တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းမှ ရေများမြင့်တက်မှုဖြစ်ပေါ်ခဲ့

 939

စော(NP News) - အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းမှ ရေများမြင့်တက်လာပြီး လက်ရှိအချိန်တွင် ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ချောင်းရေသည် ယနေ့(အောက်တိုဘာလ ၁၆ ရက်)၊ မွန်းလွဲပိုင်းမှစတင်၍ ရေများမြင့်တက်လာခြင်းဖြစ်ကြောင်း ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“နေလည် (၁၂)နာရီလောက်က ရေတက်လာပြီး အခုပြန်ကျသွားပါပြီ။ တောင်ကျရေလေးပါ။ ဒီနေ့ညသာ မိုးမကျရင်တော့ ရေကမလာပါဘူး။ တာလော့ရပ်ကွက်တော့ ရေဝင်စလေးပါပဲ။ ရွှေနန်းတော်နေရာလေးပဲ ဝင်ဖြစ်သေးတာ အခုတော့ပြန်ကျသွားပြီ”ဟု ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာလော့ရပ်ကွက်ထဲသို့ ရေဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကတော့ မိုးမရွာဘဲ ရေတက်လာတာပေါ့။ လက်ရှိကတော့ ရွှေ့စရာရှိတာကို ဝိုင်းရွှေ့ပြီး ကားတွေဘာတွေကို ဖယ်ပေးတယ် ဒီလောက်ပါပဲ”ဟု ရွှေမယ်ယန်းပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၇)ရက်မှစတင်၍ ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်မှုနှင့် မိုးရွာသွန်းမှုကြောင့် ပဲခူးမြို့တစ်မြို့လုံးနီးပါး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။

Zawgyi Version;
တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ဆိုင္ေခ်ာင္းမွ ေရမ်ားျမင့္တက္မႈျဖစ္ေပၚခဲ့
ေစာ(NP News) - ေအာက္တိုဘာ ၁၆

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕ရွိ မယ္ဆိုင္ေခ်ာင္းမွ ေရမ်ားျမင့္တက္လာၿပီး လက္ရွိအခ်ိန္တြင္ ျပန္လည္က်ဆင္းသြားၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါ ေခ်ာင္းေရသည္ ယေန႔(ေအာက္တိုဘာလ ၁၆ ရက္)၊ မြန္းလြဲပိုင္းမွစတင္၍ ေရမ်ားျမင့္တက္လာျခင္းျဖစ္ေၾကာင္း ဦးလွမိုးတာခ်ီလိတ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“ေနလည္ (၁၂)နာရီေလာက္က ေရတက္လာၿပီး အခုျပန္က်သြားပါၿပီ။ ေတာင္က်ေရေလးပါ။ ဒီေန႔ညသာ မိုးမက်ရင္ေတာ့ ေရကမလာပါဘူး။ တာေလာ့ရပ္ကြက္ေတာ့ ေရဝင္စေလးပါပဲ။ ေ႐ႊနန္းေတာ္ေနရာေလးပဲ ဝင္ျဖစ္ေသးတာ အခုေတာ့ျပန္က်သြားၿပီ”ဟု ဦးလွမိုးတာခ်ီလိတ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မယ္ဆိုင္ေခ်ာင္းေရျမင့္တက္မႈေၾကာင့္ တာေလာ့ရပ္ကြက္ထဲသို႔ ေရဝင္ေရာက္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ျပန္လည္က်ဆင္းသြားၿပီျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ကေတာ့ မိုးမ႐ြာဘဲ ေရတက္လာတာေပါ့။ လက္ရွိကေတာ့ ေ႐ႊ႕စရာရွိတာကို ဝိုင္းေ႐ႊ႕ၿပီး ကားေတြဘာေတြကို ဖယ္ေပးတယ္ ဒီေလာက္ပါပဲ”ဟု ေ႐ႊမယ္ယန္းပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၇)ရက္မွစတင္၍ ပဲခူးျမစ္ေရ စံခ်ိန္တင္ျမင့္တက္မႈႏွင့္ မိုး႐ြာသြန္းမႈေၾကာင့္ ပဲခူးၿမိဳ႕တစ္ၿမိဳ႕လုံးနီးပါး ေရဝင္ေရာက္မႈျဖစ္ေပၚခဲ့သည္။

Related news

© 2021. All rights reserved.