အနောက်အုပ်စုရဲ့ဖိအားဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာအပေါ်ထားရှိတဲ့ တရုတ်အစိုးရရဲ့သဘောထား နဲ့ စီမံကိန်းများအကြောင်း တစ်စေ့တစ်စောင်း (ဆောင်းပါး)

 5677

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲများအတွင်း တရုတ်နိုင်ငံသားပိုင် စက်ရုံများ၊ စီမံကိန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများရှိလာခဲ့ခြင်းအပေါ် တရုတ်အစိုးရက စိုးရိမ်မှုတွေဖြစ်လာစေခဲ့ပါတယ်။ အာဏာရယူမှုဖြစ်ပွားခဲ့မှုနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ နစကကို အထီးကျန်နိုင်ငံဖြစ်အောင် တွန်းအားပေးခြင်း၊ ပိတ်ဆို့မှုများချမှတ်ခြင်းများလုပ်ဆောင်ခဲ့ပေမယ့် အိမ်နီးချင်းတရုတ်နိုင်ငံကတော့ နစကကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရပုံစံမျိုး ထိတွေ့ဆက်ဆံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံရဲ့ပြည်တွင်း၊ ပြည်ပအခြေအနေတွေ အပြောင်းအလဲရှိနေပေမယ့် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒတွေအပေါ် သက်ရောက်မှုရှိစေမှာမဟုတ်ဘူးလို့ ၂၀၂၁ ခုနှစ်ဇွန်လတုန်းကပြောခဲ့ဖူးပါတယ်။

ဒါ့ပြင်တရုတ်ကောင်စီဝင် ဝမ်ယိက " မြန်မာနိုင်ငံရဲ့အခြေအနေတွေ ဘယ်လိုပဲပြောင်းလဲနေပါစေ၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး နဲ့ ပိုင်နက်နယ်မြေတွေဘေးကင်းစေဖို့ နဲ့ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရောက်ရှိအောင် ကူညီပေးသွားမှာပါ"လို့ပြောခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ဆောင်ထားတဲ့ နိုင်ငံတွေထဲမှာပါဝင်နေတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့စီမံကိန်းတွေထိခိုက်ဖျက်ဆီးခံရမှာစိုးရိမ်မှုများဖြစ်နေရတယ်ဆိုတာ တရုတ်အစိုးရ တာဝန်ရှိသူတွေရဲ့ပြောဆိုချက်တွေက သက်သေခံနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းဟာ ၂၀၂၃ ခုနှစ် မေလက မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံမှာတရုတ်နိုင်ငံက လုပ်ဆောင်ဖို့ စီစဉ်နေတဲ့စီမံကိန်းတွေ နှောင့်နှေးနေတာ၊ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေ ကာကွယ်ဖို့ တောင်းဆိုတာမျိုးတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေနဲ့ပိုင်ဆိုင်မှုတွေ ကာကွယ်ပေးဖို့ ကတိပေးတာမျိုးတွေရှိခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် စီမံကိန်းများ ဆက်လက်လုပ်ကိုင်မှာဖြစ်သလို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး စီမံကိန်းကိုလည်း အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ပြောပါတယ်။ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံသားများ၊ နဲ့တရုတ်အင်စတီကျူးရှင်းများကို ကာကွယ်ပေးသွားမှာဖြစ်သလို နယ်စပ်ဒေသတည်ငြိမ်ရေးကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အာဏာရယူမှုကို လက်တုံ့ပြန်မှုအဖြစ် အမေရိကန် အပါအဝင်အနောက်အုပ်စုနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံမှာလုပ်ငန်းများလုပ်ကိုင်နေမှုကို ပြန်ရုတ်သိမ်းသွားခဲ့ပေမယ့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းများ လုပ်ကိုင်မှုကို ပြန်လည်ရုတ်သိမ်းမှု မရှိဘဲ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိနေဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ နစကနဲ့ အပြန်အလှန်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရေး ကြိုးပမ်းမှုတွေကို ဘယ်တော့မှ ရပ်တန့်တာမျိုးမရှိခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းမြစ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုအာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တရုတ် နဲ့ မြန်မာနိုင်ငံကြား ပေါက်ဖော်ဆက်ဆံရေးကို အရှိန်မြှင့်ပြီး ပိုမိုနီးစပ်အောင် ကြိုးပမ်းနေကာ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အလားအလာရှိတဲ့ စွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံ့ဖို့ စိတ်ဝင်စားရုံသာမက မြန်မာနိုင်ငံရဲ့ ရေနံ နဲ့ ဓါတ်ငွေ့လုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အခြေခံအဆောက်အဦးများတည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်ဖို့ လိုလားနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာလုပ်ကိုင်လျက်ရှိနေတဲ့ စီမံကိန်းတွေမှာ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ချိတ်ဆက်ထားတဲ့အရှည် ၇၉၃ ကီလိုမီတာအရှည်ရှိ ရေနံ နဲ့ ဓါတ်ငွေ့ ပိုက်လိုင်းက အဓိက စီမံကိန်းအဖြစ် ရှိနေခဲ့ပြီး အဲဒီရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်းကတဆင့် မြန်မာနိုင်ငံကထွက်ရှိတဲ့ ဓါတ်ငွေ့ကို တရုတ်နိုင်ငံယူနန်ပြည်နယ်ကို (၁၀)နှစ်အတွင်းဓါတ်ငွေ့ ၅၂ ဘီလျံကုဗမီတာ ပို့လွှတ်ပေးနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံအခြေစိုက် ဂလိုဘယ်လ်တိုင်းမ်သတင်းဌာနက ဇူလိုင်လအတွင်းမှာဖော်ပြခဲ့ပါတယ်။

အဲဒီဓါတ်ငွေ့ပိုက်လိုင်းဟာ တရုတ်နဲ့ မြန်မာနိုင်ငံကြား စွမ်းအင်ကဏ္ဍအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေမှာ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနဲ့ အလုပ်ကိုင်အခွင့်လမ်းရရှိစေဖို့ များစွာအထောက်အကူဖြစ်စေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းကို စီမံခန့်ခွဲနေတဲ့ CNPC က ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ချိန်ကာလနဲ့ ဓါတ်ငွေ့များ ပို့လွှတ်ချိန်ကာလအတွင်း ဝန်ထမ်းပေါင်း (၁၀၀၀)ကျော် ခန့်ထားခဲ့ပြီး (၈၀)ရာခိုင်နှုန်းက ဒေသခံတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် ရေနံ နဲ့ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း တည်ဆောက်မှု နဲ့ ဓါတ်ငွေ့ပို့လွှတ်တဲ့လုပ်ငန်းများ လုပ်ဆောင်ချိန်ကာလအတွင်းမှာလည်း မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းပေါင်း ၂၉၅ ခု ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ CNPC ကဖော်ပြထားပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ကျောက်ဖြူရေနံ နဲ့ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ ရှယ်ယာအများစုကို တရုတ် CNPC ကုမ္ပဏီကအများစုပိုင်ဆိုင်ထားပြီး တရုတ်၊ မြန်မာ၊ အိန္ဒိယနဲ့တောင်ကိုရီးယားနိုင်ငံတို့ရဲ့ကော်ပိုရေးရှင်းခြောက်ခုရင်းနှီးမြှုပ်နှံမှုများ ပါဝင်လုပ်ကိုင်ခဲ့နေတယ်လို့ ဂလိုဘယ်တိုင်းမ်သတင်းဌာနကဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက ကုန်းမြေပေါ်မှာပိုက်လိုင်းသွယ်တန်းပြီး နှစ်စဉ်တင်သွင်းနေတဲ့ဓါတ်ငွေ့စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကျောက်ဖြူရေနံနဲ့ဓါတ်ငွေ့စီမံကိန်းဖြစ်တယ်လို့ တရုတ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေဘေးကင်းရေးဟာ တရုတ်အစိုးရအတွက် အဓိကကျနေရာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA အပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းရှိ တရုတ်စီမံကိန်းတွေကို ဘေးကင်းလုံခြုံအောင်ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်တဲ့ AA၊ TNLA နဲ့ MNDAA အဖွဲ့တို့က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းများကို နှောက်ယှက်ဖျက်ဆီး ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကိုအနှောက်ယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်းစတဲ့ ပြစ်မှုကျူးလွန်သူ ဘယ်သူကိုမဆို အရေးယူဆောင်ရွက်သွားမယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံက ပြုလုပ်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းတွေဟာ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေးအားသာချက်ကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ One Belt One Road စီမံကိန်းကို မဟာဗျူဟာမြောက်လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ၂၀၁၃ ခုနှစ်မှာစတင်ခဲ့တဲ့ အဲဒီစီမံကိန်းအရ တရုတ်အစိုးရဟာ နိုင်ငံတကာ အဖွဲ့စည်းနဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်မှာဖြစ်ရာ မြန်မာနိုင်ငံမှာလည်း အဲဒီစီမံကိန်းနဲ့ ဆက်နွယ်ပြီး ရင်းနှီးမြှုပ်နှံ့မယ့် စီမံကိန်းများရှိနေပါတယ်။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ အာဏာရယူမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာလည်း One Belt One Road စီမံကိန်းရဲ့အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံမှာ လုပ်ကိုင်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။

