ကမ္ဘာ့အဆင့်အရေးပါသော ရမ်ဆာရေဝပ်ဒေသဖြစ်သည့် မိန်းမလှကျွန်းတွင် အုပ်စုလိုက် သစ်ခိုးခုတ်နေ

162

သက်ပိုင် (NP News)-စက်တင်ဘာ ၂၉
ကမ္ဘာ့အဆင့်အရေးပါသော ရမ်ဆာရေဝပ် ဒေသ (Ramsar Site)အဖြစ် အသိအမှတ်ပြု သတ် မှတ်ခြင်းခံထားရသည့်အပြင် အာဆီယံအမွေအနှစ်ဥယျာဉ်တစ်ခုဖြစ်သော မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် အုပ်စုဖွဲ့ သစ်ခိုးခုတ်မှုများ ရှိနေကြောင်း ဒေသခံ တစ်ဦးက NP News သို့ ပြောသည်။
သစ်ခိုးခုတ်သူများအနေဖြင့် တစ်ဖွဲ့လျှင် လူဆယ်ဦးခန့်ပါဝင်ပြီး ညအချိန်တွင် စက်လှေဖြင့် ခိုးခုတ်ကြခြင်းဖြစ်ကြောင်းနှင့် သစ်တောဝန်ထမ်း များမှာ လုံခြုံရေးအရ သွားရောက်ဟန့်တားကာကွယ် ရန်အခက်အခဲများရှိနေသည့်အပြင် သွားရောက်ဟန့် တားပါကလည်း အသက်အန္တရာယ်ခြိမ်းခြောက် ခံရခြင်းများရှိနေကြောင်း ၎င်းကဆိုသည်။
“သူတို့က အုပ်စုလိုက် ညဘက်အချိန် တွေမှာ ဝင်ဝင်ခုတ်ကြတာ။ အစောင့်ဝန်ထမ်း အင်အား ထက်များတော့ သွားမတားရဲဘူးပေါ့။ တစ်ခါတုန်းက သွားတားတဲ့ အစောင့်ဝန်ထမ်းကို ဒီရေကျချိန် သစ်ပင်ခြေရင်းမှာ ကြိုးနဲ့ချည်ပြီးထားခဲ့တာ။ အတွေ့ မြန်လို့မဟုတ်ရင် ရေတက်လာတာနဲ့ ရေနစ်ပြီး သေမှာ၊ တော်တော်ကိုဆိုးတယ်ဗျ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများအ နေဖြင့် ကျွန်းသို့လာရောက်ကာ မဆင်မခြင်သစ်ခုတ် ယူမှုများပြုလုပ်နေပြီး လောင်စာထင်းအတွက် တစ် နိုင်တစ်ပိုင်ခုတ်ယူခြင်းမဟုတ်ဘဲ စီးပွားဖြစ် ခုတ် ယူခြင်းများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်းနှင့် ကျွန်း ပေါ်တွင် မိကျောင်းကွမ်းဖတ်(ခေါ်) ပင်လယ်နှမ်းစိုက် ပျိုးမှုများလည်းရှိနေကြောင်း ဘိုကလေးမြို့ဒေသခံ တစ်ဦးကဆိုသည်။
“ပင်လယ်မှာ ပုစွန်ကြပ်တိုက်ဖို့ထင်းလို တာတို့၊ ဖောင်ထောက်တို့၊ ဖောင်လုပ်ဖို့လိုအပ်တာတွေ၊ မျောတွေ၊ ကနစိုတိုင်တွေ လိုအပ်ချက်တွေကို ဖြည့်ဖို့ အတွက် နှစ်တိုင်းထုတ်တဲ့အားက နည်းတာမှ မဟုတ်တာ။ ဒီနှစ်ဆိုရင် တစ်ဖြတ်ထုတ်ပြီးပြီ။ အခုဆိုရင် လူတချို့က မိန်းမလှကျွန်းမှာ ပင်လယ် နှမ်း စိုက်တာတွေတောင် လုပ်နေကြပြီ”ဟု အဆိုပါဒေသခံက ဆိုသည်။
မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောတွင် သစ်ခိုးထုတ်မှုများရှိနေသည်မှာ မှန်ကန် သော်လည်း မိကျောင်းကွမ်းဖတ်(ခေါ်) ပင်လယ်နှမ်း စိုက်ပျိုးမှုများမရှိကြောင်း သစ်တောဦးစီးဌာန တာဝန် ရှိသူတစ်ဦးက ဆိုသည်။
မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောသည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ နယ်အတွင်းတည်ရှိကာ (၅၂.၇၈) စတုရန်းမိုင် အကျယ်အဝန်းရှိပြီး ရှားပါးသည့်ငှက်မျိုးစိတ်များ အပါ အဝင်၊ ငှက်မျိုးစိတ်ပေါင်း (၃၄)မျိုးခန့် ကျင် လည်ကျက်စားလေ့ရှိကြောင်းနှင့် ကျွန်းပေါ်ရှိ တောရိုင်း တိရစ္ဆာန်နှင့် မိကျောင်းများသာမက ကျွန်းပေါ်နှင့် ကျွန်းအနီး သတ်မှတ်နေရာများတွင် ငါး၊ ပုစွန် ဖမ်း ဆီးခွင့်၊ မွေးမြူခွင့် အားလုံးကို ဥပဒေအရ တားမြစ်ထားသောနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကမာၻ႔အဆင့္အေရးပါေသာ ရမ္ဆာေရဝပ္ေဒသျဖစ္သည့္ မိန္းမလွကြၽန္းတြင္ အုပ္စုလိုက္ သစ္ခိုးခုတ္ေန
သက္ပိုင္ (NP News)-စက္တင္ဘာ ၂၉
ကမာၻ႔အဆင့္အေရးပါေသာ ရမ္ဆာေရဝပ္ ေဒသ (Ramsar Site)အျဖစ္ အသိအမွတ္ျပဳ သတ္ မွတ္ျခင္းခံထားရသည့္အျပင္ အာဆီယံအေမြအႏွစ္ဥယ်ာဥ္တစ္ခုျဖစ္ေသာ မိန္းမလွကြၽန္းေတာ႐ိုင္း တိရစာၦန္ေဘးမဲ့ေတာတြင္ အုပ္စုဖြဲ႕ သစ္ခိုးခုတ္မႈမ်ား ရွိေနေၾကာင္း ေဒသခံ တစ္ဦးက NP News သို႔ ေျပာသည္။
သစ္ခိုးခုတ္သူမ်ားအေနျဖင့္ တစ္ဖြဲ႕လွ်င္ လူဆယ္ဦးခန႔္ပါဝင္ၿပီး ညအခ်ိန္တြင္ စက္ေလွျဖင့္ ခိုးခုတ္ၾကျခင္းျဖစ္ေၾကာင္းႏွင့္ သစ္ေတာဝန္ထမ္း မ်ားမွာ လုံၿခဳံေရးအရ သြားေရာက္ဟန႔္တားကာကြယ္ ရန္အခက္အခဲမ်ားရွိေနသည့္အျပင္ သြားေရာက္ဟန႔္ တားပါကလည္း အသက္အႏၲရာယ္ၿခိမ္းေျခာက္ ခံရျခင္းမ်ားရွိေနေၾကာင္း ၎ကဆိုသည္။
