ဟားမတ်-အစ္စရေးစစ် ဘယ်တော့ ဘယ်လိုပြီးဆုံးမည်လဲ၊ တတိယကမ္ဘာစစ်လား ကိုယ်စားပြု ကန့်သတ်စစ်ပွဲလား (ဘာသာပြန်ဆောင်းပါး)

 5287

Htay Oung (NP News) - အောက်တိုဘာ ၁၉

အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တို့ရဲ့ ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့က ဂါဇာဒေသကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဒလစပ် ဗုံးကြဲလျက်ရှိပါတယ်။ ကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့အတွက် ခိုလှုံစရာ တစ်နေရာရှာရေး ကြိုးပမ်းနေကြစဉ် သူတို့နဲ့ အနီးဆုံးဖြစ်တဲ့ အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတို့က ဘာ့ကြောင့် လက်မခံပဲ ဖြစ်နေရသလဲဆိုတာ လူအတော်များများ သိရှိလိုတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်လို့ AP သတင်းအေဂျင်စီက ယနေ့ (အောက်တိုဘာလ ၁၉ ရက်)မှာ ရေးသားပါတယ်။

ပါလက်စတိုင်းတို့ဟာ ဂါဇာကမ်းမြောင်နဲ့ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းတို့မှာ အသီးသီးရှိ နေကြပါတယ်။ ဂါဇာဟာ အီဂျစ်နိုင်ငံနဲ့ ထိစပ်နေပြီး အနောက်ဘက်ကမ်းဟာ ဂျော်ဒန်နိုင်ငံနဲ့ ထိစပ်နေပါတယ်။ အဲဒီနှစ်နိုင်ငံစလုံးဟာ (ပါလက်စတိုင်း စစ်ဘေးရှောင်တွေကို လက်ခံဖို့ ခါးခါးသီး ငြင်းဆိုထားကြပါတယ်။ ဂျော်ဒန်ဆိုလျှင် သူ့နိုင်ငံအတွင်းမှာ ပါလက်စတိုင်းလူဦးရေ အတော်များပြားနေပါပြီ။ (လူဦးရေ ၁၁ သန်းသာရှိတဲ့ ဂျော်ဒန်မှာ မှတ်ပုံတင် ပါလက်စတိုင်းဒုက္ခသည် ၂ သန်း ရှိနေပါတယ်။)

၁၉၄၈ ခုနှစ် ပထမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲအတွင်း ပါလက်စတိုင်းမှ ဒုက္ခသည် (၇)သိန်းကျော်ဟာ လက်ဘနွန်အပါအ၀င် အိမ်နီးချင်းနိုင်ငံများအတွင်း ကူးစက်ကပ်ရောဂါကျရောက်သလို အလုံးအရင်းနဲ့ လှိမ့်၀င်သွားခဲ့ဖူးပါတယ်။ ၁၉၆၇ ခုနှစ် တတိယအကြိမ် အာရပ်-အစ္စရေးစစ်ပွဲ (၆ ရက် စစ်ပွဲ)မှာတော့ ဂျော်ဒန်နိုင်ငံအတွင်း ပါလက်စတိုင်းဒုက္ခသည် ၄ သိန်း ရောက်ရှိသွားပါတယ်။ အဲဒီနောက် ဂျော်ဒန်စစ်တပ်နဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO တို့အကြား လက်နက်ကိုင်တိုက်ခိုက်မှု ၁၉၇၀ ခုနှစ် “ဘလက်စက်တင်ဘာ” အရေးအခင်းမှာ နှင်ထုတ်ခံရသူ ပါလက်စတိုင်းတွေကို လက်ခံလိုက်ရသူက အီဂျစ်ဖြစ်ပါတယ်။

ပါလက်စတိုင်း အားလုံးဟာ မွတ်စလင်တွေချည့်တော့ မဟုတ်ပါဘူး၊ ခရစ်ယာန်ပါလက်စတိုင်းတွေဟာ အီဂျစ်နိုင်ငံသားများနဲ့ လက်ထပ်ပြီး နိုင်ငံသား ဖြစ်သွားကြတာလည်း ရှိပါတယ်။ အခုဟားမတ်စ်ဆိုလည်း အီဂျစ်မွတ်စလင်ဘရားသားဟုဒ်မှ ၁၉၈၉ ခုနှစ်ခန့်မှာစတင်သန္ဓေတည်ခဲ့တဲ့ ပါလက်စတိုင်းတွေ ဖြစ်ပါတယ်။ ပါလက်စတိုင်းမှန်သမျှအားလုံး တူညီတဲ့ရည်မှန်းချက်တော့ သူတို့ရဲ့ ဇာတိမြေ ပြန်လည်ရရှိရေး ဖြစ်ပါတယ်။ အဲ့ဒီအချက်ဟာ သူတို့ကို လက်ခံထားရတဲ့ အာရပ်မျိုးနွယ်တူ နိုင်ငံအတွက် အတော်ခေါင်းကိုက်ရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

