ဒေါ်လာစျေး အတက်ကြမ်းခြင်းမှာ မိမိတို့၏ စီးပွားရေးအပေါ် မတည်မငြိမ်ဖြစ်စေဟု ဖွံ့ဖြိုးဆဲနိုင်ငံများ ညည်းညူ

3338

Htay Oung (NP News) - သြဂုတ် ၂ဝ
နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်မှ လုပ်ငန်းရှင်တစ်ယောက်ဟာ သူရဲ့အထည်ဆိုင်စီးပွားရေးကိစ္စတွေ ပျက်ပြားသွားပြီး နောက် အလုပ်သမား ၃ ယောက်ကိုလည်း အလုပ်ထုတ်လိုက်ရပါတယ်။ အဲဒီဖြစ်ရပ်ဟာ နိုင်ငံသုံး “နိုင်ရာ ငွေကြေး” နဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာက ပိုမိုအားကောင်းနေတဲ့ အာဖရိကအနောက်ပိုင်းနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။
ဒေါ်လာစျေးကြီးမြင့်လာတဲ့အတွက် အ၀တ်အထည်နဲ့ အခြားနိုင်ငံခြားကုန်ပစ္စည်းများရဲ့စျေးနှုန်းတွေက ပြည်တွင်း စားသုံးသူ အများစု လက်လှမ်းမမီနိုင်တဲ့အခြေအနေကို ရောက်ရှိလာခဲ့တယ်လို့ AP က ဩဂုတ် ၁၉ ရက်မှာ ရေးသား ပါတယ်။
တင်သွင်းလာတဲ့အထည်အိတ်တစ်အိတ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကထက် ၃ ဆ ပိုပေးနေရပါတယ်။ ဒီရက်ပိုင်း ပေါက်စျေးကတော့ ဒေါ်လာနဲ့ဆို ၄၅ဝ ဖြစ်ပေမယ့် နိုင်ရာငွေကြေးနဲ့ဆို ၃၅ဝဝဝဝ တန်းမှာ ပြေးနေပါတယ်။ “လူတွေက အ၀တ်အထည်မတိုင်ခင် စားစရာ၀ယ်ဖို့ကိစ္စကို အရင်ဆုံးစဉ်းစားကြတာဗျ၊ အဲဒီတော့ အထည်ဆိုတာ ရောင်းရတယ်လို့ကို မရှိတော့ဘူး” လို့ လုပ်ငန်းပိတ်သိမ်းလိုက်ရသူက ပြောပါတယ်။
အာဖရိကတိုင်းပြည်အချို့မှာ ငွေကြေးဖောင်းပွလွန်းတဲ့အတွက် ပြည်တွင်းသုံး ငွေကြေးနေရာမှာ အမေရိကန် ဒေါ်လာကို အစားထိုး သုံးစွဲမှ အဆင်ပြေရသလို ရှိနေပါတယ်။ အကွက်မြင်တဲ့နိုင်ငံရေးသမားအချို့ဆိုလျှင် ပြည်တွင်းသုံးငွေကြေးနေရာမှာ ဒေါ်လာနဲ့ အစားထိုးဖို့ ကတိက၀တ်နဲ့ ရွေးကောက်ပွဲ မဲဆွယ်နေကြပါတယ်။ ၂ဝ၁၉ ခုနှစ်မှာ ဇင်ဘာဘွေအစိုးရက ပြည်တွင်းသုံးငွေကြေးသစ်ကို စတင်ထုတ်ဝေခဲ့ပြီး ပြည်တွင်းငွေကြေး လွှဲပြောင်းမှု များမှာ နိုင်ငံခြားငွေအသုံးပြုမှုကို တားဆီးခဲ့ပါတယ်။ ဒါပေမယ့် ( #မရှိမဖြစ်_လိုအပ်လာလျှင် #အသက်ဝင်မြဲဖြစ်တဲ့ ) #မှောင်ခိုစျေးကွက်မှာ ဒေါ်လာအရောင်းအဝယ်က ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် တားမြစ်မိန့်ကို ပယ်ဖျက် လိုက်ရပါတယ်။ အဲဒီနောက် ယခုအချိန် ဒီဇင်ဘာဘွေရဲ့ ပြည်တွင်းအရောင်းအ၀ယ် ၈ဝ ရာခိုင်နှုန်းကို အမေရိကန် ငွေကြေးနဲ့ပေးချေနေကြပါတယ်။ ဒေါ်လာငွေစက္ကူ အနွမ်းအပြဲများကိုပင် ဖာထေးပြုပြင်ပြီး သုံးစွဲကြတဲ့ အထိပါပဲ။
