လေးကေ့ကော်ဒေသရှိ ရှု့ခင်းသာနှင့် စွယ်တော်ကုန်း စခန်းတို့အား ပြန်လည်သိမ်းပိုက်ရရှိပြီး နယ်စပ်တစ်လျှောက် တရားမဝင်လုပ်ငန်းများ မရှိစေရေး ဆောင်ရွက်နေ

339

သုတကျော် (NP News) - အောက်တိုဘာ ၁၉
လေးကေ့ကော်ဒေသရှိ ရှု့ခင်းသာနှင့် စွယ်တော်ကုန်းစခန်းတို့အား ပြန်လည်သိမ်းပိုက်ရရှိပြီး
နယ်စပ်တစ်လျှောက် တရားမဝင်လုပ်ငန်းများ မရှိစေရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
KNU/KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် NCA ကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော် ဒေသတစ်ဝိုက် အခြေပြု၍ အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန်နှင့် ၎င်းတို့၏ အိမ်မက်ဖြစ်သည့် သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေး အစိုးရထူထောင်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး ဖြစ်စဉ်များကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများကို လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာ ခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေး ထောက်ပံ့မှုများ၊ ဒေသတွင်း၌ ကျားဖြန့်အပါအဝင် တရားမဝင်လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများကို လက်ခံရယူပြီး အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချကာ လက်နက်များ တပ်ဆင်ပေးပြီး ရှေ့ကာတပ်အဖြစ် အသုံးချ၍ ကရင်ပြည်နယ်အတွင်းရှိ တပ်မတော်မှ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် တပ်စခန်းများအပါအဝင် သင်္ဃန်းညီနောင်နှင့် မြဝတီဒေသရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့် တပ်မတော်က အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုး ထားသည့်တပ်စခန်းများနှင့် မြို့/ရွာများအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သင်္ဃန်း ညီနောင်တပ်နယ်အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် မြန်မာနယ်နိမိတ်အတွင်း၌ KNLAနှင့် PDFအမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေး၊ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းသို့ တရားမဝင်နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုနှိမ်နှင်းရေးအတွက် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် လက်ခတ်တောင် ဘုရားကုန်းနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား စက်တင်ဘာ ၉ ရက်တွင် လည်းကောင်း၊ ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ ၂၀၁၅ ခုနှစ်တွင် ဒေသခံတိုက်ပွဲရှောင်ပြည်သူများအတွက် ဆောက်လုပ်ပေးထားသည့် လေးကေ့ကော် မြို့သစ်အား စစ်ကြောင်းများခွဲ၍ အဆင့်ဆင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အောက်တိုဘာ ၅ ရက်နေ့တွင် အဆိုပါ လေးကေ့ကော်မြို့သစ် အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
အဆိုပါမြို့သစ်တွင် ယခင်ဆောက်လုပ်ပြီးကာစ ဒေသခံတိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများနေထိုင်ကြသော်လည်း ၂၀၂၃ ခုနှစ်နောက်ပိုင်း အကြမ်းဖက်သောင်းကျန်းသူ KNLAနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါဒေသခံတိုင်းရင်းသား များကို မောင်းထုတ်လျက် အကြမ်းဖက်အုပ်စုနှင့် ၎င်းတို့၏ မိသားစုဝင်များ တရားမဝင် သိမ်းပိုက်ဝင်ရောက်နေထိုင်ခဲ့သည့် နေရာဖြစ်ကြောင်းလည်း သိရှိရသည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ကိုလည်း တစ်ချိန်တည်းတစ်ပြိုင်တည်း တပ်မတော် စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း စာတွင်ဖော်ပြထားသည်။