(နိုင်ငံသားအားလုံး ရာနှုန်းပြည့်နှစ်သက်လက်ခံကြတဲ့ အစိုးရဆိုတာဘယ်တိုင်းပြည်မှ မရှိပါဘူး၊ လက်ရှိအစိုးရအပေါ် မလိုလားတဲ့ ပြည်တွင်းအင်အားစုတို့ဟာ သူတို့အစိုးရကို တော်လှန်ရေးလုပ်ကြရာမှာ အဲဒီတိုင်းပြည်ရောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO တို့က ပါ၀င်ပတ်သက်နေကြောင်း ဂျော်ဒန်ပြည်တွင်းစစ် (၁၉၇၀ ခုနှစ်) နဲ့ လက်ဘနွန်ပြည်တွင်းစစ် (၁၉၇၅ - ၁၉၉၀ ခုနှစ်)တို့မှာ တွေ့မြင်ရပါတယ်။ လက်ဘနွန်ပြည်တွင်းစစ်တုန်းကဆို အစ္စရေးကလည်း ၀င်ရောက်ဆွမ်းကြီးလောင်းတဲ့အတွက် ပဉ္စမနဲ့ဆဋ္ဌမအကြိမ်အာရပ်အစ္စရေးစစ်ပွဲ ဖစ်သွားခဲ့ရဖူးပါတယ်)

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲဟာ ဂါဇာကမ်းမြှောင်ကို စိုးမိုးထားသူ ဟားမတ်စ်များကို တိုက်ခိုက်ရန်အတွက်သာ ရည်ရွယ်ခြင်းမဟုတ်ပဲ ပါလက်စတိုင်း အရပ်သားတွေကို အီဂျစ်နိုင်ငံအတွင်း ပြောင်းရွေ့နေထိုင်ကြဖို့ တွန်းအားပေးမှုလည်း ဖြစ်နေတယ်လို့ အီဂျစ်သမ္မတ အဗ္ဗဒူလာဖာတာအယ်လ်ဆီစီက ဗုဒ္ဓဟူးနေ့မှာ မှတ်ချက်ပေးပါတယ်။ ဒီအတွက်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိမ့်မယ်လို့ တစ်ချိန်က အီဂျစ် ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတအယ်လ်ဆီစီက သတ်ိပေးပါတယ်။ (သူပြောသလိုပဲ ပါလက်စတိုင်း အရပ်သားတွေ ဂါဇာမှ ဘေးလွတ်ရာ အမြန်ဆုံး ထွက်ခွာဖို့ အစ္စရေးစစ်တပ်ရဲ့ ရာဇသံမှာ “တောင်ဘက်သို့” လို့ ပါ၀င်နေပါတယ်။ လူဦးရေ သန်း ၁၁၀ ခန့်ရှိတဲ့ အီဂျစ်ဟာ အာဖရိမြောက်ပိုင်းမှ ဒုက္ခသည်များကိုလည်း လက်ခံထားရပြီး စုစုပေါင်း ၃ သိန်းခန့်ရှိပါလိမ့်မယ်။ ပါလက်စတိုင်းဒုက္ခသည်တွေကတော့ ၅-သောင်းမှ ၁-သိန်းကျော်ခန့် ပါ၀င်ပါတယ်။

အီဂျစ်သမ္မတထက်စောပြီး အလားတူပြောခဲ့သူက ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာ ဖြစ်ပါတယ်။ အီဂျစ်က ဒုက္ခသည်ဆို “နိုး” ပဲ ၊ ဂျော်ဒန်ကလည်း “နိုး” ပဲ လို့ ရှင်းရှင်းပြတ်ပြတ် မှတ်ချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ အစ္စရေး-ဂျော်ဒန်ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့တာလည်း ၂၈ နှစ်သာ ရှိပါသေးတယ်။