ဖွံ့ဖြိုးဆဲကမ္ဘာတစ်ဝန်းမှ နိုင်ငံအများအပြားတို့ဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ်မှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု—အထူးသဖြင့် ဒေါ်လာရဲ့တန်ခိုးသြဇာကို ငြီးငွေ့နေကြပါတယ်။ အဲဒီမကျေနပ်ချက်များကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ပါ၀င်တဲ့ BRICS အစုအဖွဲ့နဲ့ အခြားထွန်းသစ်စဈေးကွက်နိုင်ငံများ လာမယ့်သီတင်းပတ် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြိုမှာ တွေ့ဆုံစဉ် ပွန့်အန်ချဖို့ ရှိနေပါတယ်။
ဒါပေမယ့် အမေရိကန်ဒေါ်လာကို လက်ကိုင်ထားခြင်းဟာ ကမ္ဘာသုံးငွေကြေးအဖြစ်မှ ဖြုတ်ချခြင်းထက် ပိုမိုလွယ်ကူ ပါတယ်။ ဒေါ်လာဟာ နိုင်ငံတကာ အရောင်းအ၀ယ်လုပ်ငန်းများမှာ ယခုအချိန်အထိ အသုံးအများဆုံး ငွေကြေးဖြစ် ပြီး သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုဟာ အတိတ်ကာလ စိန်ခေါ်မှုများကို ပုခုံးတွန့်သွားနိုင်ခဲ့ပါတယ်။
BRICS နိုင်ငံများအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကို သတ်မှတ်သုံးစွဲဖို့ကိစ္စနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် ပြောဆို နေကြပေမယ့် အင်္ဂါနေ့ ထိပ်သီးအစည်းအဝေးကျင်းပမှာ ဖြစ်ကြောင်း အစီအစဉ်ဇယားထွက်ပေါ်ချိန်အထိ ခိုင်မာတဲ့ အဆိုပြုချက်များ ထွက်ပေါ်လာခြင်း မရှိပါဘူး။ ဒါပေမဲ့ ထွန်းသစ်စနိုင်ငံများအနေနဲ့ “Buck” လို့ ခေါ်တဲ့ အစိမ်း သုံးစွဲမှုအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့အတွက် မိမိတို့ရဲ့ကိုယ်ပိုင်ငွေကြေးကို အသုံးပြုပြီး ကုန်သွယ်မှုတိုးချဲ့ဖို့ ဆွေးနွေးခဲ့ကြမှာဖြစ်ပါတယ်။
BRICS မှာ “ဖွံ့ဖြိုးရေးဘဏ်” ထူထောင်ထားတာ ရှိပါတယ်။ အဲဒီဘဏ်က လက်ရှိ နိုင်ငံတကာရောင်းဝယ်ဖို့ ငွေကြေးအသစ်ကို ရှာဖွေမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ BRICS နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး ကျင်းပစဉ် တောင်အာဖရိကနိုင်ငံခြားရေး၀န်ကြီးက ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့နိုင်ငံတကာဘဏ္ဍာရေး သြဇာလွှမ်းမိုးမှုကို အားနည်းသွားစေရန် အထူးစိတ်အားထက်သန်နေတဲ့ တရုတ်-ရုရှားနည်းတူ တောင်အာဖရိကလည်း တစ်အိုးစား တည်းဖြစ်ပါတယ်။
BRICS အဖွဲကို ၂ဝဝ၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပါတယ်။ မူလက အဲဒီဝေါဟာရဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ရဲ့ စီးပွားရေးထွန်းပေါ်လာမှုကို ရည်ညွှန်းဖို့အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ် “ဂိုးလ်မန်း _ဆာ့ခ်ျ” က စီးပွားရေးပညာရှင် “ဂျင်အိုနီးလ်” က ရည်ညွှန်းတဲ့ BRIC အတိုင်းသာဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် တောင် အာဖရိကနိုင်ငံက ပူးပေါင်းလာတဲ့အခါ “S” တစ်လုံး တိုးလာခဲ့ပါတယ်။ (ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များကို ပိုင်ဆိုင်တဲ့) ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ဗင်နီဇွဲလား အပါအဝင် နိုင်ငံပေါင်း ၂ဝ ကျော်တို့ဟာ BRICS မှာ ပါဝင် ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။
