မြင်းမူမြို့နယ်၌ PDF အဖွဲ့ဝင်များ ကား၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာစဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ (၂၀)ဦးထက် မနည်းသေဆုံး

 13775

မြူနစ် (NP News) - စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၌ PDF အဖွဲ့ဝင်များသည် ကား၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာစဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ လူ(၂၀)ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၃ ရက်) ၊ နံနက် ၄ နာရီအချိန်ခန့်တွင် မြင်းမူမြို့နယ်၊ ခြေရာတော်ရွာအနီး မြင်းမူ-မြောင် ကားလမ်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။

PDF အဖွဲ့ဝင်ဦးရေ (၂၀)ကျော်သည် ကား၊ ဆိုင်ကယ်များဖြင့် ထွက်ခွာလာစဉ်အချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သတင်းရလို့ ကင်းပုန်းဝပ်ပြီးစောင့်နေတဲ့သဘော။ သူတို့လာတော့ ဝိုင်းပစ်တာ။ သူတို့က ကားတွေ ဆိုင်ကယ်တွေနဲ့လာတာ။ သူတို့ဘာမှ ပြန်မလုပ်နိုင်ဘူး။ ၂၅ ယောက်ဝန်းကျင်ပါ" ဟု ၎င်းကပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် PDF အဖွဲ့ဝင်ဦးရေ (၂၀)ထက်မနည်း နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် PDF အဖွဲ့ဝင်များထံမှ ကား၊ ဆိုင်ကယ်များအပြင် လက်လုပ်သေနတ်အရှည်၊ သေ နတ်အတို၊ ကျည်အိမ်၊ ကျည်ဆံများနှင့် လက်လုပ်မိုင်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့သည် လက်ရှိနစကလက်ထက်တွင် ပစ်ခတ်တိုက်ခိုက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှု အများဆုံး ဖြစ်ပွားလျက်ရှိသော ဒေသများလည်း ဖြစ်သည်။

zawgyi version
ျမင္းမူၿမိဳ႕နယ္၌ PDF အဖြဲ႕ဝင္မ်ား ကား၊ ဆိုင္ကယ္မ်ားျဖင့္ ျဖတ္သန္းသြားလာစဥ္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရကာ (၂၀)ဦးထက္ မနည္းေသဆုံး
ျမဴနစ္ (NP News) - စက္တင္ဘာ ၂၄

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္၌ PDF အဖြဲ႕ဝင္မ်ားသည္ ကား၊ ဆိုင္ကယ္မ်ားျဖင့္ ျဖတ္သန္းသြားလာစဥ္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရကာ လူ(၂၀)ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၂၃ ရက္) ၊ နံနက္ ၄ နာရီအခ်ိန္ခန႔္တြင္ ျမင္းမူၿမိဳ႕နယ္၊ ေျခရာေတာ္႐ြာအနီး ျမင္းမူ-ေျမာင္ ကားလမ္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။

PDF အဖြဲ႕ဝင္ဦးေရ (၂၀)ေက်ာ္သည္ ကား၊ ဆိုင္ကယ္မ်ားျဖင့္ ထြက္ခြာလာစဥ္အခ်ိန္တြင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဝိုင္းဝန္းပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"သတင္းရလို႔ ကင္းပုန္းဝပ္ၿပီးေစာင့္ေနတဲ့သေဘာ။ သူတို႔လာေတာ့ ဝိုင္းပစ္တာ။ သူတို႔က ကားေတြ ဆိုင္ကယ္ေတြနဲ႔လာတာ။ သူတို႔ဘာမွ ျပန္မလုပ္ႏိုင္ဘူး။ ၂၅ ေယာက္ဝန္းက်င္ပါ" ဟု ၎ကေျပာသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ PDF အဖြဲ႕ဝင္ဦးေရ (၂၀)ထက္မနည္း ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ PDF အဖြဲ႕ဝင္မ်ားထံမွ ကား၊ ဆိုင္ကယ္မ်ားအျပင္ လက္လုပ္ေသနတ္အရွည္၊ ေသ နတ္အတို၊ က်ည္အိမ္၊ က်ည္ဆံမ်ားႏွင့္ လက္လုပ္မိုင္းမ်ားကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။

စစ္ကိုင္းတိုင္း၊ မေကြးတိုင္းတို႔သည္ လက္ရွိနစကလက္ထက္တြင္ ပစ္ခတ္တိုက္ခိုက္မႈ၊ အၾကမ္းဖက္သတ္ျဖတ္မႈ အမ်ားဆုံး ျဖစ္ပြားလ်က္ရွိေသာ ေဒသမ်ားလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.