နိုင်ငံရေးပါတီအချို့က တင်ပြလာသည့် ပါတီဝင်များစာရင်းတွင် ဝန်ထမ်းများအပြင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများပါဝင်နေဟု UEC ဆို

661
မျိုးကြီး (NP News) - စက်တင်ဘာ ၁၉
နိုင်ငံရေးပါတီအချို့က တင်ပြလာသည့် ပါတီဝင်များစာရင်းတွင် နိုင်ငံ့ဝန်ထမ်းများအပြင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ ပါဝင်နေကြောင်း UEC က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးက ယမန်နေ့(စက်တင်ဘာလ ၁၈ ရက်)တွင် ပဲခူးခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ၊ မရှိ၊ မြေပြင်၌ အမှန်တကယ်နေထိုင်ခြင်း ရှိ၊ မရှိတို့ကို ထွေအုပ်၊ လဝက နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ပူးပေါင်းစိစစ်လျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးပါတီ (၄)ပါတီက သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို စစ်ဆေးဆောင် ရွက်ရာတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်တူနေသူများ ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးက ပြောသည်။
ထို့ပြင် ပါတီဝင်စာရင်း၌ ဝန်ထမ်းများပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိသည့် ပါတီဝင်များ ပါဝင်နေသည်ကို တွေ့ရှိရကြောင်းလည်း ဦးစိုးဦးက ဆက်လက်ပြောသည်။
ထို့ကြောင့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ၊ မရှိကို သက်ဆိုင်ရာ ထွေအုပ်၊ လဝကနှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာပါတီအသီးသီးအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ၎င်းက ထပ်မံတိုက်တွန်းထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅(စ)အရ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၉၀)အတွင်း တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး (၁)သိန်း ရှိရန်လိုအပ်ပြီး တိုင်း သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေး အနည်းဆုံး (၁၀၀၀)ရှိရန် လိုအပ်သည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ (၃၇)ပါတီရှိပြီး စိစစ်ရန် ကျန်ရှိနေသည့် နိုင်ငံရေးပါတီများကိုလည်း ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ႏိုင္ငံေရးပါတီအခ်ိဳ႕က တင္ျပလာသည့္ ပါတီဝင္မ်ားစာရင္းတြင္ ဝန္ထမ္းမ်ားအျပင္ ဥပေဒႏွင့္အညီ ေနထိုင္သူစာရင္း၌ မရွိသူမ်ားပါဝင္ေနဟု UEC ဆို
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁၉
ႏိုင္ငံေရးပါတီအခ်ိဳ႕က တင္ျပလာသည့္ ပါတီဝင္မ်ားစာရင္းတြင္ ႏိုင္ငံ့ဝန္ထမ္းမ်ားအျပင္ ဥပေဒႏွင့္အညီ ေနထိုင္သူစာရင္း၌ မရွိသူမ်ား ပါဝင္ေနေၾကာင္း UEC က ေျပာသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးစိုးဦးက ယမန္ေန႔(စက္တင္ဘာလ ၁၈ ရက္)တြင္ ပဲခူးခ႐ိုင္အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၌က်င္းပသည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
မွတ္ပုံတင္ခြင့္ျပဳၿပီး ႏိုင္ငံေရးပါတီမ်ားက ေပးပို႔တင္ျပလာသည့္ သတ္မွတ္ပါတီဝင္အင္အားစာရင္းမ်ား မွန္ကန္မႈရွိ၊ မရွိ၊ ေျမျပင္၌ အမွန္တကယ္ေနထိုင္ျခင္း ရွိ၊ မရွိတို႔ကို ေထြအုပ္၊ လဝက ႏွင့္ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲတို႔က ပူးေပါင္းစိစစ္လ်က္ရွိေၾကာင္း သိရသည္။
ႏိုင္ငံေရးပါတီ (၄)ပါတီက သတ္မွတ္ကာလအတြင္း ေပးပို႔လာသည့္ ပါတီဝင္အင္အားစာရင္းမ်ားကို စစ္ေဆးေဆာင္ ႐ြက္ရာတြင္ ဥပေဒႏွင့္အညီ ေနထိုင္သူစာရင္း၌ မရွိသူမ်ား၊ အမည္ႏွင့္ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္တူေနသူမ်ား ပါဝင္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္ဟု ေကာ္မရွင္အဖြဲ႕ဝင္ ဦးစိုးဦးက ေျပာသည္။
ထို႔ျပင္ ပါတီဝင္စာရင္း၌ ဝန္ထမ္းမ်ားပါဝင္ေနျခင္း၊ ေနရပ္လိပ္စာျပည့္စုံမႈမရွိသည့္ ပါတီဝင္မ်ား ပါဝင္ေနသည္ကို ေတြ႕ရွိရေၾကာင္းလည္း ဦးစိုးဦးက ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ သတ္မွတ္ပါတီဝင္အင္အားစာရင္းမ်ား မွန္ကန္မႈရွိ၊ မရွိကို သက္ဆိုင္ရာ ေထြအုပ္၊ လဝကႏွင့္ ၿမိဳ႕နယ္ေ႐ြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားက ပူးေပါင္းစိစစ္ျခင္းလုပ္ငန္းမ်ားကို သတ္မွတ္ကာလအတြင္း ေဆာင္႐ြက္မည္ျဖစ္သည့္အတြက္ သက္ဆိုင္ရာပါတီအသီးသီးအေနျဖင့္ ပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္းလည္း ၎က ထပ္မံတိုက္တြန္းထားသည္။
ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၅(စ)အရ မွတ္ပုံတင္ခြင့္ျပဳသည့္ေန႔မွစ၍ ရက္ေပါင္း (၉၀)အတြင္း တစ္ႏိုင္ငံလုံးစည္း႐ုံးမည့္ပါတီျဖစ္ပါက ပါတီဝင္ဦးေရအနည္းဆုံး (၁)သိန္း ရွိရန္လိုအပ္ၿပီး တိုင္း သို႔မဟုတ္ ျပည္နယ္တစ္ခုအတြင္း၌သာ စည္း႐ုံးမည့္ပါတီျဖစ္ပါက ပါတီဝင္ဦးေရး အနည္းဆုံး (၁၀၀၀)ရွိရန္ လိုအပ္သည္။
လက္ရွိတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က မွတ္ပုံတင္ခြင့္ျပဳထားသည့္ ႏိုင္ငံေရးပါတီ (၃၇)ပါတီရွိၿပီး စိစစ္ရန္ က်န္ရွိေနသည့္ ႏိုင္ငံေရးပါတီမ်ားကိုလည္း ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။