သီတင်းကျွတ်ပွဲတော်ကာလတွင် ဗြောက်အိုး အပြင် မီးရှူး၊ မီးဒုန်းများကို ရောင်းချခြင်း နှင့် ပစ်ဖောက်ခြင်းများပြုလုပ်ပါက အရေးယူမည်

1214

စော (NP News) - အောက်တိုဘာ ၂၉
သီတင်းကျွတ်ပွဲတော်ကာလတွင် ဗြောက်အိုး အပြင် မီးရှူး၊ မီးဒုန်းများကို ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့(အောက်တိုဘာ ၂၉ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး အပြင် မီးရှူး နှင့် မီးဒုံးများကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမရှိစေရေးအတွက် ၎င်းအစိုးရအဖွဲ့မှ နှစ်စဉ် အသိပေးထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗြောက်အိုး အပြင် မီးရှူးနှင့် မီးဒုံးများကို ပစ်ဖောက်မှုများကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်စေခြင်း အပါအဝင် မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင်ပြုလုပ်လာနိုင်ကြောင်း အစိုးရအဖွဲ့မှ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိဘဲ ဗြောက်အိုး အပြင် မီးရှူးနှင့် မီးဒုံးများကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းများနှင့် ပစ်ဖောက်ခြင်းများပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

Zawgyi Version;
သီတင္းကြၽတ္ပြဲေတာ္ကာလတြင္ ေျဗာက္အိုး အျပင္ မီးရႉး၊ မီးဒုန္းမ်ားကို ေရာင္းခ်ျခင္း ႏွင့္ ပစ္ေဖာက္ျခင္းမ်ား ျပဳလုပ္ပါက အေရးယူမည္
ေစာ (NP News) - ေအာက္တိုဘာ ၂၉
သီတင္းကြၽတ္ပြဲေတာ္ကာလတြင္ ေျဗာက္အိုး အျပင္ မီးရႉး၊ မီးဒုန္းမ်ားကို ေရာင္းခ်ျခင္းႏွင့္ ပစ္ေဖာက္ျခင္းမ်ား ျပဳလုပ္ပါက အေရးယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ယေန႔(ေအာက္တိုဘာ ၂၉ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ ထားျခင္းျဖစ္သည္။
ရန္ကုန္တိုင္းအတြင္း သီတင္းကြၽတ္ကာလတြင္ ေျဗာက္အိုး အျပင္ မီးရႉး ႏွင့္ မီးဒုံးမ်ားကို ထုတ္လုပ္ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္း၊ ပစ္ေဖာက္ျခင္းမ်ားမရွိေစေရးအတြက္ ၎အစိုးရအဖြဲ႕မွ ႏွစ္စဥ္ အသိေပးထုတ္ျပန္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ ေျဗာက္အိုး အျပင္ မီးရႉးႏွင့္ မီးဒုံးမ်ားကို ပစ္ေဖာက္မႈမ်ားေၾကာင့္ ျပည္သူမ်ားအထိတ္တလန႔္ျဖစ္ေစျခင္း အပါအဝင္ မသမာသူမ်ားမွ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ လုံၿခဳံေရးကို ထိခိုက္ေအာင္ျပဳလုပ္လာႏိုင္ေၾကာင္း အစိုးရအဖြဲ႕မွ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
၎အစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားကို လိုက္နာျခင္းမရွိဘဲ ေျဗာက္အိုး အျပင္ မီးရႉးႏွင့္ မီးဒုံးမ်ားကို ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္းမ်ားႏွင့္ ပစ္ေဖာက္ျခင္းမ်ားျပဳလုပ္ပါက ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မ်ား အရ သိရသည္။