နိုင်ငံ့ GDP ၏ ထက်ဝက်ကျော်ရှိနေသောဒေါ်လာ ဘီလျံ (၅၀) နီးပါးစာ ပဋိပက္ခစီးပွားရေးကြောင့် ငြိမ်းချမ်းရေးရရန် ခက်နေဟုဆို

 296

သုတကျော် (NP News)-အောက်တိုဘာ ၂၇
နိုင်ငံ့ GDP ၏ ထက်ဝက်ကျော်ရှိနေသော ဒေါ်လာ ဘီလျံ (၅၀)နီးပါးစာ ပဋိပက္ခ စီးပွားရေး ကြောင့် ငြိမ်းချမ်းရေးရရန် ခက်နေဟုဆို ပဋိပက္ခ စီးပွားရေးပမာဏမှာ နိုင်ငံ့ GDP ထက် ထက်ဝက်ကျော် ရှိနေခြင်းက မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခရှည်ကြာရခြင်း၏အကြောင်းရင်းတစ်ရပ်ဖြစ်နေ ကြောင်း NP News ကမေးမြန်းထားသောအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားရာ နေရာများတွင် လက်နက်ဝယ်ယူရန်အလို့ငှာ စီးပွား ရေးလုပ်ငန်းများဆောင်ရွက်ရာမှတစ်ဆင့် ကိုယ်ကျိုး စီးပွားပါဖက်လာပြီး သယံဇာတ ထုတ်ယူရောင်းချ ခြင်းတို့အထိရှိလာနေရာ ယင်းလက်နက်ကိုင်တို့အကြား ပဋိပက္ခကြောင့် စီးပွားဖြစ်ပြီး လည်ပတ်နေ သောပမာဏ မှာ (၂၀၂၁)ခုနှစ်မတိုင်မီက အမေရိကန်ဒေါ်လာ (၄၇)ဘီလျံခန့်ရှိကြောင်း ကျွမ်းကျင်သူ များကသုံးသပ်ထားသည်။
လက်ရှိအချိန်တွင် လက်နက်ကိုင်အဖွဲ့များ တိုးလာသည့်အပြင် မြေရှား ထုတ်ယူရောင်းချခြင်း များ လည်းရှိနေရာ ယင်းပမာဏထက် ပိုမိုမြင့်တက်လာဖွယ်ရှိနေပြီး မြန်မာနိုင်ငံ၏ (၂၀၂၄) ခုနှစ် GDP မှာ (၇၄) ဘီလျံကျော်ရှိနေရာ GDP ၏ထက်ဝက်ကျော် အထိပင်များပြားနေကြောင်းတွေ့မြင်ရသည်။
“တခြားမကြည့်နဲ့။ အခု TNLA လက်အောက်က မိုးကုတ်ကိုကြည့်။ KIA တို့ ဖားကန့်မှာ ကျောက် စိမ်းထုတ်တာကြည့်ပေါ့နော်။ ဆိုတော့ (၂၀၂၀) မတိုင်ခင်ကပမာဏထက် မြင့်တက်လာနိုင်တယ်။ ဘီလျံ (၅၀) လောက်လည်း ဖြစ်ချင်ဖြစ်သွားလောက်ပြီ။ မြေရှားကလည်းရှိသေးတယ်လေ။ ဒါတော့မပြော တတ်ဘူး။ ဒီဟာတွေကလည်း ငြိမ်းချမ်းရေးအတွက် လာမယ်ဆိုတဲ့အခါ အတားအဆီးဖြစ်လာတယ်။ တင်စားရမယ်ဆိုရင် ငြိမ်းချမ်းရေးမှာ အကျိုးစီးပွားက ခုနေတာပေါ့။ ဆိုတော့ ဒီလိုငွေရနေတဲ့ အခြေ အနေကို စွန့်လွှတ်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးမှာ စိတ်ရင်းစေတနာကအရေးကြီးတယ်ဆိုတာက ဒါကို လည်း ပြောတာဖြစ်ပါတယ်။ ဒီအချက်က မြန်မာ့ငြိမ်းချမ်းရေးအတွက် အတားအဆီးတစ်ခုဖြစ်နေတယ်” ဟု အမည်မဖော်လိုသူ ငြိမ်းချမ်းရေးဆောင်ရွက်နေသူတစ်ဦးကဆိုသည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ ရှေးဦး ပဋိပက္ခကာလအတွင်း လက်နက်ကိုင်များ ထိန်းချုပ်နယ် မြေများတွင် သစ်တောခုတ်လှဲရောင်းချခြင်းများကြောင့် တောပြုန်းခြင်းများရှိခဲ့ပြီး ယနေ့ခေတ်နှင့် အနီး စပ်ဆုံးဥပမာအနေဖြင့် အညာဒေသမှ PDF အချို့သည်လည်း သစ်တောများကို ခုတ်ယူရောင်းချကာ ၎င်း တို့၏ အကျိုးစီးပွားနှင့် လက်နက်ဝယ်ယူရန်အတွက်အသုံးပြုနေကြသည်။
“အင်မတန် ကြီးမားတဲ့အချက်ပေါ့။ ဘာလို့လဲဆိုတော့ သူတို့က လက်နက်ကိုင်တွေဆိုရင် လက် နက်ဝယ်ဖို့က ပိုက်ဆံလိုတာကိုး။ ပိုက်ဆံရတဲ့ နည်းနဲ့ယူရတော့မယ်လေ။ War Economic ဖြစ်တဲ့အခါ သူတို့စိတ်ထဲမှာ သေနတ်ကိုင်ချင်တယ်၊ သေ နတ်ကောင်းကောင်းဝယ်နိုင်ဖို့လိုတာလေ။ မြန်မာပြည်ကို အဲဒါ ကြီးစိုးလာတာကြာပါပြီ။ ငြိမ်းချမ်းရေး ကိုလာမယ်ဆိုရင် ကိုယ်ကျိုးစီးပွား အလိုလို ပျက်ပျယ် သွား မှာလေ။ သတ္တိရှိတဲ့သူတွေပဲလာနိုင် တာပါ။ အနစ်နာခံနိုင်တဲ့သူတွေ၊ တကယ့်ကို ငြိမ်းချမ်းရေးအတွက် သတ္တိရှိတဲ့သူပေါ့နော်”ဟု မြန်မာ့ငြိမ်းချမ်းရေးဆောင်ရွက်သူ ဦးဇိုဇမ်ကဆိုသည်။
War Economic သည် အဖွဲ့ကွဲခြင်းများ ကိုလည်းဖြစ်စေနိုင်ပြီး ထိုင်ခုံလုခြင်းထက် ကိုယ် ကျိုးစီးပွားလုခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တောထဲမှာ ထိုင်ခုံလုစရာမှမလိုတာ။ ဒီဟာတွေက တကယ်တမ်းကျတော့ အများကြီးစဉ်းစား ပြီးမှ ထောက်ခံရမှာ။ သူတို့ ထောက်ခံတာကတော့ တော်လှန်ရေးအောင်မြင်ဖို့လေ။ တကယ်တမ်းကျ တော့ ခုတ်ရာတခြား၊ ထိတဲ့ နေရာတခြား ဖြစ်သွားတာပေါ့”ဟု ၎င်းကဆိုသည်။

Zawgyi Version:
ႏိုင္ငံ့ GDP ၏ ထက္ဝက္ေက်ာ္ရွိေနေသာေဒၚလာ ဘီလ်ံ (၅၀) နီးပါးစာ ပဋိပကၡစီးပြားေရးေၾကာင့္ ၿငိမ္းခ်မ္းေရးရရန္ ခက္ေနဟုဆို
သုတေက်ာ္ (NP News)-ေအာက္တိုဘာ ၂၇
ႏိုင္ငံ့ GDP ၏ ထက္ဝက္ေက်ာ္ရွိေနေသာ ေဒၚလာ ဘီလ်ံ (၅၀)နီးပါးစာ ပဋိပကၡ စီးပြားေရး ေၾကာင့္ ၿငိမ္းခ်မ္းေရးရရန္ ခက္ေနဟုဆို ပဋိပကၡ စီးပြားေရးပမာဏမွာ ႏိုင္ငံ့ GDP ထက္ ထက္ဝက္ေက်ာ္ ရွိေနျခင္းက ျမန္မာႏိုင္ငံမွ လက္နက္ကိုင္ပဋိပကၡရွည္ၾကာရျခင္း၏အေၾကာင္းရင္းတစ္ရပ္ျဖစ္ေန ေၾကာင္း NP News ကေမးျမန္းထားေသာအခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံအတြင္းက ပဋိပကၡျဖစ္ပြားရာ ေနရာမ်ားတြင္ လက္နက္ဝယ္ယူရန္အလို႔ငွာ စီးပြား ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာမွတစ္ဆင့္ ကိုယ္က်ိဳး စီးပြားပါဖက္လာၿပီး သယံဇာတ ထုတ္ယူေရာင္းခ် ျခင္းတို႔အထိရွိလာေနရာ ယင္းလက္နက္ကိုင္တို႔အၾကား ပဋိပကၡေၾကာင့္ စီးပြားျဖစ္ၿပီး လည္ပတ္ေန ေသာပမာဏ မွာ (၂၀၂၁)ခုႏွစ္မတိုင္မီက အေမရိကန္ေဒၚလာ (၄၇)ဘီလ်ံခန႔္ရွိေၾကာင္း ကြၽမ္းက်င္သူ မ်ားကသုံးသပ္ထားသည္။
လက္ရွိအခ်ိန္တြင္ လက္နက္ကိုင္အဖြဲ႕မ်ား တိုးလာသည့္အျပင္ ေျမရွား ထုတ္ယူေရာင္းခ်ျခင္း မ်ား လည္းရွိေနရာ ယင္းပမာဏထက္ ပိုမိုျမင့္တက္လာဖြယ္ရွိေနၿပီး ျမန္မာႏိုင္ငံ၏ (၂၀၂၄) ခုႏွစ္ GDP မွာ (၇၄) ဘီလ်ံေက်ာ္ရွိေနရာ GDP ၏ထက္ဝက္ေက်ာ္ အထိပင္မ်ားျပားေနေၾကာင္းေတြ႕ျမင္ရသည္။
“တျခားမၾကည့္နဲ႔။ အခု TNLA လက္ေအာက္က မိုးကုတ္ကိုၾကည့္။ KIA တို႔ ဖားကန႔္မွာ ေက်ာက္ စိမ္းထုတ္တာၾကည့္ေပါ့ေနာ္။ ဆိုေတာ့ (၂၀၂၀) မတိုင္ခင္ကပမာဏထက္ ျမင့္တက္လာႏိုင္တယ္။ ဘီလ်ံ (၅၀) ေလာက္လည္း ျဖစ္ခ်င္ျဖစ္သြားေလာက္ၿပီ။ ေျမရွားကလည္းရွိေသးတယ္ေလ။ ဒါေတာ့မေျပာ တတ္ဘူး။ ဒီဟာေတြကလည္း ၿငိမ္းခ်မ္းေရးအတြက္ လာမယ္ဆိုတဲ့အခါ အတားအဆီးျဖစ္လာတယ္။ တင္စားရမယ္ဆိုရင္ ၿငိမ္းခ်မ္းေရးမွာ အက်ိဳးစီးပြားက ခုေနတာေပါ့။ ဆိုေတာ့ ဒီလိုေငြရေနတဲ့ အေျခ အေနကို စြန႔္လႊတ္ဖို႔လိုပါတယ္။ ၿငိမ္းခ်မ္းေရးမွာ စိတ္ရင္းေစတနာကအေရးႀကီးတယ္ဆိုတာက ဒါကို လည္း ေျပာတာျဖစ္ပါတယ္။ ဒီအခ်က္က ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ အတားအဆီးတစ္ခုျဖစ္ေနတယ္” ဟု အမည္မေဖာ္လိုသူ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ေနသူတစ္ဦးကဆိုသည္။
ဥပမာအားျဖင့္ ျမန္မာႏိုင္ငံ၏ ေရွးဦး ပဋိပကၡကာလအတြင္း လက္နက္ကိုင္မ်ား ထိန္းခ်ဳပ္နယ္ ေျမမ်ားတြင္ သစ္ေတာခုတ္လွဲေရာင္းခ်ျခင္းမ်ားေၾကာင့္ ေတာျပဳန္းျခင္းမ်ားရွိခဲ့ၿပီး ယေန႔ေခတ္ႏွင့္ အနီး စပ္ဆုံးဥပမာအေနျဖင့္ အညာေဒသမွ PDF အခ်ိဳ႕သည္လည္း သစ္ေတာမ်ားကို ခုတ္ယူေရာင္းခ်ကာ ၎ တို႔၏ အက်ိဳးစီးပြားႏွင့္ လက္နက္ဝယ္ယူရန္အတြက္အသုံးျပဳေနၾကသည္။
“အင္မတန္ ႀကီးမားတဲ့အခ်က္ေပါ့။ ဘာလို႔လဲဆိုေတာ့ သူတို႔က လက္နက္ကိုင္ေတြဆိုရင္ လက္ နက္ဝယ္ဖို႔က ပိုက္ဆံလိုတာကိုး။ ပိုက္ဆံရတဲ့ နည္းနဲ႔ယူရေတာ့မယ္ေလ။ War Economic ျဖစ္တဲ့အခါ သူတို႔စိတ္ထဲမွာ ေသနတ္ကိုင္ခ်င္တယ္၊ ေသ နတ္ေကာင္းေကာင္းဝယ္ႏိုင္ဖို႔လိုတာေလ။ ျမန္မာျပည္ကို အဲဒါ ႀကီးစိုးလာတာၾကာပါၿပီ။ ၿငိမ္းခ်မ္းေရး ကိုလာမယ္ဆိုရင္ ကိုယ္က်ိဳးစီးပြား အလိုလို ပ်က္ပ်ယ္ သြား မွာေလ။ သတၱိရွိတဲ့သူေတြပဲလာႏိုင္ တာပါ။ အနစ္နာခံႏိုင္တဲ့သူေတြ၊ တကယ့္ကို ၿငိမ္းခ်မ္းေရးအတြက္ သတၱိရွိတဲ့သူေပါ့ေနာ္”ဟု ျမန္မာ့ၿငိမ္းခ်မ္းေရးေဆာင္႐ြက္သူ ဦးဇိုဇမ္ကဆိုသည္။
War Economic သည္ အဖြဲ႕ကြဲျခင္းမ်ား ကိုလည္းျဖစ္ေစႏိုင္ၿပီး ထိုင္ခုံလုျခင္းထက္ ကိုယ္ က်ိဳးစီးပြားလုျခင္းေၾကာင့္ျဖစ္ေၾကာင္း ၎ကဆိုသည္။
“ေတာထဲမွာ ထိုင္ခုံလုစရာမွမလိုတာ။ ဒီဟာေတြက တကယ္တမ္းက်ေတာ့ အမ်ားႀကီးစဥ္းစား ၿပီးမွ ေထာက္ခံရမွာ။ သူတို႔ ေထာက္ခံတာကေတာ့ ေတာ္လွန္ေရးေအာင္ျမင္ဖို႔ေလ။ တကယ္တမ္းက် ေတာ့ ခုတ္ရာတျခား၊ ထိတဲ့ ေနရာတျခား ျဖစ္သြားတာေပါ့”ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.