One Belt One Road စီမံကိန်းရဲ့အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံမယ့် မီးလင်းချိုင်စီမံကိန်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရင်းနှီးမြှုပ်နှံမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရင်းနှီးမြှုပ်နှံမယ့် ရန်ကုန်မြို့သစ်စီမံကိန်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကုန်ကျမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွေ အပါအဝင် စီမံကိန်းပေါင်း (၈) ခုရှိ နေပါတယ်။ ကျောက်ဖြူရေနက်စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်လာမယ့် စီမံကိန်းဖြစ်နေပြီး ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်မယ့် ဆိပ်ကမ်းတည်ဆောက်နိုင်မှု၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ဒေသခံများကို အလုပ်အကိုင် အခွင့်လမ်းကောင်းများ ရရှိစေမယ့် အခွင့်အရေးကောင်းတွေရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၂၃ ခုနှစ် အတွင်းမှာ စစ်တွေဆိပ်ကမ်းစီမံကိန်းကို အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံက လည်း ကျောက်ဖြူစီမံကိန်းကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမတ်ကြီး ချန်ဟိုင်းဟာ သြဂုတ်လ ၃၀ ရက်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီတွေ့ဆုံဆွေးနွေးမှုတွေထဲမှာ နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေဖို့၊ တရုတ်နဲ့ မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက် နေတဲ့ စီမံကိန်းများကို နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမှုအပေါ်မူတည်ပြီး အရှိန်အဟုန်မြှင့် အကောင်ထည်ဖော်ရေးကို အဓိကထားဆွေးနွေးခဲ့ပါတယ်။

ဒါ့ပြင် တရုတ်သံအမတ်ကြီးနဲ့ မြန်မာနိုင်ငံ ခြားရေးဝန်ကြီးတို့ဟာ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှုတွေကို ထိန်းသိမ်းရေး အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာမှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အကူအညီများ ဆက်လက်ကူညီပေးရေးစတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ တရုတ်နိုင်ငံသားများကို လိမ်လည်ခေါ်ယူနေတဲ့ မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများနဲ့ နယ်စပ်ဖြတ်ကျော်ကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့အစည်းများဖြိုခွင်းရေးကိစ္စတွေလည်း ပါဝင်နေပါတယ်။ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ နဲ့ ထိုင်းနယ်စပ်ဒေသရှိ လူကုန်ကူးဂိုဏ်းများရဲ့လက်ထဲမှာ တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံတကာရဲ့ လူပေါင်း ၁၂၀၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ ဖော်ပြထားပါတယ်။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်ခေါ်ယူပြီး လူကုန်ကူးနေတဲ့ ဂိုဏ်းများရဲ့သားကောင်အဖြစ် တရုတ်နိုင်ငံသားများမဖြစ်စေဖို့ လိုလားနေပြီး နယ်စပ်ဒေသရှိ လူကုန်ကူးဂိုဏ်းများကို ဖြိုခွင်းပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းဟာ ပြီးခဲ့တဲ့မေလက တောင်းဆိုခဲ့ဖူးပါတယ်။ တရုတ်နဲ့ မြန်မာအစိုးရတို့ဟာ လူကုန်ကူးဂိုဏ်းများကို ဖြိုခွင်းနိုင်ဖို့ ထိုင်း၊ လာအိုတို့နဲ့ ပူးပေါင်းဆောင်ရွက်နေရာ သြဂုတ်လနောက်ဆုံးသီတင်းပတ်မှာ အွန်လိုင်းအသုံးပြုကာ လူကုန်ကူးမှုများ ကျူးလွန်နေတဲ့ တရုတ်နိုင်ငံသား အနည်းဆုံး (၂၄)ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ရာ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုရဲ့ တိုးတက်မှု ပြယုဂ်ဖြစ်စေခဲ့ပါတယ်။

ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မြဝတီမြို့ဟာ အရှေ့တောင်အာရှဒေသမှာ လူကုန်ကူးမှု အများဆုံးကျူးလွန်နေတဲ့ ဒုတိယစင်တာတစ်ခုဖြစ်နေတယ်လို့ နိုင်ငံတကာသုတေသီအဖွဲ့တွေက ဖော်ပြခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများကြောင့် မြန်မာနိုင်ငံကို ခရီးသွားရာမှာ သတိထားဖို့ သက်ဆိုင်ရာနိုင်ငံတွေက သတိပေးထားပါတယ်။ တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်တဲ့ ဂလိုဘယ်တိုင်းမ်စ်သတင်းဌာနက မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများကြောင့် တရုတ်နိုင်ငံသား များဟာ မြန်မာနိုင်ငံကို သွားရောက်လိုခြင်း မရှိဘူးလို့ သြဂုတ်လအတွင်းဖော်ပြခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံပေါင်း (၇၀) နီးပါး ပါဝင်လာဖို့ ရည်မှန်းထားတဲ့ BRI စီမံကိန်းမှာအစိတ်အပိုင်းအဖြစ်ပါဝင်နေတဲ့ တရုတ်-မြန်မာစီးပွားရေး စင်္ကြံတည်ဆောက်အကောင်ထည်ဖော်မှုတွေကိုလည်း လက်ရှိအချိန်မှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။

“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုအစီအမံ” ခါးပတ်တစ်ကွင်းလမ်းတစ်စင်းလို့ခေါ်ဆိုတဲ့ BRI စီမံကိန်းဟာ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သော အခြေခံအဆောက်အအုံများ၊ စက်မှုဇုန်ကြီးများ၊ လမ်းမများ၊ မီးရထားလမ်းများ၊ ရေနက်ဆိပ်ကမ်းများကို တည်ဆောက်ပြီး ရေလမ်း၊ ကုန်လမ်းများဖြင့်ချိတ်ဆက် အကောင်ထည်ဖော်မယ့် စီမံကိန်းလည်းဖြစ်ပါတယ်။ အင်္ဂလိပ် အက္ခရာ “ဝိုင်”(Y) ပုံသဏ္ဍာန်ရှိပြီး စုစုပေါင်း ကီလိုမီတာ (၁၇၀၀)နီးပါး(မိုင်တစ်ထောင်ကျော်) ရှည်လျားတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်း နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျတဲ့ မူဆယ်၊ မန္တလေး၊ ရန်ကုန် နဲ့ ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမယ့်စီမံကိန်းလည်း ဖြစ်ပါတယ်။ စီးပွားရေးစင်္ကြံလမ်းမတစ်လျှောက်မှာ အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများ၊ အဆင့်မြင့်နယ်စပ်ဂိတ်များ၊ ကုန်လှောင်ရုံများ၊ ကုန်စည်ထုတ် လုပ်နိုင်မယ့် စက်မှုဇုန်များစတဲ့ ကုန်းလမ်းကြောင်းရော၊ ရေလမ်းကြောင်းပါ နှစ်ခုစလုံးကိုအသုံးပြုပြီး ကုန်စည်ကူးသန်းနိုင်မယ့် လမ်းကြောင်းများဖြစ်ပေါ်လာစေရေးအတွက် အခြားဆက်စပ် အကောင် အထည်ဖော်သွားမယ့် စီမံကိန်းတွေလည်းပါဝင်နေပါတယ်။
စီးပွားရေးစင်္ကြံမှာပါဝင်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း နဲ့ အထူးစီးပွားရေးဇုန်တွေဟာ တရုတ်နိုင်ငံ ကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ပေးမယ့် ဒေသတွင်းမဟာဗျူဟာကျတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါ တယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလက လက်မှတ်ရေးထိုးခဲ့တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးပေါင်းဆောင် ရွက်ရေးအစီအစဉ်နားလည်မှုစာချွန်လွှာထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း၊ မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်များ တည်ဆောက်ရေးတို့ ပါဝင်နေပါတယ်။

