မြွေဆိပ်ဖြေဆေးအေးခဲခြောက် ထုတ်လုပ်ရေးစက်သစ် ဆေးဝါးစက်ရုံ(အင်းစိန်)၌ စတင်လည်ပတ်

1134
ယွန်း (NP News) - သြဂုတ် ၁၅
မြွေဆိပ်ဖြေဆေး အေးခဲခြောက် ထုတ်လုပ်ရေးစက်(Freeze Dryer Machine) သစ်ကို ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်လုပ်ရေးစက်ကို နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ(၁၄)ရက်တွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ဆေးဝါးစက်ရုံ(အင်းစိန်)အနေဖြင့် မြွေကိုက်ခံရသူများအနက် ကိုက်သည့်မြွေ အမျိုးအစားခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့်မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ ပဲခူး၊ မကွေး အပါအဝင် အလယ်ပိုင်းဒေသများနှင့် နီးစပ်သည့် ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် မြွေအန္တရာယ်များပြားကြောင်း သိရသည်။
“မြွေကိုက်ခံရတာက တောင်ပေါ်တွေကတော့ အဖြစ်နည်းတယ်။ မြေကိုက်ခံရတဲ့လူတွေက သွေးထဲမှာအဆိပ် ပျံ့သွားတယ်။ ကျောက်ကပ်ကိုရောက်တယ်။ ဖောရောင်လာတယ် ဒီလိုမျိုးနဲ့ဆုံးကြတယ်။ မြွေအဆိပ်ကြောင့် မဟုတ်ဘဲနဲ့ အဆိပ်ကနေ နောက်ဆက်တွဲဖြစ်တဲ့ဟာတွေကြောင့် သေတာများတယ်” ဟု ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။
မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ဆေးဝါးစက်ရုံ(အင်းစိန်)တွင် လျှပ်စစ်မီး မရရှိသည့် ကျေးလက်ဒေသများ၌ သာမန်အခန်းအပူချိန်တွင် ဆေးသက်တမ်းငါးနှစ်အထိထားရှိနိုင်သော အေးခဲခြောက်ပုံစံဖြင့် မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အလားတူ ဆေးဝါးစက်ရုံ(အင်းစိန်)၌ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum ကိုလည်း မြွေဆိပ်ဖြေဆေးအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine နှင့်အတူ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အစွမ်းထက်သည့်ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆေးဝါးသုတေသနလုပ်ငန်းများကို ပိုမိုဆောင် ရွက်ရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရပြီး ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှဆေးဝါးကုန်ကြမ်းများတင်သွင်း၍ ပြည်တွင်းစက်မှု လုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆေးဝါးလုပ်ငန်း BPI ကို ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အထိမ်း အမှတ်ကျောက်တိုင်ကိုစိုက်ထူးခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတဦးဝင်းမောင်က ဗမာနိုင်ငံဆေးဝါးစက်ရုံ အမည်ဖြင့် ဖွင့်လှစ်ခဲ့၍ ဆေးဝါး(၄၁)မျိုးနှင့် ကပ်ရောဂါကာကွယ်ဆေး ခြောက်မျိုးတို့ကို စတင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

zawgyi version
ေႁမြဆိပ္ေျဖေဆးေအးခဲေျခာက္ ထုတ္လုပ္ေရးစက္သစ္ ေဆးဝါးစက္႐ုံ(အင္းစိန္) ၌စတင္လည္ပတ္
ယြန္း (NP News) - ၾသဂုတ္ ၁၅
