စင်ကာပူဂီတပညာရှင် JJ Lin၊ တော့ဖစ်ဘာတီဆက်နဲ့ အခြားဂီတပညာရှင်တွေက ကိုယ်ပိုင်ဂစ်တာတွေကို ဆင်းရဲ နွမ်းပါးလူငယ်တွေအတွက် လှူဒါန်း
                        
                            
                             
 456
 
                             
                            
                            
                         
                        
 
                        ရောင်နီ (NP News) - စက်တင်ဘာ ၁၁
           စင်ကာပူ ပြည်တွင်း ဂီတပညာရှင် JJ Lin၊ တော့ဖစ်ဘာတီဆက်၊ ဘန်ဂျမင်ခန်၊ ရှာဘာဆူသန်နဲ့ အဝီရာဖယ်လ်တို့က ဆင်းရဲနွမ်းပါးလူငယ်တွေကို ဂစ်တာ လက်ဆောင်ပေးဖို့ ကြိုးပမ်းတဲ့ Gift A Guitar ပရောဂျက် အတွက် သူတို့ရဲ့ဂစ်တာတစ်လုံးစီ လက်မှတ်ရေးထိုးပြီး လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ 
             အဆိုပါ လက်မှတ်ရေးထိုးထားတဲ့ဂစ်တာတွေကို လေလံတင်ရောင်းချမှာဖြစ်ပြီး ရရှိငွေတွေကို The Business Times Budding Artists Fund ကို ပေးအပ် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ ဒီအတွက် မစ္စတာ JJ Lin က တန်ဖိုးကြီး Martin D-45 acoustic ဂစ်တာကို လှူဒါန်းခဲ့ပါတယ်။ 
"ကျွန်တော် ဆယ်ကျော်သက်အရွယ် ဂစ်တာတစ်လုံးကို စကိုင်တုန်းက ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာကြီးကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ဒီဂစ်တာကိုလည်း Gift A Guitar ကို ပံ့ပိုးပေးခြင်းအားဖြင့် လူငယ်တွေကို ဒီလိုပဲ သူတို့ရဲ့ ကိုယ်ပိုင် အသံကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်မိပါတယ်" လို့ ၄င်းက ဆိုပါတယ်။ 
လှူဒါန်းထားတဲ့ဂစ်တာတွေကို အောက်တိုဘာလအတွင်း အွန်လိုင်းမှ လေလံတင်ရောင်းချမယ်လို့ သိရပါတယ်။ Gift A Guitar ကို ၂၀၂၅ ခုနှစ်၊ နိုင်ငံရဲ့နှစ် ၆ဝ ပြည့်မွေးနေ့ကို ဂုဏ်ပြုဖို့ စင်ကာပူနိုင်ငံ၊ Music Society မှ အနုပညာနဲ့ ယဉ်ကျေးမှုအကျိုးအမြတ်မယူသောအဖွဲ့ The Rice Company Limited နဲ့ ပူးပေါင်းပြီးတည်ထောင်ခဲ့တာ ဖြစ်ပါ တယ်။ ဒီအစီအစဉ်ဟာ အသက် ၁၃ နှစ်မှ ၂ဝ နှစ်ကြား ဆယ်ကျော်သက် လူငယ် ၆၀၀ ခန့်အတွက် ဂီတဆိုင်ရာ အကျိုးခံစားခွင့်တွေ ရရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: 
စင္ကာပူဂီတပညာရွင္ JJ Lin၊ ေတာ့ဖစ္ဘာတီဆက္နဲ႔ အျခားဂီတပညာရွင္ေတြက ကိုယ္ပိုင္ဂစ္တာေတြကို ဆင္းရဲ ႏြမ္းပါးလူငယ္ေတြအတြက္ လႉဒါန္း 
ေရာင္နီ (NP News) - စက္တင္ဘာ ၁၁
           စင္ကာပူ ျပည္တြင္း ဂီတပညာရွင္ JJ Lin၊ ေတာ့ဖစ္ဘာတီဆက္၊ ဘန္ဂ်မင္ခန္၊ ရွာဘာဆူသန္နဲ႔ အဝီရာဖယ္လ္တို႔က ဆင္းရဲႏြမ္းပါးလူငယ္ေတြကို ဂစ္တာ လက္ေဆာင္ေပးဖို႔ ႀကိဳးပမ္းတဲ့ Gift A Guitar ပေရာဂ်က္ အတြက္ သူတို႔ရဲ႕ဂစ္တာတစ္လုံးစီ လက္မွတ္ေရးထိုးၿပီး လႉဒါန္းခဲ့ၾကတယ္လို႔ သိရပါတယ္။ 
             အဆိုပါ လက္မွတ္ေရးထိုးထားတဲ့ဂစ္တာေတြကို ေလလံတင္ေရာင္းခ်မွာျဖစ္ၿပီး ရရွိေငြေတြကို The Business Times Budding Artists Fund ကို ေပးအပ္ လႉဒါန္းသြားမယ္လို႔ ဆိုပါတယ္။ ဒီအတြက္ မစၥတာ JJ Lin က တန္ဖိုးႀကီး Martin D-45 acoustic ဂစ္တာကို လႉဒါန္းခဲ့ပါတယ္။ 
"ကြၽန္ေတာ္ ဆယ္ေက်ာ္သက္အ႐ြယ္ ဂစ္တာတစ္လုံးကို စကိုင္တုန္းက ကိုယ္ပိုင္စိတ္ကူးယဥ္ကမာၻႀကီးကို ဖြင့္လွစ္ ႏိုင္ခဲ့ပါတယ္။ ဒီဂစ္တာကိုလည္း Gift A Guitar ကို ပံ့ပိုးေပးျခင္းအားျဖင့္ လူငယ္ေတြကို ဒီလိုပဲ သူတို႔ရဲ႕ ကိုယ္ပိုင္ အသံကို ရွာေတြ႕ႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္" လို႔ ၄င္းက ဆိုပါတယ္။ 
လႉဒါန္းထားတဲ့ဂစ္တာေတြကို ေအာက္တိုဘာလအတြင္း အြန္လိုင္းမွ ေလလံတင္ေရာင္းခ်မယ္လို႔ သိရပါတယ္။ Gift A Guitar ကို ၂၀၂၅ ခုႏွစ္၊ ႏိုင္ငံရဲ႕ႏွစ္ ၆ဝ ျပည့္ေမြးေန႔ကို ဂုဏ္ျပဳဖို႔ စင္ကာပူႏိုင္ငံ၊ Music Society မွ အႏုပညာနဲ႔ ယဥ္ေက်းမႈအက်ိဳးအျမတ္မယူေသာအဖြဲ႕ The Rice Company Limited နဲ႔ ပူးေပါင္းၿပီးတည္ေထာင္ခဲ့တာ ျဖစ္ပါ တယ္။ ဒီအစီအစဥ္ဟာ အသက္ ၁၃ ႏွစ္မွ ၂ဝ ႏွစ္ၾကား ဆယ္ေက်ာ္သက္ လူငယ္ ၆၀၀ ခန႔္အတြက္ ဂီတဆိုင္ရာ အက်ိဳးခံစားခြင့္ေတြ ရရွိေစမွာ ျဖစ္တယ္လို႔ သိရပါတယ္။