ဆူဒန်မှာ အာဏာရရှိရေး ပြိုင်ဆိုင်နေသည့် လက်နက်ကိုင်နှစ်ရပ်အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာ

923

Htay Oung (NP News) - သြဂုတ် ၁၅
စစ်သုံးယာဉ်အတော်များများကို စီးနင်းလာတဲ့ RSF (ခေါ်) ဆူဒန်လျှပ်တပြတ်ထောက်ပံ့ရေးအရံတပ်တွေဟာ နိုင်ငံအနောက်ပိုင်း ဒါဖာဒေသ အရေးပါတဲ့ ညာလာမြို့ကို အမြောက်ကြီးများနဲ့ အပြင်းအထန်ပစ်ခတ်တဲ့အတွက် မြို့နေလူရာချီထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောပါတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ အာဖရိ အရှေ့မြောက်ပိုင်းနိုင်ငံမှာ စစ်တပ်နဲ့ အရံတပ်တို့အကြား တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာတယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။
လွန်ခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ ဆူဒန်နိုင်ငံမှာ ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒဲလ်_ ဖာတာ_အယ်လ်_ဘာဟန်နဲ့ သူ့ရဲ့ လက်ထောက် RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက်_ဟမ်ဒမ်_ဒါဂါလိုတို့အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံ့အနောက်ပိုင်း ဒါဖာဒေသအပြင် အလယ်ပိုင်း ခါတွမ်မြို့တော်မှာလည်း အာဏာရရှိရေး အတွက် လက်နက်ကိုင်တပ်အချင်းချင်း တိုက်ခိုက်နေမှုများဟာ လေးလနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။
..
ဆူဒန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ ၃၉ဝဝ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်နိုင်ကြောင်း အမေရိကန်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “လက်နက်ကိုင်ပဋိပက္ခများ တည်နေရာနဲ့ဖြစ်စဉ်အချက်အလက် ကောက်ယူရေး ပရောဂျက်” ACLED က မယုတ်မလွန်ခန့်မှန်းပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကတော့ လူပေါင်း လေးသန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ ဆူဒန် ပြည်တွင်းပဋိပက္ခဟာ လူပေါင်း သန်း ၂ဝ ခန့်အပေါ် သက်ရောက်မှာဖြစ်ပြီး အငတ်ဘးဆိုက်ရသူ ၆.၃ သန်း ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
..
ကျယ်ပြန့်လှတဲ့ ဒါဖာဒေသဟာ ယခင်တည်းက သွေးထွက်သံယို သမိုင်းရှိနှင့်ပြီးဖြစ်ပါတယ်။ ဆူဒန်ကို နှစ် ၃ဝ ကြာ အုပ်ချုပ်ခဲ့သူ သမ္မတ အိုမာ_အယ်လ်_ဘာရှီယာလက်ထက် ၂ဝဝ၃ ခုနှစ် ဒါဖာဒေသမှာ ဌာနေ လူမျိုးစုပြည်သူ့စစ် များကို ဖွဲ့စည်းပေးပြီး ထောင်ထားခြားနားတယ်လို့ ထင်မြင်သမျှ ဆန့်ကျင်ပုန်ကန်သူအားလုံးကို မြေလှန်သုတ်သင် ပစ်ခဲ့ဖူးပါတယ်။
