မီးတောင်ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ကြောင့် အိုက်စလန်ရှိ မြို့တစ်မြို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်း

 982

ရောင်နီ (NP News) - နိုဝင်ဘာ ၁၂
အိုက်စလန်မြို့တော် ရေးခ်ဂျာဗက်ခ် အနီးရှိ မြို့တစ်မြို့ဟာ မီးတောင်ပေါက်ကွဲမယ့် အန္တရာယ် စိုးရိမ်ရတာကြောင့် ညတွင်းချင်း လူပေါင်း ၄၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေက စနေနေ့(နိုဝင်ဘာလ ၁၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံ အနောက်တောင်ပိုင်း ရေးခ်ဂျိန်း ကျွန်းဆွယ်မှာ အင်အားပြင်းငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် ဂရင်းဒါဗစ်ခ် မြို့မြောက်ဘက် ၃ ကီလိုမီတာအကွာ၊ ဆန်ဒါဂျူကာဂီဂါအနီး မီးတောင်ပေါက်ကွဲနိုင်တဲ့ ရှေ့ပြေးနိမိတ်တွေရှိတာကြောင့် ဂရင်းဒါဗစ်ခ် မြို့နေလူထု အမြန်ရွှေ့ပြောင်းဖို့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ဂရင်းဒါဗစ်ခ်မြို့ဟာ ရေခ်ဂျိန်း ကျွန်းဆွယ်ရှိ လူ ၃၀၀၀၀ ကို လျှပ်စစ်နဲ့ ရေ အဓိကပေးဆောင်တဲ့ Svartsengi ဘူမိ အပူစက်ရုံနဲ့လည်း နီးပါတယ်။ အိုက်စလန်မှာ မီးတောင် ၃၃ ခုရှိပြီး ဥရောပမှာ မီးတောင်အရေအတွက်အများဆုံးဖြစ်ပါတယ်။ Icelandic Met Office က မြေမျက်နှာပြင်အောက် အနက် ၅ ကီလိုမီတာမှာ အစုအဝေးရှိနေတာကို ရက်အတော်ကြာ တွေ့ရှိလာရတာကြောင့် မီးတောင်ပေါက်ကွဲနိုင်တယ်လို့သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မီးတောင်ပေါက်ကွဲမှုဟာ ရေးခ်ဂျိမ်း ကျွန်းဆွယ်မှာ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အရာတစ်ခုပါ။ ၂၀၂၁ ခုနှစ် မတ်လ၊ ၂၀၂၂ ခုနှစ် သြဂုတ်လ၊ ၂၀၂၃ ခုနှစ် ဇူလိုင်လတွေကလည်း မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။

zawgyi version
မီးေတာင္ေပါက္ကြဲႏိုင္တဲ့ အႏၲရာယ္ေၾကာင့္ အိုက္စလန္ရွိ ၿမိဳ႕တစ္ၿမိဳ႕ကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္း
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၂
အိုက္စလန္ၿမိဳ႕ေတာ္ ေရးခ္ဂ်ာဗက္ခ္ အနီးရွိ ၿမိဳ႕တစ္ၿမိဳ႕ဟာ မီးေတာင္ေပါက္ကြဲမယ့္ အႏၲရာယ္ စိုးရိမ္ရတာေၾကာင့္ ညတြင္းခ်င္း လူေပါင္း ၄၀၀၀ ခန႔္ကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရတယ္လို႔ အာဏာပိုင္ေတြက စေနေန႔(ႏိုဝင္ဘာလ ၁၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံ အေနာက္ေတာင္ပိုင္း ေရးခ္ဂ်ိန္း ကြၽန္းဆြယ္မွာ အင္အားျပင္းငလ်င္ေတြ ဆက္တိုက္လႈပ္ခတ္ခဲ့ၿပီးေနာက္ ဂရင္းဒါဗစ္ခ္ ၿမိဳ႕ေျမာက္ဘက္ ၃ ကီလိုမီတာအကြာ၊ ဆန္ဒါဂ်ဴကာဂီဂါအနီး မီးေတာင္ေပါက္ကြဲႏိုင္တဲ့ ေရွ႕ေျပးနိမိတ္ေတြရွိတာေၾကာင့္ ဂရင္းဒါဗစ္ခ္ ၿမိဳ႕ေနလူထု အျမန္ေ႐ႊ႕ေျပာင္းဖို႔ အေရးေပၚအေျခအေန ေၾကညာခဲ့ပါတယ္။

ဂရင္းဒါဗစ္ခ္ၿမိဳ႕ဟာ ေရခ္ဂ်ိန္း ကြၽန္းဆြယ္ရွိ လူ ၃၀၀၀၀ ကို လွ်ပ္စစ္နဲ႔ ေရ အဓိကေပးေဆာင္တဲ့ Svartsengi ဘူမိ အပူစက္႐ုံနဲ႔လည္း နီးပါတယ္။ အိုက္စလန္မွာ မီးေတာင္ ၃၃ ခုရွိၿပီး ဥေရာပမွာ မီးေတာင္အေရအတြက္အမ်ားဆုံးျဖစ္ပါတယ္။ Icelandic Met Office က ေျမမ်က္ႏွာျပင္ေအာက္ အနက္ ၅ ကီလိုမီတာမွာ အစုအေဝးရွိေနတာကို ရက္အေတာ္ၾကာ ေတြ႕ရွိလာရတာေၾကာင့္ မီးေတာင္ေပါက္ကြဲႏိုင္တယ္လို႔သတိေပးခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

မီးေတာင္ေပါက္ကြဲမႈဟာ ေရးခ္ဂ်ိမ္း ကြၽန္းဆြယ္မွာ မၾကာခဏ ျဖစ္ပြားေလ့ရွိတဲ့ အရာတစ္ခုပါ။ ၂၀၂၁ ခုႏွစ္ မတ္လ၊ ၂၀၂၂ ခုႏွစ္ ၾသဂုတ္လ၊ ၂၀၂၃ ခုႏွစ္ ဇူလိုင္လေတြကလည္း မီးေတာင္ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ဖူးတယ္လို႔ သိရပါတယ္။

© 2021. All rights reserved.