အိမ်နီးချင်းနိုင်ငံများက ပါလက်စတိုင်း ဒုက္ခသည်တွေကို လက်ခံဖို့ အကြောက်အကန် ငြင်းဆိုနေရခြင်းမှာ အဲဒီလူတွေအပေါ် ရောက်ရှိရာတိုင်းပြည်အသီးသီးကို အပြီးတိုင် နှင်ထုတ်ခံရသူများအဖြစ် အစ္စရေးက လုပ်လာခဲ့ရင် သူတို့နိုင်ငံများရဲ့ “ပါလက်စတိုင်းနိုင်ငံတောင်းဆိုမှု“ မှာ ထိခိုက်သွားနိုင်တဲ့အတွက် အဓိက ဖြစ်ပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ်ကို ဦးတည်ပြီး အစုအပုံလိုက် ထွက်ခွာလာတဲ့ ပါလက်စတိုင်း အရပ်သားများ နဲ့အတူ အစ္စရေးကို ဆန့်ကျင် တိုက်ခိုက်မယ့် စစ်သွေးကြွများလည်း ရောနှော ပါ၀င်လာနိုင်ပါတယ်။ အဲဒီ ကိစ္စဟာ နှစ် ၄၀ သက်တမ်းရှိ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေးစာချုပ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၁၉၄၈ ခုနှစ် ပထမအကြိမ်စစ်ပွဲမှာ တိုက်ပွဲများ ရပ်တံ့သွားပြီးကတည်းက ဒုက္ခသည်များ နေရပ်ပြန်လာခွင့်ပြုဖို့ အစ္စရေးက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအချိန်မှစပြီး အစ္စရေးဟာ ဂျူးအများစုအပေါ် ခြိမ်းခြောက်ရာ ရောက်မှုများကို ဆန့်ကျင်ရေးအဖြစ် ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ ဆက်စပ်ပြီး ဒုက္ခသည်များ နေရပ်ပြန်ခွင့် တောင်းဆိုမှု မှန်သမျှကို ပယ်ချည့်ချနေခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှ တောင်ဘက်သို့ ထွက်ခွာပေးရန် အမိန့်ကို လိုက်နာသူမှန်သမျှ စစ်ပွဲပြီးဆုံးလျှင် နေရပ် ပြန် ခွင့်ပြုမယ်လို့ အစ္စရေးက ဆိုပေမယ့် ကမ်းမြောင်ဒေသမှ ပါလက်စတိုင်းဒုက္ခသည် အများအပြားစုပုံနေရဆဲ သမိုင်းကြောင်းကို ကြည့်ပြီး အီဂျစ်က မယုံပါဘူး။ အမှန်တကယ် ပြန်သွားရမယ်ဆိုတာ (အစ္စရေး လုပ်သမျှ အကာအကွယ်ပေးနေသူ အမေရိကန်တောင် အာမ မခံနိုင်ပါဘူး။

စစ်ပွဲဟာ ဘယ်လိုနည်းနဲ့ ပြီးဆုံးသွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးတာလည်း ပါ၀င်ပါတယ်။ သူ့နိုင်ငံ တောင်ပိုင်းမြို့များမှာ ဟားမတ်စ်တို့ရဲ့ သွေးထွက်သံယို သောင်းကျန်းမှုကို ချေမှုန်းဖို့ ရည်ရွယ်တယ် လို့ အစ္စရေးက ပြောပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်တယ်၊ ဘယ်သူက ဂါဇာကို အုပ်ချုပ် မယ်ဆိုတာ အရိပ်အယောင် မပြပါဘူး။ ကာလအတိုင်းအတာတစ်ခုအထိ နယ်မြေပြန်လည်သိမ်းပိုက်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာပြီး ပဋိပက္ခများ ထပ်မံဖြစ်ပွားစေနိုင်ပါတယ်။

