မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (၅)နှစ်အရွယ်သမီးဖြစ်သူနှင့်အတူရှိစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကမ္မမြို့၌ဖြစ်ပွား

 2261

မြူနစ် (NP News) - သြဂုတ် ၂၃

မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (၅)နှစ်အရွယ်သမီးဖြစ်သူနှင့်အတူရှိစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရမှု ကမ္မမြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(သြဂုတ်လ ၂၂ ရက်) နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ မြို့မရပ်ကွက်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ကမ္မနယ်မြေမီးသတ်စခန်းနှင့်နီးစပ်သူသော မြို့ခံတစ်ဦးက NP News ကို ပြောသည်။

ကမ္မနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးအပါအဝင် မီးသတ်တပ်ကြပ်၊ မီးသတ်တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကို ခံရလျက်ရှိကြောင်း သိရသည်။

ထိုသို့ ခြိမ်းခြောက်ခံနေရသည့်အတွက် ကမ္မနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးအပါအဝင်(၂)ဦးသည် တိမ်းရှောင်နေခဲ့ကြောင်း အထက်ပါမြို့ခံက ပြောသည်။

သို့သော် ကမ္မမြို့တွင် မွေးဖွားသူများဖြစ်သော မီးသတ်တပ်ကြပ်ကိုသက်ခိုင်ဦးနှင့် အခြားမီးသတ်တပ်ကြပ်တစ်ဦးတို့သည် တိမ်းရှောင်ခြင်းမရှိဘဲ မီးသတ်စခန်းတွင်သာ နေထိုင်ခဲ့ကြောင်း သိရသည်။

မီးသတ်တပ်ကြပ်ဖြစ်သူ ကိုသက်ခိုင်ဦးသည် ယမန်နေ့(သြဂုတ်လ ၂၂ ရက်) နံနက် ၁၀ နာရီအချိန်တွင် (၅)နှစ်အရွယ်သမီးဖြစ်သူ မမေဂျူးသော်နှင့်အတူ မီးသတ်စခန်းနှင့်ကိုက် (၅၀၀) ခန့်အကွာတွင်ရှိသော ခြံဝိုင်းသို့ ရေသွားချိုးစဉ်အချိန်တွင် အကြမ်းဖက်သမားများ၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်။

အကြမ်းဖက်သမားများသည် အသက်(၂၇)နှစ်အရွယ်ရှိ မီးသတ်တပ်ကြပ်ကိုသက်ခိုင်ဦးအား သမီးဖြစ်သူရှေ့၌ပင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ကမ္မမြို့ခံက ပြော သည်။

ထိုသို့ လုပ်ကြံခံခဲ့ရမှုကြောင့် ကိုသက်ခိုင်ဦးတွင် နံရိုးအနီး၌ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက် ရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်နေစဉ် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက် လက်ပြောသည်။

“ကိုသက်ခိုင်ဦးက သူ့သမီး (၅)နှစ်အရွယ်လေးရှေ့မှာ အပစ်ခံရတာပါ။ ဒဏ်ရာရတုန်းက တော့ အရမ်းကြီးမစိုးရိမ်ရပါဘူး။ ကားနဲ့သယ်ပြီး ဆေးရုံကို ပို့ဖို့လုပ်တာ လမ်းမှာက စစ်ဆေးရေးတွေလုပ်နေတာနဲ့ လမ်းပိတ်တာကို အတော်လေးစောင့်လိုက်ရတယ်။ သွေးထွက်လွန်တဲ့သဘောလည်းပါမယ်။ မနေ့က ညမှာတော့ ဆုံးသွားတယ်။ သူက သစ္စာရှိတဲ့ Non CDM ဝန်ထမ်းတစ်ဦးပါ။ သူ့အတွက် ဆုလာဘ်က အဲဒါလားလို့ မေးခွန်းထုတ်ချင်တယ်။ နေပြည် တော်နဲ့ ရန်ကုန်မှာ လုံခြုံရာနေရာမှာရှိနေတဲ့ အကြီးအကဲတွေလည်း ဒီဖြစ်စဉ်ကို သိစေချင်တယ်” ဟု ကမ္မမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ကာလအတွင်း၌လည်း ဘုတလင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်အရာရှိ၊ မီးသတ်တပ်အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း (၂၀)နီးပါးသည်လည်း အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရဖူးသည်။

zawgyi version
မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး (၅)ႏွစ္အ႐ြယ္သမီးျဖစ္သူႏွင့္အတူရွိစဥ္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ ႀကံခံရမႈ ကမၼၿမိဳ႕၌ ျဖစ္ပြား

