ရုရှားနိုင်ငံတွင် iPhone တင်သွင်းမှုများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း Vedomosti သတင်းစာဖော်ပြ

 703

Pika (NP News) - စက်တင်ဘာ ၁

ရုရှား၏ iPhone တင်သွင်းမှုများသည် ယခုနှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့ပြီး ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက် နှင့် ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်နှိုင်းယှဉ်မည်ဆိုပါက (၁၅)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း analytical center GS Group ၏ အချက်အလက်များကို ကိုးကားပြီး Vedomosti သတင်းစာက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံသို့ ယခုနှစ် နှစ်ဝက်အတွင်း Apple ၏ထုတ်ကုန်ပေါင်း(၁ ဒသမ ၁) သန်းခန့် တင်သွင်းခဲ့ကြောင်း Vedomosti သတင်းစာက ဖော်ပြထားသည်။ အစီရင်ခံစာအရ အဆိုပါအရောင်းပမာဏသည် ရူဘယ် (၁ဝ၅ ဒသမ ၇) ဘီလျံခန့် ရှိကြောင်း သိရသည်။

ငွေကြေးအရ ရုရှားနိုင်ငံဈေးကွက်တွင် Apple ထုတ်ကုန်များသည် (၃၄)ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး တရုတ်၏ Xiaomi က (၁၉)ရာခိုင်နှုန်းနှင့် တောင်ကိုရီးယား၏ Samsung က (၁၆)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

သို့သော်လည်း ယူနစ်သတ်မှတ်ချက်များအရ တရုတ်နိုင်ငံထုတ် Xiaomi ၏ ဈေးကွက်ရှယ်ယာ (၂၇ ဒသမ ၉) ရာခိုင်နှုန်း နှင့် တောင်ကိုရီးယားနိုင်ငံထုတ် Samsung ၏ ဈေးကွက်ရှယ်ယာ(၁၆)ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်မည်ဆို ပါက ဝယ်လိုအားကျဆင်းမှုများနှင့်အတူ Apple smartphones များ၏ ဈေးကွက်ရှယ်ယာသည် (၉)ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရုရှားဈေးကွက်ရှယ်ယာတွင် တရုတ်ထုတ် Realmi သည် (၁၂ ဒသမ ၁) ရာခိုင်နှုန်းရှိပြီး Tecno သည် (၁ဝ ဒသမ ၄) ရာခိုင်နှုန်းရှိကာ Apple smartphones များ၏ ဈေးကွက်ရှယ်ယာက အနည်းဆုံးဖြစ်နေ ကြောင်း သိရသည်။ ၂ဝ၂၃ ခုနှစ် ပထမခြောက်လအတွင်း ရုရှားနိုင်ငံသို့တင်သွင်းသော iPhone အရေအတွက်သည် ပိတ်ဆို့ အရေးယူမှု ချမှတ်မခံရမီ ၂ဝ၂၁ ခုနှစ်က တင်သွင်းသည့်အလုံးရေထက် တစ်သန်းလျော့နည်းခဲ့ကြောင်း စာရင်းအင်း အချက်အလက်များအရ သိရသည်။

ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်မတ်လတွင် Apple ကုမ္ပဏီသည် ရုရှားတွင် iPhone နှင့် အခြား ထုတ်ကုန်များရောင်းချခြင်းကို ရပ်တန့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် ဧပြီလတွင် Apple ကုမ္ပဏီသည် ရုရှားနိုင်ငံအတွင်းတွင် Macs နှင့် iPad များအတွက် အာမခံဝန်ဆောင်မှုပေးခြင်းကိုလည်း ရပ်တန့်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
႐ုရွားႏိုင္ငံတြင္ iPhone တင္သြင္းမႈမ်ား ျပန္လည္ျမင့္တက္လာခဲ့ေၾကာင္း Vedomosti သတင္းစာေဖာ္ျပ
Pika (NP News) - စက္တင္ဘာ ၁

႐ုရွား၏ iPhone တင္သြင္းမႈမ်ားသည္ ယခုႏွစ္အတြင္း ပိုမိုျမင့္တက္လာခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္ ပထမႏွစ္ဝက္ ႏွင့္ ၿပီးခဲ့သည့္ႏွစ္ ပထမႏွစ္ဝက္ႏႈိင္းယွဥ္မည္ဆိုပါက (၁၅)ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ေၾကာင္း analytical center GS Group ၏ အခ်က္အလက္မ်ားကို ကိုးကားၿပီး Vedomosti သတင္းစာက ေဖာ္ျပခဲ့သည္။

