မလေးရှားနိုင်ငံ၌ အရက်အလွန်အကျွံသောက်ပြီး ကြမ်းပြင်ပေါ်တွင် အိပ်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦး သေဆုံး

 987

စော (NP News) - အောက်တိုဘာ ၂၂

မလေးရှားနိုင်ငံ၌ အရက်အလွန်အကျွံသောက်ပြီး ကြမ်းပြင်ပေါ်တွင် အိပ်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ယနေ့(အောက်တိုဘာလ ၂၂ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာအမျိုးသားတစ်ဦးသည် ယမန်နေ့(အောက်တိုဘာလ ၂၁ ရက်) ညတွင် အရက်အလွန် အကျွံသောက်မိပြီး ရင်ထဲတွင် ပူလောင်နေခြင်းကြောင့် ကြမ်းပြင်ကွန်ကရစ်ပေါ်တွင် အိပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ အိပ်ပျော်သွားခဲ့ရာ ယနေ့(အောက်တိုဘာလ ၂၂ ရက်)တွင် သေဆုံးနေခြင်းကြောင့် ၎င်း၏ သူငယ်ချင်းမှ လာရောက်အကူအညီတောင်းခံခဲ့ရာ ၎င်း၏ရုပ်အလောင်းအား မလေးရှားနိုင်ငံ စာန်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ကိုကျော်သူရဖြစ်ပြီး မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ပူချွန်းမြို မာကျု့ဂျာယာရပ်ကွက်ရှိ စက်ရုံတန်းတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၈ ရက်)တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ သမ္မာန်ရှမ်မလင်းရပ်ကွက်တွင်နေထိုင်သူ မြန်မာအမျိုးသားတစ်ဦးသည် အသက်ရှူမဝခြင်းကြောင့် အမ်ပန်းမြို့ဆေးရုံကြီးသို့သွားစဉ် သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသားသည် ကိုလှမြင့် (၂၀)နှစ်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အရှေ့မြောက်ရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

zawgyi version
မေလးရွားႏိုင္ငံ၌ အရက္အလြန္အကြၽံေသာက္ၿပီး ၾကမ္းျပင္ေပၚတြင္ အိပ္ခဲ့သည့္ ျမန္မာအမ်ိဳးသားတစ္ဦး ေသဆုံး
ေစာ (NP News) - ေအာက္တိုဘာ ၂၂

မေလးရွားႏိုင္ငံ၌ အရက္အလြန္အကြၽံေသာက္ၿပီး ၾကမ္းျပင္ေပၚတြင္ အိပ္ခဲ့သည့္ ျမန္မာအမ်ိဳးသားတစ္ဦး ေသဆုံးသြားေၾကာင္း သိရသည္။

ျမန္မာလူမႈကူညီေရးအသင္း(မေလးရွား)မွ ယေန႔(ေအာက္တိုဘာလ ၂၂ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာအမ်ိဳးသားတစ္ဦးသည္ ယမန္ေန႔(ေအာက္တိုဘာလ ၂၁ ရက္) ညတြင္ အရက္အလြန္ အကြၽံေသာက္မိၿပီး ရင္ထဲတြင္ ပူေလာင္ေနျခင္းေၾကာင့္ ၾကမ္းျပင္ကြန္ကရစ္ေပၚတြင္ အိပ္ခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ အိပ္ေပ်ာ္သြားခဲ့ရာ ယေန႔(ေအာက္တိုဘာလ ၂၂ ရက္)တြင္ ေသဆုံးေနျခင္းေၾကာင့္ ၎၏ သူငယ္ခ်င္းမွ လာေရာက္အကူအညီေတာင္းခံခဲ့ရာ ၎၏႐ုပ္အေလာင္းအား မေလးရွားႏိုင္ငံ စာန္းေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားသည္ ကိုေက်ာ္သူရျဖစ္ၿပီး မေလးရွားႏိုင္ငံ၊ စလန္းေကာျပည္နယ္၊ ပူခြၽန္းၿမိဳ မာက်ဳ႕ဂ်ာယာရပ္ကြက္ရွိ စက္႐ုံတန္းတြင္ အလုပ္လုပ္ကိုင္ေနသူျဖစ္ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ (ေအာက္တိုဘာလ ၁၈ ရက္)တြင္ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕၊ သမၼာန္ရွမ္မလင္းရပ္ကြက္တြင္ေနထိုင္သူ ျမန္မာအမ်ိဳးသားတစ္ဦးသည္ အသက္ရႉမဝျခင္းေၾကာင့္ အမ္ပန္းၿမိဳ႕ေဆး႐ုံႀကီးသို႔သြားစဥ္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

အဆိုပါ အမ်ိဳးသားသည္ ကိုလွျမင့္ (၂၀)ႏွစ္ျဖစ္ၿပီး ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ အေရွ႕ေျမာက္ရပ္ကြက္တြင္ ေနထိုင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.