၂ဝ၁၅ ခုနှစ်မှာ BRICS နိုင်ငံများက အမေရိကန်နဲ့ ဥရောပကြီးစိုးတဲ့ “နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် WB တို့ကို အစားထိုးဖို့အတွက် “ဖွံ့ဖြိုးရေးဘဏ်အသစ်” စတင်ခဲ့ပါတယ်။ အဲဒီဘဏ်ဟာ ဖွံံဖြိုးဆဲ နိုင်ငံတွေ အထူးသဖြင့် အာဖရိကနိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးနဲ့ စီးပွားကျဆင်းနေမှုကို ကယ်ဆယ်နိုင်လိမ့်မယ်လို့ အကြီးအကျယ် မျှော်လင့်ထားကြပါတယ်။
အာဖရိကဒေသတွင်းငွေကြေးများကို အသုံးပြုပြီး ကုန်သွယ်တဲ့စနစ်ဖြစ် ထွန်းလာဖို့ တိုက်တွန်းနေပါတယ်။ “အာဖရိက အရှေ့ပိုင်းနိုင်ငံချင်းအတူတူ တစ်ခေါ်လောက်သာဝေးတဲ့ ဒီဂျာဘူတီနဲ့ ကင်ညာတို့အကြား ကုန်သွယ် ရေးတစ်စိတ်တစ်ပိုင်းကို အမေရိကန်ဒေါ်လာနဲ့ ပေးချေနေကြတာ ဘာ့ကြောင့်လဲ” လို့ ကင်ညာသမ္မတရဲ့ယခုနှစ် မှတ်ချက်ဟာ နိုင်ငံအတော်များများကို လှုပ်နှိုးလိုက်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အနောက်အုပ်စုရဲ့လွှမ်းမိုးချုပ်ကိုင်မှုကို ဖြေလျော့ပြီး ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံအချင်းချင်း ကြား သာတူညီမျှ လွှမ်းမိုးမှုရှိတဲ့ ကမ္ဘာ့စနစ်သစ် တံခါးကိုဖွင့်ဖို့ မရိုးမရွဖြစ်နေကြပါတယ်လို့ ယူဂန်ဒါနိုင်ငံရေး တက်ကြွ လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ သူ့့နိုင်ငံဟာ လိင်တူဆက်ဆံမှုမှာ သေဒဏ်ပြဌာန်းတဲ့အတွက် ကမ္ဘာ့ဘဏ်က ချေးငွေအစီအစဉ်ကို ရပ်ဆိုင်းခံထားရပါတယ်။ (တကယ်တော့ အာဖရိကနိုင်ငံအတော်များများမှာ ယောက်ျားချင်း ဟိုဒင်းပြုတဲ့ကိစ္စဟာ ထမင်းစား ရေသောက်လို ဖြစ်နေပါတယ်။ HIV ရောဂါပြန့်ပွားဖို့ စနက်တံဖြစ်နေပြီး ကုသရန် ခက်ခဲတဲ့ အဲဒီရောဂါကြောင့် မူလတည်းက အနည်းစုသာကျန်ရှိနေတဲ့ လူမျိုးနွယ်အချို့ဟာ မကြာခင် မျိုးသုဉ်း ပျောက်ကွယ်သွားကိန်း ကြုံနေပါတယ်။ သာသာပြန်သူ)
“တရုတ် ဒါမှမဟုတ် အာဂျင်တီးနားနဲ့ ကုန်သွယ်မှုလုပ်ဖို့ ဘရာဇီးက အမေရိကန်ဒေါ်လာကို ဘာကြောင့် လိုအပ် နေမှာလဲ။ ကိုယ့်နိုင်ငံသုံး ငွေကြေးနဲ့တင် ရောင်းဝယ်လို့ရရမယ်” လို့ တောင်အမေရိက အကြီးဆုံးစီးပွားရေးနိုင်ငံ ဖြစ်တဲ့ ဘရာဇီးသမ္မတ”လူလာ_ဒါ_ဆီလ်ဗာ“ က ယခုလအတွင်း သတင်းထောက်တွေကို ပြောပြပါတယ်။ ဘရာဇီးဟာ တောင်အမေရိကနိုင်ငံများ အစုအဖွဲ့နဲ့ BRICS တို့အကြား ဘုံငွေကြေးတစ်ရပ် ထွန်းပေါ်လာဖို့ ပံ့ပိုးနေ ပါတယ်။