ခုဆို ပါလက်စတိုင်းဒုက္ခသည်တွေဟာ သားမြေးများနဲ့ ပွားစည်ပြီး အရေအတွက်မှာလည်း ၆ သန်းနီးပါး ဖြစ်လာပါတယ်။ အများစုမှာ အနောက်ဘက်ကမ်း၊ ဂါဇာ၊ လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂျော်ဒန်နိုင်ငံများရှိ ဒုက္ခ သည်စခန်းများနဲ့ လူ့အဖွဲ့အစည်းများအကြား နေထိုင်လျက်ရှိပါတယ်။ ပင်လယ်ကွေ့ အာရပ်နိုင်ငံများ၊ ဒါမှ မဟုတ် အနောက်နိုင်ငံတွေမှာ များပြားလာတဲ့ ဒုက္ခသည်များကြောင့် လူစုလူဝေး ဖြစ်ပွားမှုဟာလည်း အကြိမ် ပိုစိပ်လာပါတယ်။

လောလောဆယ်မှာတော့ လူ ၅၀၀ ကျော် အသက်ဆုံးရှုံးရတဲ့ ဂါဇာဆေးရုံပေါက်ကွဲမှုကို ကန့်ကွက်ရှုတ်ချ ကြောင်း လက်ဘနွန်နိုင်ငံ အမေရိကန်သံရုံးကို ဝိုင်း၀န်းဆန္ဒပြသူတွေဟာ အဓိကရုန်း နှိမ်နင်းရေး ရဲများနဲ့ ရုန့်ရင်းဆန်ခတ်ဖြစ်နေပါတယ်။

ဂါဇာမှာ ရှိနေတဲ့ ပါလက်စတိုင်းတွေဟာ ဆေးရုံအစ ဒုက္ခသည်အရေးပေါ် စုဝေးရာ နေရာအဆုံးတို့မှ တလူလူ ထွက်ပေါ်နေတဲ့ သေမင်းတမန်မီးခိုးငွေ့တွေကို ရှူရှိုက်ရင်း ဘယ်နေ့ ဘယ်လို သေဖြစ် သွားမလဲ ကိုယ့်ဖာသာမတွေးတတ်အောင် ရှိနေပါတယ်။ ဂါဇာတစ်ခုလုံး ဖရိုဖရဲဖြစ်ပြီး တစ်ခုတည်းသော စည်ပင်သာယာဌာနလည်း ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် သန့်ရှင်းရေးဆိုတာ ဘယ်နေမှန်း မသိတော့ပါဘူး။

သွေးစည်း ညီညွတ်ကြောင်း ပြသဖို့အတွက် အစ္စရေးနိုင်ငံကို ရောက်ရှိလာသူ အမေရိကန် နယူးယောက် မြို့တော် အုပ်ချုပ်ရေးမှူအမျိုးသမီးကတော့ ဓါးစာခံဖြစ် ဖမ်းဆီးခံရသူ ဂျူးမိသားစုများနဲ့ တွေ့ဆုံ နှစ်သိမ့်နေပါတယ်။

(AP News., 19 October 2023,” Why Egypt and other Arab countries are unwilling to take in Palestinian refugees from Gaza” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ဟားမတ္-အစၥေရးစစ္ ဘယ္ေတာ့ ဘယ္လို ၿပီးဆုံးမည္လဲ၊ တတိယကမာၻစစ္လား ကိုယ္စားျပဳ ကန္႔သတ္စစ္ပြဲလား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေအာက္တိုဘာ ၁၉

ေအာက္တိုဘာလ ၇ ရက္ ဟားမတ္စ္တို႔ရဲ႕ ရက္စက္ၾကမ္းၾကဳတ္စြာတိုက္ခိုက္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အစၥေရးတို႔က ဂါဇာေဒသကို ဝိုင္းပတ္ပိတ္ဆို႔ၿပီး ဒလစပ္ ဗုံးႀကဲလ်က္ရွိပါတယ္။ ကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းတို႔အတြက္ ခိုလႈံစရာ တစ္ေနရာရွာေရး ႀကိဳးပမ္းေနၾကစဥ္ သူတို႔နဲ႔ အနီးဆုံးျဖစ္တဲ့ အီဂ်စ္နဲ႔ ေဂ်ာ္ဒန္ႏိုင္ငံတို႔က ဘာ့ေၾကာင့္ လက္မခံပဲ ျဖစ္ေနရသလဲဆိုတာ လူအေတာ္မ်ားမ်ား သိရွိလိုတဲ့ ေမးခြန္းတစ္ခုပဲ ျဖစ္ပါတယ္လို႔ AP သတင္းေအဂ်င္စီက ယေန႔ (ေအာက္တိုဘာလ ၁၉ ရက္)မွာ ေရးသားပါတယ္။

