တူနီးရှားကမ်းလွန်မှာ သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ရာ အနည်းဆုံးလူ(၄ဝ)ဦး သေဆုံး

165

Pika (NP News) - အောက်တိုဘာ ၂၆
တူနီးရှားမာဒီယာကမ်းလွန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေတင်ဆောင်လာတဲ့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ အနည်းဆုံးလူ(၄၀)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၀)ဦးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသအတွင်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
sub-Saharan ဒေသ ရွှေ့ပြောင်းအလုပ်သမား(၇၀)ဦးကို တင်ဆောင်လာတဲ့သင်္ဘောဟာ မာဒီယာပြည်နယ် Salakta မြို့အနီးမှာ တိမ်းမှောက်နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သင်္ဘောတိမ်းမှောက်နစ်မြုပ်မှု အတွင်း ရေနစ်သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသအတွင်း သတင်းဌာနက တစ်ခုက ရေးသားဖော်ပြခဲ့ပါတယ်။
သင်္ဘောနစ်မြုပ်တဲ့သတင်းကိုရရှိပြီးနောက် တူနီးရှားကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရေတပ်ယူနစ်တွေဟာ နစ်မြုပ်ရာ နေရာကို ချက်ချင်းသွားရောက်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကယ်ဆယ်ရေးနဲ့ ရုပ်အလောင်းတွေ ဆယ်ယူရေးကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်နေတယ်လို့ လည်း မာဒီယာပြည်နယ်အစိုးရရှေ့နေရုံးတစ်ရုံးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရွှေ့ပြောင်းအလုပ်သမား(၇၀)ဦးကို တင်ဆောင်လာတဲ့သင်္ဘောဟာ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပကိုရောက်ရှိ ဖို့ ကြိုးပမ်းစဉ်အချိန်အတွင်း ယခုလိုတိမ်းမှောက်နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တူနီးရွားကမ္းလြန္မွာ သေဘၤာတစ္စီးနစ္ျမဳပ္ခဲ့ရာ အနည္းဆုံးလူ(၄ဝ)ဦး ေသဆုံး
Pika (NP News) - ေအာက္တိုဘာ ၂၆
တူနီးရွားမာဒီယာကမ္းလြန္မွာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြတင္ေဆာင္လာတဲ့သေဘၤာတစ္စီး နစ္ျမဳပ္ခဲ့ရာ အနည္းဆုံးလူ(၄၀)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃၀)ဦးကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ေဒသအတြင္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
sub-Saharan ေဒသ ေ႐ႊ႕ေျပာင္းအလုပ္သမား(၇၀)ဦးကို တင္ေဆာင္လာတဲ့သေဘၤာဟာ မာဒီယာျပည္နယ္ Salakta ၿမိဳ႕အနီးမွာ တိမ္းေမွာက္နစ္ျမဳပ္သြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ သေဘၤာတိမ္းေမွာက္နစ္ျမဳပ္မႈ အတြင္း ေရနစ္ေသဆုံးခဲ့သူေတြထဲမွာ အမ်ိဳးသမီးေတြနဲ႔ကေလးငယ္ေတြလည္း ပါဝင္တယ္လို႔ ေဒသအတြင္း သတင္းဌာနက တစ္ခုက ေရးသားေဖာ္ျပခဲ့ပါတယ္။
သေဘၤာနစ္ျမဳပ္တဲ့သတင္းကိုရရွိၿပီးေနာက္ တူနီးရွားကမ္းေျခေစာင့္တပ္ဖြဲ႕နဲ႔ ေရတပ္ယူနစ္ေတြဟာ နစ္ျမဳပ္ရာ ေနရာကို ခ်က္ခ်င္းသြားေရာက္ခဲ့ၿပီး အသက္ရွင္က်န္ရစ္သူေတြကယ္ဆယ္ေရးနဲ႔ ႐ုပ္အေလာင္းေတြ ဆယ္ယူေရးကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈတစ္ခုကို လုပ္ေဆာင္ေနတယ္လို႔ လည္း မာဒီယာျပည္နယ္အစိုးရေရွ႕ေန႐ုံးတစ္႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေ႐ႊ႕ေျပာင္းအလုပ္သမား(၇၀)ဦးကို တင္ေဆာင္လာတဲ့သေဘၤာဟာ ေျမထဲပင္လယ္ကိုျဖတ္ၿပီး ဥေရာပကိုေရာက္ရွိ ဖို႔ ႀကိဳးပမ္းစဥ္အခ်ိန္အတြင္း ယခုလိုတိမ္းေမွာက္နစ္ျမဳပ္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။