ျမဴနစ္ (NP News) - ၾသဂုတ္ ၂၃

မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး (၅)ႏွစ္အ႐ြယ္သမီးျဖစ္သူႏွင့္အတူရွိစဥ္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံခဲ့ရမႈ ကမၼၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ၾသဂုတ္လ ၂၂ ရက္) နံနက္ ၁၀ နာရီအခ်ိန္တြင္ မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္၊ ကမၼၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း ကမၼနယ္ေျမမီးသတ္စခန္းႏွင့္နီးစပ္သူေသာ ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ကမၼနယ္ေျမမီးသတ္စခန္းမွ လက္ေထာက္မီးသတ္ဦးစီးမႉးအပါအဝင္ မီးသတ္တပ္ၾကပ္၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားသည္ အၾကမ္းဖက္သမားမ်ား၏ ၿခိမ္းေျခာက္မႈကို ခံရလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ၿခိမ္းေျခာက္ခံေနရသည့္အတြက္ ကမၼနယ္ေျမမီးသတ္စခန္းမွ လက္ေထာက္မီးသတ္ဦးစီးမႉးအပါအဝင္(၂)ဦးသည္ တိမ္းေရွာင္ေနခဲ့ေၾကာင္း အထက္ပါၿမိဳ႕ခံက ေျပာသည္။

သို႔ေသာ္ ကမၼၿမိဳ႕တြင္ ေမြးဖြားသူမ်ားျဖစ္ေသာ မီးသတ္တပ္ၾကပ္ကိုသက္ခိုင္ဦးႏွင့္ အျခားမီးသတ္တပ္ၾကပ္တစ္ဦးတို႔သည္ တိမ္းေရွာင္ျခင္းမရွိဘဲ မီးသတ္စခန္းတြင္သာ ေနထိုင္ခဲ့ေၾကာင္း သိရသည္။

မီးသတ္တပ္ၾကပ္ျဖစ္သူ ကိုသက္ခိုင္ဦးသည္ ယမန္ေန႔(ၾသဂုတ္လ ၂၂ ရက္) နံနက္ ၁၀ နာရီအခ်ိန္တြင္ (၅)ႏွစ္အ႐ြယ္သမီးျဖစ္သူ မေမဂ်ဴးေသာ္ႏွင့္အတူ မီးသတ္စခန္းႏွင့္ကိုက္ (၅၀၀) ခန႔္အကြာတြင္ရွိေသာ ၿခံဝိုင္းသို႔ ေရသြားခ်ိဳးစဥ္အခ်ိန္တြင္ အၾကမ္းဖက္သမားမ်ား၏ လုပ္ႀကံျခင္းကို ခံခဲ့ရသည္။

အၾကမ္းဖက္သမားမ်ားသည္ အသက္(၂၇)ႏွစ္အ႐ြယ္ရွိ မီးသတ္တပ္ၾကပ္ကိုသက္ခိုင္ဦးအား သမီးျဖစ္သူေရွ႕၌ပင္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခဲ့ျခင္းျဖစ္ေၾကာင္း ကမၼၿမိဳ႕ခံက ေျပာ သည္။

ထိုသို႔ လုပ္ႀကံခံခဲ့ရမႈေၾကာင့္ ကိုသက္ခိုင္ဦးတြင္ နံ႐ိုးအနီး၌ က်ည္ေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္ ရရွိခဲ့ကာ ေဆး႐ုံသို႔ပို႔ေဆာင္ေနစဥ္ ေသြးထြက္လြန္ကာ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္ လက္ေျပာသည္။

“ကိုသက္ခိုင္ဦးက သူ႔သမီး (၅)ႏွစ္အ႐ြယ္ေလးေရွ႕မွာ အပစ္ခံရတာပါ။ ဒဏ္ရာရတုန္းက ေတာ့ အရမ္းႀကီးမစိုးရိမ္ရပါဘူး။ ကားနဲ႔သယ္ၿပီး ေဆး႐ုံကို ပို႔ဖို႔လုပ္တာ လမ္းမွာက စစ္ေဆးေရးေတြလုပ္ေနတာနဲ႔ လမ္းပိတ္တာကို အေတာ္ေလးေစာင့္လိုက္ရတယ္။ ေသြးထြက္လြန္တဲ့သေဘာလည္းပါမယ္။ မေန႔က ညမွာေတာ့ ဆုံးသြားတယ္။ သူက သစၥာရွိတဲ့ Non CDM ဝန္ထမ္းတစ္ဦးပါ။ သူ႔အတြက္ ဆုလာဘ္က အဲဒါလားလို႔ ေမးခြန္းထုတ္ခ်င္တယ္။ ေနျပည္ ေတာ္နဲ႔ ရန္ကုန္မွာ လုံၿခဳံရာေနရာမွာရွိေနတဲ့ အႀကီးအကဲေတြလည္း ဒီျဖစ္စဥ္ကို သိေစခ်င္တယ္” ဟု ကမၼၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ ကာလအတြင္း၌လည္း ဘုတလင္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္အရာရွိ၊ မီးသတ္တပ္အဖြဲ႕ဝင္မ်ားႏွင့္ ၎တို႔၏ မိသားစုဝင္ စုစုေပါင္း (၂၀)နီးပါးသည္လည္း အၾကမ္းဖက္အဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရဖူးသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

23/08/2023 21:14

လက်နက်မဲ့ဘဲလိုက်သတ်နေတယ်အဲမြိုကစစ်တပ်ကိုသွားတိုက်ပါလားအကြမ်းဖက်ဆိုတာလကိနက်ကိုင်ချင်းကျတောမနိုင်မှန်းသိလိုမလုပ်ရဲတာပြည်သူကိုတောလူလိုကိုမမြင်တာလားဒီလိုကောက်တွေကအစိုးရဖြစ်ခြင်တာလား

Related news

© 2021. All rights reserved.