ပါလက္စတိုင္းတို႔ဟာ ဂါဇာကမ္းေျမာင္နဲ႔ အစၥေရးတို႔ သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းတို႔မွာ အသီးသီးရွိ ေနၾကပါတယ္။ ဂါဇာဟာ အီဂ်စ္ႏိုင္ငံနဲ႔ ထိစပ္ေနၿပီး အေနာက္ဘက္ကမ္းဟာ ေဂ်ာ္ဒန္ႏိုင္ငံနဲ႔ ထိစပ္ေနပါတယ္။ အဲဒီႏွစ္ႏိုင္ငံစလုံးဟာ (ပါလက္စတိုင္း စစ္ေဘးေရွာင္ေတြကို လက္ခံဖို႔ ခါးခါးသီး ျငင္းဆိုထားၾကပါတယ္။ ေဂ်ာ္ဒန္ဆိုလွ်င္ သူ႔ႏိုင္ငံအတြင္းမွာ ပါလက္စတိုင္းလူဦးေရ အေတာ္မ်ားျပားေနပါၿပီ။ (လူဦးေရ ၁၁ သန္းသာရွိတဲ့ ေဂ်ာ္ဒန္မွာ မွတ္ပုံတင္ ပါလက္စတိုင္းဒုကၡသည္ ၂ သန္း ရွိေနပါတယ္။)

၁၉၄၈ ခုႏွစ္ ပထမအႀကိမ္ အာရပ္-အစၥေရးစစ္ပြဲအတြင္း ပါလက္စတိုင္းမွ ဒုကၡသည္ (၇)သိန္းေက်ာ္ဟာ လက္ဘႏြန္အပါအ၀င္ အိမ္နီးခ်င္းႏိုင္ငံမ်ားအတြင္း ကူးစက္ကပ္ေရာဂါက်ေရာက္သလို အလုံးအရင္းနဲ႔ လွိမ့္၀င္သြားခဲ့ဖူးပါတယ္။ ၁၉၆၇ ခုႏွစ္ တတိယအႀကိမ္ အာရပ္-အစၥေရးစစ္ပြဲ (၆ ရက္ စစ္ပြဲ)မွာေတာ့ ေဂ်ာ္ဒန္ႏိုင္ငံအတြင္း ပါလက္စတိုင္းဒုကၡသည္ ၄ သိန္း ေရာက္ရွိသြားပါတယ္။ အဲဒီေနာက္ ေဂ်ာ္ဒန္စစ္တပ္နဲ႔ ပါလက္စတိုင္း လြတ္ေျမာက္ေရးအဖြဲ႕ PLO တို႔အၾကား လက္နက္ကိုင္တိုက္ခိုက္မႈ ၁၉၇၀ ခုႏွစ္ “ဘလက္စက္တင္ဘာ” အေရးအခင္းမွာ ႏွင္ထုတ္ခံရသူ ပါလက္စတိုင္းေတြကို လက္ခံလိုက္ရသူက အီဂ်စ္ျဖစ္ပါတယ္။

ပါလက္စတိုင္း အားလုံးဟာ မြတ္စလင္ေတြခ်ည့္ေတာ့ မဟုတ္ပါဘူး၊ ခရစ္ယာန္ပါလက္စတိုင္းေတြဟာ အီဂ်စ္ႏိုင္ငံသားမ်ားနဲ႔ လက္ထပ္ၿပီး ႏိုင္ငံသား ျဖစ္သြားၾကတာလည္း ရွိပါတယ္။ အခုဟားမတ္စ္ဆိုလည္း အီဂ်စ္မြတ္စလင္ဘရားသားဟုဒ္မွ ၁၉၈၉ ခုႏွစ္ခန္႔မွာစတင္သေႏၶတည္ခဲ့တဲ့ ပါလက္စတိုင္းေတြ ျဖစ္ပါတယ္။ ပါလက္စတိုင္းမွန္သမွ်အားလုံး တူညီတဲ့ရည္မွန္းခ်က္ေတာ့ သူတို႔ရဲ႕ ဇာတိေျမ ျပန္လည္ရရွိေရး ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ဟာ သူတို႔ကို လက္ခံထားရတဲ့ အာရပ္မ်ိဳးႏြယ္တူ ႏိုင္ငံအတြက္ အေတာ္ေခါင္းကိုက္ရတဲ့ ကိစၥပဲ ျဖစ္ပါတယ္။

