ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းနေ

 1995

Htay Oung (NP News) - အောက်တိုဘာ ၆

အောက်တိုဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်းပေါ်မှာ သောင်တင်နေခဲ့တဲ့ ဒါကာတက္ကသိုလ်နဲ့ ဂျက်ဂန်နာ့သ်တက္ကသိုလ်မှ ကျောင်းသားများ အပါအဝင် ကမ္ဘာလှည့်ခရီးသည် ၃ဝဝ ခန့်တို့ဟာ အစားအသောက်လျော့နည်းမှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ Dhaka Triune က ယနေ့ အောက်တိုဘာလ ၆ ရက်က ရေးသားခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် လှိုင်းလေပြင်းထန်ပြီး တက္ကနဖ်-စ်ိန့်မာတင်ကျွန်းကို ပြေးဆွဲနေတဲ့ သင်္ဘောသွားလာမှု ရပ်ဆိုင်းသွားတဲ့အတွက် တက္ကသိုလ်ကျောင်းသားများ အပါအဝင် ခရီးသွားလာသူများ ပိတ်မိနေကြောင်း သိရှိရပါတယ်။

ကျွန်းပေါ်ရှိ ဟိုတယ်များအနေနဲ့ ခရီးသွားများနှစ်သက်တဲ့ အသား၊ ဥများ (သို့မဟုတ်) ဟင်းသီးဟင်းရွက်တို့လို အစားအစာများအတွက် ဝန်ဆောင်မှု ပေးနိုင်ခြင်း မရှိတော့ဘဲ ထမင်း၊ ပဲအမျိုးမျိုးနဲ့ အခြား အခြောက်အခြမ်း စားစရာများကိုသာ ကျွေးမွေးနေရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပင်လယ်ပြင်မှာ လှိုင်းလေပြင်းထန်နေပြီး တံငါလှေများ ထွက်နိုင်ခြင်း မရှိတော့တဲ့အတွက် စားစရာ ငါးတောင်မှ မရနိုင်ဘဲဖြစ်နေပါတယ်။

ယမန်နေ့ညမှာ ပဲဟင်း အာလူးထောင်းနဲ့ ထမင်းစားခဲ့ရကြောင်း ဒါကာမှ ခရီးသွားတစ်ဦးတစ်ဦးက ပြောပြပါတယ်။ ဒါပေမယ့် ကလေးငယ်တွေက ဒီလိုအစားအသောက်မျိုးကို မစားချင်ကြတဲ့အတွက် ခြုံပြီးပြောရရင် ခရီးသွားတွေ အားလုံးမှာ စိတ်မသက်မသာဖြစ်ရတာမျိုး သိသိသာသာကြုံတွေ့နေရတယ်လို့ မှတ်ချက်ပေးပါတယ်။

သိပ်မကြာသေးခင်ကပဲ စိန့်မာတင်ကျွန်းမှာ ပိတ်မိနေတဲ့ကျောင်းသားများနဲ့ စကားပြောခဲ့ကြောင်း၊ အစားအသောက်ကို ပုံမှန်ကျွေးမွေးနေဆဲဖြစ်ပြီး ရိက္ခာခြောက်တွေ အလုံအလောက် သိုလှောင်ထားကြောင်း သိရှိရ တယ်လို့ ဒါကာတက္ကသိုလ် ရုက္ခဗေဒပါမောက္ခတစ်ဦးက ပြောပြပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေးနေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ကော့ခ်ဘဇားကမ်းရိုးတန်းတလျောက် လှိုင်းလေပြင်းထန်နိုင်ကြောင်း ဒေသန္တရသတိပေးမှု အဆင့် ၃ ကို အင်္ဂါနေ့မှာ ဒါကာက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ယမန်နေ့ ကြာသပတေးနေ့အထိတိုင်အောင် ဆက်လက်အား ကောင်းနေဆဲဖြစ် ပါတယ်။

