အင်ဒိုနီးရှားမှာ ကိုယ်အလေးချိန် (၂၀၀)ကီလိုဂရမ်ရှိ အမျိုးသားတစ်ဦး အိမ်ရဲ့တတိယထပ်ကို တက်ရင်း အသက်ရှူကြပ်ကာ ဆေးရုံရောက်

 261

ရောင်နီ (NP News) - ဇွန် ၂ဝ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျိုဟယမှာ ကိုယ်အလေးချိန် (၂၀၀)ကီလိုဂရမ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ နေအိမ်တတိယထပ်ကိုတက်ရင်း အသက်ရှူကြပ် လဲကျခဲ့တာကြောင့် မီးသတ်အဖွဲ့ကို အရေးပေါ်ခေါ်လိုက်ရပါတယ်။

ဒီဖြစ်ရပ်ဟာ ဇွန်လ ၁၈ ရက်၊ ည ၁၀ နာရီ ၄၉ မိနစ်က ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကိုယ်အလေးချိန် (၂၀၀) ကီလိုဂရမ်ရှိတဲ့ အမျိုးသားကို သယ်ဆောင်ဖို့ စကူဒိုင်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနအကြီးအကဲ ဆိုင်ဖူဘာဟ်ရီဆာဖာက ဌာနမှ လူ (၁၀)ဦးပါ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားဟာ အသက် (၄၆)နှစ်အရွယ် ပန်းနာရင်ကျပ်ရောဂါ ခံစားနေရသူဖြစ်ပြီး အဝလွန်နေတဲ့ အခြေအနေကြောင့် လှုပ်ရှားမှုတွေကို ကိုယ့်ဘာသာ မလုပ်နိုင်တော့ပဲ အိပ်ယာထဲလှဲနေတာ နှစ်နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသားကို သယ်ဆောင်ရာမှာ ခန္ဓာကိုယ် မထိခိုက်အောင် အိပ်ယာခင်း၊ ကော်ဇောတွေနဲ့ပါ ထုပ်ပိုးကာ သယ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသားကို ခွဲစိတ်ကုသမှု ခံယူဖို့အတွက် Sultanah Aminah ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

zawgyi version
အင္ဒိုနီးရွားမွာ ကိုယ္အေလးခ်ိန္ (၂၀၀)ကီလိုဂရမ္ရွိ အမ်ိဳးသားတစ္ဦး အိမ္ရဲ႕တတိယထပ္ကို တက္ရင္း အသက္ရႉၾကပ္ကာ ေဆး႐ုံေရာက္
ေရာင္နီ (NP News) - ဇြန္ ၂ဝ

အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ိဳဟယမွာ ကိုယ္အေလးခ်ိန္ (၂၀၀)ကီလိုဂရမ္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေနအိမ္တတိယထပ္ကိုတက္ရင္း အသက္ရႉၾကပ္ လဲက်ခဲ့တာေၾကာင့္ မီးသတ္အဖြဲ႕ကို အေရးေပၚေခၚလိုက္ရပါတယ္။

ဒီျဖစ္ရပ္ဟာ ဇြန္လ ၁၈ ရက္၊ ည ၁၀ နာရီ ၄၉ မိနစ္က ျဖစ္ခဲ့တာျဖစ္ပါတယ္။ ကိုယ္အေလးခ်ိန္ (၂၀၀) ကီလိုဂရမ္ရွိတဲ့ အမ်ိဳးသားကို သယ္ေဆာင္ဖို႔ စကူဒိုင္မီးသတ္နဲ႔ ကယ္ဆယ္ေရးဌာနအႀကီးအကဲ ဆိုင္ဖူဘာဟ္ရီဆာဖာက ဌာနမွ လူ (၁၀)ဦးပါ အဖြဲ႕တစ္ဖြဲ႕ကို ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။ အမ်ိဳးသားဟာ အသက္ (၄၆)ႏွစ္အ႐ြယ္ ပန္းနာရင္က်ပ္ေရာဂါ ခံစားေနရသူျဖစ္ၿပီး အဝလြန္ေနတဲ့ အေျခအေနေၾကာင့္ လႈပ္ရွားမႈေတြကို ကိုယ့္ဘာသာ မလုပ္ႏိုင္ေတာ့ပဲ အိပ္ယာထဲလွဲေနတာ ႏွစ္ႏွစ္ရွိၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါအမ်ိဳးသားကို သယ္ေဆာင္ရာမွာ ခႏၶာကိုယ္ မထိခိုက္ေအာင္ အိပ္ယာခင္း၊ ေကာ္ေဇာေတြနဲ႔ပါ ထုပ္ပိုးကာ သယ္ေဆာင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

အမ်ိဳးသားကို ခြဲစိတ္ကုသမႈ ခံယူဖို႔အတြက္ Sultanah Aminah ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.