(ႏိုင္ငံသားအားလုံး ရာႏႈန္းျပည့္ႏွစ္သက္လက္ခံၾကတဲ့ အစိုးရဆိုတာဘယ္တိုင္းျပည္မွ မရွိပါဘူး၊ လက္ရွိအစိုးရအေပၚ မလိုလားတဲ့ ျပည္တြင္းအင္အားစုတို႔ဟာ သူတို႔အစိုးရကို ေတာ္လွန္ေရးလုပ္ၾကရာမွာ အဲဒီတိုင္းျပည္ေရာက္ ပါလက္စတိုင္းလြတ္ေျမာက္ေရးအဖြဲ႕ PLO တို႔က ပါ၀င္ပတ္သက္ေနေၾကာင္း ေဂ်ာ္ဒန္ျပည္တြင္းစစ္ (၁၉၇၀ ခုႏွစ္) နဲ႔ လက္ဘႏြန္ျပည္တြင္းစစ္ (၁၉၇၅ - ၁၉၉၀ ခုႏွစ္)တို႔မွာ ေတြ႕ျမင္ရပါတယ္။ လက္ဘႏြန္ျပည္တြင္းစစ္တုန္းကဆို အစၥေရးကလည္း ၀င္ေရာက္ဆြမ္းႀကီးေလာင္းတဲ့အတြက္ ပၪၥမနဲ႔ဆ႒မအႀကိမ္အာရပ္အစၥေရးစစ္ပြဲ ဖစ္သြားခဲ့ရဖူးပါတယ္)

လက္ရွိျဖစ္ေပၚေနတဲ့ စစ္ပြဲဟာ ဂါဇာကမ္းေျမႇာင္ကို စိုးမိုးထားသူ ဟားမတ္စ္မ်ားကို တိုက္ခိုက္ရန္အတြက္သာ ရည္႐ြယ္ျခင္းမဟုတ္ပဲ ပါလက္စတိုင္း အရပ္သားေတြကို အီဂ်စ္ႏိုင္ငံအတြင္း ေျပာင္းေ႐ြ႕ေနထိုင္ၾကဖို႔ တြန္းအားေပးမႈလည္း ျဖစ္ေနတယ္လို႔ အီဂ်စ္သမၼတ အဗၺဒူလာဖာတာအယ္လ္ဆီစီက ဗုဒၶဟူးေန႔မွာ မွတ္ခ်က္ေပးပါတယ္။ ဒီအတြက္ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစလိမ့္မယ္လို႔ တစ္ခ်ိန္က အီဂ်စ္ ကာကြယ္ေရး၀န္ႀကီးအျဖစ္ တာ၀န္ယူခဲ့ဖူးသူ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သမၼတအယ္လ္ဆီစီက သတ္ိေပးပါတယ္။ (သူေျပာသလိုပဲ ပါလက္စတိုင္း အရပ္သားေတြ ဂါဇာမွ ေဘးလြတ္ရာ အျမန္ဆုံး ထြက္ခြာဖို႔ အစၥေရးစစ္တပ္ရဲ႕ ရာဇသံမွာ “ေတာင္ဘက္သို႔” လို႔ ပါ၀င္ေနပါတယ္။ လူဦးေရ သန္း ၁၁၀ ခန္႔ရွိတဲ့ အီဂ်စ္ဟာ အာဖရိေျမာက္ပိုင္းမွ ဒုကၡသည္မ်ားကိုလည္း လက္ခံထားရၿပီး စုစုေပါင္း ၃ သိန္းခန္႔ရွိပါလိမ့္မယ္။ ပါလက္စတိုင္းဒုကၡသည္ေတြကေတာ့ ၅-ေသာင္းမွ ၁-သိန္းေက်ာ္ခန္႔ ပါ၀င္ပါတယ္။

အီဂ်စ္သမၼတထက္ေစာၿပီး အလားတူေျပာခဲ့သူက ေဂ်ာ္ဒန္ဘုရင္ ဒုတိယေျမာက္ အဗၺဒူလာ ျဖစ္ပါတယ္။ အီဂ်စ္က ဒုကၡသည္ဆို “ႏိုး” ပဲ ၊ ေဂ်ာ္ဒန္ကလည္း “ႏိုး” ပဲ လို႔ ရွင္းရွင္းျပတ္ျပတ္ မွတ္ခ်က္ေပးခဲ့ၿပီး ျဖစ္ပါတယ္။ အလားတူ အစၥေရး-ေဂ်ာ္ဒန္ၿငိမ္းခ်မ္းေရး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာလည္း ၂၈ ႏွစ္သာ ရွိပါေသးတယ္။