ဖွံ့ဖြိုးဆဲကမ္ဘာရှိ ဝေဖန်ရေးသမားတွေကတော့ လွန်ခဲ့တဲ့နှစ် ယူကရိန်း ကျူးကျော်မှုနောက်ပိုင်း ရုရှားအပေါ် ဘဏ္ဍာ ရေးပိတ်ဆို့မှုများ ချမှတ်ရာမှာ ကတ်တီးကတ်ဖဲ့လုပ်သူများအပေါ် အမေရိကန်က သူ့ရဲ့နိုင်ငံတကာသြဇာလွှမ်းမိုးမှု ကို အသုံးချဖို့ ဆန္ဒရှိနေခြင်းနဲ့ပတ်သက်ပြီး အထူးတလည် မကျေမနပ်ဖြစ်နေကြပါတယ်။
ဒေါ်လာဈေးအတက်အကျများဟာ သူတို့ရဲ့စီးပွားရေးကို မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ ညည်းတွားနေကြပါ တယ်။ ဥပမာအားဖြင့် ဒေါ်လာဈေးတက်လာခြင်းဟာ အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲထုတ်ယူသွားခြင်း ဖြင့် နိုင်ငံရပ်ခြားမှာ မငြိမ်မသက်ဖြစ်စေနိုင်ပါတယ်။ ဒေါ်လာနဲ့သတ်မှတ်ထားတဲ့ချေးငွေကို ပြန်ဆပ်ခြင်းနဲ့ ဒေါ်လာ နဲ့စျေးနှုန်းသတ်မှတ်ထားတဲ့ တင်သွင်းကုန်ပစ္စည်းများကို ဝယ်ယူရာမှာလည်း ကုန်ကျစရိတ် တိုးမြင့်လာစေပါတယ်။
အမေရိကန်ဗဟိုဘဏ်မှ သုတေသီများ၏ တွက်ချက်မှုများအရ ဒေါ်လာငွေ အသုံးပြုမှုဟာ ၁၉၉၉ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ အမေရိကတွင် ကုန်သွယ်မှု ၉၆ ရာခိုင်နှုန်း၊ အာရှတွင် ကုန်သွယ်မှု ၇၄ ရာခိုင်နှုန်းနဲ့ ဥရောပပြင်ပရှိ အခြားနေရာအသီးသီးတို့ရဲ့ ကုန်သွယ်မှုမှာ ၇၉ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါတယ်။
သို့သော်လည်း ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ယူရိုနဲ့ တရုတ်ယွမ်ငွေဘက်ကို ခြေဦး လှည့်လာတဲ့အတွက် မကြာသေးမီနှစ်များအတွင်း နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးမှာ ဒေါ်လာငွေ ပါဝင်မှု ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
စတင်မိတ်ဆက်ပြီး ၂၄ နှစ်အကြာမှာ ကမ္ဘာ့နံပါတ် ၂ ငွေကြေးဖြစ်လာတဲ့ ယူရိုငွေဟာ ဒေါ်လာနဲ့ပြိုင်ပြီး နိုင်ငံတကာ စုတ်ယူခံနိုင်တဲ့အထိ အဆင်သင့် မဖြစ်သေးကြောင်း၊ ကမ္ဘာ့ဈေးကွက်များမှာ ယွမ်ငွေကို အသုံးပြုပြီး လွတ်လပ်စွာ ကူးသန်းရောင်း၀ယ်ခွင့်ပြုဖို့ ပေကျင်းက ငြင်းဆန်နေခြင်းဟာလည်း အကန့်အသတ်ဖြစ်နေကြောင်း၊ ဒေါ်လာနေရာ မှာ အခြားအစားထိုးလိုက်တဲ့ ငွေကြေးဟာ နိုင်ငံတကာကို လွှမ်းမိုးတဲ့အဆင့်ထိ ရောက်ရှိအောင် မတတ်နိုင်သေးပဲ ရှိနေကြောင်း၊ ဒါကြောင့် အခုချက်ချင်းကြီး BRICS ရဲ့ ငွေကြေးအသစ်တစ်ခုရလိမ့်မယ်ဆိုတဲ့အယူအဆက အချိန်ယူဖို့နဲ့ ယုံကြည်မှုရှိဖို့လည်း လိုအပ်ကြောင်း၊ လမ်းကြောင်းက အရမ်းရှည်လျှားပါတယ်လို့ အမေရိကန် တုဖ်တက္ကသိုလ် ဖဲလ်ချာစကူး နိုင်ငံတကာရေးရာဌာနမှ အကြီးတန်းဖဲလိုးရှစ်တစ်ဦးက မှတ်ချက်ပေးခဲ့