RSF ဆိုတာလည်း ဘာရှီယာလက်ထက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး လုံခြုံမှုထိန်းသိမ်းရေး အရံတပ်အဖြစ် ဆူဒန်စစ်တပ်မှာ ထည့်သွင်းခဲ့ပါတယ်။ အစိုးရနဲ့ ဆက်နွယ်နေတဲ့ “ဂျန်ဂျာဝိဒ်” (ခေါ်) RSF မှာ ဆူဒန်အာရပ်များပါဝင်ပြီး ချတ်ဒ်နိုင်ငံ အရှေ့ပိုင်း ဒါဖာဒေသဟာ သူတို့ရဲ့အမာခံခြေကုတ်နယ်မြေဖြစ်ပါတယ်။
အနောက်ဒါဖာဒေသ မြို့တော် အယ်လ်ဂျီနီနာအနီး ယခုနောက်ဆုံးဖြစ်ပွားနေတဲ့ တိုက်ပွဲများမှာ လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်ရှိတယ်လို့ ကုလသမဂ္ဂက သံသယရှိနေပါတယ်။ ဒါဖာဒေသတစ်ဝှမ်း အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနဲ့ လူမျိုးရေးကို ရည်ရွယ်ပြီး သတ်ဖြတ်မှုတွေဟာ RSF နဲ့ သူတို့ရဲ့မဟာမိတ်ပြည်သူ့စစ်တွေလက်ချက်ဖြစ်တယ်လို့ ယူဆအရပ်သားများကို သတင်းရင်းမြစ်အများအပြားက စွပ်စွဲထားပါတယ်။
ဧပြီလကတည်းက ဒါဖာရှိ ရွာပေါင်း ၂၇ ရွာထက်မနည်းကို RSF နဲ့ သူတို့ရဲ့မဟာမိတ်များက ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်မှ သုတေသီများက ပြောပါတယ်။ ၄ လအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ခြင်းရဲ့ပြင်းထန်မှုနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏဟာ အနည်းဆုံး ၂ဝဝ၃-၂ဝဝ၄ ခုနှစ်များက ဂျီနိုဆိုက်မှုများနဲ့ ညီမျှ တယ်လို့ ပြောပါတယ်။
RSF နဲ့ အာရပ်မဟာမိတ်ပြည်သူ့စစ်တွေဟာ နည်းလမ်းတကျနဲ့ လျင်မြန်စွာ အတားအဆီးမရှိ လှုပ်ရှားနေကြ ကြောင်း၊ အရပ်ဖက်လူ့အဖွဲ့အစည်းများကို သုတ်သင်ရှင်းလင်းဖို့အတွက် အချိန်နဲ့နေရာကို ရွေးချယ်ပြီး တိုက်ခိုက် နေကြတယ်လို့ ဆိုပါတယ်။
ထိခိုက်ပျက်စီးနေတဲ့ မြို့တော် ခါတွမ်ရဲ့ နိုင်းလ်မြစ်တစ်ဖက်ကမ်း ညီအမမြို့ “အွမ်ဒ်မန်” မှာလည်း တနင်္ဂနွေနေ့မှာ အမြောက်ကြီးများနဲ့ ပစ်ခတ်နေကြတယ်လို့ ဒေသခံများက ပြောပါတယ်။
လူမျိုးစုချင်း တိုက်ခိုက်မှုများ၊ အာဏာသိမ်းမှုများ၊ နိုင်ငံတွင်းမှ “တောင်ဆူဒန်” အဖြစ် သီးခြားခွဲထွက်ခြင်းများနဲ့ ဆူဒန်ဟာ ဆယ်စုနှစ်ပေါင်းများစွာ မငြိမ်မသက်ရှိခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားတဲ့ ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းမှု တော်လှန်ရေးဟာ လမ်းမပေါ် အစုအပုံလိုက်လူသတ်ပွဲများဖြစ်ပေါ်ခဲ့ပါတယ်။ နှစ် ၃ဝ ကြာအုပ်ချုပ်ခဲ့သူ သမ္မတ အိုမာ_အယ်လ်_ဘာရှီယာကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေး စစ်ကောင်စီ TMC က ၂ဝ၁၉ ခုနှစ် အောက်တိုဘာလမှာ အာဏာလွှဲပြောင်းရယူခဲ့ပါတယ်။ TMC ဟာ စစ်ဘက်-အရပ်ဘက် စုပေါင်း ပါဝင်တဲ့ နိုင်ငံတော်ကောင်စီနဲ့ အရပ်သား၀န်ကြီးချုပ် အရပ်သားအစိုးရအဖွဲ့ဝင်ထံ အုပ်ချုပ်ရေး-တရားစီရင်ရေး အာဏာကို တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံရေး အချေအတင်ငြင်းခုံမှုများ ဆက်လက်တည်ရှိနေပြီး အကြမ်းဖက်မှုများဟာ ဆူဒန်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် ခြိမ်းခြောက်မှုများ ရှိနေခဲ့ပါတယ်။ အိမ်နီးချင်း လစ်ဗျား၊ အီဂျစ်၊ တူနီးရှားနိုင်ငံတို့ရဲ့ (“အာရပ်နွေဦးတော်လှန်ရေး” အပြီး) အခြေအနေများ အပါအဝင် အာဖရိကမြောက်ပိုင်းနိုင်ငံများရဲ့ အခြားဒီမိုကရေစီရေးစိတ်ပျက်စရာများနဲ့အတူ ဆူဒန်မှာ ဆုတ်ယုတ်မှုများ ပေါ်လာရတယ်လို့ အာဖရိကဦးချို ဒေသဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဂျက်ဖရီ_ဖဲလ်မန်းက ထောက်ပြပါတယ်။
အဲဒီနောက် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ဆူဒန်မှာ တပ်မတော်နဲ့ RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာ မက်_ဟမ်ဒမ်_ဒါဂါလိုတို့ ပူးပေါင်းပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတကာပါ၀င်တဲ့ ညှိနှိုင်းမှုအရ အရပ်သားအုပ်ချုပ်ရေးပုံစံဆက်လက်ပြောင်းလဲရေးမှာ အခက်အခဲမရှိပေမယ့် နိုင်ငံရေးအငြင်းပွားမှုများရဲ့အဓိက အချက်မှာ RSF ကို ပေါင်းထည်ြ့ပီး “ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေး” ဖြစ်ပါတယ်။ အဲဒီအတွက် ၁ဝ နှစ် အချိန်ပေးရန် အရံတပ်ခေါင်းဆောင် ဒါဂါလိုက တောင်းဆိုခဲ့ပြီး၊ စစ်တပ်ခေါင်းဆောင် ဘာဟန်က ၂-နှစ်အတွင်း ပေါင်းစည်းဖို့ ရပ်တည်ခဲ့ပါတယ်။
အနာဂတ်တပ်မတော်မှာ RSF အရာရှိများရဲ့ ရာထူးအဆင့်၊ RSF တပ်များအနေနဲ့ လက်ရှိဆူဒန်စစ်ဦးစီးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ထား-မထား၊ တပ်မတော်နဲ့ အရံတပ်တို့က ထိန်းချုပ်ထားတဲ့ ဆူဒန်စီးပွားရေးကဏ္ဍတွေအပေါ် အခွင့်အာဏာကိစ္စတွေမှာ ဘာဟန်နဲ့ ဒါဂါလိုတို့အကြား ထိပ်တိုက်တွေ့ရပါတော့တယ်။
(မြန်မာထက် ၂ ဆကျော်ကျယ်၀န်းတဲ့ ဆူဒန်နိုင်ငံမှာ လူဦးရေ သန်း ၅ဝ ခန့်ရှိပြီး အများစုဟာ ဆွန်နီအစ္စလာမ် များဖြစ်ပါတယ်။ ရေနံနဲ့ ရွှေသတ္တုထွက်ရာဖြစ်ပေမယ့် နိုင်ငံရေးမတည်ငြိမ်မှု၊ ဂိုဏ်းဖွဲ့အကြမ်းဖက်မှုများ၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ငွေကြေးဖောင်းပွမှုများနဲ့ နိုင်ငံ့လူဦးရေအများစုဟာ ဆင်းရဲတွင်း နက်နေရဆဲဖြစ်ပါတယ်။ နိုင်ငံကိုဖြတ်သန်းသွားတဲ့ နိုင်းလ်မြစ်နဲ့အတူ ရှည်လျားတဲ့သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု လည်း ရှိနေပါတယ်။ ပိရမစ်ဆိုလျှင် အီဂျစ်ကို အရင်ဆုံး ပြေးမြင်ကြပေမယ့် အလွန်ရှေးကျတဲ့ ပိရမစ်များဟာ ဆူဒန် နိုင်ငံအတွင်းမှာ တည်ရှိနေပါတယ်။ ဒါပေမယ့် မကြာခဏ ဆယ်စုနှစ်ချီ သွေးထွက်သံယို ပဋိပက္ခများဟာ အဲဒါတွေ အားလုံးကို ဝါးမြိုပစ်လိုက်ပါတယ် ။ ။ သတင်းဘာသာပြန်သူ)