အိမ္နီးခ်င္းႏိုင္ငံမ်ားက ပါလက္စတိုင္း ဒုကၡသည္ေတြကို လက္ခံဖို႔ အေၾကာက္အကန္ ျငင္းဆိုေနရျခင္းမွာ အဲဒီလူေတြအေပၚ ေရာက္ရွိရာတိုင္းျပည္အသီးသီးကို အၿပီးတိုင္ ႏွင္ထုတ္ခံရသူမ်ားအျဖစ္ အစၥေရးက လုပ္လာခဲ့ရင္ သူတို႔ႏိုင္ငံမ်ားရဲ႕ “ပါလက္စတိုင္းႏိုင္ငံေတာင္းဆိုမႈ“ မွာ ထိခိုက္သြားႏိုင္တဲ့အတြက္ အဓိက ျဖစ္ပါတယ္။ ဆိုင္းႏိုင္းကြၽန္းဆြယ္ကို ဦးတည္ၿပီး အစုအပုံလိုက္ ထြက္ခြာလာတဲ့ ပါလက္စတိုင္း အရပ္သားမ်ား နဲ႔အတူ အစၥေရးကို ဆန္႔က်င္ တိုက္ခိုက္မယ့္ စစ္ေသြးႂကြမ်ားလည္း ေရာေႏွာ ပါ၀င္လာႏိုင္ပါတယ္။ အဲဒီ ကိစၥဟာ ႏွစ္ ၄၀ သက္တမ္းရွိ အီဂ်စ္-အစၥေရး ၿငိမ္းခ်မ္းေရးစာခ်ဳပ္ကို အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။

၁၉၄၈ ခုႏွစ္ ပထမအႀကိမ္စစ္ပြဲမွာ တိုက္ပြဲမ်ား ရပ္တံ့သြားၿပီးကတည္းက ဒုကၡသည္မ်ား ေနရပ္ျပန္လာခြင့္ျပဳဖို႔ အစၥေရးက ျငင္းဆန္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွစၿပီး အစၥေရးဟာ ဂ်ဴးအမ်ားစုအေပၚ ၿခိမ္းေျခာက္ရာ ေရာက္မႈမ်ားကို ဆန္႔က်င္ေရးအျဖစ္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္နဲ႔ ဆက္စပ္ၿပီး ဒုကၡသည္မ်ား ေနရပ္ျပန္ခြင့္ ေတာင္းဆိုမႈ မွန္သမွ်ကို ပယ္ခ်ည့္ခ်ေနခဲ့ပါတယ္။

ဂါဇာကမ္းေျမာင္မွ ေတာင္ဘက္သို႔ ထြက္ခြာေပးရန္ အမိန္႔ကို လိုက္နာသူမွန္သမွ် စစ္ပြဲၿပီးဆုံးလွ်င္ ေနရပ္ ျပန္ ခြင့္ျပဳမယ္လို႔ အစၥေရးက ဆိုေပမယ့္ ကမ္းေျမာင္ေဒသမွ ပါလက္စတိုင္းဒုကၡသည္ အမ်ားအျပားစုပုံေနရဆဲ သမိုင္းေၾကာင္းကို ၾကည့္ၿပီး အီဂ်စ္က မယုံပါဘူး။ အမွန္တကယ္ ျပန္သြားရမယ္ဆိုတာ (အစၥေရး လုပ္သမွ် အကာအကြယ္ေပးေနသူ အေမရိကန္ေတာင္ အာမ မခံႏိုင္ပါဘူး။

