အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာ(၃)ခု၌ AD လိုင်စင်ရဘဏ်များက နေ့စဥ်အလှည့်ကျ ရောင်းချပေးမည်
2074
ယွန်း (NP News) - သြဂုတ် ၂၁
ပြည်ပသို့အမှန်တကယ်ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဘဏ်ကောင်တာ(၃)ခုတွင် AD လိုင်စင်ရဘဏ်များက နေ့စဥ်အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့(သြဂုတ်လ ၂၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် အမေရိကန်ဒေါ်လာ အပါအဝင် ငွေကြေးအမျိုးအစား(၇)မျိုးကို ရောင်းဝယ်ခွင့်ပြုထားကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များအပြင် အသေး သုံးနိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်ရည်ရွယ်၍ ရန်ကုန်လေဆိပ် (သို့မ ဟုတ်) Money Changer ကောင်တာများတွင် အသေးသုံးနိုင်ငံခြားငွေများ ရောင်းချလျက်ရှိကြောင်း ဗဟိုဘဏ်မှ အသိပေးထားသည်။
အဆိုပါကောင်တာများတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်မည့်သူ၊ ဆေးကုရန်သွားမည့်သူနှင့် ပညာ သင်သွားရောက်မည့်သူများကို တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ (၃၀၀)မှ (၅၀၀)ခန့်ကို ရောင်းချပေးခြင်းအား ပြီးခဲ့သည့် မေလ(၃၁)ရက်မှစ၍ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာရောင်းချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်/ထွက်ခွာ) ဘဏ်ကောင်တာ(၃)ခုတွင် AD လိုင်စင်ရဘဏ်များမှ နေ့စဥ်အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လေဆိပ်ကောင်တာများအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသားရောင်းချပေးသည့် အစီအစဥ်တွင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် CB ဘဏ် အပါအဝင် ပြည်တွင်းဘဏ်များက ပါဝင်ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
zawgyi version
အေသးသုံးႏိုင္ငံျခားေငြမ်ားကို ရန္ကုန္ေလဆိပ္ရွိ ဘဏ္ေကာင္တာ(၃)ခု၌ AD လိုင္စင္ရဘဏ္မ်ားက ေန႔စဥ္အလွည့္က် ေရာင္းခ်ေပးမည္
ယြန္း (NP News) - ၾသဂုတ္ ၂၁
ျပည္ပသို႔အမွန္တကယ္ထြက္ခြာမည့္သူမ်ားအတြက္ အေသးသုံးႏိုင္ငံျခားေငြမ်ားကို ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ရွိ ဘဏ္ေကာင္တာ(၃)ခုတြင္ AD လိုင္စင္ရဘဏ္မ်ားက ေန႔စဥ္အလွည့္က် ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ယေန႔(ၾသဂုတ္လ ၂၁ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ႏိုင္ငံျခားသုံးေငြမ်ား ေရာင္းဝယ္ေဖာက္ကားသည့္လုပ္ငန္း(AD)လိုင္စင္ရဘဏ္မ်ား၏ Money Changer ေကာင္တာမ်ားတြင္ ဗဟိုဘဏ္က ေရာင္းဝယ္ခြင့္ျပဳထားသည့္ အေမရိကန္ေဒၚလာ အပါအဝင္ ေငြေၾကးအမ်ိဳးအစား(၇)မ်ိဳးကို ေရာင္းဝယ္ခြင့္ျပဳထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ျပည္ပသို႔ထြက္ခြာရာတြင္ ႏိုင္ငံတကာေငြေပးေခ်မႈကတ္မ်ားအျပင္ အေသး သုံးႏိုင္ငံျခားေငြ ေငြသားေဆာင္ယူသြားႏိုင္ေရးအတြက္ ေဈးကြက္အတြင္း လြယ္ကူစြာဝယ္ယူႏိုင္ရန္ႏွင့္ တရားမဝင္ေငြလဲလွယ္ေနသူမ်ားက ေဈးကစားျခင္းကို ထိန္းသိမ္းရန္ရည္႐ြယ္၍ ရန္ကုန္ေလဆိပ္ (သို႔မ ဟုတ္) Money Changer ေကာင္တာမ်ားတြင္ အေသးသုံးႏိုင္ငံျခားေငြမ်ား ေရာင္းခ်လ်က္ရွိေၾကာင္း ဗဟိုဘဏ္မွ အသိေပးထားသည္။
အဆိုပါေကာင္တာမ်ားတြင္ ျပည္ပသို႔သြားေရာက္အလုပ္လုပ္မည့္သူ၊ ေဆးကုရန္သြားမည့္သူႏွင့္ ပညာ သင္သြားေရာက္မည့္သူမ်ားကို တစ္ဦးလွ်င္ ႏိုင္ငံျခားေငြ ေငြသား အေမရိကန္ေဒၚလာ (၃၀၀)မွ (၅၀၀)ခန႔္ကို ေရာင္းခ်ေပးျခင္းအား ၿပီးခဲ့သည့္ ေမလ(၃၁)ရက္မွစ၍ ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ျပည္ပသို႔ထြက္ခြာသူမ်ားအနက္ ဘုရားဖူးထြက္ခြာသူမ်ား၊ ျပည္ပႏိုင္ငံအစိုးရႏွင့္ အသင္းအဖြဲ႕မ်ား၏ ဖိတ္ၾကားခ်က္အရ အစည္းအေဝးတက္ေရာက္ရန္ ထြက္ခြာသူမ်ားကိုလည္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ေၾကာင့္ ျပည္ပသို႔ အမွန္တကယ္ထြက္ခြာမည့္သူမ်ားအား အဆင္ေျပလြယ္ကူစြာေရာင္းခ်ေပးႏိုင္ေရးအတြက္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ (ဆိုက္ေရာက္/ထြက္ခြာ) ဘဏ္ေကာင္တာ(၃)ခုတြင္ AD လိုင္စင္ရဘဏ္မ်ားမွ ေန႔စဥ္အလွည့္က်ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလဆိပ္ေကာင္တာမ်ားအျပင္ အေသးသုံးႏိုင္ငံျခားေငြ ေငြသားေရာင္းခ်ေပးသည့္ အစီအစဥ္တြင္ ကေမာၻဇဘဏ္၊ ဧရာဝတီဘဏ္ႏွင့္ CB ဘဏ္ အပါအဝင္ ျပည္တြင္းဘဏ္မ်ားက ပါဝင္ေရာင္းခ်ေပးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ သိရသည္။