသည္။ ထို႔ေၾကာင့္ အသင့္ပါလာေသာ ဘူးျဖင့္ ထည့္ကာ အတန္ၾကာဆက္သြားၿပီးေနာက္ ကမ္းေျခတစ္ခုကိုေတြ႕ရေတာ့သည္။ ယင္းမွာ ဂ်လန္းကြၽန္းမွ ကမ္းေျခမ်ားအနက္ တစ္ခုျဖစ္ၿပီး ထူးျခားခ်က္မွာ ကမ္းေျခအနီးတြင္ ေရတံခြန္ တစ္ခုပါ တည္ရွိေနျခင္း ျဖစ္သည္။ ကမ္းေျခအေရာက္ကား ယင္း၏ အလွေၾကာင့္ အေမာတို႔ လြင့္စဥ္သြားေလၿပီ။
ဂ်လန္းကြၽန္းကား ကိုယ္တိုင္ပင္ ပင္လယ္အတြင္းက ကြၽန္းတစ္ကြၽန္း ျဖစ္ေသာ္လည္း ကုန္းေျမ၏ အသြင္ ကို ေဆာင္ထားသည့္အျပင္ ပင္လယ္၏ အရသာ ကိုလည္း နားခိုသူမ်ားထံ ပုံစံမ်ိဳးစုံျဖင့္ ေပးစြမ္းေန ေသး၏။ စာေရးသူတို႔၏ ယေန႔ လမ္းေလွ်ာက္ခရီးကား ပန္းတိုင္သို႔ေရာက္ၿပီျဖစ္ရာ ျပန္လွည့္လာခဲ့ေတာ့ သည္။ မိုင္ (၂၀) နီးပါး ေလွ်ာက္ခဲ့ရေသာ မွတ္မွတ္ရရ ေျခလ်င္ခရီးပင္ ျဖစ္ေတာ့၏။ အျပန္တြင္ကား ဆရာေတာ္၏ တိုက္တြန္းမႈျဖင့္ သီးသန႔္ ကမ္းေျခသ ဖြယ္ ျဖစ္ေနေသာ ကြၽန္း၏ကမ္းေျခတစ္ေနရာတြင္ ေရကူးခဲ့ၾကသည္။ ေအာက္တြင္ သႏၲာေက်ာက္ တန္းမ်ားျဖင့္ ေရျပင္ေပၚကူးခပ္ရသည္မွာ စိတ္လႈပ္ရွားဖြယ္ေကာင္းေၾကာင္းကို ကိုယ္တိုင္ခံစားရေသာ အခိုက္အတန႔္ပင္။
ယင္းေနာက္တြင္ကား ဂ်လန္း႐ြာသို႔ ျပန္လာၿပီး ညစာစား၊ အလုပ္အနည္းငယ္လုပ္ကာ နံနက္ပိုင္း (၃) နာရီခြဲ စထြက္ရမည့္ အျပန္ခရီး အတြက္ ေကာင္းစြာအနားယူရန္ ျပင္ဆင္ရေတာ့ သည္။ ယင္းအျပန္ခရီးမွာလည္ အခ်ည္းႏွီးမဟုတ္ ပါေခ်။ အမွတ္တရမ်ားစြာရရွိခဲ့သည္။ ယင္း ခရီး တြင္ကား . . . .
(ဆက္လက္ေဖာ္ျပပါမည္ )