ပါတယ်။
#ဒေါ်လာငွေအစားထိုးသုံးစွဲရေး #BRICS #ယူရိုငွေကြေး #တရုတ်_ယွမ်ငွေ
(AP.,19 August 2023,” Emerging economies are pushing to end the dollar’s dominance. But what’s the alternative?” ကို #HtayOung , #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ေဒၚလာေစ်း အတက္ၾကမ္းျခင္းမွာ မိမိတို႔၏ စီးပြားေရးအေပၚ မတည္မၿငိမ္ျဖစ္ေစဟု ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား ညည္းညဴ
Htay Oung (NP News) - ၾသဂုတ္ ၂ဝ
ႏိုင္ဂ်ီးရီးယားႏိုင္ငံ ၿမိဳ႕ေတာ္မွ လုပ္ငန္းရွင္တစ္ေယာက္ဟာ သူရဲ႕အထည္ဆိုင္စီးပြားေရးကိစၥေတြ ပ်က္ျပားသြားၿပီး ေနာက္ အလုပ္သမား ၃ ေယာက္ကိုလည္း အလုပ္ထုတ္လိုက္ရပါတယ္။ အဲဒီျဖစ္ရပ္ဟာ ႏိုင္ငံသုံး “ႏိုင္ရာ ေငြေၾကး” နဲ႔ယွဥ္ရင္ အေမရိကန္ေဒၚလာက ပိုမိုအားေကာင္းေနတဲ့ အာဖရိကအေနာက္ပိုင္းႏိုင္ငံရဲ႕ စီးပြားေရးအေျခအေနကို ေဖာ္ျပေနျခင္းပဲျဖစ္ပါတယ္။
ေဒၚလာေစ်းႀကီးျမင့္လာတဲ့အတြက္ အ၀တ္အထည္နဲ႔ အျခားႏိုင္ငံျခားကုန္ပစၥည္းမ်ားရဲ႕ေစ်းႏႈန္းေတြက ျပည္တြင္း စားသုံးသူ အမ်ားစု လက္လွမ္းမမီႏိုင္တဲ့အေျခအေနကို ေရာက္ရွိလာခဲ့တယ္လို႔ AP က ဩဂုတ္ ၁၉ ရက္မွာ ေရးသား ပါတယ္။
တင္သြင္းလာတဲ့အထည္အိတ္တစ္အိတ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ကထက္ ၃ ဆ ပိုေပးေနရပါတယ္။ ဒီရက္ပိုင္း ေပါက္ေစ်းကေတာ့ ေဒၚလာနဲ႔ဆို ၄၅ဝ ျဖစ္ေပမယ့္ ႏိုင္ရာေငြေၾကးနဲ႔ဆို ၃၅ဝဝဝဝ တန္းမွာ ေျပးေနပါတယ္။ “လူေတြက အ၀တ္အထည္မတိုင္ခင္ စားစရာ၀ယ္ဖို႔ကိစၥကို အရင္ဆုံးစဥ္းစားၾကတာဗ်၊ အဲဒီေတာ့ အထည္ဆိုတာ ေရာင္းရတယ္လို႔ကို မရွိေတာ့ဘူး” လို႔ လုပ္ငန္းပိတ္သိမ္းလိုက္ရသူက ေျပာပါတယ္။
အာဖရိကတိုင္းျပည္အခ်ိဳ႕မွာ ေငြေၾကးေဖာင္းပြလြန္းတဲ့အတြက္ ျပည္တြင္းသုံး ေငြေၾကးေနရာမွာ အေမရိကန္ ေဒၚလာကို အစားထိုး သုံးစြဲမွ အဆင္ေျပရသလို ရွိေနပါတယ္။ အကြက္ျမင္တဲ့ႏိုင္ငံေရးသမားအခ်ိဳ႕ဆိုလွ်င္ ျပည္တြင္းသုံးေငြေၾကးေနရာမွာ ေဒၚလာနဲ႔ အစားထိုးဖို႔ ကတိက၀တ္နဲ႔ ေ႐ြးေကာက္ပြဲ မဲဆြယ္ေနၾကပါတယ္။ ၂ဝ၁၉ ခုႏွစ္မွာ ဇင္ဘာေဘြအစိုးရက ျပည္တြင္းသုံးေငြေၾကးသစ္ကို စတင္ထုတ္ေဝခဲ့ၿပီး ျပည္တြင္းေငြေၾကး လႊဲေျပာင္းမႈ မ်ားမွာ ႏိုင္ငံျခားေငြအသုံးျပဳမႈကို တားဆီးခဲ့ပါတယ္။ ဒါေပမယ့္ ( #မရွိမျဖစ္_လိုအပ္လာလွ်င္ #အသက္ဝင္ၿမဲျဖစ္တဲ့ ) #ေမွာင္ခိုေစ်းကြက္မွာ ေဒၚလာအေရာင္းအဝယ္က ဆက္လက္ျဖစ္ေပၚေနတဲ့အတြက္ တားျမစ္မိန္႔ကို ပယ္ဖ်က္ လိုက္ရပါတယ္။ အဲဒီေနာက္ ယခုအခ်ိန္ ဒီဇင္ဘာေဘြရဲ႕ ျပည္တြင္းအေရာင္းအ၀ယ္ ၈ဝ ရာခိုင္ႏႈန္းကို အေမရိကန္ ေငြေၾကးနဲ႔ေပးေခ်ေနၾကပါတယ္။ ေဒၚလာေငြစကၠဴ အႏြမ္းအၿပဲမ်ားကိုပင္ ဖာေထးျပဳျပင္ၿပီး သုံးစြဲၾကတဲ့ အထိပါပဲ။
