မန္တလေး၌ ဆိုင်ကယ်ပွဲစားတန်းဥက္ကဋ္ဌ ပစ်ခတ်လုပ်ကြံခံခဲ့ရ

 1573

သန့်ဇင်(NP News) - စက်တင်ဘာ ၃

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် အသက်(၆၀)အရွယ်ရှိ ဆိုင်ကယ်ပွဲစားတန်းဥက္ကဋ္ဌ သေနတ်ဖြင့်ပစ်ခတ် လုပ်ကြံခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂ရက်)၊ နံနက် ၇နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ် ကွက်၊ ၅၉လမ်း၊ ၁၁၀လမ်းနှင့်၁၁၁လမ်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူတစ်ဦးထံမှ သိရသည်။

“ပစ်ခတ်ခံရတာတော့ ဆိုင်ကယ်ပွဲစားတန်းမှာဗျ။ ဦးလေးကြီးက ဆိုင်ကယ်ပွဲစားတန်းက ဝိုင်းမှာထိုင်နေတုန်း အမျိုးသာ(၂)ယောက်က ဆိုင်ကယ်နဲ့လာပစ်သွားတာပါ” ဟု မြို့ခံပြည်သူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်ပွဲစားတန်းဥက္ကဋ္ဌ ဦးမော်ကြီးသည် ကျည်ထိမှန်ဒဏ်ရာ(၃)ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး အနီးနားရှိဈေးရောင်နေသည့် အသက်(၆၀)နှစ် ဝန်းကျင်အမျိုးသမီးတွင်လည်း ကျည်ထိမှန်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

“အပစ်ခံရတဲ့ဦးလေးကြီးက ပွဲစားလို့တော့သိရတယ်ဗျ။ သူနဲ့အတူ ဘေးနားက ဈေးရောင်းနေတဲ့ အဒေါ်ကြီးပါပစ်ခံရတာပါ။ ဦးလေးကြီးကတော့ ကျည်မှန်တာ(၃)(၄)ချက်လောက်ရှိတယ်။ ရင်ဘတ်ရယ်။ ကျောဘက်ရယ်နဲ့။ နဖူးမှာကတစ်ချက်ပေါ့နော်။ အဖွားကတော့ ပေါင်ကို တစ်ချက်မှန်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ပစ်ခက်မှုအတွင်း အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့သည့် အမျိုးသားနှင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးတစ်ဦးအား မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး ပစ်ခတ်မှုကျူးလွန်ခဲ့သည့် အမျိုးသား(၂)ဦးအား သက်ဆိုင်ရာက စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version
မႏၲေလး၌ ဆိုင္ကယ္ပြဲစားတန္းဥကၠ႒ ပစ္ခတ္လုပ္ႀကံခံခဲ့ရ

သန႔္ဇင္(NP News) - စက္တင္ဘာ ၃

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ အသက္(၆၀)အ႐ြယ္ရွိ ဆိုင္ကယ္ပြဲစားတန္းဥကၠ႒ ေသနတ္ျဖင့္ပစ္ခတ္ လုပ္ႀကံခံခဲ့ရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၂ရက္)၊ နံနက္ ၇နာရီခြဲအခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာရပ္ ကြက္၊ ၅၉လမ္း၊ ၁၁၀လမ္းႏွင့္၁၁၁လမ္းၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း ၿမိဳ႕ခံျပည္သူတစ္ဦးထံမွ သိရသည္။

“ပစ္ခတ္ခံရတာေတာ့ ဆိုင္ကယ္ပြဲစားတန္းမွာဗ်။ ဦးေလးႀကီးက ဆိုင္ကယ္ပြဲစားတန္းက ဝိုင္းမွာထိုင္ေနတုန္း အမ်ိဳးသာ(၂)ေယာက္က ဆိုင္ကယ္နဲ႔လာပစ္သြားတာပါ” ဟု ၿမိဳ႕ခံျပည္သူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ဆိုင္ကယ္ပြဲစားတန္းဥကၠ႒ ဦးေမာ္ႀကီးသည္ က်ည္ထိမွန္ဒဏ္ရာ(၃)ခ်က္ျဖင့္ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ၿပီး အနီးနားရွိေဈးေရာင္ေနသည့္ အသက္(၆၀)ႏွစ္ ဝန္းက်င္အမ်ိဳးသမီးတြင္လည္း က်ည္ထိမွန္ဒဏ္ရာတစ္ခ်က္ ရရွိခဲ့ေၾကာင္း သိရသည္။

“အပစ္ခံရတဲ့ဦးေလးႀကီးက ပြဲစားလို႔ေတာ့သိရတယ္ဗ်။ သူနဲ႔အတူ ေဘးနားက ေဈးေရာင္းေနတဲ့ အေဒၚႀကီးပါပစ္ခံရတာပါ။ ဦးေလးႀကီးကေတာ့ က်ည္မွန္တာ(၃)(၄)ခ်က္ေလာက္ရွိတယ္။ ရင္ဘတ္ရယ္။ ေက်ာဘက္ရယ္နဲ႔။ နဖူးမွာကတစ္ခ်က္ေပါ့ေနာ္။ အဖြားကေတာ့ ေပါင္ကို တစ္ခ်က္မွန္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ပစ္ခက္မႈအတြင္း အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့သည့္ အမ်ိဳးသားႏွင့္ ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသမီးတစ္ဦးအား မႏၲေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ထားၿပီး ပစ္ခတ္မႈက်ဴးလြန္ခဲ့သည့္ အမ်ိဳးသား(၂)ဦးအား သက္ဆိုင္ရာက စုံစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.