ဒါ့ပြင်နေပြည်တော်- အောင်လံ- မအီ- ကျောက်ဖြူလမ်းစီမံကိန်းဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ရဲ့ဆောင်လျင်စွာဆောင်ရွက်ရမယ့်စီမံကိန်းတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အရေးကြီးတဲ့ လမ်းပိုင်းဖြစ် ကာ နေပြည်တော်- အောင်လံ- မအီလမ်းပိုင်းကတော့ Feasibility Study ဆောင်ရွက်ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ စီးပွားရေးစင်္ကြံခေါင်းစဉ်အောက်မှာ စီမံကိန်း (၃၈)ခုဝန်းကျင်ကို တရုတ်နိုင်ငံက တင်ပြထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးချိန်မှာလည်း နစကဟာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ စီမံကိန်းများ အကောင်အထည်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့ပြီး အရေးပါတဲ့ ကော်မတီများကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ် ဆန့်ကျင်ရေးသဘောထားများ နှစ်ပေါင်းများစွာကြာရှိနေသလို လက်ရှိအချိန်မှာလည်း တရုတ် နဲ့ မြန်မာတို့ ပူးပေါင်းလုပ်ကိုင်မယ့် စီမံကိန်းများကို ဆန့်ကျင်ကန့်ကွက်မှုများရှိနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံက အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ဒေသခံရေလုပ်သားတွေကို ထိခိုက်စေနိုင်တဲ့အတွက် အဲဒီစီမံကိန်းကို အလိုမရှိကြောင်း ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလ ၂၇ ရက်က ကန့်ကွက်ခဲ့ကြပါတယ်။ ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာ သံဇစ်မြစ်မှာရှိတဲ့ မဒေးကျွန်းမှာ စီမံကိန်းကို အလိုမရှိကြောင်းနဲ့ ချက်ချင်းရပ်ဖို့အပါအဝင် ဒေသခံတွေကို လေးစားဖို့စတဲ့ ဆိုင်းဘုတ် တွေကို ချိတ်ဆွဲပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်ထုတ်ခဲ့တယ်လို့ သိရှိရပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းဒေသမှာ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကွင်းဆင်း ဆောင်ရွက်လာတဲ့အတွက် ဒေသခံ ရေလုပ်သားတွေအကြား စိုးရိမ်မှုတွေဖြစ်လာ နေကြပါတယ်။

မဒေးကျွန်းမှာငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေတဲ့ ကိုထွန်းမြင့်နိုင်က “ပြောရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ဘဝနဲ့ရင်းပြီးတော့ အရေးပါတာ။ အဲဒီလောက်အထဲ ဒီမြစ်ကြောင်းက အရေးပါတယ်။ အမေနဲ့ အဖေက မွေးထားတာပဲ ရှိတာ။ ဒီမြစ်က ကျွေးအမေနဲ့ ကျွေးအဖေပါပဲ။ ပညာမတတ်ခဲ့ပေမယ့် သားသမီးပညာရေးကို ဒီကရှာပြီးသင်ပေးနိုင်တယ်။ ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့ လုပ်ငန်းတွေ ကျွန်တော်တို့ ပဒေးကျွန်းက ဒေသခံတွေရဲ့စားဝတ်နေရေးကို ဖြေရှင်းပေးနေတဲ့ မြစ်ကြောင်းလေ”လို့ ပြောခဲ့ဖူးပါတယ်။

ရေနက်ဆိပ်ကမ်း စီမံကိန်းကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ၃၇၀ ဧကနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရမ်းဗြဲကျွန်းပေါ်က ၂၃၇ ဧက၊ စုစုပေါင်း မြေဧရိယာ ၆၀၇ ဧကမှာ တည်ဆောက်ဖို့ စီစဉ်ထားပြီး ဒီရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်း (၁၀) ခု တည်ဆောက်ရေးလည်း ပါဝင်ပါတယ်။ ဒေသခံတွေဟာ လက်ရှိမှာလည်း ရေနံတင်သင်္ဘောကြီးတွေ သွားလာတဲ့ လမ်းကြောင်းဧရိယာထဲမှာ ငါးဖမ်းခွင့်ကန့်သတ်ခံထားရပြီး ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်လာတဲ့အခါ ဒေသခံရေလုပ်သားတွေ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို လည်း ဒေသခံကိုထွန်းမြင့်နိုင်က စိုးရိမ်နေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာပြုလုပ်မယ့် စီမံကိန်းများနဲ့ပတ်သက်ပြီး ဒေသခံများ စိုးရိမ်နေပေမယ့် တရုတ်သံအမတ်ကြီး ချန်ဟိုင်းကတော့ “The Belt and Road” နဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်များဖြင့် မြန်မာပြည်သူများကို ပိုမိုဆောလျင်စွာ၊ ပိုမိုများပြားစွာအကျိုးပြုနိုင်ရန်မျှော်လင့်ထားလို့ ဆိုပါတယ်။ တရုတ်သံအမတ်ကြီး ချန်ဟိုင်းဟာ “တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များနှင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ” ခေါင်းစဉ်နဲ့ရေးသားခဲ့တဲ့ ဆောင်းပါးထဲမှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပါ တယ်။ တရုတ်သံအမတ်ကြီးက" တရုတ်နိုင်ငံဟာ The Belt and Road အတူတကွ တည်ဆောက်ရေးကို အရည်အသွေးမြင့်စွာဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ဆောင်ရွက်ပါမယ်။ လတ်တလောမှာ “The Belt and Road” အဓိကစီမံကိန်းများတည်ဆောက်မှုဆိုင်ရာ အောင်မြင်မှု သတင်းများမကြာခဏထွက်ပေါ်လာပါတယ်။ တရုတ်-လာအိုမီးရထားလမ်း စတင်ဖွင့်လှစ်တဲ့ တစ်နှစ်နီးပါးအတွင်းမှာစုစုပေါင်းကုန်စည်ပို့ဆောင်မှုပမာဏတန်ချိန် (၁၀)သန်းကျော် ရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မှ Sihanoukville ဆိပ်ကမ်းအကြားအမြန်လမ်းကို အဆင်ပြေချောမွေ့စွာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ သမ္မတရှီကျင့်ဖျင်ဟာ ဘာလီကျွန်းမှာအင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo နဲ့အတူ ဂျာကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားစမ်းသပ်ပြေးဆွဲမှုကိုကြည့်ရှုခဲ့ပါတယ်။ အဆိုပါ စီမံကိန်းများဟာ သက်ဆိုင်ရာနိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်စေရေးအတွက် များစွာမြှင့်တင်ပေးပြီး ဒေသတွင်းချိတ်ဆက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး “The Belt and Road”ရဲ့ အရေးပါပွိုင့်တစ်ခုဖြစ်ပါတယ်။ ခရီးစဉ်သစ်မှာ မြန်မာနိုင်ငံနဲ့ ဆက်လက်လက်တွဲပြီး “The Belt and Road” နဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်များဖြင့် မြန်မာပြည်သူများကို ပိုမိုဆောလျင်စွာ၊ ပိုမိုများပြားစွာအကျိုးပြုနိုင်ရန်မျှော်လင့်ပါတယ်။" လို့ ရေးသားထားပါတယ်။

ဒါ့ပြင်တရုတ်သံအမတ်ကြီးချန်ဟိုင်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေရဲ့ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံမှာ သေးငယ်ပေမယ့် ကောင်းမွန်တဲ့၊ ပြည်သူလူထုကိုအကျိုးပြုတဲ့ စီမံကိန်း ၉၀ ကျော်ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ စပါးမျိုးစိတ်ပျိုးထောင်ရေး ၊ကော်ဖီပင်စိုက်ပျိုးရေး၊ စားသောက်ကုန် အချောထည်ပြုပြင်ထုတ်လုပ်ရေး၊ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်မှု အတတ်ပညာမြှင့်တင်ရေးစတဲ့ကဏ္ဍတွေမှာ မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီပေးခဲ့သလို အနာဂတ်မှာ လည်း တရုတ်နိုင်ငံကဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနဲ့ လျှော့ချရေး၊ ကျေးလက်ဒေသထူထောင်ရေး ဆိုင်ရာအတွေ့အကြုံများကို မြန်မာနိုင်ငံနဲ့အတူ ဆက်လက်မျှဝေပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုဆင်းရဲတွင်းမှ လွတ်မြောက်ကာချမ်းသာလာစေရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုများလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက် အုပ်စုနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအချို့က မြန်မာနိုင်ငံကို အထီးကျန်နိုင်ငံဖြစ်အောင်လုပ်ဆောင်နေချိန်မှာ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံအပေါ် သဘောထားမပြောင်းလဲဘဲ စီမံကိန်းများ လုပ်ဆောင်ပြီး မြန်မာပြည်သူများအလုပ်ကိုင်အခွင့်လမ်း မဆုံးရှုံးရအောင်၊ နှစ်နိုင်ငံစလုံးအကျိုးစီးပွားဖြစ်ထွန်းအောင် ကြိုးပမ်းလျက်ရှိနေဆဲဖြစ်တယ်ဆိုတာဟာ တရုတ်သံအမတ်ကြီးချန်ဟိုင်းရဲ့ပြောစကားတွေက သက်သေခံနေပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ စီမံကိန်းများ ပြန်လည်ရုတ်သိမ်းခဲ့မယ်ဆိုရင် မြန်မာ နိုင်ငံမှာအလုပ်လက်မဲ့အရေအတွက်ပိုမိုများပြားလာမှာ သေချာနေပါတယ်။ တရုတ်သံအမတ်ကြီးက " တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတိုးတက်ကောင်းမွန်စေရေး၊ မြန်မာပြည်သူများတိုး တက်ကောင်းမွန်စေရေးအယူအဆကို အမြဲလက်ကိုင်စွဲပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကိုနက်ရှိုင်းစွာဆောင်ရွက်ပြီး အတူတကွဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကာနှစ်နိုင်ငံပြည်သူများကိုအကျိုးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ဆိုပါတယ်။

