ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ပြည်တွင်းရေးကို ကြားဝင်ပါဝင် ပတ်သက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ်ပြော

 3861

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ပြည်တွင်းရေးကိစ္စများကို ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ကုလသမဂ္ဂအစည်းအဝေးတက်ရောက်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေချိန်အတွင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူအခွင့်အရေးကိစ္စများကို အဓိကထား အလေးပေးဆောင်ရွက်မှာဖြစ်သလို ငြိမ်းချမ်းရေးရရှိ စေဖို့ စေ့စပ်ဆွေးနွေးမှုများကို အားပေးထောက်ခံမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ထပ်မံပြောခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံအနေနဲ့ ၎င်းတို့နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်များကို ကူညီ စောင့်ရှောက်ပေးမှုတွေကိုလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ကမ္ဘာ့နေရာအများအပြားမှာ ပဋိပက္ခ များ ဖြစ်ပွားနေတဲ့အတွက် ငြိမ်းချမ်းရေးရရှိအောင်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဝန်ကြီးချုပ် ဆာရက်သာ တာဗီဆင် က ပြောပါတယ်။

ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ်ဟာ စက်တင်ဘာလအစောပိုင်းမှာ နိုင်ငံတာဝန်များကို စတင်တာဝန်ယူခဲ့ပြီးနောက် နိုင်ငံစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ဦးစားပေးလုပ်ဆောင်သွားရေး စီစဉ်ထား ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံ နဲ့ ကုလသမဂ္ဂအဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုအရှိန်မြင့်လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ထပ်မံပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အားလုံး ပါဝင်ဆောင်ရွက်မှုတွေဖြစ်အောင်လုပ်ဆောင်ဖို့ ကတိတွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံတွေကြားမှာ လေးစားမှု အပြန်အလှန်နားလည်မှု နဲ့ အပြန်အလှန်ယုံကြည်မှုတွေ ကို အခြေခံပြီး ဘက်စုံကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်မယ်ဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိမှာဖြစ်ကြောင်း ပြောပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံအေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံမ်ားရဲ႕ျပည္တြင္းေရးကို ၾကားဝင္ပါဝင္ ပတ္သက္မွာ မဟုတ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

ထိုင္းႏိုင္ငံအေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံမ်ားရဲ႕ျပည္တြင္းေရးကိစၥမ်ားကို ပါဝင္ပတ္သက္မွာ မဟုတ္ေၾကာင္း၊ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ ဆာရက္သာတာဗီဆင္က ကုလသမဂၢအစည္းအေဝးတက္ေရာက္ဖို႔ အေမရိကန္ႏိုင္ငံကို ေရာက္ရွိေနခ်ိန္အတြင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ထိုင္းႏိုင္ငံအေနနဲ႔ လူအခြင့္အေရးကိစၥမ်ားကို အဓိကထား အေလးေပးေဆာင္႐ြက္မွာျဖစ္သလို ၿငိမ္းခ်မ္းေရးရရွိ ေစဖို႔ ေစ့စပ္ေဆြးေႏြးမႈမ်ားကို အားေပးေထာက္ခံမွာျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ထပ္မံေျပာခဲ့ပါတယ္။

ဒါ့အျပင္ ထိုင္းဝန္ႀကီးခ်ဳပ္က ထိုင္းႏိုင္ငံအေနနဲ႔ ၎တို႔ႏိုင္ငံကိုေရာက္ရွိေနတဲ့ ျမန္မာဒုကၡသည္မ်ားကို ကူညီ ေစာင့္ေရွာက္ေပးမႈေတြကိုလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ကမာၻ႔ေနရာအမ်ားအျပားမွာ ပဋိပကၡ မ်ား ျဖစ္ပြားေနတဲ့အတြက္ ၿငိမ္းခ်မ္းေရးရရွိေအာင္လုပ္ေဆာင္ဖို႔ အေရးႀကီးေၾကာင္း ဝန္ႀကီးခ်ဳပ္ ဆာရက္သာ တာဗီဆင္ က ေျပာပါတယ္။

ဆာရက္သာတာဗီဆင္ ဦးေဆာင္တဲ့ ထိုင္းအစိုးရအဖြဲ႕အသစ္ဟာ စက္တင္ဘာလအေစာပိုင္းမွာ ႏိုင္ငံတာဝန္မ်ားကို စတင္တာဝန္ယူခဲ့ၿပီးေနာက္ ႏိုင္ငံစီးပြားေရး ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ဦးစားေပးလုပ္ေဆာင္သြားေရး စီစဥ္ထား ေၾကာင္း သိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္က ထိုင္းႏိုင္ငံ နဲ႔ ကုလသမဂၢအဖြဲ႕ၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြကိုအရွိန္ျမင့္လုပ္ေဆာင္သြားဖို႔ စီစဥ္ထားေၾကာင္း ထပ္မံေျပာခဲ့ပါတယ္။ ထိုင္းႏိုင္ငံအေနနဲ႔ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းဖို႔နဲ႔ အားလုံး ပါဝင္ေဆာင္႐ြက္မႈေတြျဖစ္ေအာင္လုပ္ေဆာင္ဖို႔ ကတိေတြကို ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ခဲ့ ေၾကာင္း သိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္က ကမာၻ႔ႏိုင္ငံေတြၾကားမွာ ေလးစားမႈ အျပန္အလွန္နားလည္မႈ နဲ႔ အျပန္အလွန္ယုံၾကည္မႈေတြ ကို အေျခခံၿပီး ဘက္စုံေကာင္းမြန္တဲ့ဆက္ဆံေရး တည္ေဆာက္ႏိုင္မယ္ဆိုရင္ ကမာၻ႔ၿငိမ္းခ်မ္းေရး ရရွိမွာျဖစ္ေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.