#အိုင်မာ_အယ်လ်_ဘာရှီယာ #ဗိုလ်ချုပ်ကြီး_အဗ္ဗဒဲလ်_အယ်လ်_ဘာဟန် #RSF
#ဆူဒန်လျှပ်တပြက်_ထောက်ပံ့ရေးအရံတပ် #ဗိုလ်ချုပ်ကြီး_မိုဟာမက်_ဟမ်ဒမ်_ဒါဂါလို
(TRT World., 14 August 2023,” Sudanese paramilitaries attack Darfur's Nyala, forcing civilians to flee” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဆူဒန္မွာ အာဏာရရွိေရး ၿပိဳင္ဆိုင္ေနသည့္ လက္နက္ကိုင္ႏွစ္ရပ္အၾကား တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာ
Htay Oung (NP News) - ၾသဂုတ္ ၁၅
စစ္သုံးယာဥ္အေတာ္မ်ားမ်ားကို စီးနင္းလာတဲ့ RSF (ေခၚ) ဆူဒန္လွ်ပ္တျပတ္ေထာက္ပံ့ေရးအရံတပ္ေတြဟာ ႏိုင္ငံအေနာက္ပိုင္း ဒါဖာေဒသ အေရးပါတဲ့ ညာလာၿမိဳ႕ကို အေျမာက္ႀကီးမ်ားနဲ႔ အျပင္းအထန္ပစ္ခတ္တဲ့အတြက္ ၿမိဳ႕ေနလူရာခ်ီထြက္ေျပးခဲ့ရတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူ ေဒသခံမ်ားက ေျပာပါတယ္။ မတည္မၿငိမ္ျဖစ္ေနတဲ့ အာဖရိ အေရွ႕ေျမာက္ပိုင္းႏိုင္ငံမွာ စစ္တပ္နဲ႔ အရံတပ္တို႔အၾကား တိုက္ခိုက္မႈက ပိုမိုျပင္းထန္လာတယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။
လြန္ခဲ့တဲ့ ဧၿပီ ၁၅ ရက္ေန႔ ဆူဒန္ႏိုင္ငံမွာ ဆူဒန္စစ္တပ္အႀကီးအကဲ အဗၺဒဲလ္_ ဖာတာ_အယ္လ္_ဘာဟန္နဲ႔ သူ႔ရဲ႕ လက္ေထာက္ RSF ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး မိုဟာမက္_ဟမ္ဒမ္_ဒါဂါလိုတို႔အၾကား တိုက္ပြဲမ်ား စတင္ ျဖစ္ပြားခဲ့ပါတယ္။ ႏိုင္ငံ့အေနာက္ပိုင္း ဒါဖာေဒသအျပင္ အလယ္ပိုင္း ခါတြမ္ၿမိဳ႕ေတာ္မွာလည္း အာဏာရရွိေရး အတြက္ လက္နက္ကိုင္တပ္အခ်င္းခ်င္း တိုက္ခိုက္ေနမႈမ်ားဟာ ေလးလနီးပါး ၾကာျမင့္လာခဲ့ၿပီျဖစ္ပါတယ္။
ဆူဒန္တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ လူ ၃၉ဝဝ ထက္မနည္း ေသဆုံးခဲ့ၿပီး ျဖစ္ႏိုင္ေၾကာင္း အေမရိကန္အေျခစိုက္ NGO အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ “လက္နက္ကိုင္ပဋိပကၡမ်ား တည္ေနရာနဲ႔ျဖစ္စဥ္အခ်က္အလက္ ေကာက္ယူေရး ပေရာဂ်က္” ACLED က မယုတ္မလြန္ခန္႔မွန္းပါတယ္။ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာေအဂ်င္စီကေတာ့ လူေပါင္း ေလးသန္းေက်ာ္ အိုးအိမ္စြန္႔ခြာထြက္ေျပးေနရတယ္လို႔ ေျပာပါတယ္။ ဆူဒန္ ျပည္တြင္းပဋိပကၡဟာ လူေပါင္း သန္း ၂ဝ ခန္႔အေပၚ သက္ေရာက္မွာျဖစ္ၿပီး အငတ္ဘးဆိုက္ရသူ ၆.၃ သန္း ရွိလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။
..