တိုက်ပွဲစဉ်တစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲ ကြီး ၆ ကြိမ်၊ တိုက်ပွဲငယ် ၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၁၀ လောင်း၊ လက်နက်မျိုးစုံ ၁၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို KK Parkအတွင်းမှ ထူးခြားလက္ခဏာမတွေ့သော်လည်း တရားမဝင် ဆက်သွယ်မှု ဆောင်ရွက်ရန် ရည်ရွယ်တပ်ဆင်ထားသည့် Star Link စလောင်း (၃၀) စုံနှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည့်အပြင် ဆောက်လုပ်ပြီး အဆောက်အအုံ (၁)ထပ် တိုက် ၁၀ လုံး၊ (၂)ထပ်တိုက် ၁၀၀ လုံး၊ (၄)ထပ်တိုက် ၂၀ လုံးနှင့် (၅)ထပ်တိုက် ၂ လုံး၊ (၁)ထပ်တိုက် ဈေးဆိုင်ခန်း ၂၀ လုံး၊ (၂)ထပ်တိုက် ဈေးဆိုင်ခန်း ၃၀ လုံး၊ (၁)ထပ်တိုက် ဂိုထောင် ၁၅ လုံး၊( ၂)ထပ်တိုက် ဂိုထောင် ၂၀ လုံး၊ (၄)ထပ်တိုက်ဂိုထောင် ၁၀လုံး၊ ဆောက်လုပ် ဆဲ (၂)ထပ်တိုက် ၂၁ လုံး၊ (၃)ထပ်တိုက် ၁၀လုံး၊ (၄)ထပ်တိုက် ၅လုံး၊ (၅)ထပ်တိုက် ၅ လုံးနှင့် (၁)ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါ အဆောက်အအုံများအတွင်းမှ အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံးခြုံရေး (ကျား) ၉၈ ဦး၊ စုစု ပေါင်း ၂၁၉၈ ဦးတို့အား တွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။
အဆိုပါ KK Park ဝန်းအတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ထားရှိမှု၊ မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ ဟိုတယ်နှင့် ခရီးသွားလာရေး၏ ဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့်များနှင့် ပတ်သက်၍ တရားဝင်စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိခြင်းမရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆင့်ခေါ်ရာတွင်လည် လာရောက်ခဲ့ခြင်းမရှိသည့်အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဆက်လက်တိုက်စစ် အရှိန်အဟုန်ဖြင့် စစ်ဆင်မှုပြုလုပ်ခဲ့ရာ ၂၀၂၄ ခုနှစ်က KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ခဲ့သည့် ရှု့ခင်းသာစခန်းအား အောက်တိုဘာ ၁၇ ရက်တွင်လည်းကောင်း၊ ပွိုင့်-၁၀၇၈ စွယ်တော် စခန်းကုန်းအား ယနေ့တွင်လည်းကောင်း အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက်ရှိ အဓိကအချက်အခြာကျသည့် နေရာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် နယ်စပ်ဒေသတစ်လျှောက် တပ်မတော်စစ်ကြောင်းများက ဆက်လက်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Zawgyi Version:
ေလးေက့ေကာ္ေဒသရွိ ရႈ႕ခင္းသာႏွင့္ စြယ္ေတာ္ကုန္း စခန္းတို႔အား ျပန္လည္သိမ္းပိုက္ရရွိၿပီး
နယ္စပ္တစ္ေလွ်ာက္ တရားမဝင္လုပ္ငန္းမ်ား မရွိေစေရး ေဆာင္႐ြက္ေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၉
ေလးေက့ေကာ္ေဒသရွိ ရႈ႕ခင္းသာႏွင့္ စြယ္ေတာ္ကုန္းစခန္းတို႔အား ျပန္လည္သိမ္းပိုက္ရရွိၿပီး
နယ္စပ္တစ္ေလွ်ာက္ တရားမဝင္လုပ္ငန္းမ်ား မရွိေစေရး ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
