မူဆယ်- မန္တလေးရထားလမ်းစီမံကိန်းကို စတင်ရန် သုံးသပ်ဆောင်ရွက်နေဟု နစက အကြီးအကဲ အသိပေး

 2220

ယွန်း (NP News) - သြဂုတ် ၂၆

နယ်စပ်ဒေသကုန်သွယ်ရေး၌ ကားလမ်းအပြင် ရထားလမ်းများအသုံးပြုနိုင်ရေးအတွက် မူဆယ်- မန္တလေးရထားလမ်းဖောက်လုပ်ရေးကို သုံးသပ်ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ(၂၅)ရက်တွင် နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် စီးပွားရေးရာကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသကုန်သွယ်မှုများတွင် လမ်းကြောင်းတစ်ခုတည်းကို အဓိကထားအသုံးပြုခြင်းထက် အခြားလမ်းကြောင်းများကို စဥ်းစားဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် နယ်စပ်ဒေသကုန်သွယ်ရေးအတွက် ကားလမ်းကို အသုံးပြုလျက်ရှိပြီး မီးရထားလမ်းများဖောက်လုပ်နိုင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

ထို့ကြောင့် မူဆယ်- မန္တလေးရထားလမ်းဖောက်လုပ်ရန် သုံးသပ်ဆောင်ရွက်နေပြီး ချင်းရွှေဟော်- လားရှိုးရထားလမ်းလည်း ဖောက်လုပ်သင့်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ မန္တလေးသို့ မီးရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဖောက်လုပ်ပြီးစီးပါက ကုန်စည်စီးဆင်းမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အိန္ဒိယ၊ မြန်မာ၊ ထိုင်းသုံးနိုင်ငံ ဆက်သွယ်မှုကို အထောက်အကူပြုသည့် တမူးလမ်းပြန်လည်ဆောင်ရွက်နိုင်ရေးကိုလည်း ‌နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။

မူဆယ်-မန္တလေး မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာနနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.Limited (CREEC)၊ China Railway Group Limited တို့သည် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန်အတွက် MoU ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် တံတား ၁၂၄ စင်းတည်ဆောက်ခြင်း၊ ဥမင်လှိုဏ်ခေါင်း ၆ဝ ခု တည်ဆောက်ခြင်းတို့ ပါဝင်ပြီး ၄ဝ၉ ဒသမ ၉၆ ကီလိုမီတာအရှည်ရှိသော လျှပ်စစ်ရထားလမ်း ဖောက်လုပ်ခြင်း၊ ဓာတ်အားခွဲရုံ(၁၁)ရုံ တည်ဆောက်ခြင်းနှင့် ၎င်းနှင့်ဆက်စပ်သော လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မူဆယ္- မႏၲေလးရထားလမ္းစီမံကိန္းကို စတင္ရန္ သုံးသပ္ေဆာင္႐ြက္ေနဟု နစက အႀကီးအကဲ အသိ ေပး

ယြန္း (NP News) - ၾသဂုတ္ ၂၆

နယ္စပ္ေဒသကုန္သြယ္ေရး၌ ကားလမ္းအျပင္ ရထားလမ္းမ်ားအသုံးျပဳႏိုင္ေရးအတြက္ မူဆယ္- မႏၲေလးရထားလမ္းေဖာက္လုပ္ေရးကို သုံးသပ္ေဆာင္႐ြက္ေနေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၾသဂုတ္လ(၂၅)ရက္တြင္ နစကဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ စီးပြားေရးရာေကာ္မတီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

နယ္စပ္ေဒသကုန္သြယ္မႈမ်ားတြင္ လမ္းေၾကာင္းတစ္ခုတည္းကို အဓိကထားအသုံးျပဳျခင္းထက္ အျခားလမ္းေၾကာင္းမ်ားကို စဥ္းစားေဆာင္႐ြက္ရန္လိုေၾကာင္း နစကဥကၠ႒က ေျပာသည္။

လက္ရွိတြင္ နယ္စပ္ေဒသကုန္သြယ္ေရးအတြက္ ကားလမ္းကို အသုံးျပဳလ်က္ရွိၿပီး မီးရထားလမ္းမ်ားေဖာက္လုပ္ႏိုင္ေရးကိုလည္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။

ထို႔ေၾကာင့္ မူဆယ္- မႏၲေလးရထားလမ္းေဖာက္လုပ္ရန္ သုံးသပ္ေဆာင္႐ြက္ေနၿပီး ခ်င္းေ႐ႊေဟာ္- လားရႈိးရထားလမ္းလည္း ေဖာက္လုပ္သင့္ေၾကာင္း ၎ကဆက္လက္ေျပာၾကားခဲ့သည္။

ထို႔ျပင္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းမွ မႏၲေလးသို႔ မီးရထားလမ္းေဖာက္လုပ္ေရးလုပ္ငန္းကို အေကာင္ အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး ေဖာက္လုပ္ၿပီးစီးပါက ကုန္စည္စီးဆင္းမႈ ပိုမိုတိုးတက္လာမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ အိႏၵိယ၊ ျမန္မာ၊ ထိုင္းသုံးႏိုင္ငံ ဆက္သြယ္မႈကို အေထာက္အကူျပဳသည့္ တမူးလမ္းျပန္လည္ေဆာင္႐ြက္ႏိုင္ေရးကိုလည္း ‌နစကဥကၠ႒က ထည့္သြင္းေျပာၾကားထားသည္။

မူဆယ္-မႏၲေလး မီးရထားလမ္းသည္ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕မွ ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ ကုန္သြယ္ေရးအခ်က္အခ်ာျဖစ္ေသာ မႏၲေလးၿမိဳ႕ကို ခ်ိတ္ဆက္ေဖာက္လုပ္မည့္ အျမန္ရထားလမ္းျဖစ္ၿပီး တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍလမ္း၏ အစိတ္အပိုင္းတစ္ခုလည္းျဖစ္သည္။

မူဆယ္-မႏၲေလးရထားလမ္းစီမံကိန္းႏွင့္ပတ္သက္၍ ၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့မီးရထားဌာနႏွင့္ တ႐ုတ္ႏိုင္ငံ China Railway Eryuan Engineering Group Co.Limited (CREEC)၊ China Railway Group Limited တို႔သည္ ရထားလမ္းေဖာက္လုပ္ေရးစီမံကိန္း ျဖစ္ေျမာက္ႏိုင္ေျခေလ့လာမႈ ေဆာင္႐ြက္ရန္အတြက္ MoU ေရးထိုးခဲ့ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းတြင္ တံတား ၁၂၄ စင္းတည္ေဆာက္ျခင္း၊ ဥမင္လႈိဏ္ေခါင္း ၆ဝ ခု တည္ေဆာက္ျခင္းတို႔ ပါဝင္ၿပီး ၄ဝ၉ ဒသမ ၉၆ ကီလိုမီတာအရွည္ရွိေသာ လွ်ပ္စစ္ရထားလမ္း ေဖာက္လုပ္ျခင္း၊ ဓာတ္အားခြဲ႐ုံ(၁၁)႐ုံ တည္ေဆာက္ျခင္းႏွင့္ ၎ႏွင့္ဆက္စပ္ေသာ လွ်ပ္စစ္ဓာတ္အားလိုင္းသြယ္တန္းျခင္းတို႔ကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.