မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်မည်

1716
ကျော် (NP News) - နိုဝင်ဘာ ၄
မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက်ပူး ပေါင်းဆောင်ရွက် မှုများကို မြှင့်တင်သွားမည်ဖြစ်သည်။
ထိုသို့ မြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ နှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌ တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Nong Rong တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong အား ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေမှ နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ သည်။
မြန်မာ-တရုတ်နှစ်နိုင်ငံကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဘက်စုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့၌ ပူးပေါင်း ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ-တ႐ုတ္ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ရင္းႏွီးမႈကိုအေျခခံ၍ ဘက္စုံမဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္မည္
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၄
ျမန္မာ-တ႐ုတ္ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ရင္းႏွီးမႈကိုအေျခခံ၍ ဘက္စုံမဟာဗ်ဴဟာေျမာက္ပူး ေပါင္းေဆာင္႐ြက္ မႈမ်ားကို ျမႇင့္တင္သြားမည္ျဖစ္သည္။
ထိုသို႔ ျမႇင့္တင္ရန္ နစက ဒု-ဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးသန္းေဆြ ႏွင့္ မဲေခါင္-လန္ခ်န္းပူးေပါင္းေဆာင္႐ြက္မႈ ပူးတြဲဥကၠ႒ တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ လက္ေထာက္ႏိုင္ငံျခားေရး ဝန္ႀကီး Mr. Nong Rong တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။
တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Mr. Nong Rong အား ျပည္ေထာင္စု ဝန္ႀကီး ဦးသန္းေဆြမွ ႏိုဝင္ဘာ ၃ ရက္ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ လက္ခံေတြ႕ဆုံခဲ့ သည္။
ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံၾကား တည္ရွိၿပီးျဖစ္သည့္ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ရင္းႏွီးမႈကိုအေျခခံ၍ ဘက္စုံ မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္ ႐ြက္မႈမ်ားျမႇင့္တင္ရန္ ေဆြးေႏြးခဲ့ၾကသည္။
ထို႔အတူ မဲေခါင္-လန္ခ်န္းပူးေပါင္းေဆာင္႐ြက္မႈအပါအဝင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတို႔၌ ပူးေပါင္း ေဆာင္႐ြက္ေရးတို႔ကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။