BIMSTEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ နစကအကြီးအကဲကို ဖိတ်ကြားထားဟု ထိုင်းသတင်းဖော်ပြ

 3489

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃

အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ နစက အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို ဖိတ်ကြားခြင်းမျိုးမရှိခဲ့ပေမယ့် ထိုင်းအစိုးရဟာ လာမယ့်လမှာအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ခေါင်းဆောင်တွေကို ဖိတ်ကြားထားကြောင်း Thaipbsworld ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ BIMSTEC အဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီးလာမယ့် နိုဝင်ဘာလ ၃၀ ရက်မှာ BIMSTEC ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားဖို့ စီစဉ်နေကြောင်းသိရပါတယ်။ BIMSTEC အဖွဲ့ကို ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံနဲ့စတင်ဖွဲ့စည်းခဲ့ပြီး
အိန္ဒိယ၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ဘူတန်တို့က အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နေကြောင်းသိရပါတယ်။

BIMSTEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားထားကြောင်း ထိုင်းအစိုးရ အဖွဲ့နဲ့နီးစပ်သူများကပြောပါတယ်။

BIMSTEC အဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်များအနက် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက အစည်း အဝေးကို ကိုယ်တိုင်တက်ရောက်မယ်လို့ ပထမဆုံးအတည်ပြုထားကြောင်းသိရပါတယ်။ BIMSTEC ထိပ်သီးအစည်းအဝေးအတွင်း digital payment စနစ်၊ ကုန်သွယ်ရေးငွေကြေးပေးချေမှုအခြေအနေများ၊ ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စများကို အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။

zawgyi version
BIMSTEC ထိပ္သီးအစည္းအေဝးကိုတက္ေရာက္ဖို႔ နစကအႀကီးအကဲကို ဖိတ္ၾကားထားဟု ထိုင္းသတင္းေဖာ္ျပ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃


အာဆီယံထိပ္သီးအစည္းအေဝးတက္ေရာက္ဖို႔ နစက အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ကို ဖိတ္ၾကားျခင္းမ်ိဳးမရွိခဲ့ေပမယ့္ ထိုင္းအစိုးရဟာ လာမယ့္လမွာအိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ BIMSTEC ထိပ္သီးအစည္းအေဝးကို တက္ေရာက္ဖို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံအားလုံးရဲ႕ေခါင္းေဆာင္ေတြကို ဖိတ္ၾကားထားေၾကာင္း Thaipbsworld ရဲ႕ သတင္းေဖာ္ျပခ်က္အရ သိရပါတယ္။

ထိုင္းႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ BIMSTEC အဖြဲ႕ရဲ႕အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူထားၿပီးလာမယ့္ ႏိုဝင္ဘာလ ၃၀ ရက္မွာ BIMSTEC ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္လက္ခံက်င္းပသြားဖို႔ စီစဥ္ေနေၾကာင္းသိရပါတယ္။ BIMSTEC အဖြဲ႕ကို ၁၉၉၇ ခုႏွစ္က အဖြဲ႕ဝင္ႏိုင္ငံ ၇ ႏိုင္ငံနဲ႔စတင္ဖြဲ႕စည္းခဲ့ၿပီး
အိႏၵိယ၊ ထိုင္း၊ ျမန္မာ၊ သီရိလကၤာ၊ ဘဂၤလားေဒရွ႕္၊ နီေပါ၊ ဘူတန္တို႔က အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ေနေၾကာင္းသိရပါတယ္။

BIMSTEC ထိပ္သီးအစည္းအေဝးကိုတက္ေရာက္ဖို႔ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ဖိတ္ၾကားထားေၾကာင္း ထိုင္းအစိုးရ အဖြဲ႕နဲ႔နီးစပ္သူမ်ားကေျပာပါတယ္။

BIMSTEC အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ေခါင္းေဆာင္မ်ားအနက္ အိႏၵိယဝန္ႀကီးခ်ဳပ္နာရန္ဒရာမိုဒီက အစည္း အေဝးကို ကိုယ္တိုင္တက္ေရာက္မယ္လို႔ ပထမဆုံးအတည္ျပဳထားေၾကာင္းသိရပါတယ္။ BIMSTEC ထိပ္သီးအစည္းအေဝးအတြင္း digital payment စနစ္၊ ကုန္သြယ္ေရးေငြေၾကးေပးေခ်မႈအေျခအေနမ်ား၊ ဆိုက္ဘာလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုေကာင္းမြန္ေစေရး၊ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းကိစၥမ်ားကို အဓိကထားေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.