ဓာတ်အားပေးစက်များ လည်ပတ်ချိန်တွင် ပြင်ဆင်ရခြင်းမျိုးမရှိစေရန် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားသင့်ဟုဆို

 1082

စော(NP News) - အောက်တိုဘာ ၁၀

ဓာတ်အားပေးစက်များ လည်ပတ်ချိန်တွင် ပြင်ဆင်ရခြင်းမျိုးမရှိစေရန် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်ထားသင့်ကြောင်း ဝန်ကြီး ဦးဉာဏ်ထွန်းက တိုက်တွန်းထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့(အောက်တိုဘာလ ၉ ရက်)တွင် ကျောက်တန်းမြို့နယ်၊ သာကေတမြို့နယ်၊ အလုံမြို့နယ်တို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ချိန်တွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံများသည် Build Operate Transfer(BOT) စနစ် နှင့် Build Operate Own (BOO)စနစ်ဖြင့် ဆောင်ရွက်နေသည့် စက်ရုံများဖြစ်ခြင်းကြောင့် လွှဲပြောင်းချိန်၌ မောင်းနှင်နိုင်ရေးကို ယခုအချိန်မှစ၍ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိစေရေးကို ဆောင်ရွက်သွားကြရန်လိုကြောင်း ဝန်ကြီးဦးဉာဏ်ထွန်းက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားပေးစက်များ စွမ်းအားပြည့် လည်ပတ်သည့်အချိန်တွင် ပြင်ဆင်ရခြင်းမျိုးမရှိစေရန် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်သည့် စက်အရန်ပစ္စည်းများကိုလည်း အသင့်ကြိုတင်စုဆောင်းထားရှိရန်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အရန်စက်များထားရှိခြင်းဖြင့် စက်များချွတ်ယွင်းမှုဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်မည်ဖြစ်ပြီး စက်ရုံများ အသစ်မတည်ဆောက်နိုင်သည့်အချိန်တွင် ရှိပြီးသား စက်ရုံများကို ပျက်စီးမှုမရှိစေရန် စနစ်တကျ ပြုပြင်မောင်းနှင်ရန်လိုအပ်ကြောင်း သိရသည်။

zawgyi version
ဓာတ္အားေပးစက္မ်ား လည္ပတ္ခ်ိန္တြင္ ျပင္ဆင္ရျခင္းမ်ိဳးမရွိေစရန္ လိုအပ္သည့္ စက္အရန္ပစၥည္းမ်ားကို ႀကိဳတင္စုေဆာင္းထားသင့္ဟုဆို
ေစာ(NP News) - ေအာက္တိုဘာ ၁၀

ဓာတ္အားေပးစက္မ်ား လည္ပတ္ခ်ိန္တြင္ ျပင္ဆင္ရျခင္းမ်ိဳးမရွိေစရန္ လိုအပ္သည့္ စက္အရန္ပစၥည္းမ်ားကို ႀကိဳတင္စုေဆာင္ထားသင့္ေၾကာင္း ဝန္ႀကီး ဦးဉာဏ္ထြန္းက တိုက္တြန္းထားသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဦးဉာဏ္ထြန္းသည္ ယမန္ေန႔(ေအာက္တိုဘာလ ၉ ရက္)တြင္ ေက်ာက္တန္းၿမိဳ႕နယ္၊ သာေကတၿမိဳ႕နယ္၊ အလုံၿမိဳ႕နယ္တို႔ရွိ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံမ်ားသို႔ သြားေရာက္ခ်ိန္တြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ စက္႐ုံမ်ားသည္ Build Operate Transfer(BOT) စနစ္ ႏွင့္ Build Operate Own (BOO)စနစ္ျဖင့္ ေဆာင္႐ြက္ေနသည့္ စက္႐ုံမ်ားျဖစ္ျခင္းေၾကာင့္ လႊဲေျပာင္းခ်ိန္၌ ေမာင္းႏွင္ႏိုင္ေရးကို ယခုအခ်ိန္မွစ၍ နည္းပညာပိုင္းဆိုင္ရာကြၽမ္းက်င္မႈရွိေစေရးကို ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ဝန္ႀကီးဦးဉာဏ္ထြန္းက တိုက္တြန္းေျပာၾကားခဲ့သည္။

ထို႔ျပင္ လွ်ပ္စစ္ဓာတ္အားေပးစက္မ်ား စြမ္းအားျပည့္ လည္ပတ္သည့္အခ်ိန္တြင္ ျပင္ဆင္ရျခင္းမ်ိဳးမရွိေစရန္ အေလးထားေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး လိုအပ္သည့္ စက္အရန္ပစၥည္းမ်ားကိုလည္း အသင့္ႀကိဳတင္စုေဆာင္းထားရွိရန္ေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။

အရန္စက္မ်ားထားရွိျခင္းျဖင့္ စက္မ်ားခြၽတ္ယြင္းမႈျဖစ္ေပၚပါက အခ်ိန္ႏွင့္တစ္ေျပးညီ ျပင္ဆင္ႏိုင္မည္ျဖစ္ၿပီး စက္႐ုံမ်ား အသစ္မတည္ေဆာက္ႏိုင္သည့္အခ်ိန္တြင္ ရွိၿပီးသား စက္႐ုံမ်ားကို ပ်က္စီးမႈမရွိေစရန္ စနစ္တက် ျပဳျပင္ေမာင္းႏွင္ရန္လိုအပ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.