ဖြံ႕ၿဖိဳးဆဲကမာၻတစ္ဝန္းမွ ႏိုင္ငံအမ်ားအျပားတို႔ဟာ ကမာၻ႔ဘ႑ာေရးစနစ္မွာ အေမရိကန္ရဲ႕ လႊမ္းမိုးမႈ—အထူးသျဖင့္ ေဒၚလာရဲ႕တန္ခိုးၾသဇာကို ၿငီးေငြ႕ေနၾကပါတယ္။ အဲဒီမေက်နပ္ခ်က္မ်ားကို ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ ေတာင္အာဖရိကတို႔ပါ၀င္တဲ့ BRICS အစုအဖြဲ႕နဲ႔ အျခားထြန္းသစ္စေဈးကြက္ႏိုင္ငံမ်ား လာမယ့္သီတင္းပတ္ ေတာင္အာဖရိကႏိုင္ငံ ဂ်ိဳဟန္နက္စ္ဘာ့ဂ္ၿမိဳမွာ ေတြ႕ဆုံစဥ္ ပြန္႔အန္ခ်ဖို႔ ရွိေနပါတယ္။
ဒါေပမယ့္ အေမရိကန္ေဒၚလာကို လက္ကိုင္ထားျခင္းဟာ ကမာၻသုံးေငြေၾကးအျဖစ္မွ ျဖဳတ္ခ်ျခင္းထက္ ပိုမိုလြယ္ကူ ပါတယ္။ ေဒၚလာဟာ ႏိုင္ငံတကာ အေရာင္းအ၀ယ္လုပ္ငန္းမ်ားမွာ ယခုအခ်ိန္အထိ အသုံးအမ်ားဆုံး ေငြေၾကးျဖစ္ ၿပီး သူ႔ရဲ႕ထင္ေပၚေက်ာ္ၾကားမႈဟာ အတိတ္ကာလ စိန္ေခၚမႈမ်ားကို ပုခုံးတြန႔္သြားႏိုင္ခဲ့ပါတယ္။
BRICS ႏိုင္ငံမ်ားအေနနဲ႔ သူတို႔ရဲ႕ ကိုယ္ပိုင္ေငြေၾကးကို သတ္မွတ္သုံးစြဲဖို႔ကိစၥနဲ႔ပတ္သက္ၿပီး အႀကိမ္ႀကိမ္ ေျပာဆို ေနၾကေပမယ့္ အဂၤါေန႔ ထိပ္သီးအစည္းအေဝးက်င္းပမွာ ျဖစ္ေၾကာင္း အစီအစဥ္ဇယားထြက္ေပၚခ်ိန္အထိ ခိုင္မာတဲ့ အဆိုျပဳခ်က္မ်ား ထြက္ေပၚလာျခင္း မရွိပါဘူး။ ဒါေပမဲ့ ထြန္းသစ္စႏိုင္ငံမ်ားအေနနဲ႔ “Buck” လို႔ ေခၚတဲ့ အစိမ္း သုံးစြဲမႈအေပၚ မွီခိုအားထားမႈကို ေလွ်ာ့ခ်ဖို႔အတြက္ မိမိတို႔ရဲ႕ကိုယ္ပိုင္ေငြေၾကးကို အသုံးျပဳၿပီး ကုန္သြယ္မႈတိုးခ်ဲ႕ဖို႔ ေဆြးေႏြးခဲ့ၾကမွာျဖစ္ပါတယ္။
BRICS မွာ “ဖြံ႕ၿဖိဳးေရးဘဏ္” ထူေထာင္ထားတာ ရွိပါတယ္။ အဲဒီဘဏ္က လက္ရွိ ႏိုင္ငံတကာေရာင္းဝယ္ဖို႔ ေငြေၾကးအသစ္ကို ရွာေဖြမယ္လို႔ ၿပီးခဲ့တဲ့ ဇြန္လ BRICS ႏိုင္ငံျခားေရး ဝန္ႀကီးမ်ားအစည္းအေဝး က်င္းပစဥ္ ေတာင္အာဖရိကႏိုင္ငံျခားေရး၀န္ႀကီးက ေျပာခဲ့ပါတယ္။ အေမရိကန္ရဲ႕ႏိုင္ငံတကာဘ႑ာေရး ၾသဇာလႊမ္းမိုးမႈကို အားနည္းသြားေစရန္ အထူးစိတ္အားထက္သန္ေနတဲ့ တ႐ုတ္-႐ုရွားနည္းတူ ေတာင္အာဖရိကလည္း တစ္အိုးစား တည္းျဖစ္ပါတယ္။
BRICS အဖြဲကို ၂ဝဝ၉ ခုႏွစ္မွ စတင္တည္ေထာင္ခဲ့ပါတယ္။ မူလက အဲဒီေဝါဟာရဟာ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယနဲ႔ တ႐ုတ္တို႔ရဲ႕ စီးပြားေရးထြန္းေပၚလာမႈကို ရည္ၫႊန္းဖို႔အတြက္ အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ “ဂိုးလ္မန္း _ဆာ့ခ္်” က စီးပြားေရးပညာရွင္ “ဂ်င္အိုနီးလ္” က ရည္ၫႊန္းတဲ့ BRIC အတိုင္းသာျဖစ္ပါတယ္။ ၂ဝ၁ဝ ျပည့္ႏွစ္ ေတာင္ အာဖရိကႏိုင္ငံက ပူးေပါင္းလာတဲ့အခါ “S” တစ္လုံး တိုးလာခဲ့ပါတယ္။ (ကမာၻ႔အႀကီးဆုံး ေရနံသိုက္မ်ားကို ပိုင္ဆိုင္တဲ့) ေဆာ္ဒီအာေရဗ်၊ အီရန္နဲ႔ ဗင္နီဇြဲလား အပါအဝင္ ႏိုင္ငံေပါင္း ၂ဝ ေက်ာ္တို႔ဟာ BRICS မွာ ပါဝင္ ရန္ စိတ္ဝင္စားေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။