zawgyi version
အေနာက္အုပ္စုရဲ႕ဖိအားဒဏ္ကို ရင္ဆိုင္ေနရတဲ့ ျမန္မာအေပၚထားရွိတဲ့ တ႐ုတ္အစိုးရရဲ႕သေဘာထား နဲ႔ စီမံကိန္းမ်ားအေၾကာင္း တစ္ေစ့တစ္ေစာင္း (ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္က အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျဖစ္ပြားခဲ့တဲ့ဆႏၵျပပြဲမ်ားအတြင္း တ႐ုတ္ႏိုင္ငံသားပိုင္ စက္႐ုံမ်ား၊ စီမံကိန္းမ်ားကို ပစ္မွတ္ထားတိုက္ခိုက္မႈမ်ားရွိလာခဲ့ျခင္းအေပၚ တ႐ုတ္အစိုးရက စိုးရိမ္မႈေတြျဖစ္လာေစခဲ့ပါတယ္။ အာဏာရယူမႈျဖစ္ပြားခဲ့မႈနဲ႔ပတ္သက္ၿပီး အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ နစကကို အထီးက်န္ႏိုင္ငံျဖစ္ေအာင္ တြန္းအားေပးျခင္း၊ ပိတ္ဆို႔မႈမ်ားခ်မွတ္ျခင္းမ်ားလုပ္ေဆာင္ခဲ့ေပမယ့္ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံကေတာ့ နစကကို ျမန္မာႏိုင္ငံရဲ႕တရားဝင္အစိုးရပုံစံမ်ိဳး ထိေတြ႕ဆက္ဆံခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ျမန္မာႏိုင္ငံရဲ႕ျပည္တြင္း၊ ျပည္ပအေျခအေနေတြ အေျပာင္းအလဲရွိေနေပမယ့္ ျမန္မာႏိုင္ငံအေပၚထားရွိတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ မူဝါဒေတြအေပၚ သက္ေရာက္မႈရွိေစမွာမဟုတ္ဘူးလို႔ ၂၀၂၁ ခုႏွစ္ဇြန္လတုန္းကေျပာခဲ့ဖူးပါတယ္။

ဒါ့ျပင္တ႐ုတ္ေကာင္စီဝင္ ဝမ္ယိက " ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြ ဘယ္လိုပဲေျပာင္းလဲေနပါေစ၊ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာ၊ လြတ္လပ္ေရး နဲ႔ ပိုင္နက္နယ္ေျမေတြေဘးကင္းေစဖို႔ နဲ႔ ျမန္မာႏိုင္ငံရဲ႕အေျခအေနနဲ႔ကိုက္ညီတဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရးလမ္းေၾကာင္းကို ေရာက္ရွိေအာင္ ကူညီေပးသြားမွာပါ"လို႔ေျပာခဲ့ဖူးပါတယ္။

ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးလုပ္ေဆာင္ထားတဲ့ ႏိုင္ငံေတြထဲမွာပါဝင္ေနတဲ့ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာရွိေနတဲ့ တ႐ုတ္ႏိုင္ငံရဲ႕စီမံကိန္းေတြထိခိုက္ဖ်က္ဆီးခံရမွာစိုးရိမ္မႈမ်ားျဖစ္ေနရတယ္ဆိုတာ တ႐ုတ္အစိုးရ တာဝန္ရွိသူေတြရဲ႕ေျပာဆိုခ်က္ေတြက သက္ေသခံေနပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး က်င္ဂန္းဟာ ၂၀၂၃ ခုႏွစ္ ေမလက ျမန္မာႏိုင္ငံကိုလာေရာက္ခဲ့ၿပီး နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ျမန္မာႏိုင္ငံမွာတ႐ုတ္ႏိုင္ငံက လုပ္ေဆာင္ဖို႔ စီစဥ္ေနတဲ့စီမံကိန္းေတြ ေႏွာင့္ေႏွးေနတာ၊ တ႐ုတ္ႏိုင္ငံရဲ႕အက်ိဳးစီးပြားေတြ ကာကြယ္ဖို႔ ေတာင္းဆိုတာမ်ိဳးေတြရွိခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျမန္မာႏိုင္ငံရွိ တ႐ုတ္ႏိုင္ငံရဲ႕ စီမံကိန္းေတြနဲ႔ပိုင္ဆိုင္မႈေတြ ကာကြယ္ေပးဖို႔ ကတိေပးတာမ်ိဳးေတြရွိခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕အက်ိဳးစီးပြားအတြက္ က်န္းမာေရး၊ ပညာေရးနဲ႔ စိုက္ပ်ိဳးေရးက႑အတြက္ စီမံကိန္းမ်ား ဆက္လက္လုပ္ကိုင္မွာျဖစ္သလို တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍတည္ေဆာက္ေရး စီမံကိန္းကိုလည္း အရွိန္ျမႇင့္လုပ္ေဆာင္မယ္လို႔ ေျပာပါတယ္။ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျမန္မာႏိုင္ငံအေနနဲ႔ တ႐ုတ္ႏိုင္ငံသားမ်ား၊ နဲ႔တ႐ုတ္အင္စတီက်ဴးရွင္းမ်ားကို ကာကြယ္ေပးသြားမွာျဖစ္သလို နယ္စပ္ေဒသတည္ၿငိမ္ေရးကို တ႐ုတ္ႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ အာဏာရယူမႈကို လက္တုံ႔ျပန္မႈအျဖစ္ အေမရိကန္ အပါအဝင္အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဟာ ျမန္မာႏိုင္ငံမွာလုပ္ငန္းမ်ားလုပ္ကိုင္ေနမႈကို ျပန္႐ုတ္သိမ္းသြားခဲ့ေပမယ့္ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားကေတာ့ ျမန္မာႏိုင္ငံမွာ လုပ္ငန္းမ်ား လုပ္ကိုင္မႈကို ျပန္လည္႐ုတ္သိမ္းမႈ မရွိဘဲ လုပ္ငန္းမ်ား ဆက္လက္လုပ္ကိုင္လ်က္ရွိေနဆဲျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းမွာ နစကနဲ႔ အျပန္အလွန္ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ေရး ႀကိဳးပမ္းမႈေတြကို ဘယ္ေတာ့မွ ရပ္တန႔္တာမ်ိဳးမရွိခဲ့ပါဘူး။ တ႐ုတ္ႏိုင္ငံဟာ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံရဲ႕ သဘာဝအရင္းျမစ္က႑ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ ပိုမိုအာ႐ုံစိုက္လုပ္ကိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ တ႐ုတ္ နဲ႔ ျမန္မာႏိုင္ငံၾကား ေပါက္ေဖာ္ဆက္ဆံေရးကို အရွိန္ျမႇင့္ၿပီး ပိုမိုနီးစပ္ေအာင္ ႀကိဳးပမ္းေနကာ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံရဲ႕အလားအလာရွိတဲ့ စြမ္းအင္က႑ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံ႔ဖို႔ စိတ္ဝင္စား႐ုံသာမက ျမန္မာႏိုင္ငံရဲ႕ ေရနံ နဲ႔ ဓါတ္ေငြ႕လုပ္ငန္း၊ ေရအားလွ်ပ္စစ္လုပ္ငန္း၊ သတၱဳတူးေဖာ္ေရးလုပ္ငန္းေတြမွာ အေျခခံအေဆာက္အဦးမ်ားတည္ေဆာက္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ပိုမိုလုပ္ေဆာင္ဖို႔ လိုလားေနပါတယ္။ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံမွာလုပ္ကိုင္လ်က္ရွိေနတဲ့ စီမံကိန္းေတြမွာ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ ခ်ိတ္ဆက္ထားတဲ့အရွည္ ၇၉၃ ကီလိုမီတာအရွည္ရွိ ေရနံ နဲ႔ ဓါတ္ေငြ႕ ပိုက္လိုင္းက အဓိက စီမံကိန္းအျဖစ္ ရွိေနခဲ့ၿပီး အဲဒီေရနံနဲ႔ဓါတ္ေငြ႕ပိုက္လိုင္းကတဆင့္ ျမန္မာႏိုင္ငံကထြက္ရွိတဲ့ ဓါတ္ေငြ႕ကို တ႐ုတ္ႏိုင္ငံယူနန္ျပည္နယ္ကို (၁၀)ႏွစ္အတြင္းဓါတ္ေငြ႕ ၅၂ ဘီလ်ံကုဗမီတာ ပို႔လႊတ္ေပးႏိုင္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံအေျခစိုက္ ဂလိုဘယ္လ္တိုင္းမ္သတင္းဌာနက ဇူလိုင္လအတြင္းမွာေဖာ္ျပခဲ့ပါတယ္။

