ရန်ကုန်တွင် ရှမ်းပြည်နယ်မှ လာရောက်သူများ၏ အိမ်၊ ခြံ၊ မြေ ဝယ်ယူမှု မြင့်တက်နေ

362

သက်ပိုင် (NP News) - ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရှမ်းပြည်နယ်မှပြောင်းရွှေ့အခြေချသူ အများ အပြား၏ အိမ်၊ ခြံ၊ မြေ ဝယ်ယူမှု မြင့်တက်နေကြောင်း အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
ပြီးခဲ့သော မေလမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဗဟန်း မြို့နယ်တို့တွင် အဝယ်များခဲ့ပြီး ထိုသို့ဝယ်ယူသူများတွင် မူဆယ်မြို့နယ်နှင့် တောင်ကြီးမြို့နယ် တို့ မှ ရန်ကုန်သို့ပြောင်းရွှေ့လာသူ အများအပြားလည်း ပါဝင်ကြောင်း သိရသည်။
“လာဝယ်တဲ့သူတွေက မြန်မာနိုင်ငံသားတွေပါပဲ။ အိမ်အပါ အဓိကထားပြီးဝယ်ကြတယ်။ စစ် ရှောင်တွေလည်း လာဝယ်ကြတာမျိုးရှိတယ်။ အရင် တုန်းက အဲဒီဘက်ကလူတွေက သိပ်မဝယ်ကြဘူး။ အရင်တုန်းက မိုးကုတ်သူဌေးတွေလောက်ပဲ မြေတွေ လာဝယ်ကြတာ။ ပြီးခဲ့တဲ့ ငါးလပိုင်းကမှ တော် တော် လာဝယ်ကြတာ။ ကျောက်သမားတွေလို့တော့ ကြား တယ်။ အလုံတို့ဘာတို့မှာဆိုရင် သိန်းကြီးပိုင်း တန်တဲ့နေရာတွေတောင် အရောင်းအဝယ်ဖြစ်ခဲ့တယ်။ Sedona ဟိုတယ်မှာထိုင်ပြီးတော့ ကျောက်တွေ လေလံရောင်းသလိုကို ရောင်းနေကြတာ” ဟု ၎င်း ကဆိုသည်။
လက်ရှိတွင် မြောက်ဒဂုံ အိမ်ခြံမြေဈေး ကွက်သည် အဝယ်များနေပြီး လမ်းမတန်းအနီးရှိ မြေ ကွက်ဆိုပါက အိမ်ကောင်းပါဝင်သော မြေတစ်ပေပတ် လည်လျှင် ကျပ် (၁၀) သိန်းကျော်အထိ ဈေးမြင့် တက်လာနေကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
ထို့ပြင် မကြာမီတွင် ရန်ကုန်-ဒလ မြစ်ကူး တံတားကြီးပြီးဆုံးတော့မည်ဖြစ်သဖြင့် ဒလမြို့နယ် အတွင်းတွင်လည်း အိမ်ခြံမြေဈေးနှုန်းများ စံချိန် တင်မြင့်တက်နေပြီး အချက်အခြာကျသောနေရာများ တွင် ယခင်တံတားမထိုးမီက ပေ (၄၀) နှင့် ပေ (၆၀) မြေတစ်ကွက်လျှင် ငွေကျပ်သိန်း (၁၀ဝဝ) ခန့် သာရှိခဲ့သော်လည်း တံတားထိုးပြီးချိန်မှစ၍ တရိပ်ရိပ်မြင့်တက်လာခဲ့ရာ လက်ရှိတွင် ငွေကျပ်သိန်းပေါင်း (၃၀ဝဝဝ) ကျော်အထိ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
ထို့ပြင် ငလျင်လှုပ်ပြီးနောက်ပိုင်း ငွေကြေး တတ်နိုင်သူများအနေဖြင့် အထပ်မြင့်အဆောက်အအုံ များထက် မြေကွက်များကို ပိုမိုဝယ်ယူလာကြကြောင်း နှင့် မြေကွက်ဝယ်ယူရာတွင် အဆောက်အအုံ ပါဝင်မှုအပေါ် မူတည်၍ ဈေးနှုန်းကွာဟမှုများရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။
zawgyi version
ရန္ကုန္တြင္ ရွမ္းျပည္နယ္မွ လာေရာက္သူမ်ား၏ အိမ္၊ ၿခံ၊ ေျမ ဝယ္ယူမႈ ျမင့္တက္ေန
