လမ်းဖြတ်ကူးသူကို ရှောင်ရာမှ လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆင့်တိုက်မိသောကြောင့် (၉) ဦး ဒဏ်ရာရ

 412

ချယ်ရီ (NP News) - စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် လမ်းဖြတ်ကူးသူကို ရှောင်ရာမှ လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆင့်တိုက်မိသောကြောင့် (၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာမွေကွန်ယက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၃၀ ရက်)၊ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်ခန့်က တာမွေမြို့နယ်၊ သံလမ်းမှတ်တိုင်၊ လေးတောင့်ကန်လမ်း နှင့် ပင်ရွှေညောင်လမ်းထောင့်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့သွားတော့ ကားက လဲနေပြီပေါ့ဗျာ။ အနီးအနားပတ်ဝန်းကျင်ကို မေးကြည့်တော့ ကားက ကြည့်မြင့်တိုင်ဘက်ကနေ ငါးကြိုပြီးတော့ လာတာ။ လေးထောင့်ကန်ကို ပြန်မှာပါဗျ။ အဲဒီမှာ ပွိုင့်ဖြတ်တဲ့အချိန် အဘိုးကြီးတစ်ယောက်ကို ရှောင်လိုက်ရင်းနဲ့ လမ်းဘေးမှာ ညအိပ်ရပ်ထားတဲ့ကား(၃)စီးကို တိုက်ပြီးတော့ လဲသွားတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ဖြစ်စဉ်အတွင်းမှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၇) ဦးတို့မှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ ပွန့်ပဲ့ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိသူ (၉) ဦးစလုံးမှာ တိုက်သော ကားတွင် ပါသူများ ဖြစ်ကြောင်း သိရသည်။
“ညအိပ်ရပ်ထားတဲ့ကားတွေဆိုတော့ အဲဒီကားတွေထဲမှာ လူတွေမရှိဘူး။ ဒဏ်ရာရတဲ့ (၉)ဦးစလုံးက ဈေးကြိုကားက လူတွေပဲ။ ဒဏ်ရာတွေကတော့ ကြီးကြီးမားမားတွေ မရှိပါဘူး။ ခေါင်းပေါက်၊ လက်ပွန်းပဲ့လောက်ပါပဲ။ အစိမ်းရောင်အဆင့်နဲ့ အဝါရောင်အဆင့် လောက်ပဲ ရှိပါတယ်ခင်ဗျ” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၉)ဦးကို စံပြပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
လမ္းျဖတ္ကူးသူကို ေရွာင္ရာမွ လမ္းေဘးတြင္ ရပ္ထားေသာ ကားမ်ားကို ဆင့္တိုက္မိေသာေၾကာင့္ (၉) ဦး ဒဏ္ရာရ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၃၀
ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္တြင္ လမ္းျဖတ္ကူးသူကို ေရွာင္ရာမွ လမ္းေဘးတြင္ ရပ္ထားေသာ ကားမ်ားကို ဆင့္တိုက္မိေသာေၾကာင့္ (၉) ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း တာေမြကြန္ယက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၃၀ ရက္)၊ နံနက္ (၆)နာရီ (၁၅)မိနစ္အခ်ိန္ခန႔္က တာေမြၿမိဳ႕နယ္၊ သံလမ္းမွတ္တိုင္၊ ေလးေတာင့္ကန္လမ္း ႏွင့္ ပင္ေ႐ႊေညာင္လမ္းေထာင့္အနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔သြားေတာ့ ကားက လဲေနၿပီေပါ့ဗ်ာ။ အနီးအနားပတ္ဝန္းက်င္ကို ေမးၾကည့္ေတာ့ ကားက ၾကည့္ျမင့္တိုင္ဘက္ကေန ငါးႀကိဳၿပီးေတာ့ လာတာ။ ေလးေထာင့္ကန္ကို ျပန္မွာပါဗ်။ အဲဒီမွာ ပြိဳင့္ျဖတ္တဲ့အခ်ိန္ အဘိုးႀကီးတစ္ေယာက္ကို ေရွာင္လိုက္ရင္းနဲ႔ လမ္းေဘးမွာ ညအိပ္ရပ္ထားတဲ့ကား(၃)စီးကို တိုက္ၿပီးေတာ့ လဲသြားတာေပါ့” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
ျဖစ္စဥ္အတြင္းမွ အမ်ိဳးသား (၂) ဦးႏွင့္ အမ်ိဳးသမီး (၇) ဦးတို႔မွာ ဦးေခါင္းေပါက္ၿပဲ ဒဏ္ရာ၊ ပြန႔္ပဲ့ထိခိုက္ဒဏ္ရာ မ်ား ရရွိခဲ့ၿပီး အဆိုပါ ဒဏ္ရာရရွိသူ (၉) ဦးစလုံးမွာ တိုက္ေသာ ကားတြင္ ပါသူမ်ား ျဖစ္ေၾကာင္း သိရသည္။
“ညအိပ္ရပ္ထားတဲ့ကားေတြဆိုေတာ့ အဲဒီကားေတြထဲမွာ လူေတြမရွိဘူး။ ဒဏ္ရာရတဲ့ (၉)ဦးစလုံးက ေဈးႀကိဳကားက လူေတြပဲ။ ဒဏ္ရာေတြကေတာ့ ႀကီးႀကီးမားမားေတြ မရွိပါဘူး။ ေခါင္းေပါက္၊ လက္ပြန္းပဲ့ေလာက္ပါပဲ။ အစိမ္းေရာင္အဆင့္နဲ႔ အဝါေရာင္အဆင့္ ေလာက္ပဲ ရွိပါတယ္ခင္ဗ်” ဟု ၎က ဆိုသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ (၉)ဦးကို စံျပျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.