အမေရိကန် နိုင်ငံအနေနဲ့ စိတ်ထားနှလုံးကောင်းမွန်တယ်ဆိုတဲ့အချက်ကို ပြသသင့်ကြောင်း အီရန်သမ္မတ ပြော

 570

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

အီရန် သမ္မတ က အမေရိကန်နိုင်ငံအနေနဲ့ စိတ်ထားနှလုံး ကောင်းမွန်တယ်ဆိုတဲ့အချက်ကို ပြသပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အီရန်နိုင်ငံဟာ ၂ဝ၁၅ ခုနှစ်မှာ အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ နျူကလီးယား စာချုပ်ကို ချုပ်ဆိုခဲ့ပေမယ့် အမေရိကန်အစိုးဟာ ၂ဝ၁၈ ခုနှစ်မှာ အဲဒီစာချုပ်က တဖက်သတ်နှုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လက်ရှိအချိန်မှာ ၂ဝ၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန်နျူကလီးယားစာချုပ်ကို ပြန်လည် သုံးသပ်ဖို့ ဆုံးဖြတ်မှုတွေနဲ့ စိတ်ထားနှလုံးကောင်းရှိနေတာကို ပြသသင့်ကြောင်း အီရန်သမ္မတက ပြောပါတယ်။ အီရန်နျူကလီယားကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဟာ အီရန်နိုင်ငံနဲ့ နှစ်ပေါင်းများစွာကြာဆက်ဆံရေး တင်းမာ နေခဲ့ကြောင်း သိရပါတယ်။

အီရန်သမ္မတက "အမေရိကန်ဟာ ၂ဝ၁၅ ခုနှစ်က ချုပ်ခဲ့တဲ့ နျူကလီးယားသဘောတူညီမှု စာချုပ်ကို ချိုးဖောက်ခဲ့ တယ်။ အမေရိကန်ဟာ စိတ်ထားနှလုံးကောင်းမွန်မှုတွေကို ရှိသင့်တယ်" လို့ ပြောပါတယ်။

ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အမေရိကန်အစိုးရဟာ ၂ဝ၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန်နျူကလီးယားစာချုပ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်အောင် အရှိန်မြင့် ကြိုးပမ်းလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါစာချုပ်ထဲမှာ အီရန်ဟာ နျူကလီးယား လုပ်ဆောင်မှုတွေကို လျော့ချရမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက အီရန် အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေ ဖြေလျော့ပေးရမယ့်အချက် ပါဝင်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အီရန်နျူကလီးယားစာချုပ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်လာခဲ့ကြောင်း၊ အီရန်ဟာ အဆိုပါစာချုပ်နဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂရဲ့ကြားဝင်ဆွေးနွေးသူတွေရဲ့ကမ်းလှမ်းချက်တွေကို ငြင်းဆန်ထားဖူးကြောင်း သိရပါတယ်။

အီရန်ဟာ လက်ရှိအချိန်မှာ နျူကလီးယား ထုတ်လုပ်နိုင်ဖို့ သန့်စင်ထားတဲ့ ယူရေနီယံအများအပြား လုပ်ဆောင်နိုင် နေကြောင်း ဝေဖန်မှုတွေလည်းရှိနေပါတယ်။

Zawgyi Version;
အေမရိကန္ ႏိုင္ငံအေနနဲ႔ စိတ္ထားႏွလုံးေကာင္းမြန္တယ္ဆိုတဲ့အခ်က္ကို ျပသသင့္ေၾကာင္း အီရန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

အီရန္ သမၼတ က အေမရိကန္ႏိုင္ငံအေနနဲ႔ စိတ္ထားႏွလုံး ေကာင္းမြန္တယ္ဆိုတဲ့အခ်က္ကို ျပသေပးေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

အီရန္ႏိုင္ငံဟာ ၂ဝ၁၅ ခုႏွစ္မွာ အေမရိကန္ အပါအဝင္ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြနဲ႔ န်ဴကလီးယား စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ေပမယ့္ အေမရိကန္အစိုးဟာ ၂ဝ၁၈ ခုႏွစ္မွာ အဲဒီစာခ်ဳပ္က တဖက္သတ္ႏႈတ္ထြက္သြားခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္အစိုးရအေနနဲ႔ လက္ရွိအခ်ိန္မွာ ၂ဝ၁၅ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ အီရန္န်ဴကလီးယားစာခ်ဳပ္ကို ျပန္လည္ သုံးသပ္ဖို႔ ဆုံးျဖတ္မႈေတြနဲ႔ စိတ္ထားႏွလုံးေကာင္းရွိေနတာကို ျပသသင့္ေၾကာင္း အီရန္သမၼတက ေျပာပါတယ္။ အီရန္န်ဴကလီယားကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္ဟာ အီရန္ႏိုင္ငံနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာဆက္ဆံေရး တင္းမာ ေနခဲ့ေၾကာင္း သိရပါတယ္။

အီရန္သမၼတက "အေမရိကန္ဟာ ၂ဝ၁၅ ခုႏွစ္က ခ်ဳပ္ခဲ့တဲ့ န်ဴကလီးယားသေဘာတူညီမႈ စာခ်ဳပ္ကို ခ်ိဳးေဖာက္ခဲ့ တယ္။ အေမရိကန္ဟာ စိတ္ထားႏွလုံးေကာင္းမြန္မႈေတြကို ရွိသင့္တယ္" လို႔ ေျပာပါတယ္။

ဂ်ိဳးဘိုင္ဒန္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ အေမရိကန္အစိုးရဟာ ၂ဝ၁၅ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ အီရန္န်ဴကလီးယားစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ျပန္လည္သုံးသပ္ဖို႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ႏိုင္ေအာင္ အရွိန္ျမင့္ ႀကိဳးပမ္းလာခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါစာခ်ဳပ္ထဲမွာ အီရန္ဟာ န်ဴကလီးယား လုပ္ေဆာင္မႈေတြကို ေလ်ာ့ခ်ရမွာျဖစ္ၿပီး အျပန္အလွန္အေနနဲ႔ အေမရိကန္၊ ဥေရာပသမဂၢနဲ႔ ကုလသမဂၢအဖြဲ႕အစည္းေတြက အီရန္ အေပၚခ်မွတ္ထားတဲ့ပိတ္ဆို႔မႈေတြ ေျဖေလ်ာ့ေပးရမယ့္အခ်က္ ပါဝင္ေနေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ အီရန္န်ဴကလီးယားစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ျပန္လည္သုံးသပ္မႈေတြ လုပ္ေဆာင္ဖို႔ စီစဥ္လာခဲ့ေၾကာင္း၊ အီရန္ဟာ အဆိုပါစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ဥေရာပသမဂၢရဲ႕ၾကားဝင္ေဆြးေႏြးသူေတြရဲ႕ကမ္းလွမ္းခ်က္ေတြကို ျငင္းဆန္ထားဖူးေၾကာင္း သိရပါတယ္။

အီရန္ဟာ လက္ရွိအခ်ိန္မွာ န်ဴကလီးယား ထုတ္လုပ္ႏိုင္ဖို႔ သန႔္စင္ထားတဲ့ ယူေရနီယံအမ်ားအျပား လုပ္ေဆာင္ႏိုင္ေနေၾကာင္း ေဝဖန္မႈေတြလည္းရွိေနပါတယ္။

Related news

© 2021. All rights reserved.