က်ယ္ျပန္႔လွတဲ့ ဒါဖာေဒသဟာ ယခင္တည္းက ေသြးထြက္သံယို သမိုင္းရွိႏွင့္ၿပီးျဖစ္ပါတယ္။ ဆူဒန္ကို ႏွစ္ ၃ဝ ၾကာ အုပ္ခ်ဳပ္ခဲ့သူ သမၼတ အိုမာ_အယ္လ္_ဘာရွီယာလက္ထက္ ၂ဝဝ၃ ခုႏွစ္ ဒါဖာေဒသမွာ ဌာေန လူမ်ိဳးစုျပည္သူ႔စစ္ မ်ားကို ဖြဲ႕စည္းေပးၿပီး ေထာင္ထားျခားနားတယ္လို႔ ထင္ျမင္သမွ် ဆန႔္က်င္ပုန္ကန္သူအားလုံးကို ေျမလွန္သုတ္သင္ ပစ္ခဲ့ဖူးပါတယ္။
RSF ဆိုတာလည္း ဘာရွီယာလက္ထက္ ေပၚေပါက္လာတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္ၿပီး လုံၿခဳံမႈထိန္းသိမ္းေရး အရံတပ္အျဖစ္ ဆူဒန္စစ္တပ္မွာ ထည့္သြင္းခဲ့ပါတယ္။ အစိုးရနဲ႔ ဆက္ႏြယ္ေနတဲ့ “ဂ်န္ဂ်ာဝိဒ္” (ေခၚ) RSF မွာ ဆူဒန္အာရပ္မ်ားပါဝင္ၿပီး ခ်တ္ဒ္ႏိုင္ငံ အေရွ႕ပိုင္း ဒါဖာေဒသဟာ သူတို႔ရဲ႕အမာခံေျခကုတ္နယ္ေျမျဖစ္ပါတယ္။
အေနာက္ဒါဖာေဒသ ၿမိဳ႕ေတာ္ အယ္လ္ဂ်ီနီနာအနီး ယခုေနာက္ဆုံးျဖစ္ပြားေနတဲ့ တိုက္ပြဲမ်ားမွာ လူသားမ်ိဳးႏြယ္ အေပၚ ရာဇဝတ္မႈက်ဴးလြန္ရာေရာက္ရွိတယ္လို႔ ကုလသမဂၢက သံသယရွိေနပါတယ္။ ဒါဖာေဒသတစ္ဝွမ္း အရပ္သားမ်ားကို အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈမ်ားနဲ႔ လူမ်ိဳးေရးကို ရည္႐ြယ္ၿပီး သတ္ျဖတ္မႈေတြဟာ RSF နဲ႔ သူတို႔ရဲ႕မဟာမိတ္ျပည္သူ႔စစ္ေတြလက္ခ်က္ျဖစ္တယ္လို႔ ယူဆအရပ္သားမ်ားကို သတင္းရင္းျမစ္အမ်ားအျပားက စြပ္စြဲထားပါတယ္။
ဧၿပီလကတည္းက ဒါဖာရွိ ႐ြာေပါင္း ၂၇ ႐ြာထက္မနည္းကို RSF နဲ႔ သူတို႔ရဲ႕မဟာမိတ္မ်ားက ဖ်က္ဆီးခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံ ေယးလ္တကၠသိုလ္မွ သုေတသီမ်ားက ေျပာပါတယ္။ ၄ လအတြင္း ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္ ျခင္းရဲ႕ျပင္းထန္မႈနဲ႔ ပ်က္စီးဆုံးရႈံးမႈပမာဏဟာ အနည္းဆုံး ၂ဝဝ၃-၂ဝဝ၄ ခုႏွစ္မ်ားက ဂ်ီႏိုဆိုက္မႈမ်ားနဲ႔ ညီမွ် တယ္လို႔ ေျပာပါတယ္။
RSF နဲ႔ အာရပ္မဟာမိတ္ျပည္သူ႔စစ္ေတြဟာ နည္းလမ္းတက်နဲ႔ လ်င္ျမန္စြာ အတားအဆီးမရွိ လႈပ္ရွားေနၾက ေၾကာင္း၊ အရပ္ဖက္လူ႔အဖြဲ႕အစည္းမ်ားကို သုတ္သင္ရွင္းလင္းဖို႔အတြက္ အခ်ိန္နဲ႔ေနရာကို ေ႐ြးခ်ယ္ၿပီး တိုက္ခိုက္ ေနၾကတယ္လို႔ ဆိုပါတယ္။
