ဖြူးမြို့နယ်ရှိ ဘေလီတံတားတစ်စင်းအား KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီး

895
Pearl (NP News) – စက်တင်ဘာ ၂၀
ဖြူးမြို့နယ်၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသော ဘေလီတံတားတစ်စင်းအား KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)၊ ည (၁၀)နာရီ (၅၇) မိနစ် အချိန်ခန့်တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြူးမြို့နယ်ရှိ ဝဲကြီးတောင်ရွာ နှင့် ဝဲကြီးမြောက်ရွာအား ဆက်သွယ်ထားသည့် သံဖြင့်ပြုလုပ်ထားသော ဘေလီတံတားအား KNU/PDF ပူးပေါင်းအဖွဲ့ (အင်အား ၃၀ ခန့်)က လာရောက် မိုင်းခွဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
"PDF အင်အား (၃၀)လောက်နဲ့လာပြီး မိုင်းခွဲသွားတာပါ။ ရွာတွေထဲလည်း မြေတွေပါ တော်တော်တုန်သွားတယ်။ တံတားက ဖြူးချောင်းကူးတံတား။ သံနဲ့လုပ်ထားတဲ့ ဘေလီတံတားပေါ့" ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် တံတား၏ မြောက်ဘက်အစပ်မှ (၁၀)ပေ၊ (၅)ကန့် စုစုပေါင်း ပေ(၅၀)နှင့် တံတားထိပ်ရှိ ဓာတ်တိုင် (၄)တိုင် (ခန့်မှန်း တန်ဖိုးငွေကျပ် သန်း(၁၀၀)ကျော်) ပျက်စီးသွားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၀)ရက်တွင်လည်း ဖြူးမြို့နယ်၊ ကညွှတ်ကွင်း-မိဿလင်သွားကားလမ်းပေါ်ရှိ တံတားတစ်စင်းအား PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ျဖဴးၿမိဳ႕နယ္ရွိ ေဘလီတံတားတစ္စင္းအား KNU/PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲ ဖ်က္ဆီး
Pearl (NP News) – စက္တင္ဘာ ၂၀
ျဖဴးၿမိဳ႕နယ္၊ ဝဲႀကီးေတာင္႐ြာႏွင့္ ဝဲႀကီးေျမာက္႐ြာအား ဆက္သြယ္ထားေသာ ေဘလီတံတားတစ္စင္းအား KNU/PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၉ ရက္)၊ ည (၁၀)နာရီ (၅၇) မိနစ္ အခ်ိန္ခန္႔တြင္ ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ ဝဲႀကီးေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖဴးၿမိဳ႕နယ္ရွိ ဝဲႀကီးေတာင္႐ြာ ႏွင့္ ဝဲႀကီးေျမာက္႐ြာအား ဆက္သြယ္ထားသည့္ သံျဖင့္ျပဳလုပ္ထားေသာ ေဘလီတံတားအား KNU/PDF ပူးေပါင္းအဖြဲ႕ (အင္အား ၃၀ ခန႔္)က လာေရာက္ မိုင္းခြဲဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။
"PDF အင္အား (၃၀)ေလာက္နဲ႔လာၿပီး မိုင္းခြဲသြားတာပါ။ ႐ြာေတြထဲလည္း ေျမေတြပါ ေတာ္ေတာ္တုန္သြားတယ္။ တံတားက ျဖဴးေခ်ာင္းကူးတံတား။ သံနဲ႔လုပ္ထားတဲ့ ေဘလီတံတားေပါ့" ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ တံတား၏ ေျမာက္ဘက္အစပ္မွ (၁၀)ေပ၊ (၅)ကန္႔ စုစုေပါင္း ေပ(၅၀)ႏွင့္ တံတားထိပ္ရွိ ဓာတ္တိုင္ (၄)တိုင္ (ခန႔္မွန္း တန္ဖိုးေငြက်ပ္ သန္း(၁၀၀)ေက်ာ္) ပ်က္စီးသြားေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ (၁၀)ရက္တြင္လည္း ျဖဴးၿမိဳ႕နယ္၊ ကၫႊတ္ကြင္း-မိႆလင္သြားကားလမ္းေပၚရွိ တံတားတစ္စင္းအား PDF အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။