ဘင်္ဂလားဒေ့ရှ်အပိုင် စိန့်မာတင်ကျွန်းပေါ်မှာ ဒါကာတက္ကသိုလ် သမိုင်းဌာနမှကျောင်းသား ၇၄ ဦး၊ ဂျက်ဂန်နာ့သ် တက္ကသိုလ် ကျောင်းသားများနဲ့ ဆရာ/ဆရာမ ၄ဝ ဦး အပါအဝင် ခရီးသွား ၃ဝဝ ခန့် ပိတ်မိသလိုဖြစ်သွားပါတယ်။

ဒါပေမယ့် ယနေ့ အောက်တိုဘာလ ၆ ရက်၊ သောကြာနေ့မှာ ရာသီဥတုကောင်းမွန်လာခဲ့ရင် သောင်တင်နေတဲ့ ခရီးသွားများကို ကမ်းရိုးတန်းအရောက် ပြန်လည်ခေါ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဒေသတွင်း သင်္ဘောလုပ်ငန်း ပိုင်ရှင်များက ပြောပါ တယ်။

အိန္ဒိယတိုက်ငယ်ဟာ အာရေဗျပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်၀န်း နှစ်ခုတို့ အကြား ရောက်ရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်၀န်းဟာ လွန်ခဲ့တဲ့ ၄၈ နာရီခန့်မှာ ကုန်းတွင်းပိုင်းကို ရွေ့လျားသွားခဲ့ပေမယ့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံပေါ်အရောက်မှာ အားကောင်းစွာ ဆက်လက် ရပ်တည်နေပါတယ်။

ဒီအတွက် အိန္ဒိယနိုင်ငံ ဆစ်ကင်း၊ အနောက်ဘင်္ဂလား၊ ဘီဟာ၊ သြရိဿ၊ ဂျာဟင်းပြည်နယ်များမှာ အောက်တို ဘာ ၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းလိမ့်မယ်လို့ အိန္ဒိယမိုးလေ၀သဌာနက သတိပေးထားပါတယ်။

#ရာသီဥတု_ဖောက်ပြန်ပြင်းထန်ဖွယ်ရှိနေကြာင်း_သေချာသလောက်ရှိနေချိန်
#ပြည်တွင်းပါးစပ်ပေါက်များအတွက် #အထူးသဖြင့် #ဆန်အပါအ၀င် #အရံစားနပ်ရိက္ခာစုဆောင်းရေးမှာ #နိုင်ငံတော်တည်ငြိမ်ရေး #တရားဥပဒေစိုးမိုးရေးနဲ့ #အူမ_မတောင့်လို့_သီလ_မစောင့်နိုင်အဖြစ်မျိုး #တားဆီးရာမှာ_မရှိမဖြစ် #အလွန်အရေးကြီးပါတယ်။ ။သတင်းဘာသာပြန်သူ))
#ဘင်္ဂလားပင်လယ်အော်လေဖိအားနည်းရပ်၀န်း #စိန့်မာတင်ကျွန်း

(Dhaka Triune., 6 October 2023,” Stranded Saint Martin's Island tourists struggle with food” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဘဂၤလားပင္လယ္ေအာ္ ေလဖိအားနည္းရပ္ဝန္း ဆက္လက္အားေကာင္းေနတာေၾကာင့္ အယ္လ္နီညိဳႏွင့္ အေရးေပၚ အရံရိကၡာျပႆနာျဖစ္ေပၚေန
Htay Oung (NP News) - ေအာက္တိုဘာ ၆

ေအာက္တိုဘာလ ၄ ရက္၊ ဗုဒၶဟူးေန႔ကတည္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံ စိန္႔မာတင္ကြၽန္းေပၚမွာ ေသာင္တင္ေနခဲ့တဲ့ ဒါကာတကၠသိုလ္နဲ႔ ဂ်က္ဂန္နာ့သ္တကၠသိုလ္မွ ေက်ာင္းသားမ်ား အပါအဝင္ ကမာၻလွည့္ခရီးသည္ ၃ဝဝ ခန႔္တို႔ဟာ အစားအေသာက္ေလ်ာ့နည္းမႈနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ Dhaka Triune က ယေန႔ ေအာက္တိုဘာလ ၆ ရက္က ေရးသားခဲ့ပါတယ္။

ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ လႈိင္းေလျပင္းထန္ၿပီး တကၠနဖ္-စ္ိန္႔မာတင္ကြၽန္းကို ေျပးဆြဲေနတဲ့ သေဘၤာသြားလာမႈ ရပ္ဆိုင္းသြားတဲ့အတြက္ တကၠသိုလ္ေက်ာင္းသားမ်ား အပါအဝင္ ခရီးသြားလာသူမ်ား ပိတ္မိေနေၾကာင္း သိရွိရပါတယ္။

ကြၽန္းေပၚရွိ ဟိုတယ္မ်ားအေနနဲ႔ ခရီးသြားမ်ားႏွစ္သက္တဲ့ အသား၊ ဥမ်ား (သို႔မဟုတ္) ဟင္းသီးဟင္း႐ြက္တို႔လို အစားအစာမ်ားအတြက္ ဝန္ေဆာင္မႈ ေပးႏိုင္ျခင္း မရွိေတာ့ဘဲ ထမင္း၊ ပဲအမ်ိဳးမ်ိဳးနဲ႔ အျခား အေျခာက္အျခမ္း စားစရာမ်ားကိုသာ ေကြၽးေမြးေနရတယ္လို႔ ဆိုပါတယ္။

တစ္ဖက္မွာလည္း ပင္လယ္ျပင္မွာ လႈိင္းေလျပင္းထန္ေနၿပီး တံငါေလွမ်ား ထြက္ႏိုင္ျခင္း မရွိေတာ့တဲ့အတြက္ စားစရာ ငါးေတာင္မွ မရႏိုင္ဘဲျဖစ္ေနပါတယ္။

ယမန္ေန႔ညမွာ ပဲဟင္း အာလူးေထာင္းနဲ႔ ထမင္းစားခဲ့ရေၾကာင္း ဒါကာမွ ခရီးသြားတစ္ဦးတစ္ဦးက ေျပာျပပါတယ္။ ဒါေပမယ့္ ကေလးငယ္ေတြက ဒီလိုအစားအေသာက္မ်ိဳးကို မစားခ်င္ၾကတဲ့အတြက္ ၿခဳံၿပီးေျပာရရင္ ခရီးသြားေတြ အားလုံးမွာ စိတ္မသက္မသာျဖစ္ရတာမ်ိဳး သိသိသာသာႀကဳံေတြ႕ေနရတယ္လို႔ မွတ္ခ်က္ေပးပါတယ္။

သိပ္မၾကာေသးခင္ကပဲ စိန္႔မာတင္ကြၽန္းမွာ ပိတ္မိေနတဲ့ေက်ာင္းသားမ်ားနဲ႔ စကားေျပာခဲ့ေၾကာင္း၊ အစားအေသာက္ကို ပုံမွန္ေကြၽးေမြးေနဆဲျဖစ္ၿပီး ရိကၡာေျခာက္ေတြ အလုံအေလာက္ သိုေလွာင္ထားေၾကာင္း သိရွိရ တယ္လို႔ ဒါကာတကၠသိုလ္ ႐ုကၡေဗဒပါေမာကၡတစ္ဦးက ေျပာျပပါတယ္။

ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေပးေနတဲ့ ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ေကာ့ခ္ဘဇားကမ္း႐ိုးတန္းတေလ်ာက္ လႈိင္းေလျပင္းထန္ႏိုင္ေၾကာင္း ေဒသႏၲရသတိေပးမႈ အဆင့္ ၃ ကို အဂၤါေန႔မွာ ဒါကာက ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ ေလဖိအားနည္းရပ္ဝန္းဟာ ယမန္ေန႔ ၾကာသပေတးေန႔အထိတိုင္ေအာင္ ဆက္လက္အား ေကာင္းေနဆဲျဖစ္ ပါတယ္။

