ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အာမခံကြေးများကို (၃)ဆခန့်တိုးမြှင့်ရန်စီစဉ်နေ

1470
NP News - အောက်တိုဘာ ၂၃
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အာမခံကြေးကို (၃)ဆခန့်တိုးမြှင့် ပြင်ဆင်ရန် အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားကြောင်း အေဂျင်စီလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကကျင်းပခဲ့သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်အာမခံကြေးအား ခေတ်ကာလနှင့် လျော်ညီသည့်နှုန်းထားဖြစ်စေရန် ပြင်ဆင်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်အာမခံကြေးကို ငွေကျပ်သိန်း ၁ဝဝ မှ ကျပ်သိန်း ၂၀၀ သို့လည်းကောင်း၊ အခြား ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်အာမခံကြေးများကို ငွေကျပ်သိန်း ၂၅၀ မှ ကျပ်သိန်း ၁၀၀၀ သို့ လည်းကောင်း တိုးမြှင့်သတ်မှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လိုင်စင်အာမခံကြေး တိုးမြှင့်သတ်မှတ်ခြင်းအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ထံ သဘောထားမှတ်ချက် တောင်းခံထားကြောင်းသိရသည်။
“မနှစ်က ကတည်းက အေဂျင်စီလိုင်စင်ကြေးတိုးမယ်လို့ သတင်းတွေကြားနေတာ။ အခုဆိုရင်တိုးမှာသေချာသလောက်ဖြစ်သွားတာပေါ့”ဟု ထိုင်းနိုင်ငံသို့အလုပ်သမားပို့ဆောင်ပေးနေသည့်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ပြည်တွင်းမှ လုပ်သားများကို ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ ဂျော်ဒန်၊ မကာအို စသည့်နိုင်ငံများသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားပြီး အလုပ် သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းအရ ပြည်ပသို့ လုပ်သားစေလွှတ်နေသောအေဂျင်စီ ၄၈၂ ခု ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအား ပြည်ပသို့ပိုဆောင်ထားသော အလုပ်သမားအရေအတွက် စာရင်းများကို အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်တင်ပြရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရသည်။
zawgyi version
ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္အာမခံေၾကးမ်ားကို (၃)ဆခန႔္တိုးျမႇင့္ရန္စီစဥ္ေန
NP News - ေအာက္တိုဘာ ၂၃
ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္အာမခံေၾကးကို (၃)ဆခန႔္တိုးျမႇင့္ ျပင္ဆင္ရန္ အလုပ္သမားဝန္ႀကီးဌာနက အေၾကာင္းၾကားထားေၾကာင္း ေအဂ်င္စီလုပ္ငန္းအသိုင္းအဝိုင္းမွ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လအတြင္းကက်င္းပခဲ့သည့္ ျပည္ပတြင္ အလုပ္လုပ္ကိုင္မႈႀကီးၾကပ္ေရးေကာ္မတီ၏ (၂/၂၀၂၃)ႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ျပည္ပအလုပ္ အကိုင္အက်ိဳးေဆာင္လိုင္စင္အာမခံေၾကးအား ေခတ္ကာလႏွင့္ ေလ်ာ္ညီသည့္ႏႈန္းထားျဖစ္ေစရန္ ျပင္ဆင္သြားရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္(ထိုင္း)လိုင္စင္အာမခံေၾကးကို ေငြက်ပ္သိန္း ၁ဝဝ မွ က်ပ္သိန္း ၂၀၀ သို႔လည္းေကာင္း၊ အျခား ျပည္ပအလုပ္ အကိုင္အက်ိဳးေဆာင္ လိုင္စင္အာမခံေၾကးမ်ားကို ေငြက်ပ္သိန္း ၂၅၀ မွ က်ပ္သိန္း ၁၀၀၀ သို႔ လည္းေကာင္း တိုးျမႇင့္သတ္မွတ္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ လိုင္စင္အာမခံေၾကး တိုးျမႇင့္သတ္မွတ္ျခင္းအား အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွ ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ထံ သေဘာထားမွတ္ခ်က္ ေတာင္းခံထားေၾကာင္းသိရသည္။
“မႏွစ္က ကတည္းက ေအဂ်င္စီလိုင္စင္ေၾကးတိုးမယ္လို႔ သတင္းေတြၾကားေနတာ။ အခုဆိုရင္တိုးမွာေသခ်ာသေလာက္ျဖစ္သြားတာေပါ့”ဟု ထိုင္းႏိုင္ငံသို႔အလုပ္သမားပို႔ေဆာင္ေပးေနသည့္ေအဂ်င္စီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ျပည္တြင္းမွ လုပ္သားမ်ားကို ထိုင္း၊ မေလးရွား၊ ဂ်ပန္၊ စင္ကာပူ၊ ယူေအအီး၊ ကာတာ၊ ေဂ်ာ္ဒန္၊ မကာအို စသည့္ႏိုင္ငံမ်ားသို႔ အလုပ္သမားေစလႊတ္ခြင့္ျပဳထားၿပီး အလုပ္ သမားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ စာရင္းအရ ျပည္ပသို႔ လုပ္သားေစလႊတ္ေနေသာေအဂ်င္စီ ၄၈၂ ခု ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီမ်ားအား ျပည္ပသို႔ပိုေဆာင္ထားေသာ အလုပ္သမားအေရအတြက္ စာရင္းမ်ားကို အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္တင္ျပရန္ အမိန႔္ၫႊန္ၾကားခ်က္ထုတ္ျပန္ထားေၾကာင္းသိရသည္။