ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ အိမ်ခြံမြေသူဋ္ဌေးကြီး ဆာရက်သာတာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ်လို့ ဖြူထိုင်းပါတီ ပြော

1182

ဂျန်ဇက် (NP News) - သြဂုတ် ၁၄
ဖြူထိုင်းပါတီဟာ လာမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာရက်သာ တာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားဖွယ်ရှိနေရာ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့ ထောက်ခံမဲအားလုံးရရှိမယ်လို့ မျှော်လင့်ထားကြောင်း ဖြူထိုင်းပါတီတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
ထိုင်းအိမ်ခြံမြေ သူဋ္ဌေးကြီးဖြစ်တဲ့ ဆာရက်သာဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ လွှတ်တော်နှစ်ရပ် ပူးပေါင်းကျင်း ပမယ့်အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်မှာ မဟုတ်ကြောင်း ဖြူထိုင်းပါတီ အတွင်းရေးမှူးဖြစ်တဲ့ Prasert Chanthararuangthong က ထပ်မံပြောဆိုထားပါတယ်။
ပါတီရဲ့ခေါင်းဆောင်တွေဟာ ဆာရက်သာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ သဘောတူညီ ထားကြောင်း ၎င်းက ထပ်မံပြောထားပါတယ်။ ပါတီကို ဦးဆောင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်ပြီး ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းသုံးဦးထဲမှာ ပါဝင်နေတဲ့ ပီတွန်တန်ရှင်နာဝါထရာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ်ဆိုတဲ့သတင်းတွေက မှန်ကန်မှုမရှိကြောင်း ဖြူထိုင်းပါတီ အတွင်းရေးမှူးက ပြောပါတယ်။
ဖြူထိုင်းပါတီအတွင်းရေးမှူးက "အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်အများစုဟာ ဖြူထိုင်းပါတီ က အမည်စာရင်းတင်သွင်းတဲ့ဝန်ကြီးချုပ်လောင်းကို အားပေးထောက်ခံသွားမှာပါ။ ကျွန်တော်တို့ပါတီဟာ အောက်လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ အနည်းဆုံး ၂၇ဝ ရဲ့ ထောက်ခံမှုတွေရရှိမှာပါ။ အထက်လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ထောက်ခံမဲပေးဖို့ တောင်းဆိုသွားရမယ်။ ကျွန်တော်အမြင်တော့ ထိုင်းအထက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖြူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းကို အားပေးထောက်ခံမယ်လို့ မျှော်လင့်ပါ တယ်" လို့ ပြောပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ အနည်းဆုံး ၃၇၅ မဲရရှိဖို့ လိုအပ်နေကြောင်း သိရပါတယ်။ ထိုင်း ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်နှစ်ရပ် ပေါင်း ကျင်းပမယ့်အစည်းအဝေးကို လာမယ့် သြဂုတ် ၁၈ ရက် ဒါမှမဟုတ် သြဂုတ် ၂၂ ရက်တို့မှာ ကျင်းပဖွယ်ရှိနေ ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောထားပါတယ်။

Zawgyi Version;
ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ပြဲမွာ အိမ္ၿခံေျမသူေ႒းႀကီး ဆာရက္သာတာဗီဆင္ကို ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းမယ္လို႔ ျဖဴထိုင္းပါတီ ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၄
ျဖဴထိုင္းပါတီဟာ လာမယ့္ ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ပြဲမွာ ပါတီေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဆာရက္သာ တာဗီဆင္ကို ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းသြားဖြယ္ရွိေနရာ ဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ လိုအပ္တဲ့ ေထာက္ခံမဲအားလုံးရရွိမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ျဖဴထိုင္းပါတီတာဝန္ရွိသူတစ္ဦး က ေျပာပါတယ္။
ထိုင္းအိမ္ၿခံေျမ သူေ႒းႀကီးျဖစ္တဲ့ ဆာရက္သာဟာ ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ဖို႔ လႊတ္ေတာ္ႏွစ္ရပ္ ပူးေပါင္းက်င္း ပမယ့္အစည္းအေဝးကို ကိုယ္တိုင္တက္ေရာက္မွာ မဟုတ္ေၾကာင္း ျဖဴထိုင္းပါတီ အတြင္းေရးမႉးျဖစ္တဲ့ Prasert Chanthararuangthong က ထပ္မံေျပာဆိုထားပါတယ္။
ပါတီရဲ႕ေခါင္းေဆာင္ေတြဟာ ဆာရက္သာကို ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းဖို႔ သေဘာတူညီ ထားေၾကာင္း ၎က ထပ္မံေျပာထားပါတယ္။ ပါတီကို ဦးေဆာင္တည္ေထာင္သူတစ္ဦးျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕ သမီးျဖစ္ၿပီး ျဖဴထိုင္းပါတီရဲ႕ဝန္ႀကီးခ်ဳပ္ေလာင္းသုံးဦးထဲမွာ ပါဝင္ေနတဲ့ ပီတြန္တန္ရွင္နာဝါထရာကို ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းမယ္ဆိုတဲ့သတင္းေတြက မွန္ကန္မႈမရွိေၾကာင္း ျဖဴထိုင္းပါတီ အတြင္းေရးမႉးက ေျပာပါတယ္။
ျဖဴထိုင္းပါတီအတြင္းေရးမႉးက "ေအာက္လႊတ္ေတာ္ရွိ ကိုယ္စားလွယ္အမ်ားစုဟာ ျဖဴထိုင္းပါတီ က အမည္စာရင္းတင္သြင္းတဲ့ဝန္ႀကီးခ်ဳပ္ေလာင္းကို အားေပးေထာက္ခံသြားမွာပါ။ ကြၽန္ေတာ္တို႔ပါတီဟာ ေအာက္လႊတ္ေတာ္မွာ ကိုယ္စားလွယ္ဦးေရ အနည္းဆုံး ၂၇ဝ ရဲ႕ ေထာက္ခံမႈေတြရရွိမွာပါ။ အထက္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကိုလည္း ေထာက္ခံမဲေပးဖို႔ ေတာင္းဆိုသြားရမယ္။ ကြၽန္ေတာ္အျမင္ေတာ့ ထိုင္းအထက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ျဖဴထိုင္းပါတီရဲ႕ဝန္ႀကီးခ်ဳပ္ေလာင္းကို အားေပးေထာက္ခံမယ္လို႔ ေမွ်ာ္လင့္ပါ တယ္" လို႔ ေျပာပါတယ္။
ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ခံရဖို႔ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းရဲ႕ေထာက္ခံမဲ အနည္းဆုံး ၃၇၅ မဲရရွိဖို႔ လိုအပ္ေနေၾကာင္း သိရပါတယ္။ ထိုင္း ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ႏိုင္ဖို႔ လႊတ္ေတာ္ႏွစ္ရပ္ ေပါင္း က်င္းပမယ့္အစည္းအေဝးကို လာမယ့္ ၾသဂုတ္ ၁၈ ရက္ ဒါမွမဟုတ္ ၾသဂုတ္ ၂၂ ရက္တို႔မွာ က်င္းပဖြယ္ရွိေန ေၾကာင္း ေအာက္လႊတ္ေတာ္ဥကၠ႒က ေျပာထားပါတယ္။