အစ္စရေးရဲ့တိုက်ခိုက်မှုတွေက စစ်ကြေညာလိုက်တာဖြစ်တယ်လို့ အီရန်ပြော

 122

Pika (NP News) - ဇွန် ၁၄

ဇွန်လ(၁၃)ရက်က လုပ်ဆောင်ခဲ့တဲ့ အီရန်ရဲ့နျူကလီးယားနဲ့စစ်ဘက်ဆိုင်ရာစက်ရုံတွေအပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကြေညာတာမျိုးဖြစ်တယ်လို့ အီရန်အစိုးရက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အစ္စရေးရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အီရန်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂကိုပေးပို့ခဲ့တဲ့ စာစောင်ထဲမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကို စစ်ပွဲကြေညာတာအဖြစ် အီရန်နိုင်ငံခြားရေး ဝန်ကြီး အာဘတ်စ်အာဂရာချီက ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ”အစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကျွန်တော်တို့တောင်းဆိုပါတယ်” လို့ ပြောခဲ့ပါတယ်။
ဇွန်လ(၁၃)ရက်က လုပ်ဆောင်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ထိပ်တန်းစစ်ဘက်အရာရှိတွေ အပါအဝင် နျူကလီးယားပညာရှင်တွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို လုပ်ဆောင်သွားမယ်လို့လည်း အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီက ကတိပြုပြောကြားခဲ့ပါတယ်။

Zawgyi Version:
အစၥေရးရဲ႕တိုက္ခိုက္မႈေတြက စစ္ေၾကညာလိုက္တာျဖစ္တယ္လို႔ အီရန္ေျပာ
Pika (NP News) - ဇြန္ ၁၄
ဇြန္လ(၁၃)ရက္က လုပ္ေဆာင္ခဲ့တဲ့ အီရန္ရဲ႕န်ဴကလီးယားနဲ႔စစ္ဘက္ဆိုင္ရာစက္႐ုံေတြအေပၚ အစၥေရးရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြဟာ စစ္ေၾကညာတာမ်ိဳးျဖစ္တယ္လို႔ အီရန္အစိုးရက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အစၥေရးရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး အေရးယူေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို အီရန္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ကုလသမဂၢကိုေပးပို႔ခဲ့တဲ့ စာေစာင္ထဲမွာ အစၥေရးရဲ႕တိုက္ခိုက္မႈကို စစ္ပြဲေၾကညာတာအျဖစ္ အီရန္ႏိုင္ငံျခားေရး ဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ”အစၥေရးရဲ႕တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အေရးယူေဆာင္႐ြက္မႈေတြ ခ်က္ခ်င္းလုပ္ေဆာင္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို ကြၽန္ေတာ္တို႔ေတာင္းဆိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဇြန္လ(၁၃)ရက္က လုပ္ေဆာင္ခဲ့တဲ့ အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕ထိပ္တန္းစစ္ဘက္အရာရွိေတြ အပါအဝင္ န်ဴကလီးယားပညာရွင္ေတြလည္း ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ျပင္းထန္တဲ့လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔လည္း အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီက ကတိျပဳေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.