႐ုရွားႏိုင္ငံသို႔ ယခုႏွစ္ ႏွစ္ဝက္အတြင္း Apple ၏ထုတ္ကုန္ေပါင္း(၁ ဒသမ ၁) သန္းခန႔္ တင္သြင္းခဲ့ေၾကာင္း Vedomosti သတင္းစာက ေဖာ္ျပထားသည္။ အစီရင္ခံစာအရ အဆိုပါအေရာင္းပမာဏသည္ ႐ူဘယ္ (၁ဝ၅ ဒသမ ၇) ဘီလ်ံခန႔္ ရွိေၾကာင္း သိရသည္။

ေငြေၾကးအရ ႐ုရွားႏိုင္ငံေဈးကြက္တြင္ Apple ထုတ္ကုန္မ်ားသည္ (၃၄)ရာခိုင္ႏႈန္းျဖင့္ ဦးေဆာင္ေနၿပီး တ႐ုတ္၏ Xiaomi က (၁၉)ရာခိုင္ႏႈန္းႏွင့္ ေတာင္ကိုရီးယား၏ Samsung က (၁၆)ရာခိုင္ႏႈန္း ရွိေၾကာင္း သိရသည္။

သို႔ေသာ္လည္း ယူနစ္သတ္မွတ္ခ်က္မ်ားအရ တ႐ုတ္ႏိုင္ငံထုတ္ Xiaomi ၏ ေဈးကြက္ရွယ္ယာ (၂၇ ဒသမ ၉) ရာခိုင္ႏႈန္း ႏွင့္ ေတာင္ကိုရီးယားႏိုင္ငံထုတ္ Samsung ၏ ေဈးကြက္ရွယ္ယာ(၁၆)ရာခိုင္ႏႈန္း ႏွင့္ ႏႈိင္းယွဥ္မည္ဆို ပါက ဝယ္လိုအားက်ဆင္းမႈမ်ားႏွင့္အတူ Apple smartphones မ်ား၏ ေဈးကြက္ရွယ္ယာသည္ (၉)ရာခိုင္ႏႈန္းထိ က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ႐ုရွားေဈးကြက္ရွယ္ယာတြင္ တ႐ုတ္ထုတ္ Realmi သည္ (၁၂ ဒသမ ၁) ရာခိုင္ႏႈန္းရွိၿပီး Tecno သည္ (၁ဝ ဒသမ ၄) ရာခိုင္ႏႈန္းရွိကာ Apple smartphones မ်ား၏ ေဈးကြက္ရွယ္ယာက အနည္းဆုံးျဖစ္ေန ေၾကာင္း သိရသည္။ ၂ဝ၂၃ ခုႏွစ္ ပထမေျခာက္လအတြင္း ႐ုရွားႏိုင္ငံသို႔တင္သြင္းေသာ iPhone အေရအတြက္သည္ ပိတ္ဆို႔ အေရးယူမႈ ခ်မွတ္မခံရမီ ၂ဝ၂၁ ခုႏွစ္က တင္သြင္းသည့္အလုံးေရထက္ တစ္သန္းေလ်ာ့နည္းခဲ့ေၾကာင္း စာရင္းအင္း အခ်က္အလက္မ်ားအရ သိရသည္။

ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး ၿပီးခဲ့သည့္မတ္လတြင္ Apple ကုမၸဏီသည္ ႐ုရွားတြင္ iPhone ႏွင့္ အျခား ထုတ္ကုန္မ်ားေရာင္းခ်ျခင္းကို ရပ္တန႔္ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ၿပီးခဲ့သည့္ ဧၿပီလတြင္ Apple ကုမၸဏီသည္ ႐ုရွားႏိုင္ငံအတြင္းတြင္ Macs ႏွင့္ iPad မ်ားအတြက္ အာမခံဝန္ေဆာင္မႈေပးျခင္းကိုလည္း ရပ္တန႔္ခဲ့ေၾကာင္းလည္း သိရသည္။

Picture

L Mone

01/09/2023 08:37

I.....ကတော့....I...အိုင်ပါပဲ....ဗျာ.....ရုရှားကတော့.....လည်း...ရုရှားပါပဲ....အမေရိကန်ထက်.....ဗြိတိန်ကို....ပဲ....ဖဲ့ရမှာပါ.....

Picture

L Mone

01/09/2023 08:40

ဗြိတိန်.....က...ရုရှားရဲ့...အနောက်ချမ်းနဲ့နီးပြီးတော့...အမေရိကန်က...အရှေ့ချမ်းနဲ့ နီးနေတဲ့အတွက်.....တပြိုင်တည်းထွက်တိုက်မှာဖြစိပါတယ်.....တရုတ်တွေ အိန္ဒိယ.ဒိတွေကို....ခေါ်မွေးစားရင်...ကောင်းပါတယ်...

Related news

© 2021. All rights reserved.