အဲဒီဓါတ္ေငြ႕ပိုက္လိုင္းဟာ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံၾကား စြမ္းအင္က႑အတြက္ ပူးေပါင္း ေဆာင္႐ြက္မႈေတြမွာ မဟာဗ်ဴဟာေျမာက္ စီမံကိန္းတစ္ခုျဖစ္ေနၿပီး ျမန္မာႏိုင္ငံ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေရးနဲ႔ အလုပ္ကိုင္အခြင့္လမ္းရရွိေစဖို႔ မ်ားစြာအေထာက္အကူျဖစ္ေစတဲ့ စီမံကိန္းတစ္ခု ျဖစ္ပါတယ္။ ဓါတ္ေငြ႕ပိုက္လိုင္းကို စီမံခန႔္ခြဲေနတဲ့ CNPC က ဓါတ္ေငြ႕ပိုက္လိုင္းတည္ေဆာက္ခ်ိန္ကာလနဲ႔ ဓါတ္ေငြ႕မ်ား ပို႔လႊတ္ခ်ိန္ကာလအတြင္း ဝန္ထမ္းေပါင္း (၁၀၀၀)ေက်ာ္ ခန႔္ထားခဲ့ၿပီး (၈၀)ရာခိုင္ႏႈန္းက ေဒသခံေတြျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါ့ျပင္ ေရနံ နဲ႔ ဓါတ္ေငြ႕ပိုက္လိုင္း စီမံကိန္း တည္ေဆာက္မႈ နဲ႔ ဓါတ္ေငြ႕ပို႔လႊတ္တဲ့လုပ္ငန္းမ်ား လုပ္ေဆာင္ခ်ိန္ကာလအတြင္းမွာလည္း ျမန္မာႏိုင္ငံရွိ စီးပြားေရး လုပ္ငန္းေပါင္း ၂၉၅ ခု ပါဝင္လုပ္ကိုင္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံပိုင္ စြမ္းအင္ကုမၸဏီတစ္ခုျဖစ္တဲ့ CNPC ကေဖာ္ျပထားပါတယ္။ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္ေနတဲ့ ေက်ာက္ျဖဴေရနံ နဲ႔ဓါတ္ေငြ႕ပိုက္လိုင္း စီမံကိန္းမွာ ရွယ္ယာအမ်ားစုကို တ႐ုတ္ CNPC ကုမၸဏီကအမ်ားစုပိုင္ဆိုင္ထားၿပီး တ႐ုတ္၊ ျမန္မာ၊ အိႏၵိယနဲ႔ေတာင္ကိုရီးယားႏိုင္ငံတို႔ရဲ႕ေကာ္ပိုေရးရွင္းေျခာက္ခုရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပါဝင္လုပ္ကိုင္ခဲ့ေနတယ္လို႔ ဂလိုဘယ္တိုင္းမ္သတင္းဌာနကေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံက ကုန္းေျမေပၚမွာပိုက္လိုင္းသြယ္တန္းၿပီး ႏွစ္စဥ္တင္သြင္းေနတဲ့ဓါတ္ေငြ႕စုစုေပါင္းရဲ႕ ၁၀ ရာခိုင္ႏႈန္းဟာ ေက်ာက္ျဖဴေရနံနဲ႔ဓါတ္ေငြ႕စီမံကိန္းျဖစ္တယ္လို႔ တ႐ုတ္မီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ လုပ္ကိုင္ေနတဲ့ စီမံကိန္းေတြေဘးကင္းေရးဟာ တ႐ုတ္အစိုးရအတြက္ အဓိကက်ေနရာ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ ျဖစ္တဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA၊ တေအာင္းလက္နက္ကိုင္အဖြဲ႕ TNLA အျပင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA တို႔နဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ရာ တိုင္းရင္းသားလက္နက္ကိုင္ သုံးဖြဲ႕ထိန္းခ်ဳပ္ထားတဲ့နယ္ေျမအတြင္းရွိ တ႐ုတ္စီမံကိန္းေတြကို ေဘးကင္းလုံၿခဳံေအာင္ကူညီေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္လည္း ညီေနာင္မဟာမိတ္အဖြဲ႕သုံးဖြဲ႕ျဖစ္တဲ့ AA၊ TNLA နဲ႔ MNDAA အဖြဲ႕တို႔က ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံတဲ့ စီမံကိန္းမ်ားကို ေႏွာက္ယွက္ဖ်က္ဆီး ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားမွာျဖစ္သလို ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီမ်ား ဒါမွမဟုတ္ လူပုဂၢိဳလ္ေတြကိုအေႏွာက္ယွက္ေပးျခင္း၊ ဆက္ေၾကးေတာင္းျခင္းစတဲ့ ျပစ္မႈက်ဴးလြန္သူ ဘယ္သူကိုမဆို အေရးယူေဆာင္႐ြက္သြားမယ္လို႔ တုံ႔ျပန္ခဲ့ဖူးပါတယ္။ တ႐ုတ္ႏိုင္ငံက ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ စီမံကိန္းေတြဟာ တ႐ုတ္ႏိုင္ငံအတြက္ ျမန္မာႏိုင္ငံရဲ႕ ပထဝီဝင္ႏိုင္ငံေရးအားသာခ်က္ကို ပိုမိုေကာင္းမြန္လာေစမွာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ One Belt One Road စီမံကိန္းကို မဟာဗ်ဴဟာေျမာက္လုပ္ေဆာင္ဖို႔ စီစဥ္ထားၿပီး ၂၀၁၃ ခုႏွစ္မွာစတင္ခဲ့တဲ့ အဲဒီစီမံကိန္းအရ တ႐ုတ္အစိုးရဟာ ႏိုင္ငံတကာ အဖြဲ႕စည္းနဲ႔ ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္မွာရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ေဆာင္မွာျဖစ္ရာ ျမန္မာႏိုင္ငံမွာလည္း အဲဒီစီမံကိန္းနဲ႔ ဆက္ႏြယ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံ႔မယ့္ စီမံကိန္းမ်ားရွိေနပါတယ္။ တ႐ုတ္အစိုးရဟာ ျမန္မာႏိုင္ငံမွာ အာဏာရယူမႈ ျဖစ္ပြားခဲ့ၿပီး ေနာက္ပိုင္းမွာလည္း One Belt One Road စီမံကိန္းရဲ႕အစိတ္အပိုင္းအျဖစ္ ျမန္မာႏိုင္ငံမွာ လုပ္ကိုင္ဖို႔ စီစဥ္ထားတဲ့ စီမံကိန္းေတြကို ရပ္တန႔္ျခင္းမရွိဘဲ ဆက္လက္လုပ္ကိုင္လ်က္ရွိေနပါတယ္။

One Belt One Road စီမံကိန္းရဲ႕အစိတ္အပိုင္းအျဖစ္ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံမွာရင္းႏွီးျမႇဳပ္ႏွံမယ့္ စီမံကိန္းေတြဟာ အေမရိကန္ေဒၚလာ ၂ ဒသမ ၅ သန္း ရင္းႏွီးျမႇဳပ္ႏွံမယ့္ မီးလင္းခ်ိဳင္စီမံကိန္း၊ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလ်ံရင္းႏွီးျမႇဳပ္ႏွံမယ့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ အေမရိကန္ ေဒၚလာ ၁ ဒသမ ၅ ဘီလ်ံရင္းႏွီးျမႇဳပ္ႏွံမယ့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၊ အေမရိကန္ေဒၚလာ ၁ ဒသမ ၃ ဘီလ်ံကုန္က်မယ့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းေတြ အပါအဝင္ စီမံကိန္းေပါင္း (၈) ခုရွိ ေနပါတယ္။ ေက်ာက္ျဖဴေရနက္စီမံကိန္းဟာ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဓိကေမာင္းႏွင္အားျဖစ္လာမယ့္ စီမံကိန္းျဖစ္ေနၿပီး ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ႏိုင္မယ့္ ဆိပ္ကမ္းတည္ေဆာက္ႏိုင္မႈ၊ စက္မႈဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အျပင္ ေဒသခံမ်ားကို အလုပ္အကိုင္ အခြင့္လမ္းေကာင္းမ်ား ရရွိေစမယ့္ အခြင့္အေရးေကာင္းေတြရွိေနပါတယ္။ အိႏၵိယႏိုင္ငံဟာ ၂၀၂၃ ခုႏွစ္ အတြင္းမွာ စစ္ေတြဆိပ္ကမ္းစီမံကိန္းကို အၿပီးသတ္လုပ္ေဆာင္ႏိုင္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံက လည္း ေက်ာက္ျဖဴစီမံကိန္းကို အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ဖို႔ ဆႏၵျပင္းျပေနပါတယ္။ ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံမတ္ႀကီး ခ်န္ဟိုင္းဟာ ၾသဂုတ္လ ၃၀ ရက္မွာ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အဲဒီေတြ႕ဆုံေဆြးေႏြးမႈေတြထဲမွာ ႏွစ္ႏိုင္ငံၾကား ရွိရင္းစြဲေဆြမ်ိဳး ေပါက္ေဖာ္ဆက္ဆံေရးကို ပိုမိုတိုးတက္ခိုင္မာေစဖို႔၊ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္ ေနတဲ့ စီမံကိန္းမ်ားကို ႏွစ္ဖက္အျပန္အလွန္ အက်ိဳးရွိေစမႈအေပၚမူတည္ၿပီး အရွိန္အဟုန္ျမႇင့္ အေကာင္ထည္ေဖာ္ေရးကို အဓိကထားေဆြးေႏြးခဲ့ပါတယ္။

