EV အတွက်လိုအပ်သည့် လစ်သီယမ် မြန်မာနိုင်ငံတွင်ရှိနေပြီး တရားဝင် စမ်းသပ်ရှာဖွေထုတ်လုပ်ခွင့်ပြုရန်သာ လိုအပ်နေ

 6305

ထွန်းမွန်သက် (NP News) - ဩဂုတ် ၂၇

လျှပ်စစ်ကား ဘတ္ထရီများ ထုတ်လုပ်ရန်အတွက် လိုအပ်သည့် Lithium သတ္ထုများကို မြန်မာနိုင်ငံတွင် ထုတ်ယူရရှိနိုင်ပြီး တရားဝင် ရှာဖွေခွင့်နှင့် ထုတ်လုပ်ခွင့်ပြုရန်လိုအပ်နေကြောင်း သိရသည်။ ထိုသို့မဟုတ်လျှင် တရားမဝင် တူးဖော်ရောင်းချမှုများကြောင့် တိုင်းပြည်အတွက် များစွာနစ်နာလျက်ရှိနေ သည်။

သဘာဝ သယံဇာတ လွန်စွာပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် ရေသယံဇာတ၊ မြေသယံဇာတများအပြင် သဘာဝဓါတ်ငွေ့၊ ရေနံမှစ၍ မြေရှားသတ္ထုများ၊ ယူရေနီယမ်နှင့် လစ်သီယမ် အစရှိသည့် တန်ဖိုးကြီး သယံဇာတများပင်ရှိနေကာ တရားဝင် ရှာဖွေခွင့်၊ တူးဖော်ခွင့်နှင့် ထုတ်လုပ်ခွင့် လိုင်စင်များ ကြန့်ကြာနေခြင်းကြောင့် တရားမဝင် တူးဖော်ရောင်းချသူများ လက်ထဲ၌ ထိုကဲ့သို့သော တန်ဖိုးကြီး သယံဇာတများ ဆုံးရှုံးနေသည်မှာ လွန်စွာနှမြောစရာ ကောင်းလှသည်။

ပို၍ဆိုးသည်မှာ ယခုကဲ့သို့သော တိုင်းပြည်အခြေအနေ ထိလွယ်ရှလွယ်သည့် ကာလမျိုး၌ အဆိုပါ တရားမဝင် တူးဖော်ရောင်းချရာမှ ရရှိလာသော ငွေကြေးများသည် တိုင်းပြည်ဘဏ္ဍာအခွန်ငွေများ ဖြစ်မလာသည့်အပြင် အကြမ်းဖက်သမားများကို ထောက်ပံ့သည့် terrorism financing ဖြစ်သွားပြီး နိုင်ငံကို ပြန်၍ ဒုက္ခပေးမည့် ငွေကြေးများ ဖြစ်လာကြသည်။

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ကားတင်သွင်း ထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်နေသည့် ယခုကာလတွင် လျှပ်စစ်ကား၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ဘတ္ထရီအတွက်လိုအပ်သည့် Lithium သည် မြန်မာနိုင်ငံ၌ ရှိနေကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၌ ထားဝယ်၊ ရေဖြူ၊ ဘုတ်ပြင်း၊ ကံဘောက် ဒေသများ၌ရှိသည့် granite ကျောက် အမျိုးအစားများထဲ၌ Lithium များရှိနေပြီး ၎င်းကို စီးပွားဖြစ် ရှာဖွေထုတ်လုပ်နိုင်ရန်အတွက် အဆင့်မြင့်သည့် နည်းပညာများ ရှိရန်လိုအပ်နေကြောင်း၊ ထိုကဲ့သို့ ရှာဖွေစမ်းသပ်မည့် အဆင့်မြင့်နည်းပညာများကို granite ကျောက်မှ Lithium ရှာဖွေထုတ်လုပ်ခြင်းကို လုပ်ဆောင်ဖူးသည့် အတွေ့အကြုံရှိသည့် နိုင်ငံခြားကုမ္ပဏီများကသာ လုပ်ဆောင်နိုင်ကြောင်းလည်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ မြေကြောတောင်ကြောများ၌ Lithium တင်မကဘဲ မြေရှားသတ္ထုများနှင့် နျူး ကလီးယားအခြေပြု လျှပ်စစ်‌ဓါတ်အား ထုတ်ယူရေးအတွက် အရေးပါသည့် ယူရေနီယမ်များပင် ရှိနေနိုင်ကြောင်း ပညာရှင်များက အဆိုပြုထားသည်ဟုလည်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ထားဝယ်၊ ဘုတ်ပြင်း၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်များက ထွက်ရှိသည့် ခဲမဖြူ၊ အဖြိုက်နက်များ၌ ယူရေနီယမ်များပါနေကြောင်း၊ သို့သော် ၎င်းခဲမဖြူ၊ အဖြိုက်နက်များကို တရားမဝင် ခိုးတူးသူများက ဘက်ဖိုးကားများကို အသုံးပြုပြီး သစ်တောများခုတ်ခြင်း၊ မြေများကို အကြီးစားတူးစွခြင်းများလုပ်ဆောင်ပြီး ခိုးတူးနေကြကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

