အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ ပါကစ္စတန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

182
ရောင်နီ (NP News) - စက်တင်ဘာ ၅
ဟိမဝန္တာတောင်တန်းပေါ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယမြောက်ပိုင်းနဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာ ကြသပတေးနေ့(စက်တင်ဘာ ၄ ရက်) ကမြစ်ရေချိန်တွေမြင့်တက်ခဲ့ကာ နေအိမ်တွေနဲ့ အဝေးပြေးလမ်းတွေကို ရေလွှမ်းမိုးစေခဲ့ပါတယ်။
အိန္ဒိယမိုးလေဝသတာဝန်ရှိသူတွေကတော့ နောက်ပိုင်း မိုးလျော့သွားမယ်လို့ ခန့်မှန်းထားပေမယ့် ပါကစ္စတန်မှာကတော့ စက်တင်ဘာ ၉ ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်ဦးမယ်လို့ သတိပေးထာပါတယ်။
ပါကစ္စတန်ရှိ မြစ်သုံးစင်းဟာ အိန္ဒိယဆည်တွေရဲ့ရေပိုထုတ်လွှတ်မှုဒဏ်ကိုလည်း ခံစားနေရတယ်လို့ ပါကစ္စတန် ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ ညွှန်ကြား ရေးမှူးချုပ် အိုင်ဖန်အာလီကက်သီယာ က ဆိုပါတယ်။
ကြာသပတေးနေ့ (စက်တင်ဘာ ၄ ရက်) မှာတော့ ကြိုတင်ကာကွယ်မှုအနေနဲ့ လူထောင်ပေါင်းများစွာကို ဘေးကင်းရာ ရွှေ့ပြောင်းထားပြီဖြစ်တယ်လို့ သိရပါတယ်။
ယခုနှစ်ရဲ့ပြင်းထန် မုတ်သုံရာသီကြောင့် ဩဂုတ်လအတွင်းက ရေကြီးရေလျှံမှုနဲ့အတူ ပါကစ္စတန်မှာ လူပေါင်း ၈၈၀ ကျော်၊ အိန္ဒိယမှာ လူ ၁၅၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်။

အိႏၵိယႏိုင္ငံေျမာက္ပိုင္းနဲ႔ ပါကစၥတန္မွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေန
ေရာင္နီ (NP News) - စက္တင္ဘာ ၅
ဟိမဝႏၲာေတာင္တန္းေပၚမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အိႏၵိယေျမာက္ပိုင္းနဲ႔ အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံမွာ ၾကသပေတးေန႔(စက္တင္ဘာ ၄ ရက္) ကျမစ္ေရခ်ိန္ေတြျမင့္တက္ခဲ့ကာ ေနအိမ္ေတြနဲ႔ အေဝးေျပးလမ္းေတြကို ေရလႊမ္းမိုးေစခဲ့ပါတယ္။
အိႏၵိယမိုးေလဝသတာဝန္ရွိသူေတြကေတာ့ ေနာက္ပိုင္း မိုးေလ်ာ့သြားမယ္လို႔ ခန႔္မွန္းထားေပမယ့္ ပါကစၥတန္မွာကေတာ့ စက္တင္ဘာ ၉ ရက္အထိ မိုးဆက္လက္႐ြာသြန္းႏိုင္ဦးမယ္လို႔ သတိေပးထာပါတယ္။
ပါကစၥတန္ရွိ ျမစ္သုံးစင္းဟာ အိႏၵိယဆည္ေတြရဲ႕ေရပိုထုတ္လႊတ္မႈဒဏ္ကိုလည္း ခံစားေနရတယ္လို႔ ပါကစၥတန္ ျပည္နယ္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရး အာဏာပိုင္အဖြဲ႕ ၫႊန္ၾကား ေရးမႉးခ်ဳပ္ အိုင္ဖန္အာလီကက္သီယာ က ဆိုပါတယ္။
ၾကာသပေတးေန႔ (စက္တင္ဘာ ၄ ရက္) မွာေတာ့ ႀကိဳတင္ကာကြယ္မႈအေနနဲ႔ လူေထာင္ေပါင္းမ်ားစြာကို ေဘးကင္းရာ ေ႐ႊ႕ေျပာင္းထားၿပီျဖစ္တယ္လို႔ သိရပါတယ္။
ယခုႏွစ္ရဲ႕ျပင္းထန္ မုတ္သုံရာသီေၾကာင့္ ဩဂုတ္လအတြင္းက ေရႀကီးေရလွ်ံမႈနဲ႔အတူ ပါကစၥတန္မွာ လူေပါင္း ၈၈၀ ေက်ာ္၊ အိႏၵိယမွာ လူ ၁၅၀ နီးပါး အသက္ဆုံးရႈံးခဲ့ရပါတယ္။