ဘဂၤလားေဒ့ရွ္အပိုင္ စိန္႔မာတင္ကြၽန္းေပၚမွာ ဒါကာတကၠသိုလ္ သမိုင္းဌာနမွေက်ာင္းသား ၇၄ ဦး၊ ဂ်က္ဂန္နာ့သ္ တကၠသိုလ္ ေက်ာင္းသားမ်ားနဲ႔ ဆရာ/ဆရာမ ၄ဝ ဦး အပါအဝင္ ခရီးသြား ၃ဝဝ ခန္႔ ပိတ္မိသလိုျဖစ္သြားပါတယ္။

ဒါေပမယ့္ ယေန႔ ေအာက္တိုဘာလ ၆ ရက္၊ ေသာၾကာေန႔မွာ ရာသီဥတုေကာင္းမြန္လာခဲ့ရင္ ေသာင္တင္ေနတဲ့ ခရီးသြားမ်ားကို ကမ္း႐ိုးတန္းအေရာက္ ျပန္လည္ေခၚေဆာင္သြားဖို႔ ရွိေနတယ္လို႔ ေဒသတြင္း သေဘၤာလုပ္ငန္း ပိုင္ရွင္မ်ားက ေျပာပါ တယ္။

အိႏၵိယတိုက္ငယ္ဟာ အာေရဗ်ပင္လယ္နဲ႔ ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္၀န္း ႏွစ္ခုတို႔ အၾကား ေရာက္ရွိေနပါတယ္။ ဘဂၤလားပင္လယ္ေအာ္မွ ေလဖိအားနည္းရပ္၀န္းဟာ လြန္ခဲ့တဲ့ ၄၈ နာရီခန္႔မွာ ကုန္းတြင္းပိုင္းကို ေ႐ြ႕လ်ားသြားခဲ့ေပမယ့္ ဘဂၤလားေဒ့ရ္ွႏိုင္ငံေပၚအေရာက္မွာ အားေကာင္းစြာ ဆက္လက္ ရပ္တည္ေနပါတယ္။

ဒီအတြက္ အိႏၵိယႏိုင္ငံ ဆစ္ကင္း၊ အေနာက္ဘဂၤလား၊ ဘီဟာ၊ ၾသရိႆ၊ ဂ်ာဟင္းျပည္နယ္မ်ားမွာ ေအာက္တို ဘာ ၇ ရက္ေန႔အထိ မိုးသည္းထန္စြာ႐ြာသြန္းလိမ့္မယ္လို႔ အိႏၵိယမိုးေလ၀သဌာနက သတိေပးထားပါတယ္။

#ရာသီဥတု_ေဖာက္ျပန္ျပင္းထန္ဖြယ္ရွိေနၾကာင္း_ေသခ်ာသေလာက္ရွိေနခ်ိန္
#ျပည္တြင္းပါးစပ္ေပါက္မ်ားအတြက္ #အထူးသျဖင့္ #ဆန္အပါအ၀င္ #အရံစားနပ္ရိကၡာစုေဆာင္းေရးမွာ #ႏိုင္ငံေတာ္တည္ၿငိမ္ေရး #တရားဥပေဒစိုးမိုးေရးနဲ႔ #အူမ_မေတာင့္လို႔_သီလ_မေစာင့္ႏိုင္အျဖစ္မ်ိဳး #တားဆီးရာမွာ_မရွိမျဖစ္ #အလြန္အေရးႀကီးပါတယ္။ ။သတင္းဘာသာျပန္သူ))
#ဘဂၤလားပင္လယ္ေအာ္ေလဖိအားနည္းရပ္၀န္း #စိန္႔မာတင္ကြၽန္း

(Dhaka Triune., 6 October 2023,” Stranded Saint Martin's Island tourists struggle with food” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.