ဒါ့ျပင္ တ႐ုတ္သံအမတ္ႀကီးနဲ႔ ျမန္မာႏိုင္ငံ ျခားေရးဝန္ႀကီးတို႔ဟာ ႏွစ္ႏိုင္ငံနယ္စပ္ေဒသမ်ား တည္ၿငိမ္ေအးခ်မ္းမႈေတြကို ထိန္းသိမ္းေရး အျပင္ ျမန္မာႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းရာမွာ တ႐ုတ္ႏိုင္ငံက အျပဳသေဘာေဆာင္တဲ့ အကူအညီမ်ား ဆက္လက္ကူညီေပးေရးစတဲ့အခ်က္ေတြကို ေဆြးေႏြးခဲ့ပါတယ္။ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံၾကား အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈေတြထဲမွာ တ႐ုတ္ႏိုင္ငံသားမ်ားကို လိမ္လည္ေခၚယူေနတဲ့ ျမန္မာႏိုင္ငံရွိ လူကုန္ကူးဂိုဏ္းမ်ားနဲ႔ နယ္စပ္ျဖတ္ေက်ာ္ကာ ရာဇဝတ္မႈေတြ က်ဴးလြန္ေနတဲ့ အဖြဲ႕အစည္းမ်ားၿဖိဳခြင္းေရးကိစၥေတြလည္း ပါဝင္ေနပါတယ္။ ကုလသမဂၢရဲ႕ထုတ္ျပန္ခ်က္မွာ ျမန္မာႏိုင္ငံ နဲ႔ ထိုင္းနယ္စပ္ေဒသရွိ လူကုန္ကူးဂိုဏ္းမ်ားရဲ႕လက္ထဲမွာ တ႐ုတ္ႏိုင္ငံသားမ်ား အပါအဝင္ ႏိုင္ငံတကာရဲ႕ လူေပါင္း ၁၂၀၀၀၀ ေက်ာ္ဖမ္းဆီးထိန္းသိမ္းခံေနရတယ္လို႔ ေဖာ္ျပထားပါတယ္။ တ႐ုတ္အစိုးရဟာ ျမန္မာႏိုင္ငံရွိ အြန္လိုင္းအသုံးျပဳကာ လိမ္လည္ေခၚယူၿပီး လူကုန္ကူးေနတဲ့ ဂိုဏ္းမ်ားရဲ႕သားေကာင္အျဖစ္ တ႐ုတ္ႏိုင္ငံသားမ်ားမျဖစ္ေစဖို႔ လိုလားေနၿပီး နယ္စပ္ေဒသရွိ လူကုန္ကူးဂိုဏ္းမ်ားကို ၿဖိဳခြင္းေပးဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး က်င္ဂန္းဟာ ၿပီးခဲ့တဲ့ေမလက ေတာင္းဆိုခဲ့ဖူးပါတယ္။ တ႐ုတ္နဲ႔ ျမန္မာအစိုးရတို႔ဟာ လူကုန္ကူးဂိုဏ္းမ်ားကို ၿဖိဳခြင္းႏိုင္ဖို႔ ထိုင္း၊ လာအိုတို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနရာ ၾသဂုတ္လေနာက္ဆုံးသီတင္းပတ္မွာ အြန္လိုင္းအသုံးျပဳကာ လူကုန္ကူးမႈမ်ား က်ဴးလြန္ေနတဲ့ တ႐ုတ္ႏိုင္ငံသား အနည္းဆုံး (၂၄)ဦးကို တ႐ုတ္ရဲတပ္ဖြဲ႕ထံ ျပန္လည္လႊဲေျပာင္းေပးႏိုင္ခဲ့ရာ ႏွစ္ႏိုင္ငံၾကားပူးေပါင္းေဆာင္႐ြက္မႈရဲ႕ တိုးတက္မႈ ျပယုဂ္ျဖစ္ေစခဲ့ပါတယ္။

ထိုင္းနဲ႔ ျမန္မာနယ္စပ္ေဒသျဖစ္တဲ့ ျမဝတီၿမိဳ႕ဟာ အေရွ႕ေတာင္အာရွေဒသမွာ လူကုန္ကူးမႈ အမ်ားဆုံးက်ဴးလြန္ေနတဲ့ ဒုတိယစင္တာတစ္ခုျဖစ္ေနတယ္လို႔ ႏိုင္ငံတကာသုေတသီအဖြဲ႕ေတြက ေဖာ္ျပခဲ့ဖူးပါတယ္။ ျမန္မာႏိုင္ငံရွိ လူကုန္ကူးဂိုဏ္းမ်ားေၾကာင့္ ျမန္မာႏိုင္ငံကို ခရီးသြားရာမွာ သတိထားဖို႔ သက္ဆိုင္ရာႏိုင္ငံေတြက သတိေပးထားပါတယ္။ တ႐ုတ္ႏိုင္ငံပိုင္မီဒီယာတစ္ခုျဖစ္တဲ့ ဂလိုဘယ္တိုင္းမ္စ္သတင္းဌာနက ျမန္မာႏိုင္ငံရွိ လူကုန္ကူးဂိုဏ္းမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံသား မ်ားဟာ ျမန္မာႏိုင္ငံကို သြားေရာက္လိုျခင္း မရွိဘူးလို႔ ၾသဂုတ္လအတြင္းေဖာ္ျပခဲ့ဖူးပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းမွာ ႏိုင္ငံေပါင္း (၇၀) နီးပါး ပါဝင္လာဖို႔ ရည္မွန္းထားတဲ့ BRI စီမံကိန္းမွာအစိတ္အပိုင္းအျဖစ္ပါဝင္ေနတဲ့ တ႐ုတ္-ျမန္မာစီးပြားေရး စႀကႍတည္ေဆာက္အေကာင္ထည္ေဖာ္မႈေတြကိုလည္း လက္ရွိအခ်ိန္မွာ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ဖို႔ ႀကိဳးပမ္းလ်က္ရွိေနပါတယ္။