၂ဝ၁၅ ခုႏွစ္မွာ BRICS ႏိုင္ငံမ်ားက အေမရိကန္နဲ႔ ဥေရာပႀကီးစိုးတဲ့ “ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF နဲ႔ ကမာၻ႔ဘဏ္ WB တို႔ကို အစားထိုးဖို႔အတြက္ “ဖြံ႕ၿဖိဳးေရးဘဏ္အသစ္” စတင္ခဲ့ပါတယ္။ အဲဒီဘဏ္ဟာ ဖြံံၿဖိဳးဆဲ ႏိုင္ငံေတြ အထူးသျဖင့္ အာဖရိကႏိုင္ငံေတြရဲ႕ ေငြေၾကးတန္ဖိုးနဲ႔ စီးပြားက်ဆင္းေနမႈကို ကယ္ဆယ္ႏိုင္လိမ့္မယ္လို႔ အႀကီးအက်ယ္ ေမွ်ာ္လင့္ထားၾကပါတယ္။
အာဖရိကေဒသတြင္းေငြေၾကးမ်ားကို အသုံးျပဳၿပီး ကုန္သြယ္တဲ့စနစ္ျဖစ္ ထြန္းလာဖို႔ တိုက္တြန္းေနပါတယ္။ “အာဖရိက အေရွ႕ပိုင္းႏိုင္ငံခ်င္းအတူတူ တစ္ေခၚေလာက္သာေဝးတဲ့ ဒီဂ်ာဘူတီနဲ႔ ကင္ညာတို႔အၾကား ကုန္သြယ္ ေရးတစ္စိတ္တစ္ပိုင္းကို အေမရိကန္ေဒၚလာနဲ႔ ေပးေခ်ေနၾကတာ ဘာ့ေၾကာင့္လဲ” လို႔ ကင္ညာသမၼတရဲ႕ယခုႏွစ္ မွတ္ခ်က္ဟာ ႏိုင္ငံအေတာ္မ်ားမ်ားကို လႈပ္ႏႈိးလိုက္ပါတယ္။
ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြဟာ အေနာက္အုပ္စုရဲ႕လႊမ္းမိုးခ်ဳပ္ကိုင္မႈကို ေျဖေလ်ာ့ၿပီး ကမာၻ႔အေရွ႕ပိုင္း ႏိုင္ငံအခ်င္းခ်င္း ၾကား သာတူညီမွ် လႊမ္းမိုးမႈရွိတဲ့ ကမာၻ႔စနစ္သစ္ တံခါးကိုဖြင့္ဖို႔ မ႐ိုးမ႐ြျဖစ္ေနၾကပါတယ္လို႔ ယူဂန္ဒါႏိုင္ငံေရး တက္ႂကြ လႈပ္ရွားသူတစ္ဦးက ေျပာပါတယ္။ သူ႔့ႏိုင္ငံဟာ လိင္တူဆက္ဆံမႈမွာ ေသဒဏ္ျပဌာန္းတဲ့အတြက္ ကမာၻ႔ဘဏ္က ေခ်းေငြအစီအစဥ္ကို ရပ္ဆိုင္းခံထားရပါတယ္။ (တကယ္ေတာ့ အာဖရိကႏိုင္ငံအေတာ္မ်ားမ်ားမွာ ေယာက္်ားခ်င္း ဟိုဒင္းျပဳတဲ့ကိစၥဟာ ထမင္းစား ေရေသာက္လို ျဖစ္ေနပါတယ္။ HIV ေရာဂါျပန္႔ပြားဖို႔ စနက္တံျဖစ္ေနၿပီး ကုသရန္ ခက္ခဲတဲ့ အဲဒီေရာဂါေၾကာင့္ မူလတည္းက အနည္းစုသာက်န္ရွိေနတဲ့ လူမ်ိဳးႏြယ္အခ်ိဳ႕ဟာ မၾကာခင္ မ်ိဳးသုဥ္း ေပ်ာက္ကြယ္သြားကိန္း ႀကဳံေနပါတယ္။ သာသာျပန္သူ)
“တ႐ုတ္ ဒါမွမဟုတ္ အာဂ်င္တီးနားနဲ႔ ကုန္သြယ္မႈလုပ္ဖို႔ ဘရာဇီးက အေမရိကန္ေဒၚလာကို ဘာေၾကာင့္ လိုအပ္ ေနမွာလဲ။ ကိုယ့္ႏိုင္ငံသုံး ေငြေၾကးနဲ႔တင္ ေရာင္းဝယ္လို႔ရရမယ္” လို႔ ေတာင္အေမရိက အႀကီးဆုံးစီးပြားေရးႏိုင္ငံ ျဖစ္တဲ့ ဘရာဇီးသမၼတ”လူလာ_ဒါ_ဆီလ္ဗာ“ က ယခုလအတြင္း သတင္းေထာက္ေတြကို ေျပာျပပါတယ္။ ဘရာဇီးဟာ ေတာင္အေမရိကႏိုင္ငံမ်ား အစုအဖြဲ႕နဲ႔ BRICS တို႔အၾကား ဘုံေငြေၾကးတစ္ရပ္ ထြန္းေပၚလာဖို႔ ပံ့ပိုးေန ပါတယ္။