နည်းပညာ အကူအညီမပါဘဲ သစ်တောများခုတ်ခြင်း၊ မြေများကို တူးစွခြင်းများကြောင့် သဘာဝပတ်ဝန်း ကျင်လည်း လွန်စွာပျက်ဆီးပါသည်။ တရားမဝင် တူးဖော်ထုတ်ယူခြင်းဖြစ်သည့်အတွက်ကြောင့် လည်း ကောင်း၊ ၎င်းဒေသများသည် နယ်မြေစိုးမိုးမှု အားနည်းသည့် နေရာများ ဖြစ်နေခြင်းကြောင့် လည်း ကောင်း အထက်တွင်ဆိုခဲ့သည့်အတိုင်း သယံဇာတများ ပြုန်းတီးကုန်သည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းများထံ ငွေကြေးစီးဝင်ထောက်ပံ့မှုများ ဖြစ်နေပါသည်။

“အခုက ဒေသခံရွာသားတွေ ဆီကနေ ရော်ဘာခြံတွေကို ဝယ်ပြီး ၅ ဦးစပ်၊ ၁၀ ဦးစပ် ဆိုပြီး တရားမဝင် သတ္ထုတွေ ခိုးတူးနေကြပါတယ်။ အဓိက Delco မိုင်းစီမံကိန်း အနီးရှိရွာများမှာ ဖြစ်တာပါ။ ဘာ နည်းပညာမှ မပါပဲ ဘက်ဖိုး ၁စီး ၂ စီးနဲ့ တူးနေတာမို့ သစ်တောတွေ ခုတ်၊ မြေတွေကလည်း မွထ နေတာ နေရာတွေ အဖွဲ့တွေကလည်း များတယ်။ သဘာဝ ပတ်ဝန်းကျင်ကတော့ ထိခိုက်တာ မကဘူး။ ပျက်ဆီးနေပါပြီ” ဟု တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက် ကျေးရွာအုပ်စုမှ ဒေသခံသတင်းရင်းမြစ်က ဆိုထားသည်။

အဆိုပါ ဒေသရှိ ခဲမဖြူ၊ အဖြိုက်နက်များ၌ ယူရေနီယမ်များ ပါရှိနေသည့်အတွက် ၎င်းခဲမဖြူ၊ အဖြိုက် နက်များကို တရားမဝင် ဝယ်ယူနေကြသည့် တရုတ်ဝယ်လက်များက တရုတ်ပြည်သို့ တိုက်ရိုက်မတင်ပို့ဘဲ ထိုင်းနိုင်ငံဘက်ကို မှောင်ခိုသယ်ယူကြပြီး၊ ထိုင်းမှတဆင့် တရုတ်သို့ ပို့နေကြကြောင်းလည်း သိရသည်။ ၎င်းသယံဇာတများ၌ မြေရှားသတ္ထုများလည်း ပါဝင်နေနိုင်ပါသည်။

ဤနေရာ၌ ထည့်သွင်းတင်ပြလိုသည်မှာ တရုတ်နိုင်ငံသည် ၎င်းနိုင်ငံ၌ ရှိနေသည့် မြေရှားများကို Reserved အနေဖြင့်ထားကာ မြန်မာနိုင်ငံကမြေရှားများကို တရားမဝင် ရောင်းချသူများထံက ဝယ်ယူသည့် ဖြစ်စဉ်များရှိနေကြောင်းလည်း ပညာရှင်များက ထောက်ပြခဲ့ကြဖူးပါသည်။