KNU/KNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ NCA ကို ဖ်က္ဆီးလိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေလးေက့ေကာ္ ေဒသတစ္ဝိုက္ အေျချပဳ၍ အစိုးရအုပ္ခ်ဳပ္မႈယႏၲရားမ်ား ပ်က္စီးေစရန္ႏွင့္ ၎တို႔၏ အိမ္မက္ျဖစ္သည့္ သီးျခားလြတ္လပ္ေသာ ေကာ္သူေလးျပည္နယ္ႏွင့္ ေကာ္သူေလး အစိုးရထူေထာင္ရန္အတြက္ ၂၀၂၁ ခုႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ ႏိုင္ငံေရး ျဖစ္စဥ္မ်ားေၾကာင့္ နယ္စပ္ေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္လာၾကသူမ်ားကို လူသားခ်င္းစာနာေထာက္ထားမႈ အေၾကာင္းအရာ ေခါင္းစဥ္ေအာက္၌ လက္ခံထိန္းသိမ္းၿပီး ျပည္ပႏိုင္ငံႀကီးအခ်ိဳ႕၏ ေငြေၾကး ေထာက္ပံ့မႈမ်ား၊ ေဒသတြင္း၌ က်ားျဖန႔္အပါအဝင္ တရားမဝင္လုပ္ငန္းမ်ားမွ ရရွိသည့္ ေငြေၾကးမ်ားကို လက္ခံရယူၿပီး အၾကမ္းဖက္သင္တန္းမ်ား သင္ၾကားပို႔ခ်ကာ လက္နက္မ်ား တပ္ဆင္ေပးၿပီး ေရွ႕ကာတပ္အျဖစ္ အသုံးခ်၍ ကရင္ျပည္နယ္အတြင္းရွိ တပ္မေတာ္မွ စစ္ဆင္ေရးႏွင့္ နယ္ေျမစိုးမိုးေရး ေဆာင္႐ြက္ေနသည့္ တပ္စခန္းမ်ားအပါအဝင္ သဃၤန္းညီေနာင္ႏွင့္ ျမဝတီေဒသရွိ နယ္ေျမခံတပ္ရင္း/တပ္ဖြဲ႕မ်ားႏွင့္ တပ္စခန္းမ်ားအား အင္အားအလုံးအရင္းျဖင့္ အလစ္အငိုက္ဝင္ေရာက္တိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သည္။
ထို႔ေၾကာင့္ တပ္မေတာ္က အဆိုပါ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေခတၱစိုးမိုး ထားသည့္တပ္စခန္းမ်ားႏွင့္ ၿမိဳ႕/႐ြာမ်ားအား ျပန္လည္တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ သဃၤန္း ညီေနာင္တပ္နယ္အား ၂၀၂၅ ခုႏွစ္၊ စက္တင္ဘာ ၆ ရက္တြင္ ျပန္လည္သိမ္းပိုက္ရရွိခဲ့ၿပီး ေကာ့ကရိတ္-သဃၤန္းညီေနာင္-ျမဝတီ အာရွလမ္းမႀကီးအား ျပန္လည္ထိန္းခ်ဳပ္ခဲ့သည္။
ဆက္လက္၍ တပ္မေတာ္စစ္ေၾကာင္းမ်ားက ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ နယ္စပ္ေဒသတစ္ေလွ်ာက္ ျမန္မာနယ္နိမိတ္အတြင္း၌ KNLAႏွင့္ PDFအမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ခိုေအာင္းမႈမရွိေစေရး၊ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားေနသည့္ ျမန္မာ-ထိုင္း နယ္စပ္တစ္ေလွ်ာက္ ျမန္မာဘက္ျခမ္းသို႔ တရားမဝင္ႏိုင္ငံျခားသားမ်ား နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္ကာ တရားမဝင္အြန္လိုင္းေငြေၾကးလိမ္လည္မႈႏွင့္ ေလာင္းကစားမႈႏွိမ္ႏွင္းေရးအတြက္ လိုအပ္သည့္ အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရးမ်ားကို ဆက္လက္ေဆာင္႐ြက္ခဲ့ရာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ခိုေအာင္းေနထိုင္သည့္ လက္ခတ္ေတာင္ ဘုရားကုန္းႏွင့္ ပတ္ဝန္းက်င္ေဒသတစ္ဝိုက္အား စက္တင္ဘာ ၉ ရက္တြင္ လည္းေကာင္း၊ ဂ်ပန္ႏိုင္ငံနီပြန္ေဖာင္ေဒးရွင္းမွ ၂၀၁၅ ခုႏွစ္တြင္ ေဒသခံတိုက္ပြဲေရွာင္ျပည္သူမ်ားအတြက္ ေဆာက္လုပ္ေပးထားသည့္ ေလးေက့ေကာ္ ၿမိဳ႕သစ္အား စစ္ေၾကာင္းမ်ားခြဲ၍ အဆင့္ဆင့္ တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ ေအာက္တိုဘာ ၅ ရက္ေန႔တြင္ အဆိုပါ ေလးေက့ေကာ္ၿမိဳ႕သစ္ အား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