ထိခိုက္ပ်က္စီးေနတဲ့ ၿမိဳ႕ေတာ္ ခါတြမ္ရဲ႕ ႏိုင္းလ္ျမစ္တစ္ဖက္ကမ္း ညီအမၿမိဳ႕ “အြမ္ဒ္မန္” မွာလည္း တနဂၤေႏြေန႔မွာ အေျမာက္ႀကီးမ်ားနဲ႔ ပစ္ခတ္ေနၾကတယ္လို႔ ေဒသခံမ်ားက ေျပာပါတယ္။
လူမ်ိဳးစုခ်င္း တိုက္ခိုက္မႈမ်ား၊ အာဏာသိမ္းမႈမ်ား၊ ႏိုင္ငံတြင္းမွ “ေတာင္ဆူဒန္” အျဖစ္ သီးျခားခြဲထြက္ျခင္းမ်ားနဲ႔ ဆူဒန္ဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ မၿငိမ္မသက္ရွိခဲ့ပါတယ္။ ၂ဝ၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ စတင္ျဖစ္ပြားတဲ့ ဆူဒန္ႏိုင္ငံ အသြင္ကူးေျပာင္းမႈ ေတာ္လွန္ေရးဟာ လမ္းမေပၚ အစုအပုံလိုက္လူသတ္ပြဲမ်ားျဖစ္ေပၚခဲ့ပါတယ္။ ႏွစ္ ၃ဝ ၾကာအုပ္ခ်ဳပ္ခဲ့သူ သမၼတ အိုမာ_အယ္လ္_ဘာရွီယာကို ျဖဳတ္ခ်ၿပီး အသြင္ကူးေျပာင္းေရး စစ္ေကာင္စီ TMC က ၂ဝ၁၉ ခုႏွစ္ ေအာက္တိုဘာလမွာ အာဏာလႊဲေျပာင္းရယူခဲ့ပါတယ္။ TMC ဟာ စစ္ဘက္-အရပ္ဘက္ စုေပါင္း ပါဝင္တဲ့ ႏိုင္ငံေတာ္ေကာင္စီနဲ႔ အရပ္သား၀န္ႀကီးခ်ဳပ္ အရပ္သားအစိုးရအဖြဲ႕ဝင္ထံ အုပ္ခ်ဳပ္ေရး-တရားစီရင္ေရး အာဏာကို တရားဝင္လႊဲေျပာင္းေပးခဲ့ပါတယ္။
ဒါေပမဲ့ ႏိုင္ငံေရး အေခ်အတင္ျငင္းခုံမႈမ်ား ဆက္လက္တည္ရွိေနၿပီး အၾကမ္းဖက္မႈမ်ားဟာ ဆူဒန္ရဲ႕ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးအေပၚ ၿခိမ္းေျခာက္မႈမ်ား ရွိေနခဲ့ပါတယ္။ အိမ္နီးခ်င္း လစ္ဗ်ား၊ အီဂ်စ္၊ တူနီးရွားႏိုင္ငံတို႔ရဲ႕ (“အာရပ္ေႏြဦးေတာ္လွန္ေရး” အၿပီး) အေျခအေနမ်ား အပါအဝင္ အာဖရိကေျမာက္ပိုင္းႏိုင္ငံမ်ားရဲ႕ အျခားဒီမိုကေရစီေရးစိတ္ပ်က္စရာမ်ားနဲ႔အတူ ဆူဒန္မွာ ဆုတ္ယုတ္မႈမ်ား ေပၚလာရတယ္လို႔ အာဖရိကဦးခ်ိဳ ေဒသဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း ဂ်က္ဖရီ_ဖဲလ္မန္းက ေထာက္ျပပါတယ္။