ဖြံ႕ၿဖိဳးဆဲကမာၻရွိ ေဝဖန္ေရးသမားေတြကေတာ့ လြန္ခဲ့တဲ့ႏွစ္ ယူကရိန္း က်ဴးေက်ာ္မႈေနာက္ပိုင္း ႐ုရွားအေပၚ ဘ႑ာ ေရးပိတ္ဆို႔မႈမ်ား ခ်မွတ္ရာမွာ ကတ္တီးကတ္ဖဲ့လုပ္သူမ်ားအေပၚ အေမရိကန္က သူ႔ရဲ႕ႏိုင္ငံတကာၾသဇာလႊမ္းမိုးမႈ ကို အသုံးခ်ဖို႔ ဆႏၵရွိေနျခင္းနဲ႔ပတ္သက္ၿပီး အထူးတလည္ မေက်မနပ္ျဖစ္ေနၾကပါတယ္။
ေဒၚလာေဈးအတက္အက်မ်ားဟာ သူတို႔ရဲ႕စီးပြားေရးကို မတည္မၿငိမ္ျဖစ္ေစႏိုင္တယ္လို႔ ညည္းတြားေနၾကပါ တယ္။ ဥပမာအားျဖင့္ ေဒၚလာေဈးတက္လာျခင္းဟာ အျခားႏိုင္ငံမ်ားမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဆြဲထုတ္ယူသြားျခင္း ျဖင့္ ႏိုင္ငံရပ္ျခားမွာ မၿငိမ္မသက္ျဖစ္ေစႏိုင္ပါတယ္။ ေဒၚလာနဲ႔သတ္မွတ္ထားတဲ့ေခ်းေငြကို ျပန္ဆပ္ျခင္းနဲ႔ ေဒၚလာ နဲ႔ေစ်းႏႈန္းသတ္မွတ္ထားတဲ့ တင္သြင္းကုန္ပစၥည္းမ်ားကို ဝယ္ယူရာမွာလည္း ကုန္က်စရိတ္ တိုးျမင့္လာေစပါတယ္။
အေမရိကန္ဗဟိုဘဏ္မွ သုေတသီမ်ား၏ တြက္ခ်က္မႈမ်ားအရ ေဒၚလာေငြ အသုံးျပဳမႈဟာ ၁၉၉၉ ခုႏွစ္မွ ၂ဝ၁၉ ခုႏွစ္အထိ အေမရိကတြင္ ကုန္သြယ္မႈ ၉၆ ရာခိုင္ႏႈန္း၊ အာရွတြင္ ကုန္သြယ္မႈ ၇၄ ရာခိုင္ႏႈန္းနဲ႔ ဥေရာပျပင္ပရွိ အျခားေနရာအသီးသီးတို႔ရဲ႕ ကုန္သြယ္မႈမွာ ၇၉ ရာခိုင္ႏႈန္းရွိေၾကာင္း သိရွိရပါတယ္။
သို႔ေသာ္လည္း ဘဏ္မ်ား၊ စီးပြားေရးလုပ္ငန္းမ်ားနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ ယူ႐ိုနဲ႔ တ႐ုတ္ယြမ္ေငြဘက္ကို ေျခဦး လွည့္လာတဲ့အတြက္ မၾကာေသးမီႏွစ္မ်ားအတြင္း ႏိုင္ငံတကာ ကူးသန္းေရာင္းဝယ္ေရးမွာ ေဒၚလာေငြ ပါဝင္မႈ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ပါတယ္။
စတင္မိတ္ဆက္ၿပီး ၂၄ ႏွစ္အၾကာမွာ ကမာၻ႔နံပါတ္ ၂ ေငြေၾကးျဖစ္လာတဲ့ ယူ႐ိုေငြဟာ ေဒၚလာနဲ႔ၿပိဳင္ၿပီး ႏိုင္ငံတကာ စုတ္ယူခံႏိုင္တဲ့အထိ အဆင္သင့္ မျဖစ္ေသးေၾကာင္း၊ ကမာၻ႔ေဈးကြက္မ်ားမွာ ယြမ္ေငြကို အသုံးျပဳၿပီး လြတ္လပ္စြာ ကူးသန္းေရာင္း၀ယ္ခြင့္ျပဳဖို႔ ေပက်င္းက ျငင္းဆန္ေနျခင္းဟာလည္း အကန္႔အသတ္ျဖစ္ေနေၾကာင္း၊ ေဒၚလာေနရာ မွာ အျခားအစားထိုးလိုက္တဲ့ ေငြေၾကးဟာ ႏိုင္ငံတကာကို လႊမ္းမိုးတဲ့အဆင့္ထိ ေရာက္ရွိေအာင္ မတတ္ႏိုင္ေသးပဲ ရွိေနေၾကာင္း၊ ဒါေၾကာင့္ အခုခ်က္ခ်င္းႀကီး BRICS ရဲ႕ ေငြေၾကးအသစ္တစ္ခုရလိမ့္မယ္ဆိုတဲ့အယူအဆက အခ်ိန္ယူဖို႔နဲ႔ ယုံၾကည္မႈရွိဖို႔လည္း လိုအပ္ေၾကာင္း၊ လမ္းေၾကာင္းက အရမ္းရွည္လွ်ားပါတယ္လို႔ အေမရိကန္ တုဖ္တကၠသိုလ္ ဖဲလ္ခ်ာစကူး ႏိုင္ငံတကာေရးရာဌာနမွ အႀကီးတန္းဖဲလိုးရွစ္တစ္ဦးက မွတ္ခ်က္ေပးခဲ့
ပါတယ္။
#ေဒၚလာေငြအစားထိုးသုံးစြဲေရး #BRICS #ယူ႐ိုေငြေၾကး #တ႐ုတ္_ယြမ္ေငြ
(AP.,19 August 2023,” Emerging economies are pushing to end the dollar’s dominance. But what’s the alternative?” ကို #HtayOung , #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)