ထိုကဲ့သို့ ခိုးထုတ်နေကြသည့် ခဲမဖြူ၊ အဖြိုက်နက်များ၊ ယူရေနီယံများကို ဒေသခံရွာသားများက ဗဟုသု တနည်းပါးကြသည့်အတွက် ခဲဟုသာ သိထားကြခြင်းကြောင့် ရွာသားများ၏ ကျန်းမာရေးကိုလည်း များစွာထိခိုက်နိုင်ပြီး အန္တရာယ်အလွန်ကြီးမားကြောင်းလည်း သိရသည်။

“တောင်ပယရွာနဲ့ တခြားနေရာလေးတွေတော့ အများကြီးပါပဲ။ တနင်္သာရီက အထူးသဖြင့် ထားဝယ်၊ ဘုတ်ပြင်း၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်ထဲက ထွက်တဲ့ ခဲမဖြူ၊ အဖြိုက်နက်တွေမှာ ယူရေနီယမ်တွေပါ ပါနေတော့ အခုအခါ တရုတ်ဝယ်လက်တွေက တရုတ်ပြည်ကို တိုက်ရိုက် မတင်ပို့တော့ဘဲ ထိုင်းဘက်ကို မှောင်ခိုထုတ်၊ ထိုင်းမှာ သတ္ထုစမ်းသပ်စစ်ဆေးပြီးမှ တရုတ်ကို ပြန်တဆင့်ပို့နေကြတာပါ။ ဒေသခံတွေ အများစုက ယူရေနီယမ် ကိစ္စမသိကြဘူး။ အရပ်အခေါ် ခဲဆိုပြီး လုပ်နေတာ သူတို့အတွက်လည်း အရမ်း အန္တရာယ်များပါတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

မြန်မာနိုင်ငံသည် သယံဇာတ ကြွယ်ဝသလောက် သယံဇာတ ကျိန်စာသင့်ခြင်းကိုလည်း လွန်စွာတွေ့ကြုံရပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းကမှ BRICS အဖွဲ့ဝင်ဖြစ်သွားခဲ့သော အီသီယိုးပီးယားနိုင်ငံသည် ၎င်း၌ရှိနေသည့် စိန်တွင်းများကို FDI အကူအညီများဖြင့် ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်ယူခြင်းနှင့် ရောင်းချခြင်းများကို တရားဝင် လိုင်စင်များပေးကာ လုပ်ဆောင်လာခဲ့သည့်အတွက် ၂၀၂၀ ခုနှစ်မှစ၍ ၎င်း၏ GDP သည် တဖြည်းဖြည်းတိုးတက်လာကာ ယခုဆိုလျှင် လွန်စွာဆင်းရဲပါသည်ဟု မြန်မာများက သိထားခဲ့သော အီသီယိုးပီးယားသည် အာဖရိကတိုက်၌ GDP အမြင့်ဆုံး ငါးနိုင်ငံ စာရင်းထဲပင် ဝင်လာခဲ့ပါပြီ။

ခေတ်အဆက်ဆက် ကိုယ်ကျိုးစီးပွားများကိုသာ ကြည့်သည့် အစိုးရခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များကြောင့် မြန်မာနိုင်ငံသည် သယံဇာတ ကျိန်စာသင့်ကာ အီသီယိုးပီးယားထက်ပင် နောက်ကျနေပြီကို ပြည်သူများ၊ အစိုးရများ၊ ဌာနဆိုင်ရာများ သတိပြုသင့်ပါပြီ။

