ဂရင်းလန်နယ်မြေမှာ လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံး

 157

Pika (NP News) - အောက်တိုဘာလ ၂၉

ကနေဒါနိုင်ငံက ထွက်ခွါလာတဲ့ လေယာဉ်တစ်စင်းဟာ ဂရင်းလန်းနယ်မြေမှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မှူးတစ်ဦးပဲလိုက်ပါလာတဲ့ လေယာဉ်ငယ်လေးဟာ ဂရင်းလန်းနယ်မြေ Nuuk မြို့ မြောက်ဘက်မှာရှိတဲ့ Sermitsiaq ကျွန်းပေါ်မှာပျံသန်းနေစဉ်အချိန်အတွင်း ရေဒါပေါ်ကနေ ပျောက်ကွယ်သွားခဲ့တယ်လို့ ဒိန်းမတ်လေဆိပ်အာဏာပိုင်အဖွဲ့ Naviair က ပြောကြားခဲ့ပါတယ်။ Naviair က “ဒီနေ့မနက်မှာပဲ လေယာဉ်ပျက်ကျရာနေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လေယာဉ်မှူးလည်း သေဆုံးသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
လေယာဉ်ပျက်ကျရာနေရာဟာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ဖို့ ခက်ခဲတဲ့နေရာတစ်ခုဖြစ်တာကြောင့် နောက်ထပ်ဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂရင်းလန်းရဲတပ်ဖွဲ့တာဝန်ရှိသူ Brian Thomsen က “လေယာဉ်ပျက်ကျရာနေရာကို Sermitsiaq တောင်ပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီနေရာဟာ သွားရောက်ဖို့ ခက်ခဲတဲ့နေရာ ဖြစ်တာကြောင့် နောက်ထပ်ဆောင်ရွက်မှုတွေတော့ လုပ်ဆောင်လို့မရသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂရင္းလန္နယ္ေျမမွာ ေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့ၿပီး ေလယာဥ္မႉး ေသဆုံး
Pika (NP News) - ေအာက္တိုဘာလ ၂၉
ကေနဒါႏိုင္ငံက ထြက္ခြါလာတဲ့ ေလယာဥ္တစ္စင္းဟာ ဂရင္းလန္းနယ္ေျမမွာ ပ်က္က်ခဲ့တာေၾကာင့္ ေလယာဥ္မႉး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ေလယာဥ္မႉးတစ္ဦးပဲလိုက္ပါလာတဲ့ ေလယာဥ္ငယ္ေလးဟာ ဂရင္းလန္းနယ္ေျမ Nuuk ၿမိဳ႕ ေျမာက္ဘက္မွာရွိတဲ့ Sermitsiaq ကြၽန္းေပၚမွာပ်ံသန္းေနစဥ္အခ်ိန္အတြင္း ေရဒါေပၚကေန ေပ်ာက္ကြယ္သြားခဲ့တယ္လို႔ ဒိန္းမတ္ေလဆိပ္အာဏာပိုင္အဖြဲ႕ Naviair က ေျပာၾကားခဲ့ပါတယ္။ Naviair က “ဒီေန႔မနက္မွာပဲ ေလယာဥ္ပ်က္က်ရာေနရာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ေလယာဥ္မႉးလည္း ေသဆုံးသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေလယာဥ္ပ်က္က်ရာေနရာဟာ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြ သြားေရာက္ဖို႔ ခက္ခဲတဲ့ေနရာတစ္ခုျဖစ္တာေၾကာင့္ ေနာက္ထပ္ေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ အခက္အခဲေတြရွိေနတယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဂရင္းလန္းရဲတပ္ဖြဲ႕တာဝန္ရွိသူ Brian Thomsen က “ေလယာဥ္ပ်က္က်ရာေနရာကို Sermitsiaq ေတာင္ေပၚမွာ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီေနရာဟာ သြားေရာက္ဖို႔ ခက္ခဲတဲ့ေနရာ ျဖစ္တာေၾကာင့္ ေနာက္ထပ္ေဆာင္႐ြက္မႈေတြေတာ့ လုပ္ေဆာင္လို႔မရေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.