အဲဒီေနာက္ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ဆူဒန္မွာ တပ္မေတာ္နဲ႔ RSF ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး မိုဟာ မက္_ဟမ္ဒမ္_ဒါဂါလိုတို႔ ပူးေပါင္းၿပီး စစ္အာဏာသိမ္းမႈ ျဖစ္ပြားခဲ့ပါတယ္။ ႏိုင္ငံတကာပါ၀င္တဲ့ ညႇိႏႈိင္းမႈအရ အရပ္သားအုပ္ခ်ဳပ္ေရးပုံစံဆက္လက္ေျပာင္းလဲေရးမွာ အခက္အခဲမရွိေပမယ့္ ႏိုင္ငံေရးအျငင္းပြားမႈမ်ားရဲ႕အဓိက အခ်က္မွာ RSF ကို ေပါင္းထည္ျ့ပီး “ တစ္ခုတည္းေသာ တပ္မေတာ္ဖြဲ႕စည္းေရး” ျဖစ္ပါတယ္။ အဲဒီအတြက္ ၁ဝ ႏွစ္ အခ်ိန္ေပးရန္ အရံတပ္ေခါင္းေဆာင္ ဒါဂါလိုက ေတာင္းဆိုခဲ့ၿပီး၊ စစ္တပ္ေခါင္းေဆာင္ ဘာဟန္က ၂-ႏွစ္အတြင္း ေပါင္းစည္းဖို႔ ရပ္တည္ခဲ့ပါတယ္။
အနာဂတ္တပ္မေတာ္မွာ RSF အရာရွိမ်ားရဲ႕ ရာထူးအဆင့္၊ RSF တပ္မ်ားအေနနဲ႔ လက္ရွိဆူဒန္စစ္ဦးစီးခ်ဳပ္ရဲ႕ ကြပ္ကဲမႈေအာက္မွာ ထား-မထား၊ တပ္မေတာ္နဲ႔ အရံတပ္တို႔က ထိန္းခ်ဳပ္ထားတဲ့ ဆူဒန္စီးပြားေရးက႑ေတြအေပၚ အခြင့္အာဏာကိစၥေတြမွာ ဘာဟန္နဲ႔ ဒါဂါလိုတို႔အၾကား ထိပ္တိုက္ေတြ႕ရပါေတာ့တယ္။
(ျမန္မာထက္ ၂ ဆေက်ာ္က်ယ္၀န္းတဲ့ ဆူဒန္ႏိုင္ငံမွာ လူဦးေရ သန္း ၅ဝ ခန္႔ရွိၿပီး အမ်ားစုဟာ ဆြန္နီအစၥလာမ္ မ်ားျဖစ္ပါတယ္။ ေရနံနဲ႔ ေ႐ႊသတၱဳထြက္ရာျဖစ္ေပမယ့္ ႏိုင္ငံေရးမတည္ၿငိမ္မႈ၊ ဂိုဏ္းဖြဲ႕အၾကမ္းဖက္မႈမ်ား၊ ႏိုင္ငံတကာ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားေၾကာင့္ ေငြေၾကးေဖာင္းပြမႈမ်ားနဲ႔ ႏိုင္ငံ့လူဦးေရအမ်ားစုဟာ ဆင္းရဲတြင္း နက္ေနရဆဲျဖစ္ပါတယ္။ ႏိုင္ငံကိုျဖတ္သန္းသြားတဲ့ ႏိုင္းလ္ျမစ္နဲ႔အတူ ရွည္လ်ားတဲ့သမိုင္းေၾကာင္းနဲ႔ ယဥ္ေက်းမႈ လည္း ရွိေနပါတယ္။ ပိရမစ္ဆိုလွ်င္ အီဂ်စ္ကို အရင္ဆုံး ေျပးျမင္ၾကေပမယ့္ အလြန္ေရွးက်တဲ့ ပိရမစ္မ်ားဟာ ဆူဒန္ ႏိုင္ငံအတြင္းမွာ တည္ရွိေနပါတယ္။ ဒါေပမယ့္ မၾကာခဏ ဆယ္စုႏွစ္ခ်ီ ေသြးထြက္သံယို ပဋိပကၡမ်ားဟာ အဲဒါေတြ အားလုံးကို ဝါးၿမိဳပစ္လိုက္ပါတယ္ ။ ။ သတင္းဘာသာျပန္သူ)
#အိုင္မာ_အယ္လ္_ဘာရွီယာ #ဗိုလ္ခ်ဳပ္ႀကီး_အဗၺဒဲလ္_အယ္လ္_ဘာဟန္ #RSF
#ဆူဒန္လွ်ပ္တျပက္_ေထာက္ပံ့ေရးအရံတပ္ #ဗိုလ္ခ်ဳပ္ႀကီး_မိုဟာမက္_ဟမ္ဒမ္_ဒါဂါလို
(TRT World., 14 August 2023,” Sudanese paramilitaries attack Darfur's Nyala, forcing civilians to flee” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)