သို့ဖြစ်ပါ၍ ချထားပေးရန် လိုအပ်နေသည့် တရားဝင် လုပ်ငန်းလိုင်စင်များ၊ စမ်းသပ်ရှာဖွေခွင့်၊ တူးဖော်ခွင့်၊ ထုတ်ယူရောင်းချခွင့်များကို အမှန်တကယ် လုပ်ဆောင်မည့် နည်းပညာခိုင်မာသည့် နိုင်ငံခြားကုမ္ပဏီများနှင့် လုပ်ကိုင်မည့် ဖက်စပ်လုပ်ငန်းများကို ခွင့်ပြုပေးခြင်းဖြင့် တိုင်းပြည်ဘဏ္ဍာ တိုးပွားကာ၊ GDP လည်းတိုးလာမည်ဖြစ်ကာ ဒေသခံပြည်သူများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်လိမ့်မည့်အကြောင်း တင်ပြလိုက်ရပါသည်။

zawgyi version
EV အတြက္လိုအပ္သည့္ လစ္သီယမ္ ျမန္မာႏိုင္ငံတြင္ရွိေနၿပီး တရားဝင္ စမ္းသပ္ရွာေဖြထုတ္လုပ္ခြင့္ျပဳရန္သာ လိုအပ္ေန

ထြန္းမြန္သက္ (NP News) - ဩဂုတ္ ၂၇

လွ်ပ္စစ္ကား ဘတၳရီမ်ား ထုတ္လုပ္ရန္အတြက္ လိုအပ္သည့္ Lithium သတၳဳမ်ားကို ျမန္မာႏိုင္ငံတြင္ ထုတ္ယူရရွိႏိုင္ၿပီး တရားဝင္ ရွာေဖြခြင့္ႏွင့္ ထုတ္လုပ္ခြင့္ျပဳရန္လိုအပ္ေနေၾကာင္း သိရသည္။ ထိုသို႔မဟုတ္လွ်င္ တရားမဝင္ တူးေဖာ္ေရာင္းခ်မႈမ်ားေၾကာင့္ တိုင္းျပည္အတြက္ မ်ားစြာနစ္နာလ်က္ရွိေန သည္။

သဘာဝ သယံဇာတ လြန္စြာေပါႂကြယ္ဝသည့္ ျမန္မာႏိုင္ငံတြင္ ေရသယံဇာတ၊ ေျမသယံဇာတမ်ားအျပင္ သဘာဝဓါတ္ေငြ႕၊ ေရနံမွစ၍ ေျမရွားသတၳဳမ်ား၊ ယူေရနီယမ္ႏွင့္ လစ္သီယမ္ အစရွိသည့္ တန္ဖိုးႀကီး သယံဇာတမ်ားပင္ရွိေနကာ တရားဝင္ ရွာေဖြခြင့္၊ တူးေဖာ္ခြင့္ႏွင့္ ထုတ္လုပ္ခြင့္ လိုင္စင္မ်ား ၾကန႔္ၾကာေနျခင္းေၾကာင့္ တရားမဝင္ တူးေဖာ္ေရာင္းခ်သူမ်ား လက္ထဲ၌ ထိုကဲ့သို႔ေသာ တန္ဖိုးႀကီး သယံဇာတမ်ား ဆုံးရႈံးေနသည္မွာ လြန္စြာႏွေျမာစရာ ေကာင္းလွသည္။

ပို၍ဆိုးသည္မွာ ယခုကဲ့သို႔ေသာ တိုင္းျပည္အေျခအေန ထိလြယ္ရွလြယ္သည့္ ကာလမ်ိဳး၌ အဆိုပါ တရားမဝင္ တူးေဖာ္ေရာင္းခ်ရာမွ ရရွိလာေသာ ေငြေၾကးမ်ားသည္ တိုင္းျပည္ဘ႑ာအခြန္ေငြမ်ား ျဖစ္မလာသည့္အျပင္ အၾကမ္းဖက္သမားမ်ားကို ေထာက္ပံ့သည့္ terrorism financing ျဖစ္သြားၿပီး ႏိုင္ငံကို ျပန္၍ ဒုကၡေပးမည့္ ေငြေၾကးမ်ား ျဖစ္လာၾကသည္။

ျမန္မာႏိုင္ငံအေနျဖင့္ လွ်ပ္စစ္ကားတင္သြင္း ထုတ္လုပ္ျခင္းကို အားေပးျမႇင့္တင္ေနသည့္ ယခုကာလတြင္ လွ်ပ္စစ္ကား၏ အဓိကအစိတ္အပိုင္းျဖစ္သည့္ ဘတၳရီအတြက္လိုအပ္သည့္ Lithium သည္ ျမန္မာႏိုင္ငံ၌ ရွိေနေၾကာင္းသိရသည္။