“ရပ္ဝန္းတစ္ခု၊ လမ္းေၾကာင္းတစ္ခုအစီအမံ” ခါးပတ္တစ္ကြင္းလမ္းတစ္စင္းလို႔ေခၚဆိုတဲ့ BRI စီမံကိန္းဟာ စီးပြားေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္သက္ဆိုင္ေသာ အေျခခံအေဆာက္အအုံမ်ား၊ စက္မႈဇုန္ႀကီးမ်ား၊ လမ္းမမ်ား၊ မီးရထားလမ္းမ်ား၊ ေရနက္ဆိပ္ကမ္းမ်ားကို တည္ေဆာက္ၿပီး ေရလမ္း၊ ကုန္လမ္းမ်ားျဖင့္ခ်ိတ္ဆက္ အေကာင္ထည္ေဖာ္မယ့္ စီမံကိန္းလည္းျဖစ္ပါတယ္။ အဂၤလိပ္ အကၡရာ “ဝိုင္”(Y) ပုံသ႑ာန္ရွိၿပီး စုစုေပါင္း ကီလိုမီတာ (၁၇၀၀)နီးပါး(မိုင္တစ္ေထာင္ေက်ာ္) ရွည္လ်ားတဲ့ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍဟာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ယူနန္ျပည္နယ္ရွိ ကူမင္း နဲ႔ ျမန္မာႏိုင္ငံရွိ စီးပြားေရးအရ အခ်က္အျခာက်တဲ့ မူဆယ္၊ မႏၲေလး၊ ရန္ကုန္ နဲ႔ ေက်ာက္ျဖဴၿမိဳ႕တို႔ကို ခ်ိတ္ဆက္ျဖတ္သန္းသြားမယ့္စီမံကိန္းလည္း ျဖစ္ပါတယ္။ စီးပြားေရးစႀကႍလမ္းမတစ္ေလွ်ာက္မွာ အထူးစီးပြားေရးဇုန္မ်ား၊ ဆိပ္ကမ္းမ်ား၊ အဆင့္ျမင့္နယ္စပ္ဂိတ္မ်ား၊ ကုန္ေလွာင္႐ုံမ်ား၊ ကုန္စည္ထုတ္ လုပ္ႏိုင္မယ့္ စက္မႈဇုန္မ်ားစတဲ့ ကုန္းလမ္းေၾကာင္းေရာ၊ ေရလမ္းေၾကာင္းပါ ႏွစ္ခုစလုံးကိုအသုံးျပဳၿပီး ကုန္စည္ကူးသန္းႏိုင္မယ့္ လမ္းေၾကာင္းမ်ားျဖစ္ေပၚလာေစေရးအတြက္ အျခားဆက္စပ္ အေကာင္ အထည္ေဖာ္သြားမယ့္ စီမံကိန္းေတြလည္းပါဝင္ေနပါတယ္။
စီးပြားေရးစႀကႍမွာပါဝင္တဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း နဲ႔ အထူးစီးပြားေရးဇုန္ေတြဟာ တ႐ုတ္ႏိုင္ငံ ကို အိႏၵိယသမုဒၵရာထြက္ေပါက္ေပးမယ့္ ေဒသတြင္းမဟာဗ်ဴဟာက်တဲ့ စီမံကိန္းတစ္ခုလည္း ျဖစ္ပါ တယ္။ ၂၀၁၉ ခုႏွစ္၊ ဧၿပီလက လက္မွတ္ေရးထိုးခဲ့တဲ့ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍ ပူးေပါင္းေဆာင္ ႐ြက္ေရးအစီအစဥ္နားလည္မႈစာခြၽန္လႊာထဲမွာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္ စီမံကိန္း၊ မူဆယ္-မႏၲေလးရထားလမ္းစီမံကိန္းနဲ႔ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈဇုန္မ်ား တည္ေဆာက္ေရးတို႔ ပါဝင္ေနပါတယ္။

ဒါ့ျပင္ေနျပည္ေတာ္- ေအာင္လံ- မအီ- ေက်ာက္ျဖဴလမ္းစီမံကိန္းဟာ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ ရဲ႕ေဆာင္လ်င္စြာေဆာင္႐ြက္ရမယ့္စီမံကိန္းတြင္ တစ္ခုအပါအဝင္ျဖစ္ၿပီး အေရးႀကီးတဲ့ လမ္းပိုင္းျဖစ္ ကာ ေနျပည္ေတာ္- ေအာင္လံ- မအီလမ္းပိုင္းကေတာ့ Feasibility Study ေဆာင္႐ြက္ၿပီးျဖစ္တယ္လို႔ သိရွိရပါတယ္။ စီးပြားေရးစႀကႍေခါင္းစဥ္ေအာက္မွာ စီမံကိန္း (၃၈)ခုဝန္းက်င္ကို တ႐ုတ္ႏိုင္ငံက တင္ျပထားတယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးခ်ိန္မွာလည္း နစကဟာ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍေအာက္ရွိ စီမံကိန္းမ်ား အေကာင္အထည္ေရးအတြက္ ႀကိဳးပမ္း လုပ္ေဆာင္ခဲ့ၿပီး အေရးပါတဲ့ ေကာ္မတီမ်ားကို ျပန္လည္ဖြဲ႕စည္းခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ တ႐ုတ္ ဆန႔္က်င္ေရးသေဘာထားမ်ား ႏွစ္ေပါင္းမ်ားစြာၾကာရွိေနသလို လက္ရွိအခ်ိန္မွာလည္း တ႐ုတ္ နဲ႔ ျမန္မာတို႔ ပူးေပါင္းလုပ္ကိုင္မယ့္ စီမံကိန္းမ်ားကို ဆန႔္က်င္ကန႔္ကြက္မႈမ်ားရွိေနဆဲျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္မွာ တ႐ုတ္ႏိုင္ငံက အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေနတဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းဟာ ေဒသခံေရလုပ္သားေတြကို ထိခိုက္ေစႏိုင္တဲ့အတြက္ အဲဒီစီမံကိန္းကို အလိုမရွိေၾကာင္း ေဒသခံေတြဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ေအာက္တိုဘာလ ၂၇ ရက္က ကန႔္ကြက္ခဲ့ၾကပါတယ္။ ေရနက္ဆိပ္ကမ္းစီမံကိန္းဧရိယာ သံဇစ္ျမစ္မွာရွိတဲ့ မေဒးကြၽန္းမွာ စီမံကိန္းကို အလိုမရွိေၾကာင္းနဲ႔ ခ်က္ခ်င္းရပ္ဖို႔အပါအဝင္ ေဒသခံေတြကို ေလးစားဖို႔စတဲ့ ဆိုင္းဘုတ္ ေတြကို ခ်ိတ္ဆြဲၿပီး ကန႔္ကြက္ဆႏၵထုတ္ေဖာ္ထုတ္ခဲ့တယ္လို႔ သိရွိရပါတယ္။ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ မေဒးကြၽန္းနဲ႔ ရမ္းၿဗဲကြၽန္းေဒသမွာ တ႐ုတ္ ေရနက္ဆိပ္ကမ္း စီမံကိန္းအတြက္ ကြင္းဆင္း ေဆာင္႐ြက္လာတဲ့အတြက္ ေဒသခံ ေရလုပ္သားေတြအၾကား စိုးရိမ္မႈေတြျဖစ္လာ ေနၾကပါတယ္။

မေဒးကြၽန္းမွာငါးဖမ္းလုပ္ငန္းနဲ႔ အသက္ေမြးေနတဲ့ ကိုထြန္းျမင့္ႏိုင္က “ေျပာရမယ္ ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ ဘဝနဲ႔ရင္းၿပီးေတာ့ အေရးပါတာ။ အဲဒီေလာက္အထဲ ဒီျမစ္ေၾကာင္းက အေရးပါတယ္။ အေမနဲ႔ အေဖက ေမြးထားတာပဲ ရွိတာ။ ဒီျမစ္က ေကြၽးအေမနဲ႔ ေကြၽးအေဖပါပဲ။ ပညာမတတ္ခဲ့ေပမယ့္ သားသမီးပညာေရးကို ဒီကရွာၿပီးသင္ေပးႏိုင္တယ္။ ဘိုးစဥ္ေဘာင္ဆက္ လုပ္စားလာတဲ့ လုပ္ငန္းေတြ ကြၽန္ေတာ္တို႔ ပေဒးကြၽန္းက ေဒသခံေတြရဲ႕စားဝတ္ေနေရးကို ေျဖရွင္းေပးေနတဲ့ ျမစ္ေၾကာင္းေလ”လို႔ ေျပာခဲ့ဖူးပါတယ္။