အဆိုပါၿမိဳ႕သစ္တြင္ ယခင္ေဆာက္လုပ္ၿပီးကာစ ေဒသခံတိုက္ပြဲေရွာင္ တိုင္းရင္းသားျပည္သူမ်ားေနထိုင္ၾကေသာ္လည္း ၂၀၂၃ ခုႏွစ္ေနာက္ပိုင္း အၾကမ္းဖက္ေသာင္းက်န္းသူ KNLAႏွင့္ PDF အမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အဆိုပါေဒသခံတိုင္းရင္းသား မ်ားကို ေမာင္းထုတ္လ်က္ အၾကမ္းဖက္အုပ္စုႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား တရားမဝင္ သိမ္းပိုက္ဝင္ေရာက္ေနထိုင္ခဲ့သည့္ ေနရာျဖစ္ေၾကာင္းလည္း သိရွိရသည္။ ထိုသို႔ တိုက္ခိုက္သိမ္းပိုက္စဥ္ ျမန္မာ-ထိုင္းနယ္စပ္အနီးရွိ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားေနသည့္ KK Park ကိုလည္း တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္း တပ္မေတာ္ စစ္ေၾကာင္းမ်ားက ဝင္ေရာက္ရွင္းလင္းခဲ့ေၾကာင္း စာတြင္ေဖာ္ျပထားသည္။
တိုက္ပြဲစဥ္တစ္ေလွ်ာက္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲ ႀကီး ၆ ႀကိမ္၊ တိုက္ပြဲငယ္ ၅၂ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး အၾကမ္းဖက္ေသာင္းက်န္းသူမ်ားထံမွ အေလာင္း ၁၀ ေလာင္း၊ လက္နက္မ်ိဳးစုံ ၁၆ လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့သလို KK Parkအတြင္းမွ ထူးျခားလကၡဏာမေတြ႕ေသာ္လည္း တရားမဝင္ ဆက္သြယ္မႈ ေဆာင္႐ြက္ရန္ ရည္႐ြယ္တပ္ဆင္ထားသည့္ Star Link စေလာင္း (၃၀) စုံႏွင့္ ဆက္စပ္ ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့သည့္အျပင္ ေဆာက္လုပ္ၿပီး အေဆာက္အအုံ (၁)ထပ္ တိုက္ ၁၀ လုံး၊ (၂)ထပ္တိုက္ ၁၀၀ လုံး၊ (၄)ထပ္တိုက္ ၂၀ လုံးႏွင့္ (၅)ထပ္တိုက္ ၂ လုံး၊ (၁)ထပ္တိုက္ ေဈးဆိုင္ခန္း ၂၀ လုံး၊ (၂)ထပ္တိုက္ ေဈးဆိုင္ခန္း ၃၀ လုံး၊ (၁)ထပ္တိုက္ ဂိုေထာင္ ၁၅ လုံး၊( ၂)ထပ္တိုက္ ဂိုေထာင္ ၂၀ လုံး၊ (၄)ထပ္တိုက္ဂိုေထာင္ ၁၀လုံး၊ ေဆာက္လုပ္ ဆဲ (၂)ထပ္တိုက္ ၂၁ လုံး၊ (၃)ထပ္တိုက္ ၁၀လုံး၊ (၄)ထပ္တိုက္ ၅လုံး၊ (၅)ထပ္တိုက္ ၅ လုံးႏွင့္ (၁)ထပ္တိုက္ ေဆးေပးခန္း ၂ ခန္းတို႔ကို ေတြ႕ရွိခဲ့ၿပီး အဆိုပါ အေဆာက္အအုံမ်ားအတြင္းမွ အလုပ္သမား အမ်ိဳးသား ၁၆၄၅ ဦး၊ အမ်ိဳးသမီး ၄၅၅ ဦး၊ လုံးၿခဳံေရး (က်ား) ၉၈ ဦး၊ စုစု ေပါင္း ၂၁၉၈ ဦးတို႔အား ေတြ႕ရွိခဲ့ေၾကာင္း ေရးသားထားသည္။
အဆိုပါ KK Park ဝန္းအတြင္းရွိ အေဆာက္အအုံမ်ား ေဆာက္လုပ္ထားရွိမႈ၊ ေျမပိုင္ဆိုင္မႈမ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္အစိုးရ၏ တရားဝင္ခြင့္ျပဳမိန႔္၊ ေျမပိုင္ဆိုင္ခြင့္ အေထာက္အထား၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရး၏ ေဆာက္လုပ္ခြင့္၊ ခြင့္ျပဳမိန႔္မ်ားႏွင့္ ပတ္သက္၍ တရားဝင္စာ႐ြက္စာတမ္းမ်ား စစ္ေဆးေတြ႕ရွိျခင္းမရွိသျဖင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားကို ဆင့္ေခၚရာတြင္လည္ လာေရာက္ခဲ့ျခင္းမရွိသည့္အတြက္ လိုအပ္သည့္ အေရးယူေဆာင္႐ြက္မႈမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ဆက္လက္တိုက္စစ္ အရွိန္အဟုန္ျဖင့္ စစ္ဆင္မႈျပဳလုပ္ခဲ့ရာ ၂၀၂၄ ခုႏွစ္က KNLA ႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ား ထိန္းခ်ဳပ္ခဲ့သည့္ ရႈ႕ခင္းသာစခန္းအား ေအာက္တိုဘာ ၁၇ ရက္တြင္လည္းေကာင္း၊ ပြိဳင့္-၁၀၇၈ စြယ္ေတာ္ စခန္းကုန္းအား ယေန႔တြင္လည္းေကာင္း အဆင့္ဆင့္ သိမ္းပိုက္ႏိုင္ခဲ့ၿပီး နယ္စပ္ေဒသတစ္ေလွ်ာက္ရွိ အဓိကအခ်က္အျခာက်သည့္ ေနရာမ်ားအား ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းႏွင့္ နယ္စပ္ေဒသတစ္ေလွ်ာက္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ဆက္လက္ရွင္းလင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။