“သူတို႔က အုပ္စုလိုက္ ညဘက္အခ်ိန္ ေတြမွာ ဝင္ဝင္ခုတ္ၾကတာ။ အေစာင့္ဝန္ထမ္း အင္အား ထက္မ်ားေတာ့ သြားမတားရဲဘူးေပါ့။ တစ္ခါတုန္းက သြားတားတဲ့ အေစာင့္ဝန္ထမ္းကို ဒီေရက်ခ်ိန္ သစ္ပင္ေျခရင္းမွာ ႀကိဳးနဲ႔ခ်ည္ၿပီးထားခဲ့တာ။ အေတြ႕ ျမန္လို႔မဟုတ္ရင္ ေရတက္လာတာနဲ႔ ေရနစ္ၿပီး ေသမွာ၊ ေတာ္ေတာ္ကိုဆိုးတယ္ဗ်”ဟု အဆိုပါ တာဝန္ရွိသူက ေျပာသည္။
မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ ေတာပတ္ဝန္းက်င္ရွိ ေက်း႐ြာမ်ားမွ ေဒသခံမ်ားအ ေနျဖင့္ ကြၽန္းသို႔လာေရာက္ကာ မဆင္မျခင္သစ္ခုတ္ ယူမႈမ်ားျပဳလုပ္ေနၿပီး ေလာင္စာထင္းအတြက္ တစ္ ႏိုင္တစ္ပိုင္ခုတ္ယူျခင္းမဟုတ္ဘဲ စီးပြားျဖစ္ ခုတ္ ယူျခင္းမ်ား ျပဳလုပ္ေနၾကျခင္းျဖစ္ေၾကာင္းႏွင့္ ကြၽန္း ေပၚတြင္ မိေက်ာင္းကြမ္းဖတ္(ေခၚ) ပင္လယ္ႏွမ္းစိုက္ ပ်ိဳးမႈမ်ားလည္းရွိေနေၾကာင္း ဘိုကေလးၿမိဳ႕ေဒသခံ တစ္ဦးကဆိုသည္။
“ပင္လယ္မွာ ပုစြန္ၾကပ္တိုက္ဖို႔ထင္းလို တာတို႔၊ ေဖာင္ေထာက္တို႔၊ ေဖာင္လုပ္ဖို႔လိုအပ္တာေတြ၊ ေမ်ာေတြ၊ ကနစိုတိုင္ေတြ လိုအပ္ခ်က္ေတြကို ျဖည့္ဖို႔ အတြက္ ႏွစ္တိုင္းထုတ္တဲ့အားက နည္းတာမွ မဟုတ္တာ။ ဒီႏွစ္ဆိုရင္ တစ္ျဖတ္ထုတ္ၿပီးၿပီ။ အခုဆိုရင္ လူတခ်ိဳ႕က မိန္းမလွကြၽန္းမွာ ပင္လယ္ ႏွမ္း စိုက္တာေတြေတာင္ လုပ္ေနၾကၿပီ”ဟု အဆိုပါေဒသခံက ဆိုသည္။
မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ ေတာတြင္ သစ္ခိုးထုတ္မႈမ်ားရွိေနသည္မွာ မွန္ကန္ ေသာ္လည္း မိေက်ာင္းကြမ္းဖတ္(ေခၚ) ပင္လယ္ႏွမ္း စိုက္ပ်ိဳးမႈမ်ားမရွိေၾကာင္း သစ္ေတာဦးစီးဌာန တာဝန္ ရွိသူတစ္ဦးက ဆိုသည္။
မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ ေတာသည္ ဧရာဝတီတိုင္းေဒသႀကီး ဘိုကေလးၿမိဳ႕ နယ္အတြင္းတည္ရွိကာ (၅၂.၇၈) စတုရန္းမိုင္ အက်ယ္အဝန္းရွိၿပီး ရွားပါးသည့္ငွက္မ်ိဳးစိတ္မ်ား အပါ အဝင္၊ ငွက္မ်ိဳးစိတ္ေပါင္း (၃၄)မ်ိဳးခန႔္ က်င္ လည္က်က္စားေလ့ရွိေၾကာင္းႏွင့္ ကြၽန္းေပၚရွိ ေတာ႐ိုင္း တိရစာၦန္ႏွင့္ မိေက်ာင္းမ်ားသာမက ကြၽန္းေပၚႏွင့္ ကြၽန္းအနီး သတ္မွတ္ေနရာမ်ားတြင္ ငါး၊ ပုစြန္ ဖမ္း ဆီးခြင့္၊ ေမြးျမဴခြင့္ အားလုံးကို ဥပေဒအရ တားျမစ္ထားေသာေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။