ေရနက္ဆိပ္ကမ္း စီမံကိန္းကို ေက်ာက္ျဖဴၿမိဳ႕နယ္ မေဒးကြၽန္းမွာ ၃၇၀ ဧကနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာရွိတဲ့ ရမ္းၿဗဲကြၽန္းေပၚက ၂၃၇ ဧက၊ စုစုေပါင္း ေျမဧရိယာ ၆၀၇ ဧကမွာ တည္ေဆာက္ဖို႔ စီစဥ္ထားၿပီး ဒီေရနက္ဆိပ္ကမ္းစီမံကိန္းမွာ ပင္လယ္ကူးသေဘၤာႀကီးေတြ ဆိုက္ကပ္ႏိုင္မယ့္ ဆိပ္ကမ္း (၁၀) ခု တည္ေဆာက္ေရးလည္း ပါဝင္ပါတယ္။ ေဒသခံေတြဟာ လက္ရွိမွာလည္း ေရနံတင္သေဘၤာႀကီးေတြ သြားလာတဲ့ လမ္းေၾကာင္းဧရိယာထဲမွာ ငါးဖမ္းခြင့္ကန႔္သတ္ခံထားရၿပီး ေရနက္ဆိပ္ကမ္းစီမံကိန္း အေကာင္အထည္ေဖာ္လာတဲ့အခါ ေဒသခံေရလုပ္သားေတြ ႀကဳံေတြ႕လာရမယ့္ အခက္အခဲေတြကို လည္း ေဒသခံကိုထြန္းျမင့္ႏိုင္က စိုးရိမ္ေနတာလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာျပဳလုပ္မယ့္ စီမံကိန္းမ်ားနဲ႔ပတ္သက္ၿပီး ေဒသခံမ်ား စိုးရိမ္ေနေပမယ့္ တ႐ုတ္သံအမတ္ႀကီး ခ်န္ဟိုင္းကေတာ့ “The Belt and Road” နဲ႔ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍကို အတူတကြတည္ေဆာက္ကာ ပူးေပါင္းေဆာင္႐ြက္မႈအက်ိဳးရလဒ္မ်ားျဖင့္ ျမန္မာျပည္သူမ်ားကို ပိုမိုေဆာလ်င္စြာ၊ ပိုမိုမ်ားျပားစြာအက်ိဳးျပဳႏိုင္ရန္ေမွ်ာ္လင့္ထားလို႔ ဆိုပါတယ္။ တ႐ုတ္သံအမတ္ႀကီး ခ်န္ဟိုင္းဟာ “တ႐ုတ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈအသစ္မ်ားႏွင့္ တ႐ုတ္-ျမန္မာပူးေပါင္းေဆာင္႐ြက္မႈ အခြင့္အလမ္းသစ္မ်ား” ေခါင္းစဥ္နဲ႔ေရးသားခဲ့တဲ့ ေဆာင္းပါးထဲမွာ ထည့္သြင္းေဖာ္ျပထားတာျဖစ္ပါ တယ္။ တ႐ုတ္သံအမတ္ႀကီးက" တ႐ုတ္ႏိုင္ငံဟာ The Belt and Road အတူတကြ တည္ေဆာက္ေရးကို အရည္အေသြးျမင့္စြာဖြံ႕ၿဖိဳးတိုးတက္ေစရန္ ျမႇင့္တင္ေဆာင္႐ြက္ပါမယ္။ လတ္တေလာမွာ “The Belt and Road” အဓိကစီမံကိန္းမ်ားတည္ေဆာက္မႈဆိုင္ရာ ေအာင္ျမင္မႈ သတင္းမ်ားမၾကာခဏထြက္ေပၚလာပါတယ္။ တ႐ုတ္-လာအိုမီးရထားလမ္း စတင္ဖြင့္လွစ္တဲ့ တစ္ႏွစ္နီးပါးအတြင္းမွာစုစုေပါင္းကုန္စည္ပို႔ေဆာင္မႈပမာဏတန္ခ်ိန္ (၁၀)သန္းေက်ာ္ ရွိခဲ့ပါတယ္။

ကေမာၻဒီးယားႏိုင္ငံဖႏြမ္းပင္မွ Sihanoukville ဆိပ္ကမ္းအၾကားအျမန္လမ္းကို အဆင္ေျပေခ်ာေမြ႕စြာ တည္ေဆာက္ၿပီးစီးခဲ့ပါတယ္။ သမၼတရွီက်င့္ဖ်င္ဟာ ဘာလီကြၽန္းမွာအင္ဒိုနီးရွားႏိုင္ငံသမၼတ Joko Widodo နဲ႔အတူ ဂ်ာကာတာ-ဘန္ေဒါင္းျမန္ႏႈန္းျမင့္ရထားစမ္းသပ္ေျပးဆြဲမႈကိုၾကည့္ရႈခဲ့ပါတယ္။ အဆိုပါ စီမံကိန္းမ်ားဟာ သက္ဆိုင္ရာႏိုင္ငံမ်ားရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ျပည္သူလူထုဘဝ တိုးတက္ေကာင္းမြန္ေစေရးအတြက္ မ်ားစြာျမႇင့္တင္ေပးၿပီး ေဒသတြင္းခ်ိတ္ဆက္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း အေထာက္အကူျပဳပါတယ္။ ျမန္မာႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံျဖစ္ၿပီး “The Belt and Road”ရဲ႕ အေရးပါပြိဳင့္တစ္ခုျဖစ္ပါတယ္။ ခရီးစဥ္သစ္မွာ ျမန္မာႏိုင္ငံနဲ႔ ဆက္လက္လက္တြဲၿပီး “The Belt and Road” နဲ႔ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍကို အတူတကြတည္ေဆာက္ကာ ပူးေပါင္းေဆာင္႐ြက္မႈအက်ိဳးရလဒ္မ်ားျဖင့္ ျမန္မာျပည္သူမ်ားကို ပိုမိုေဆာလ်င္စြာ၊ ပိုမိုမ်ားျပားစြာအက်ိဳးျပဳႏိုင္ရန္ေမွ်ာ္လင့္ပါတယ္။" လို႔ ေရးသားထားပါတယ္။

ဒါ့ျပင္တ႐ုတ္သံအမတ္ႀကီးခ်န္ဟိုင္းက လန္ခ်န္း-မဲေခါင္ပူးေပါင္းေဆာင္႐ြက္မႈအထူးရန္ပုံေငြရဲ႕ အေထာက္အပံ့ျဖင့္ ျမန္မာႏိုင္ငံမွာ ေသးငယ္ေပမယ့္ ေကာင္းမြန္တဲ့၊ ျပည္သူလူထုကိုအက်ိဳးျပဳတဲ့ စီမံကိန္း ၉၀ ေက်ာ္ကို ေဖာ္ေဆာင္ႏိုင္ခဲ့ေၾကာင္း၊ စပါးမ်ိဳးစိတ္ပ်ိဳးေထာင္ေရး ၊ေကာ္ဖီပင္စိုက္ပ်ိဳးေရး၊ စားေသာက္ကုန္ အေခ်ာထည္ျပဳျပင္ထုတ္လုပ္ေရး၊ သိပၸံနည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရး၊ ကြၽမ္းက်င္မႈ အတတ္ပညာျမႇင့္တင္ေရးစတဲ့က႑ေတြမွာ ျမန္မာႏိုင္ငံအတြက္ ပံ့ပိုးကူညီေပးခဲ့သလို အနာဂတ္မွာ လည္း တ႐ုတ္ႏိုင္ငံကဆင္းရဲႏြမ္းပါးမႈတိုက္ဖ်က္ေရးနဲ႔ ေလွ်ာ့ခ်ေရး၊ ေက်းလက္ေဒသထူေထာင္ေရး ဆိုင္ရာအေတြ႕အႀကဳံမ်ားကို ျမန္မာႏိုင္ငံနဲ႔အတူ ဆက္လက္မွ်ေဝၿပီး ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ျပည္သူလူထုဆင္းရဲတြင္းမွ လြတ္ေျမာက္ကာခ်မ္းသာလာေစေရးအတြက္ လက္ေတြ႕က်တဲ့ လုပ္ေဆာင္မႈမ်ားလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ အေနာက္ အုပ္စုႏိုင္ငံမ်ားနဲ႔ ကမာၻ႔ႏိုင္ငံအခ်ိဳ႕က ျမန္မာႏိုင္ငံကို အထီးက်န္ႏိုင္ငံျဖစ္ေအာင္လုပ္ေဆာင္ေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံအေပၚ သေဘာထားမေျပာင္းလဲဘဲ စီမံကိန္းမ်ား လုပ္ေဆာင္ၿပီး ျမန္မာျပည္သူမ်ားအလုပ္ကိုင္အခြင့္လမ္း မဆုံးရႈံးရေအာင္၊ ႏွစ္ႏိုင္ငံစလုံးအက်ိဳးစီးပြားျဖစ္ထြန္းေအာင္ ႀကိဳးပမ္းလ်က္ရွိေနဆဲျဖစ္တယ္ဆိုတာဟာ တ႐ုတ္သံအမတ္ႀကီးခ်န္ဟိုင္းရဲ႕ေျပာစကားေတြက သက္ေသခံေနပါတယ္။

တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံမွာ ျပဳလုပ္ေနတဲ့ စီမံကိန္းမ်ား ျပန္လည္႐ုတ္သိမ္းခဲ့မယ္ဆိုရင္ ျမန္မာ ႏိုင္ငံမွာအလုပ္လက္မဲ့အေရအတြက္ပိုမိုမ်ားျပားလာမွာ ေသခ်ာေနပါတယ္။ တ႐ုတ္သံအမတ္ႀကီးက " တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံတိုးတက္ေကာင္းမြန္ေစေရး၊ ျမန္မာျပည္သူမ်ားတိုး တက္ေကာင္းမြန္ေစေရးအယူအဆကို အၿမဲလက္ကိုင္စြဲၿပီး ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပံ့ပိုးကူညီေပးမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔အတူ က႑စုံပူးေပါင္းေဆာင္႐ြက္ေရးကိုနက္ရႈိင္းစြာေဆာင္႐ြက္ၿပီး အတူတကြဖြံ႕ၿဖိဳးတိုးတက္မႈကို ေဖာ္ေဆာင္ကာႏွစ္ႏိုင္ငံျပည္သူမ်ားကိုအက်ိဳးျပဳႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္" လို႔ဆိုပါတယ္။

Related news

© 2021. All rights reserved.