ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှော့ပင်းမောစင်တာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူအများအပြား ထွက်ပြေး

 3700

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှောပင်းမောတစ်ခုမှာ အောက်တိုဘာ ၃ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဈေးလာ ဝယ်သူများ ထွက်ပြေးခဲ့ရကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများရှိနေခဲ့ပြီး လူတစ်ဦးက ရှော့ပင်းမောအတွင်း သေနတ်ကိုင်ဆောင်ကာ ပစ် ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘန်ကောက်ရဲတပ်ဖွဲ့က လက်ရှိအချိန်မှာ အခြေအနေတွေကို ထိန်းသိမ်းထားနိုင်ပြီး ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောဆိုထားပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ရုပ်သံဖိုင်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း ကလေးငယ်များ အပါအဝင် လူအများအပြားဟာ Siam Paragon အမည်ရှိ ရှော့ပင်းမောရဲ့တံခါးပေါက်ကို အလျင်မြန်ထွက်ပြေးနေခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ်က ၎င်းအနေနဲ့ ဘန်ကောက်မြို့ရှော့ပင်းမောမှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်များတင်ပြမှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Achayon Kraithong က ထိုင်းရဲချုပ်ဟာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့ ရှော့ပင်းမောရဲ့အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ဖြန့်ကြတ်ခဲ့ကြော်ငး သိရပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ရှော့ပင်းမောအတွင်း ရောက်ရှိနေတဲ့လူတွေကို ရှော့ပင်းမောရှိ စားသောက်ဆိုင်ရဲ့ အမှောင်ခန်းထဲကို သွားရောက်ပုန်းခိုင်းခြင်းများလည်းရှိနေကြောင်း ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်ကို အသုံးပြုပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိနေပြီး ပြီးခဲ့တဲ့နှစ်ကလည်း ရဲအရာရှိဟောင်းတစ်ဦးဟာ ကလေးထိန်း စင်တာကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်တပ်အရာရှိဟောင်းတစ်ဦးဟာလည်း ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Nakhon Ratchasima ပြည်နယ်ရှိ မတူညီတဲ့နေရာလေးခုကို သေနတ်နဲ့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရာ ၂၉ ဦး သေဆုံးပြီး အနည်းဆုံး ၅၇ ဦး ဒဏ်ရာရခဲ့ဖူးကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ေရွာ့ပင္းေမာစင္တာမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့လို႔ လူအမ်ားအျပား ထြက္ေျပး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ေရွာပင္းေမာတစ္ခုမွာ ေအာက္တိုဘာ ၃ ရက္က ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ေဈးလာ ဝယ္သူမ်ား ထြက္ေျပးခဲ့ရေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပထားပါတယ္။

အဆိုပါပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရသူမ်ားရွိေနခဲ့ၿပီး လူတစ္ဦးက ေရွာ့ပင္းေမာအတြင္း ေသနတ္ကိုင္ေဆာင္ကာ ပစ္ ခတ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ဘန္ေကာက္ရဲတပ္ဖြဲ႕က လက္ရွိအခ်ိန္မွာ အေျခအေနေတြကို ထိန္းသိမ္းထားႏိုင္ၿပီး ပစ္ခတ္မႈေၾကာင့္ အနည္းဆုံး ၁ ဦး ဒဏ္ရာရခဲ့ေၾကာင္း ေျပာဆိုထားပါတယ္။

အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့တဲ့႐ုပ္သံဖိုင္ထဲမွာ ပစ္ခတ္မႈျဖစ္ပြားခ်ိန္အတြင္း ကေလးငယ္မ်ား အပါအဝင္ လူအမ်ားအျပားဟာ Siam Paragon အမည္ရွိ ေရွာ့ပင္းေမာရဲ႕တံခါးေပါက္ကို အလ်င္ျမန္ထြက္ေျပးေနခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္က ၎အေနနဲ႔ ဘန္ေကာက္ၿမိဳ႕ေရွာ့ပင္းေမာမွာျဖစ္ပြားခဲ့တဲ့ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္မ်ားတင္ျပမႈကို ေစာင့္ဆိုင္းေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။

ထိုင္းရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Achayon Kraithong က ထိုင္းရဲခ်ဳပ္ဟာ ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ ဘန္ေကာက္ၿမိဳ႕ ေရွာ့ပင္းေမာရဲ႕အေျခအေနေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ တပ္ဖြဲ႕ဝင္ေတြကို ေစလႊတ္ျဖန႔္ၾကတ္ခဲ့ေၾကာ္ငး သိရပါတယ္။

႐ုပ္သံဖိုင္ထဲမွာေတာ့ ေရွာ့ပင္းေမာအတြင္း ေရာက္ရွိေနတဲ့လူေတြကို ေရွာ့ပင္းေမာရွိ စားေသာက္ဆိုင္ရဲ႕ အေမွာင္ခန္းထဲကို သြားေရာက္ပုန္းခိုင္းျခင္းမ်ားလည္းရွိေနေၾကာင္း ေဖာ္ျပထားပါတယ္။ ထိုင္းႏိုင္ငံမွာ ေသနတ္ကို အသုံးျပဳပစ္ခတ္မႈမ်ား ျဖစ္ပြားေလ့ရွိေနၿပီး ၿပီးခဲ့တဲ့ႏွစ္ကလည္း ရဲအရာရွိေဟာင္းတစ္ဦးဟာ ကေလးထိန္း စင္တာကို ဝင္ေရာက္ပစ္ခတ္ခဲ့ရာ ကေလးငယ္ ၂၂ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ စစ္တပ္အရာရွိေဟာင္းတစ္ဦးဟာလည္း ၿပီးခဲ့တဲ့ ၂ဝ၂ဝ ျပည့္ႏွစ္မွာ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ Nakhon Ratchasima ျပည္နယ္ရွိ မတူညီတဲ့ေနရာေလးခုကို ေသနတ္နဲ႔ ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ရာ ၂၉ ဦး ေသဆုံးၿပီး အနည္းဆုံး ၅၇ ဦး ဒဏ္ရာရခဲ့ဖူးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.