သက္ပိုင္ (NP News) - ဇြန္ ၁၇
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ရွမ္းျပည္နယ္မွေျပာင္းေ႐ႊ႕အေျခခ်သူ အမ်ား အျပား၏ အိမ္၊ ၿခံ၊ ေျမ ဝယ္ယူမႈ ျမင့္တက္ေနေၾကာင္း အက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္ေနသူမ်ားထံမွ သိရသည္။
ၿပီးခဲ့ေသာ ေမလမွစတင္ကာ ရန္ကုန္တိုင္းေဒသႀကီအတြင္းရွိ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ ဗဟန္း ၿမိဳ႕နယ္တို႔တြင္ အဝယ္မ်ားခဲ့ၿပီး ထိုသို႔ဝယ္ယူသူမ်ားတြင္ မူဆယ္ၿမိဳ႕နယ္ႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္ တို႔ မွ ရန္ကုန္သို႔ေျပာင္းေ႐ႊ႕လာသူ အမ်ားအျပားလည္း ပါဝင္ေၾကာင္း သိရသည္။
“လာဝယ္တဲ့သူေတြက ျမန္မာႏိုင္ငံသားေတြပါပဲ။ အိမ္အပါ အဓိကထားၿပီးဝယ္ၾကတယ္။ စစ္ ေရွာင္ေတြလည္း လာဝယ္ၾကတာမ်ိဳးရွိတယ္။ အရင္ တုန္းက အဲဒီဘက္ကလူေတြက သိပ္မဝယ္ၾကဘူး။ အရင္တုန္းက မိုးကုတ္သူေဌးေတြေလာက္ပဲ ေျမေတြ လာဝယ္ၾကတာ။ ၿပီးခဲ့တဲ့ ငါးလပိုင္းကမွ ေတာ္ ေတာ္ လာဝယ္ၾကတာ။ ေက်ာက္သမားေတြလို႔ေတာ့ ၾကား တယ္။ အလုံတို႔ဘာတို႔မွာဆိုရင္ သိန္းႀကီးပိုင္း တန္တဲ့ေနရာေတြေတာင္ အေရာင္းအဝယ္ျဖစ္ခဲ့တယ္။ Sedona ဟိုတယ္မွာထိုင္ၿပီးေတာ့ ေက်ာက္ေတြ ေလလံေရာင္းသလိုကို ေရာင္းေနၾကတာ” ဟု ၎ ကဆိုသည္။
လက္ရွိတြင္ ေျမာက္ဒဂုံ အိမ္ၿခံေျမေဈး ကြက္သည္ အဝယ္မ်ားေနၿပီး လမ္းမတန္းအနီးရွိ ေျမ ကြက္ဆိုပါက အိမ္ေကာင္းပါဝင္ေသာ ေျမတစ္ေပပတ္ လည္လွ်င္ က်ပ္ (၁၀) သိန္းေက်ာ္အထိ ေဈးျမင့္ တက္လာေနေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္ လုပ္ငန္းလုပ္ကိုင္ေနသူမ်ားထံမွ သိရသည္။
ထို႔ျပင္ မၾကာမီတြင္ ရန္ကုန္-ဒလ ျမစ္ကူး တံတားႀကီးၿပီးဆုံးေတာ့မည္ျဖစ္သျဖင့္ ဒလၿမိဳ႕နယ္ အတြင္းတြင္လည္း အိမ္ၿခံေျမေဈးႏႈန္းမ်ား စံခ်ိန္ တင္ျမင့္တက္ေနၿပီး အခ်က္အျခာက်ေသာေနရာမ်ား တြင္ ယခင္တံတားမထိုးမီက ေပ (၄၀) ႏွင့္ ေပ (၆၀) ေျမတစ္ကြက္လွ်င္ ေငြက်ပ္သိန္း (၁၀ဝဝ) ခန႔္ သာရွိခဲ့ေသာ္လည္း တံတားထိုးၿပီးခ်ိန္မွစ၍ တရိပ္ရိပ္ျမင့္တက္လာခဲ့ရာ လက္ရွိတြင္ ေငြက်ပ္သိန္းေပါင္း (၃၀ဝဝဝ) ေက်ာ္အထိ ျမင့္တက္လ်က္ရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ ငလ်င္လႈပ္ၿပီးေနာက္ပိုင္း ေငြေၾကး တတ္ႏိုင္သူမ်ားအေနျဖင့္ အထပ္ျမင့္အေဆာက္အအုံ မ်ားထက္ ေျမကြက္မ်ားကို ပိုမိုဝယ္ယူလာၾကေၾကာင္း ႏွင့္ ေျမကြက္ဝယ္ယူရာတြင္ အေဆာက္အအုံ ပါဝင္မႈအေပၚ မူတည္၍ ေဈးႏႈန္းကြာဟမႈမ်ားရွိေနေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ေနသူမ်ားက ဆိုသည္။