ေႁမြဆိပ္ေျဖေဆး ေအးခဲေျခာက္ ထုတ္လုပ္ေရးစက္(Freeze Dryer Machine) သစ္ကို ေဆးဝါးစက္႐ုံ(အင္းစိန္)တြင္ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ထုတ္လုပ္ေရးစက္ကို နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၾသဂုတ္လ(၁၄)ရက္တြင္ ျမန္မာ့ေဆးဝါးလုပ္ငန္း၊ ေဆးဝါးစက္႐ုံ(အင္းစိန္)၌ ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္သည္။
ေဆးဝါးစက္႐ုံ(အင္းစိန္)အေနျဖင့္ ေႁမြကိုက္ခံရသူမ်ားအနက္ ကိုက္သည့္ေႁမြ အမ်ိဳးအစားခြဲျခားႏိုင္ျခင္းမရွိသည့္ လူနာမ်ားအတြက္ ေႁမြေပြးႏွင့္ေႁမြေဟာက္ အဆိပ္ႏွစ္မ်ိဳးစလုံးကို ေျဖေပးႏိုင္သည့္ Bivalent ေႁမြဆိပ္ေျဖေဆးမ်ားကို ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားျဖစ္ေသာ စစ္ကိုင္း၊ ပဲခူး၊ မေကြး အပါအဝင္ အလယ္ပိုင္းေဒသမ်ားႏွင့္ နီးစပ္သည့္ ဧရာဝတီတိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေႁမြအႏၲရာယ္မ်ားျပားေၾကာင္း သိရသည္။
“ေႁမြကိုက္ခံရတာက ေတာင္ေပၚေတြကေတာ့ အျဖစ္နည္းတယ္။ ေျမကိုက္ခံရတဲ့လူေတြက ေသြးထဲမွာအဆိပ္ ပ်ံ႕သြားတယ္။ ေက်ာက္ကပ္ကိုေရာက္တယ္။ ေဖာေရာင္လာတယ္ ဒီလိုမ်ိဳးနဲ႔ဆုံးၾကတယ္။ ေႁမြအဆိပ္ေၾကာင့္ မဟုတ္ဘဲနဲ႔ အဆိပ္ကေန ေနာက္ဆက္တြဲျဖစ္တဲ့ဟာေတြေၾကာင့္ ေသတာမ်ားတယ္” ဟု က်န္းမာေရးဌာနမွတာဝန္ရွိသူတစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။
ျမန္မာ့ေဆးဝါးလုပ္ငန္းအေနျဖင့္ ေဆးဝါးစက္႐ုံ(အင္းစိန္)တြင္ လွ်ပ္စစ္မီး မရရွိသည့္ ေက်းလက္ေဒသမ်ား၌ သာမန္အခန္းအပူခ်ိန္တြင္ ေဆးသက္တမ္းငါးႏွစ္အထိထားရွိႏိုင္ေသာ ေအးခဲေျခာက္ပုံစံျဖင့္ ေႁမြဆိပ္ေျဖေဆးမ်ားကို ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ေဆးဝါးစက္႐ုံ(အင္းစိန္)၌ စက္မႈဝန္ႀကီးဌာန၊ ျမန္မာ့ေဆးဝါးလုပ္ငန္း BPI Pharmaceutical Museum ကိုလည္း ေႁမြဆိပ္ေျဖေဆးေအးခဲေျခာက္ထုတ္လုပ္ေရးစက္ Freeze Dryer Machine ႏွင့္အတူ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အစြမ္းထက္သည့္ေဆးဝါးမ်ား ထုတ္လုပ္ႏိုင္ေရး ေဆးဝါးသုေတသနလုပ္ငန္းမ်ားကို ပိုမိုေဆာင္ ႐ြက္ရန္လိုေၾကာင္းလည္း နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။
ျပည္တြင္း၌ ေဆးဝါးမလုံေလာက္မႈမ်ားေၾကာင့္ ျပည္ပမွႏွစ္စဥ္တင္သြင္းေနရၿပီး ျပည္တြင္း၌ လုံေလာက္စြာထုတ္လုပ္ႏိုင္ေရးအတြက္ ျပည္ပမွေဆးဝါးကုန္ၾကမ္းမ်ားတင္သြင္း၍ ျပည္တြင္းစက္မႈ လုပ္ငန္းမ်ားျဖင့္ ထုတ္လုပ္ႏိုင္ေရးကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာ့ေဆးဝါးလုပ္ငန္း BPI ကို ၁၉၅၄ ခုႏွစ္၊ ဧၿပီလ ၂၃ ရက္တြင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးႏုက အထိမ္း အမွတ္ေက်ာက္တိုင္ကိုစိုက္ထူးခဲ့ၿပီး ၁၉၅၈ ခုႏွစ္၊ ဧၿပီလ ၂၃ ရက္တြင္ ႏိုင္ငံေတာ္သမၼတဦးဝင္းေမာင္က ဗမာႏိုင္ငံေဆးဝါးစက္႐ုံ အမည္ျဖင့္ ဖြင့္လွစ္ခဲ့၍ ေဆးဝါး(၄၁)မ်ိဳးႏွင့္ ကပ္ေရာဂါကာကြယ္ေဆး ေျခာက္မ်ိဳးတို႔ကို စတင္ထုတ္လုပ္ခဲ့ေၾကာင္း သိရသည္။