မြောင်းမြမြို့၌ ကားနှင့်ဆိုင်ကယ်တို့ ယာဥ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး

 955

သန့်ဇင်(NP News) - စက်တင်ဘာ ၃

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ကုမ္ပဏီကားနှင့် ဆိုင်ကယ်တို့တိုက်မိရာမှ ဆိုင်ကယ်ယာဉ်မောင်း အမျိုးသားပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အေးမြဖြူစင်(ဇီဝိတဒါန) သွေးအလှူရှင်အသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂ရက်)၊ ညနေ ၄ နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ ကညင်ကိုင်းကျေးရွာအကွေ့၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တိုက်တာတော့ဘယ်လိုကြောင့်တိုက်လဲဆိုတာတော့ မသိဘူး။ ကားနဲ့ဆိုင်ကယ်က ကညင်ကိုင်းရွာအကွေ့က ညောင်ပင်ကြီးအောက်မှာ တိုက်ကြတာပါ” ဟု အေးမြဖြူစင်(ဇီဝိတဒါန)သွေးအလှူရှင်အသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၂၅)ဝန်းကျင် ဆိုင်ကယ်ယာဉ်မောင်းနှင်သည့် အမျိုးသားသည် အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကားပေါ်မှ အမျိုးသားတစ်ဦး လက်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားကတော့ ကုမ္ပဏီကားပါ။ ဘယ်လိုဖြစ်ပြီးကားမှောက်သွားလဲတော့ မသိရပါဘူး။ တိုက်တော့ ဆိုင်ကယ်သမားက ပွဲချင်းပြီးဆုံးတယ်။ ပြီးတော့ကားပေါ်က တစ်ယောက်က လက်ကျိုးသွားတယ်ပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့သည့် အမျိုသားနှင့် ဒဏ်ရာရှိသူတို့အား မြောင်းမြမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေျမာင္းျမၿမိဳ႕၌ ကားႏွင့္ဆိုင္ကယ္တို႔ ယာဥ္တိုက္မႈျဖစ္ပြားရာမွ ဆိုင္ကယ္ေမာင္းသူ ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News) - စက္တင္ဘာ ၃

ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕နယ္တြင္ ႔္ကုမၸဏီကားႏွင့္ ဆိုင္ကယ္တို႔တိုက္မိရာမွ ဆိုင္ကယ္ယာဥ္ေမာင္း အမ်ိဳးသားပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေအးျမျဖဴစင္(ဇီဝိတဒါန) ေသြးအလႉရွင္အသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၂ရက္)၊ ညေန ၄ နာရီအခ်ိန္တြင္ ေျမာင္းျမၿမိဳ႕နယ္၊ ကညင္ကိုင္းေက်း႐ြာအေကြ႕၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“တိုက္တာေတာ့ဘယ္လိုေၾကာင့္တိုက္လဲဆိုတာေတာ့ မသိဘူး။ ကားနဲ႔ဆိုင္ကယ္က ကညင္ကိုင္း႐ြာအေကြ႕က ေညာင္ပင္ႀကီးေအာက္မွာ တိုက္ၾကတာပါ” ဟု ေအးျမျဖဴစင္(ဇီဝိတဒါန)ေသြးအလႉရွင္အသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္(၂၅)ဝန္းက်င္ ဆိုင္ကယ္ယာဥ္ေမာင္းႏွင္သည့္ အမ်ိဳးသားသည္ အခင္းျဖစ္ပြားရာေနရာ၌ပင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ကားေပၚမွ အမ်ိဳးသားတစ္ဦး လက္က်ိဳးဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

“ကားကေတာ့ ကုမၸဏီကားပါ။ ဘယ္လိုျဖစ္ၿပီးကားေမွာက္သြားလဲေတာ့ မသိရပါဘူး။ တိုက္ေတာ့ ဆိုင္ကယ္သမားက ပြဲခ်င္းၿပီးဆုံးတယ္။ ၿပီးေတာ့ကားေပၚက တစ္ေယာက္က လက္က်ိဳးသြားတယ္ေပါ့” ဟု ၎ကဆက္လက္ေျပာသည္။

ယာဥ္တိုက္မႈျဖစ္စဥ္အတြင္း ေသဆုံးသြားခဲ့သည့္ အမ်ိဳသားႏွင့္ ဒဏ္ရာရွိသူတို႔အား ေျမာင္းျမၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.