မီးနီဖြတ်မောင်းသည့်အောက်ဆိုက်ကားအရှိန်လွန် တိမ်းမှောက်မှုကြောင့် လူ(၁) ဦးသေဆုံး

 2043

သက်ပိုင် (NP News) - အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ်တွင် ယနေ့ (အောက်တိုဘာ ၂၅ ရက်) ၊ နံနက် (၈)နာရီခွဲ အချိန်ခန့်က မီးနီးဖြတ်မောင်းသည့် အောက်ဆိုက်ကားတစ်စီး အရှိန်လွန်ကာ တိမ်းမှောက်မှုကြောင့် လူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်တွင် မီးနီဖြတ်မောင်းသည့် TOWNACE အောက်ဆိုက်ကားတစ်စီးသည် မီးနီဖြတ်မောင်စဉ် လမ်းမှန်အတိုင်း မောင်းနှင်သည့် Taxi ကားကိုရှောင်တိမ်းရာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
“မီးပွိုင့်စိမ်းနေလို့ Taxi ကသူ့လမ်းကို သူမောင်းတာ။ အောက်ဆိုက်ကားက မီးနီကိုမှ အရှိန်လွန်လာပြီးတော့ Taxi ကို ပွတ်မိမလိုဖြစ်သွားပြီးတော့ ညာဘက်အခြမ်းကို မှောက်သွားတယ်။ ဘေးတိုက်ကြီးနဲ့ ညာဘက်အခြမ်းမှာရှိတဲ့ဓာတ်တိုင်နဲ့ ပလက်ဖောင်းကို ဝင်တိုက်ပြီးတော့မှ ရပ်သွားတာ” ဟု အဆိုပါ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူက ဆိုသည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ပါဝင်သူ (၇) ဦးအနက် (၁) ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ဆုံးပါးသွားခဲ့ပြီး (၂) ဦးမှာ အခြေအနေ စိုးရိမ်ရကာ (၄) ဦးမှာ မစိုးရရိမ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦး သိရသည်ဟု ၎င်းက ဆိုသည်။
“တစ်ယောက်ကတော့ နေရာမှာပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်ဆိုရင် ICU ထဲကို တန်းရောက်သွားတယ်။ နောက်တစ်ယောက်ဆိုရင်လည်း အနီရောင်အဆင့် ဒဏ်ရာရသွားတယ်။ ကျန်လေးဦးကတော့ အဝါရောင်အဆင့်ဆိုပေမယ့် အားလုံးက ခေါင်းကိုထိထားတော့ ဘယ်လိုလာမလဲတော့ မသိသေးဘူး ”ဟု ၎င်းက ရှင်းပြသည်။
ဆေးဆုံးသူနှင့် ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းများနှင့် ကျောက်တံတားမီးသတ်အဖွဲ့တို့မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
မီးနီျဖတ္ေမာင္းသည့္ေအာက္ဆိုက္ကားအရွိန္လြန္ တိမ္းေမွာက္မႈေၾကာင့္ လူ(၁) ဦးေသဆုံး
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၂၅
ရန္ကုန္တိုင္းေဒသႀကီး ၊ ေက်ာက္တံတားၿမိဳ႕နယ္တြင္ ယေန႔ (ေအာက္တိုဘာ ၂၅ ရက္) ၊ နံနက္ (၈)နာရီခြဲ အခ်ိန္ခန႔္က မီးနီးျဖတ္ေမာင္းသည့္ ေအာက္ဆိုက္ကားတစ္စီး အရွိန္လြန္ကာ တိမ္းေမွာက္မႈေၾကာင့္ လူတစ္ဦး ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေက်ာက္တံတားၿမိဳ႕နယ္၊ ဗိုလ္ေအာင္ေက်ာ္လမ္းႏွင့္ မဟာဗႏၶဳလလမ္းေဒါင့္ မီးပြိဳင့္တြင္ မီးနီျဖတ္ေမာင္းသည့္ TOWNACE ေအာက္ဆိုက္ကားတစ္စီးသည္ မီးနီျဖတ္ေမာင္စဥ္ လမ္းမွန္အတိုင္း ေမာင္းႏွင္သည့္ Taxi ကားကိုေရွာင္တိမ္းရာ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးတြင္ တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း လူမႈကူညီေရးအသင္းတာဝန္ရွိသူတစ္ဦးက ေျပာသည္။
“မီးပြိဳင့္စိမ္းေနလို႔ Taxi ကသူ႔လမ္းကို သူေမာင္းတာ။ ေအာက္ဆိုက္ကားက မီးနီကိုမွ အရွိန္လြန္လာၿပီးေတာ့ Taxi ကို ပြတ္မိမလိုျဖစ္သြားၿပီးေတာ့ ညာဘက္အျခမ္းကို ေမွာက္သြားတယ္။ ေဘးတိုက္ႀကီးနဲ႔ ညာဘက္အျခမ္းမွာရွိတဲ့ဓာတ္တိုင္နဲ႔ ပလက္ေဖာင္းကို ဝင္တိုက္ၿပီးေတာ့မွ ရပ္သြားတာ” ဟု အဆိုပါ ကူညီကယ္ဆယ္ေရးေဆာင္႐ြက္ေပးခဲ့သူက ဆိုသည္။
ထိုသို႔ တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ ပါဝင္သူ (၇) ဦးအနက္ (၁) ဦးမွာ အခင္းျဖစ္ပြားရာ ေနရာတြင္ပင္ ဆုံးပါးသြားခဲ့ၿပီး (၂) ဦးမွာ အေျခအေန စိုးရိမ္ရကာ (၄) ဦးမွာ မစိုးရရိမ္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ကနဦး သိရသည္ဟု ၎က ဆိုသည္။
“တစ္ေယာက္ကေတာ့ ေနရာမွာပြဲခ်င္းၿပီး ဆုံးသြားတယ္။ တစ္ေယာက္ဆိုရင္ ICU ထဲကို တန္းေရာက္သြားတယ္။ ေနာက္တစ္ေယာက္ဆိုရင္လည္း အနီေရာင္အဆင့္ ဒဏ္ရာရသြားတယ္။ က်န္ေလးဦးကေတာ့ အဝါေရာင္အဆင့္ဆိုေပမယ့္ အားလုံးက ေခါင္းကိုထိထားေတာ့ ဘယ္လိုလာမလဲေတာ့ မသိေသးဘူး ”ဟု ၎က ရွင္းျပသည္။
ေဆးဆုံးသူႏွင့္ ဒဏ္ရာရရွိသူမ်ားကို လူမႈကူညီေရးအသင္းမ်ားႏွင့္ ေက်ာက္တံတားမီးသတ္အဖြဲ႕တို႔မွ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.