တနသၤာရီတိုင္းေဒသႀကီး၌ ထားဝယ္၊ ေရျဖဴ၊ ဘုတ္ျပင္း၊ ကံေဘာက္ ေဒသမ်ား၌ရွိသည့္ granite ေက်ာက္ အမ်ိဳးအစားမ်ားထဲ၌ Lithium မ်ားရွိေနၿပီး ၎ကို စီးပြားျဖစ္ ရွာေဖြထုတ္လုပ္ႏိုင္ရန္အတြက္ အဆင့္ျမင့္သည့္ နည္းပညာမ်ား ရွိရန္လိုအပ္ေနေၾကာင္း၊ ထိုကဲ့သို႔ ရွာေဖြစမ္းသပ္မည့္ အဆင့္ျမင့္နည္းပညာမ်ားကို granite ေက်ာက္မွ Lithium ရွာေဖြထုတ္လုပ္ျခင္းကို လုပ္ေဆာင္ဖူးသည့္ အေတြ႕အႀကဳံရွိသည့္ ႏိုင္ငံျခားကုမၸဏီမ်ားကသာ လုပ္ေဆာင္ႏိုင္ေၾကာင္းလည္း သိရသည္။

တနသၤာရီတိုင္းေဒသႀကီးရွိ ေျမေၾကာေတာင္ေၾကာမ်ား၌ Lithium တင္မကဘဲ ေျမရွားသတၳဳမ်ားႏွင့္ န်ဴး ကလီးယားအေျချပဳ လွ်ပ္စစ္‌ဓါတ္အား ထုတ္ယူေရးအတြက္ အေရးပါသည့္ ယူေရနီယမ္မ်ားပင္ ရွိေနႏိုင္ေၾကာင္း ပညာရွင္မ်ားက အဆိုျပဳထားသည္ဟုလည္း သိရသည္။

တနသၤာရီတိုင္းေဒသႀကီး၏ ထားဝယ္၊ ဘုတ္ျပင္း၊ တနသၤာရီႏွင့္ ကြၽန္းစုၿမိဳ႕နယ္မ်ားက ထြက္ရွိသည့္ ခဲမျဖဴ၊ အၿဖိဳက္နက္မ်ား၌ ယူေရနီယမ္မ်ားပါေနေၾကာင္း၊ သို႔ေသာ္ ၎ခဲမျဖဴ၊ အၿဖိဳက္နက္မ်ားကို တရားမဝင္ ခိုးတူးသူမ်ားက ဘက္ဖိုးကားမ်ားကို အသုံးျပဳၿပီး သစ္ေတာမ်ားခုတ္ျခင္း၊ ေျမမ်ားကို အႀကီးစားတူးစြျခင္းမ်ားလုပ္ေဆာင္ၿပီး ခိုးတူးေနၾကေၾကာင္း ေျမျပင္သတင္းအခ်က္အလက္မ်ားအရ သိရသည္။

နည္းပညာ အကူအညီမပါဘဲ သစ္ေတာမ်ားခုတ္ျခင္း၊ ေျမမ်ားကို တူးစြျခင္းမ်ားေၾကာင့္ သဘာဝပတ္ဝန္း က်င္လည္း လြန္စြာပ်က္ဆီးပါသည္။ တရားမဝင္ တူးေဖာ္ထုတ္ယူျခင္းျဖစ္သည့္အတြက္ေၾကာင့္ လည္း ေကာင္း၊ ၎ေဒသမ်ားသည္ နယ္ေျမစိုးမိုးမႈ အားနည္းသည့္ ေနရာမ်ား ျဖစ္ေနျခင္းေၾကာင့္ လည္း ေကာင္း အထက္တြင္ဆိုခဲ့သည့္အတိုင္း သယံဇာတမ်ား ျပဳန္းတီးကုန္သည့္အျပင္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားထံ ေငြေၾကးစီးဝင္ေထာက္ပံ့မႈမ်ား ျဖစ္ေနပါသည္။