စစ္ပြဲဟာ ဘယ္လိုနည္းနဲ႔ ၿပီးဆုံးသြားမယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိႏိုင္ေသးတာလည္း ပါ၀င္ပါတယ္။ သူ႔ႏိုင္ငံ ေတာင္ပိုင္းၿမိဳ႕မ်ားမွာ ဟားမတ္စ္တို႔ရဲ႕ ေသြးထြက္သံယို ေသာင္းက်န္းမႈကို ေခ်မႈန္းဖို႔ ရည္႐ြယ္တယ္ လို႔ အစၥေရးက ေျပာပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ဘာေတြျဖစ္လာႏိုင္တယ္၊ ဘယ္သူက ဂါဇာကို အုပ္ခ်ဳပ္ မယ္ဆိုတာ အရိပ္အေယာင္ မျပပါဘူး။ ကာလအတိုင္းအတာတစ္ခုအထိ နယ္ေျမျပန္လည္သိမ္းပိုက္ေရးနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ ျမင့္တက္လာၿပီး ပဋိပကၡမ်ား ထပ္မံျဖစ္ပြားေစႏိုင္ပါတယ္။

ခုဆို ပါလက္စတိုင္းဒုကၡသည္ေတြဟာ သားေျမးမ်ားနဲ႔ ပြားစည္ၿပီး အေရအတြက္မွာလည္း ၆ သန္းနီးပါး ျဖစ္လာပါတယ္။ အမ်ားစုမွာ အေနာက္ဘက္ကမ္း၊ ဂါဇာ၊ လက္ဘႏြန္၊ ဆီးရီးယားနဲ႔ ေဂ်ာ္ဒန္ႏိုင္ငံမ်ားရွိ ဒုကၡ သည္စခန္းမ်ားနဲ႔ လူ႔အဖြဲ႕အစည္းမ်ားအၾကား ေနထိုင္လ်က္ရွိပါတယ္။ ပင္လယ္ေကြ႕ အာရပ္ႏိုင္ငံမ်ား၊ ဒါမွ မဟုတ္ အေနာက္ႏိုင္ငံေတြမွာ မ်ားျပားလာတဲ့ ဒုကၡသည္မ်ားေၾကာင့္ လူစုလူေဝး ျဖစ္ပြားမႈဟာလည္း အႀကိမ္ ပိုစိပ္လာပါတယ္။

ေလာေလာဆယ္မွာေတာ့ လူ ၅၀၀ ေက်ာ္ အသက္ဆုံးရႈံးရတဲ့ ဂါဇာေဆး႐ုံေပါက္ကြဲမႈကို ကန္႔ကြက္ရႈတ္ခ် ေၾကာင္း လက္ဘႏြန္ႏိုင္ငံ အေမရိကန္သံ႐ုံးကို ဝိုင္း၀န္းဆႏၵျပသူေတြဟာ အဓိက႐ုန္း ႏွိမ္နင္းေရး ရဲမ်ားနဲ႔ ႐ုန္႔ရင္းဆန္ခတ္ျဖစ္ေနပါတယ္။

ဂါဇာမွာ ရွိေနတဲ့ ပါလက္စတိုင္းေတြဟာ ေဆး႐ုံအစ ဒုကၡသည္အေရးေပၚ စုေဝးရာ ေနရာအဆုံးတို႔မွ တလူလူ ထြက္ေပၚေနတဲ့ ေသမင္းတမန္မီးခိုးေငြ႕ေတြကို ရႉရႈိက္ရင္း ဘယ္ေန႔ ဘယ္လို ေသျဖစ္ သြားမလဲ ကိုယ့္ဖာသာမေတြးတတ္ေအာင္ ရွိေနပါတယ္။ ဂါဇာတစ္ခုလုံး ဖ႐ိုဖရဲျဖစ္ၿပီး တစ္ခုတည္းေသာ စည္ပင္သာယာဌာနလည္း ပ်က္စီးသြားၿပီ ျဖစ္တဲ့အတြက္ သန္႔ရွင္းေရးဆိုတာ ဘယ္ေနမွန္း မသိေတာ့ပါဘူး။

ေသြးစည္း ညီၫြတ္ေၾကာင္း ျပသဖို႔အတြက္ အစၥေရးႏိုင္ငံကို ေရာက္ရွိလာသူ အေမရိကန္ နယူးေယာက္ ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးမႉအမ်ိဳးသမီးကေတာ့ ဓါးစာခံျဖစ္ ဖမ္းဆီးခံရသူ ဂ်ဴးမိသားစုမ်ားနဲ႔ ေတြ႕ဆုံ ႏွစ္သိမ့္ေနပါတယ္။

(AP News., 19 October 2023,” Why Egypt and other Arab countries are unwilling to take in Palestinian refugees from Gaza” ကို #HtayOung,#OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.