ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်ကို (၂)ရက်အတွင်း ဆီဂါလံပေါင်း (၁၇)သိန်းနီးပါး ဖြည့်တင်းပေးထား

8111
မျိုးကြီး (NP News) - နိုဝင်ဘာ ၁၄
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်ကို (၂)ရက်အတွင်း ဆီဂါလံပေါင်း (၁၇)သိန်းနီးပါး ဖြည့်တင်းပေးထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်အနက် ဆိုင်အချို့တွင် ပုံမှန်ထက် စက်သုံးဆီဝယ်ယူမှု ပိုမိုမြင့်မားလာသည်ဟု နစက ဘက်က ဆိုသည်။
ထို့ကြောင့် နိုဝင်ဘာလ ၁၁ ရက်တွင် ရန်ကုန်သီလဝါဆိပ်ကမ်းဒေသရှိ Terminal များမှ စက်သုံးဆီများကို ဆီတင်ယာဉ် (၃၃၄)စီးဖြင့် 92 Ron ဂါလန် (၄)သိန်းကျော်၊ 95 Ron ဂါလန် (၁)သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန် (၁၇၀၀၀၀)ကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၂၇၀၀၀၀)ကျော် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၂ ရက်တွင်လည်း ဆီတင်ယာဉ် (၂၆၈)စီးဖြင့် 92 Ron ဂါလန် (၃)သိန်းကျော်၊ 95 Ron ဂါလန် (၇၀၀၀၀)ကျော်၊ ဒီဇယ်ဆီ ဂါလန် (၁၄၀၀၀၀)ကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၂၃၀၀၀၀) ကျော် ထပ်မံဖြည့်တင်းပေးခဲ့ကြောင်း နစကမှဆိုသည်။
ထို့ပြင် စက်သုံးဆီများနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက အချိန်မီဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စက်သုံးဆီများကို လိုအပ်သလိုဝယ်ယူနိုင်ပြီဖြစ်ကြောင်းလည်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်မှုသတင်းနှင့်အတူ ဆီဆိုင်များ၌ ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ယနေ့(နိုဝင်ဘာလ ၁၄ ရက်)တွင် ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူနေသည့်ဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။
“သုဝဏ္ဏပန်းခြံနားက MAX ဆီဆိုင်မှာလည်း တန်းစီနေတယ်။ တော်တော်များတယ်။ သင်္ဃန်းကျွန်းသွားကောလိပ်နားက မြတ်မေတ္တာမွန်ဆီဆိုင်မှာလည်း ကားအစီး (၂၀)လောက် တန်းစီနေတာ တွေ့တယ်။ တစ်ချို့ဆီဆိုင်တွေမှာ အဲဒီလို တန်းစီနေတာမျိုး မတွေ့ရဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက NP News ကို ပြောသည်။
ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တောက်မှုများရှိနေသည့်အတွက် စီးပွားရေးလုပ်ငန်းများအနေဖြင့် မီးစက်များကို အသုံးပြုကာ လည်ပတ်နေရသည့်အခြေအနေမျိုးရှိပြီး ၎င်းမီးစက်များအတွက် စက်သုံးဆီများကို ပုံးများဖြင့် ဝယ်ယူအသုံးပြုရမှုများရှိသည်။
“ရန်ကုန်မှာက မီးက အမြဲမလာဘူးလေ။ မီးစက်အသုံးပြုရတယ်။ ရုံးအလုပ်ဖြစ်တော့ ဒီမီးစက်တွေကို အသုံးပြုရတယ်။ မနေ့က ဆီကုန်လို့ သွားဝယ်တာ မရောင်းပေးဘူး။ ဆီကျန်နည်းနေတယ်လို့ ပြောတယ်။ အရင်တုန်းကတော့ ရောင်းပေးတယ်။ အခုမှ အဲဒီလို ဖြစ်သွားတာ။ ရုံးအတွက်တော့ ထိခိုက်တာပေါ့” ဟု မရမ်းကုန်းမြို့နယ်၌ ရုံးလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှုသတင်းများ ဖြစ်ပေါ်မှုနှင့်အတူ မီးစက်များအတွင်း အသုံးပြုမည့် စက်သုံးဆီများကို ဆီဆိုင်အချို့က ပုံးဖြင့်ဝယ်ယူမှုအား ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။
မကြာခင်အချိန်တွင်လည်း ပြည်ပမှ ဆီတင်သင်္ဘော (၁၅)စင်းခန့် ရောက်ရှိလာမည်ဖြစ်ကြောင်း နစကပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းက အသိပေးထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ေပၚရွိ စက္သုံးဆီအေရာင္းဆိုင္ (၁၄၆)ဆိုင္ကို (၂)ရက္အတြင္း ဆီဂါလံေပါင္း (၁၇)သိန္းနီးပါး ျဖည့္တင္းေပးထား