“အခုက ေဒသခံ႐ြာသားေတြ ဆီကေန ေရာ္ဘာၿခံေတြကို ဝယ္ၿပီး ၅ ဦးစပ္၊ ၁၀ ဦးစပ္ ဆိုၿပီး တရားမဝင္ သတၳဳေတြ ခိုးတူးေနၾကပါတယ္။ အဓိက Delco မိုင္းစီမံကိန္း အနီးရွိ႐ြာမ်ားမွာ ျဖစ္တာပါ။ ဘာ နည္းပညာမွ မပါပဲ ဘက္ဖိုး ၁စီး ၂ စီးနဲ႔ တူးေနတာမို႔ သစ္ေတာေတြ ခုတ္၊ ေျမေတြကလည္း မြထ ေနတာ ေနရာေတြ အဖြဲ႕ေတြကလည္း မ်ားတယ္။ သဘာဝ ပတ္ဝန္းက်င္ကေတာ့ ထိခိုက္တာ မကဘူး။ ပ်က္ဆီးေနပါၿပီ” ဟု တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္ ကံေပါက္ ေက်း႐ြာအုပ္စုမွ ေဒသခံသတင္းရင္းျမစ္က ဆိုထားသည္။

အဆိုပါ ေဒသရွိ ခဲမျဖဴ၊ အၿဖိဳက္နက္မ်ား၌ ယူေရနီယမ္မ်ား ပါရွိေနသည့္အတြက္ ၎ခဲမျဖဴ၊ အၿဖိဳက္ နက္မ်ားကို တရားမဝင္ ဝယ္ယူေနၾကသည့္ တ႐ုတ္ဝယ္လက္မ်ားက တ႐ုတ္ျပည္သို႔ တိုက္႐ိုက္မတင္ပို႔ဘဲ ထိုင္းႏိုင္ငံဘက္ကို ေမွာင္ခိုသယ္ယူၾကၿပီး၊ ထိုင္းမွတဆင့္ တ႐ုတ္သို႔ ပို႔ေနၾကေၾကာင္းလည္း သိရသည္။ ၎သယံဇာတမ်ား၌ ေျမရွားသတၳဳမ်ားလည္း ပါဝင္ေနႏိုင္ပါသည္။

ဤေနရာ၌ ထည့္သြင္းတင္ျပလိုသည္မွာ တ႐ုတ္ႏိုင္ငံသည္ ၎ႏိုင္ငံ၌ ရွိေနသည့္ ေျမရွားမ်ားကို Reserved အေနျဖင့္ထားကာ ျမန္မာႏိုင္ငံကေျမရွားမ်ားကို တရားမဝင္ ေရာင္းခ်သူမ်ားထံက ဝယ္ယူသည့္ ျဖစ္စဥ္မ်ားရွိေနေၾကာင္းလည္း ပညာရွင္မ်ားက ေထာက္ျပခဲ့ၾကဖူးပါသည္။

ထိုကဲ့သို႔ ခိုးထုတ္ေနၾကသည့္ ခဲမျဖဴ၊ အၿဖိဳက္နက္မ်ား၊ ယူေရနီယံမ်ားကို ေဒသခံ႐ြာသားမ်ားက ဗဟုသု တနည္းပါးၾကသည့္အတြက္ ခဲဟုသာ သိထားၾကျခင္းေၾကာင့္ ႐ြာသားမ်ား၏ က်န္းမာေရးကိုလည္း မ်ားစြာထိခိုက္ႏိုင္ၿပီး အႏၲရာယ္အလြန္ႀကီးမားေၾကာင္းလည္း သိရသည္။

“ေတာင္ပယ႐ြာနဲ႔ တျခားေနရာေလးေတြေတာ့ အမ်ားႀကီးပါပဲ။ တနသၤာရီက အထူးသျဖင့္ ထားဝယ္၊ ဘုတ္ျပင္း၊ တနသၤာရီနဲ႔ ကြၽန္းစုၿမိဳ႕နယ္ထဲက ထြက္တဲ့ ခဲမျဖဴ၊ အၿဖိဳက္နက္ေတြမွာ ယူေရနီယမ္ေတြပါ ပါေနေတာ့ အခုအခါ တ႐ုတ္ဝယ္လက္ေတြက တ႐ုတ္ျပည္ကို တိုက္႐ိုက္ မတင္ပို႔ေတာ့ဘဲ ထိုင္းဘက္ကို ေမွာင္ခိုထုတ္၊ ထိုင္းမွာ သတၳဳစမ္းသပ္စစ္ေဆးၿပီးမွ တ႐ုတ္ကို ျပန္တဆင့္ပို႔ေနၾကတာပါ။ ေဒသခံေတြ အမ်ားစုက ယူေရနီယမ္ ကိစၥမသိၾကဘူး။ အရပ္အေခၚ ခဲဆိုၿပီး လုပ္ေနတာ သူတို႔အတြက္လည္း အရမ္း အႏၲရာယ္မ်ားပါတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

