G-Dragon က အရက်စွဲနေတဲ့လူငယ်တွေရဲ့ကုသရေးအတွက် ဝမ်သန်း ၈၈၀ (ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၆၃၅,၀၀၀) လှူဒါန်း

 50

ရောင်နီ (NP News) - ဇွန် ၁၄

တောင်ကိုရီးယား နာမည်ကျော် အဆိုတော် G-Dragon က အရက်စွဲနေတဲ့ လူငယ်တွေရဲ့ကုသရေးစရိတ်အတွက် ဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ JUSPEACE Foundation ကို ဝမ် သန်း ၈၈၀ (ခန့်မှန်းခြေ ဒေါ်လာ ၆၃၅,၀၀၀) လှူဒါန်းခဲ့တယ်လို့ သိရပ်တာ်။
ဇွန်လ ၁၃ ရက်က G-Dragon ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်တဲ့ 'PEACEMINUSONE Premium Highball Launch Party' မှာ သူပါဝင်တဲ့ highball Drink ဗားရှင်းအသစ်ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ဒီအစီအစဉ်တစ်စိတ်တစ်ပိုင်း အနေနဲ့ အလှူငွေပေးအပ်ခဲ့တာဖြစ်ပါတယ်။ အလှူငွေကို အရက်စွဲနေတဲ့လူငယ်တွေ အရက်ဖြတ် ကုသရာမှာ အသုံးပြုမယ်လို့ သိရပါတယ်။
PEACEMINUSONE ရဲ့ ကော့တေး brand - Black Highball ဟာ ဧပြီလ ၉ ရက်က ထွက်ရှိခဲ့ပြီး မေလ ၂၇ ရက် မှာ Red Highball ထပ်ထွက်ခဲ့ပါတယ်။ G Dragon ပါဝင်တဲ့ Highball ကတော့ PEACEMINUSONE highball collection ရဲ့ ၈၈ ရက်မြောက်မှာ ထွက်ရှိလာတဲ့ တတိယထုတ်ကုန်ဖြစ်ပြီး အဲဒီ ၈၈ ရက်ကို အစွဲပြုပြီး G Dragon က ဝမ်သန်း ၈၈၀ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ ဒီတတိယထုတ်ကုန် Highball ကိုတော့ G-Dragon ရဲ့ ကိုယ်ပိုင် အမှတ်သင်္ကေတဖြစ်တဲ့ ဒေစီပန်းနဲ့ဖော်ပြထားတာ တွေ့ရပါတယ်။

Zawgyi Version:
G-Dragon က အရက္စြဲေနတဲ့လူငယ္ေတြရဲ႕ကုသေရးအတြက္ ဝမ္သန္း ၈၈၀ (ခန႔္မွန္းေျခအားျဖင့္ ေဒၚလာ ၆၃၅,၀၀၀) လႉဒါန္း
ေရာင္နီ (NP News) - ဇြန္ ၁၄
ေတာင္ကိုရီးယား နာမည္ေက်ာ္ အဆိုေတာ္ G-Dragon က အရက္စြဲေနတဲ့ လူငယ္ေတြရဲ႕ကုသေရးစရိတ္အတြက္ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူေနတဲ့ JUSPEACE Foundation ကို ဝမ္ သန္း ၈၈၀ (ခန႔္မွန္းေျခ ေဒၚလာ ၆၃၅,၀၀၀) လႉဒါန္းခဲ့တယ္လို႔ သိရပ္တာ္။
ဇြန္လ ၁၃ ရက္က G-Dragon ဟာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ 'PEACEMINUSONE Premium Highball Launch Party' မွာ သူပါဝင္တဲ့ highball Drink ဗားရွင္းအသစ္ကို ထုတ္ေဖာ္ျပသခဲ့ၿပီးေနာက္ ဒီအစီအစဥ္တစ္စိတ္တစ္ပိုင္း အေနနဲ႔ အလႉေငြေပးအပ္ခဲ့တာျဖစ္ပါတယ္။ အလႉေငြကို အရက္စြဲေနတဲ့လူငယ္ေတြ အရက္ျဖတ္ ကုသရာမွာ အသုံးျပဳမယ္လို႔ သိရပါတယ္။
PEACEMINUSONE ရဲ႕ ေကာ့ေတး brand - Black Highball ဟာ ဧၿပီလ ၉ ရက္က ထြက္ရွိခဲ့ၿပီး ေမလ ၂၇ ရက္ မွာ Red Highball ထပ္ထြက္ခဲ့ပါတယ္။ G Dragon ပါဝင္တဲ့ Highball ကေတာ့ PEACEMINUSONE highball collection ရဲ႕ ၈၈ ရက္ေျမာက္မွာ ထြက္ရွိလာတဲ့ တတိယထုတ္ကုန္ျဖစ္ၿပီး အဲဒီ ၈၈ ရက္ကို အစြဲျပဳၿပီး G Dragon က ဝမ္သန္း ၈၈၀ လႉဒါန္းခဲ့ျခင္းျဖစ္ပါတယ္။ ဒီတတိယထုတ္ကုန္ Highball ကိုေတာ့ G-Dragon ရဲ႕ ကိုယ္ပိုင္ အမွတ္သေကၤတျဖစ္တဲ့ ေဒစီပန္းနဲ႔ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.