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁၄
ရန္ကုန္ၿမိဳ႕ေပၚရွိ စက္သုံးဆီအေရာင္းဆိုင္ (၁၄၆)ဆိုင္ကို (၂)ရက္အတြင္း ဆီဂါလံေပါင္း (၁၇)သိန္းနီးပါး ျဖည့္တင္းေပးထားေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
စက္သုံးဆီအေရာင္းဆိုင္ (၁၄၆)ဆိုင္အနက္ ဆိုင္အခ်ိဳ႕တြင္ ပုံမွန္ထက္ စက္သုံးဆီဝယ္ယူမႈ ပိုမိုျမင့္မားလာသည္ဟု နစက ဘက္က ဆိုသည္။
ထို႔ေၾကာင့္ ႏိုဝင္ဘာလ ၁၁ ရက္တြင္ ရန္ကုန္သီလဝါဆိပ္ကမ္းေဒသရွိ Terminal မ်ားမွ စက္သုံးဆီမ်ားကို ဆီတင္ယာဥ္ (၃၃၄)စီးျဖင့္ 92 Ron ဂါလန္ (၄)သိန္းေက်ာ္၊ 95 Ron ဂါလန္ (၁)သိန္းေက်ာ္၊ ဒီဇယ္ဆီ ဂါလန္ (၁၇၀၀၀၀)ေက်ာ္ႏွင့္ ပရီမီယမ္ဒီဇယ္ဆီ ဂါလန္ (၂၇၀၀၀၀)ေက်ာ္ ျဖည့္တင္းေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ႏိုဝင္ဘာလ ၁၂ ရက္တြင္လည္း ဆီတင္ယာဥ္ (၂၆၈)စီးျဖင့္ 92 Ron ဂါလန္ (၃)သိန္းေက်ာ္၊ 95 Ron ဂါလန္ (၇၀၀၀၀)ေက်ာ္၊ ဒီဇယ္ဆီ ဂါလန္ (၁၄၀၀၀၀)ေက်ာ္ႏွင့္ ပရီမီယမ္ဒီဇယ္ဆီ ဂါလန္ (၂၃၀၀၀၀) ေက်ာ္ ထပ္မံျဖည့္တင္းေပးခဲ့ေၾကာင္း နစကမွဆိုသည္။
ထို႔ျပင္ စက္သုံးဆီမ်ားႏွင့္ပတ္သက္၍ လိုအပ္ခ်က္မ်ားရွိပါက အခ်ိန္မီျဖည့္ဆည္းေပးသြားမည္ျဖစ္ၿပီး ျပည္သူလူထုအေနျဖင့္ စက္သုံးဆီမ်ားကို လိုအပ္သလိုဝယ္ယူႏိုင္ၿပီျဖစ္ေၾကာင္းလည္း နစက၏ သတင္းအခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕တြင္ ဆီျပတ္လပ္မႈသတင္းႏွင့္အတူ ဆီဆိုင္မ်ား၌ ကားမ်ားစြာ တန္းစီေစာင့္ဆိုင္းကာ ဝယ္ယူခဲ့ရသည့္ျဖစ္စဥ္မ်ား ျဖစ္ေပၚခဲ့သည္။
သို႔ေသာ္ ယေန႔(ႏိုဝင္ဘာလ ၁၄ ရက္)တြင္ ရန္ကုန္ၿမိဳ႕ေပၚရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕၌ ကားမ်ားစြာ တန္းစီေစာင့္ဆိုင္းကာ ဆီဝယ္ယူေနသည့္ျဖစ္စဥ္မ်ား ဆက္လက္ျဖစ္ေပၚေနဆဲျဖစ္သည္။
“သုဝဏၰပန္းၿခံနားက MAX ဆီဆိုင္မွာလည္း တန္းစီေနတယ္။ ေတာ္ေတာ္မ်ားတယ္။ သဃၤန္းကြၽန္းသြားေကာလိပ္နားက ျမတ္ေမတၱာမြန္ဆီဆိုင္မွာလည္း ကားအစီး (၂၀)ေလာက္ တန္းစီေနတာ ေတြ႕တယ္။ တစ္ခ်ိဳ႕ဆီဆိုင္ေတြမွာ အဲဒီလို တန္းစီေနတာမ်ိဳး မေတြ႕ရဘူး”ဟု သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက NP News ကို ေျပာသည္။
ရန္ကုန္ၿမိဳ႕၌ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားရွိေနသည့္အတြက္ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ မီးစက္မ်ားကို အသုံးျပဳကာ လည္ပတ္ေနရသည့္အေျခအေနမ်ိဳးရွိၿပီး ၎မီးစက္မ်ားအတြက္ စက္သုံးဆီမ်ားကို ပုံးမ်ားျဖင့္ ဝယ္ယူအသုံးျပဳရမႈမ်ားရွိသည္။
“ရန္ကုန္မွာက မီးက အၿမဲမလာဘူးေလ။ မီးစက္အသုံးျပဳရတယ္။ ႐ုံးအလုပ္ျဖစ္ေတာ့ ဒီမီးစက္ေတြကို အသုံးျပဳရတယ္။ မေန႔က ဆီကုန္လို႔ သြားဝယ္တာ မေရာင္းေပးဘူး။ ဆီက်န္နည္းေနတယ္လို႔ ေျပာတယ္။ အရင္တုန္းကေတာ့ ေရာင္းေပးတယ္။ အခုမွ အဲဒီလို ျဖစ္သြားတာ။ ႐ုံးအတြက္ေတာ့ ထိခိုက္တာေပါ့” ဟု မရမ္းကုန္းၿမိဳ႕နယ္၌ ႐ုံးလုပ္ငန္းလုပ္ကိုင္ေနသူ တစ္ဦးက ေျပာသည္။
ယခုရက္ပိုင္းအတြင္း စက္သုံးဆီျပတ္လပ္မႈသတင္းမ်ား ျဖစ္ေပၚမႈႏွင့္အတူ မီးစက္မ်ားအတြင္း အသုံးျပဳမည့္ စက္သုံးဆီမ်ားကို ဆီဆိုင္အခ်ိဳ႕က ပုံးျဖင့္ဝယ္ယူမႈအား ကန႔္သတ္ပိတ္ပင္ထားေၾကာင္း သိရသည္။
မၾကာခင္အခ်ိန္တြင္လည္း ျပည္ပမွ ဆီတင္သေဘၤာ (၁၅)စင္းခန႔္ ေရာက္ရွိလာမည္ျဖစ္ေၾကာင္း နစကေျပာခြင့္ရဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အသိေပးထားသည္။