ျမန္မာႏိုင္ငံသည္ သယံဇာတ ႂကြယ္ဝသေလာက္ သယံဇာတ က်ိန္စာသင့္ျခင္းကိုလည္း လြန္စြာေတြ႕ႀကဳံရပါသည္။

လြန္ခဲ့သည့္ ရက္ပိုင္းကမွ BRICS အဖြဲ႕ဝင္ျဖစ္သြားခဲ့ေသာ အီသီယိုးပီးယားႏိုင္ငံသည္ ၎၌ရွိေနသည့္ စိန္တြင္းမ်ားကို FDI အကူအညီမ်ားျဖင့္ ရွာေဖြျခင္း၊ တူးေဖာ္ျခင္း၊ ထုတ္ယူျခင္းႏွင့္ ေရာင္းခ်ျခင္းမ်ားကို တရားဝင္ လိုင္စင္မ်ားေပးကာ လုပ္ေဆာင္လာခဲ့သည့္အတြက္ ၂၀၂၀ ခုႏွစ္မွစ၍ ၎၏ GDP သည္ တျဖည္းျဖည္းတိုးတက္လာကာ ယခုဆိုလွ်င္ လြန္စြာဆင္းရဲပါသည္ဟု ျမန္မာမ်ားက သိထားခဲ့ေသာ အီသီယိုးပီးယားသည္ အာဖရိကတိုက္၌ GDP အျမင့္ဆုံး ငါးႏိုင္ငံ စာရင္းထဲပင္ ဝင္လာခဲ့ပါၿပီ။

ေခတ္အဆက္ဆက္ ကိုယ္က်ိဳးစီးပြားမ်ားကိုသာ ၾကည့္သည့္ အစိုးရေခါင္းေဆာင္မ်ား၊ ဌာနဆိုင္ရာ ပုဂၢိဳလ္မ်ားေၾကာင့္ ျမန္မာႏိုင္ငံသည္ သယံဇာတ က်ိန္စာသင့္ကာ အီသီယိုးပီးယားထက္ပင္ ေနာက္က်ေနၿပီကို ျပည္သူမ်ား၊ အစိုးရမ်ား၊ ဌာနဆိုင္ရာမ်ား သတိျပဳသင့္ပါၿပီ။

သို႔ျဖစ္ပါ၍ ခ်ထားေပးရန္ လိုအပ္ေနသည့္ တရားဝင္ လုပ္ငန္းလိုင္စင္မ်ား၊ စမ္းသပ္ရွာေဖြခြင့္၊ တူးေဖာ္ခြင့္၊ ထုတ္ယူေရာင္းခ်ခြင့္မ်ားကို အမွန္တကယ္ လုပ္ေဆာင္မည့္ နည္းပညာခိုင္မာသည့္ ႏိုင္ငံျခားကုမၸဏီမ်ားႏွင့္ လုပ္ကိုင္မည့္ ဖက္စပ္လုပ္ငန္းမ်ားကို ခြင့္ျပဳေပးျခင္းျဖင့္ တိုင္းျပည္ဘ႑ာ တိုးပြားကာ၊ GDP လည္းတိုးလာမည္ျဖစ္ကာ ေဒသခံျပည္သူမ်ား အတြက္လည္း အလုပ္အကိုင္ အခြင့္အလမ္းမ်ားကို အမွန္တကယ္ ေဖာ္ေဆာင္ေပးႏိုင္လိမ့္မည့္အေၾကာင္း တင္ျပလိုက္ရပါသည္။

Related news

© 2021. All rights reserved.